Saturday, July 7, 2012

နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင် နှင့် ကုမ္မာရီဂိုဏ်း အရှုပ်တော်ပုံ (၂)

အပိုင်း(၂)_ _ _

ငံပြာရည်ပုလင်းမျှစ်မောင်၏ အယောင် ကောင်းမှုကြောင့် လိုရင်းပျောက်မတတ်ဖြစ်သွားသည်ကို ဆားပုလင်းအွန်ထောင်မှ စကားပြန်စလိုက်လေသည်။

ဆားပုလင်း။     ။အဟမ်း....မင်းကြီးခင်ဗျ...ဟောဒီက ဆရာကြီးကတော့ ကျွန်တော်ပြောဖူးတဲ့ နင့်အသက်
ငါ့ပေးဆရာကြီးညိမ်းနိုင်ပါခင်ဗျ....။

မင်းကြီး။    ။ ငါ့အသက်နင့်ပေး ဟုတ်လား....ဘာအဓိပ္ပာယ်တုန်း...။

ကျွန်ုပ်။    ။ငါ့အသက်နင့်ပေးမဟုတ်ပါဘူးမင်းကြီးရယ်....နင့်အသက်ငါ့ပေးပါ.....။

မင်းကြီး။   ။မောင်မင်းအနေနဲ့တော့ နင့်အသက်ငါ့ပေး၊ကျွန်ုပ်အနေနဲ့ ငါ့အသက်နင့်ပေးပေါ့...မဟုတ်ဘူး
လား.....။

အံမာလေး..အရေးထဲ မြန်မာစာကျွမ်းကျင်သူဘိလပ်သားနဲ့မှလာတွေ့နေသေး....ဟု ကျွန်ုပ်စိတ်ထဲမှ
တွေးမိလိုက်ပြီးသကာလ....လန်ဒန်တောင်ပိုင်းသားစာတတ်ပေတတ်တို့ပင် ပါးစပ်အဟောင်းသားနှင့်
နားထောင်ယူရသော အင်မတန်ပီသကြည်မြသည့် ဘိလပ်စကားနှင့် အောက်ပါအတိုင်း မင်းကြီးအား
နင့်အသက်ငါ့ပေး ၏အဓိပ္ပာယ်ကို ရှင်းပြလိုက်လေသောဟူသတတ်.......။

ကျွန်ုပ်။    ။အစ်ဇ်မင်းစ် ဂေ့မီရွှာဆိုး.....အစ်ဖ်စ် ရွှာဂေ့မီရွာဆိုး......အိုင်.....အိုင်....အိုင်....(ကျွန်ုပ်လည်း
ကျက်ထားသော ဘိလပ်စကားများမေ့နေသဖြင့် ခွေးအကြီးလှည်းနင်းသလို တအိုင်အိုင်နှင့် ၅မိနစ်ခန့်
ခွေးဖြစ်သွားသေးသောဟူသတတ်....)အိုင် ပရိုတတ်စ်စ်စ်စ ရွှာဘော်ဒီ၊ရွာဟဲ၊ရွှာ...ရွှာ....တော...တော....
မြို့...မြို့....

မင်းကြီး။   ။ဟုတ်...ဟုတ်..ဟုတ်ပါဘီ ဆရာဂျီးရယ်....ကျွန်ုပ် မြန်မာစာကို ကိုးထပ်ကြီးဘုရားက
ဆရာတော်ဦးသောဘိတဆီမှာ သုံးနှစ်သုံးမိုးကြာအောင် သင်ခဲ့တဲ့သူပါ။ကျွန်ုပ်ကို မြန်မာလိုပဲရှင်းပြပါ
တော့...၊ဆရာကြီးရဲ့ ဘိလပ်စကားကို ကျွန်ုပ် ဘိလပ်သားပင်နားမလည်....။

ကျွန်ုပ်။    ။အိမ်း....ကောင်းပါ့မင်းကြီးရယ်...စောစောကပြောရင် ကျွန်ုပ်လည်း တံတွေးကုန်သက်သာပေ
သပေါ့...။ဂလိုလေ...မင်းကြီးက ကျွန်ုပ်ဆီမယ် မင်းကြီးရဲ့ ဝိညဉ်ကို အပ်ထားခဲ့မယ်ဆိုရင်ဖြင့် ကျွန်ုပ်က
မင်းကြီးရဲ့ကျမ်းမာရေး၊စီးပွားရေး၊ရာထူးတိုးတက်ရေး တို့အပြင် နာနာဘာဝ၊ဝိနာဘာဝ၊စုန်း၊ကဝေ၊အောက်
လမ်း၊အထက်လမ်း၊အထက်မရောက်အောက်မကျလမ်း၊မိုးပျံလမ်း....အဲမှားလို့...အဲ့လို မျိုးတွေရဲ့ အတိုက်
အခိုက်ကပါ မင်းကြီးကို ကာကွယ်ပေး သွားမယ်လို့ဆိုလိုတာပါပဲ....။

မင်းကြီး။    ။ဂလိုဖြင့်ကောင်းပါ့ဗျာ...သို့ပေမယ့် ကျွန်ုပ်အနေနဲ့ ဒါတွေကိုစိတ်မဝင်စားပေဘူး...၊လောလော
ဆယ်မှာ ကျွန်ုပ်ကို ကောင်းစွာဒွတ်ခပေးနေတဲ့ လူသတ်တရားခံတွေကိုဖမ်းမိဖို့ရာမှာ ဆရာကြီးကူညီပေး
ပါ...။ခုလေးတင်ပဲ မိန်းမတစ်ယောက်က သူ့ကိုယ်သူ အမေရိကန်က လွှတ်လိုက်တဲ့ စီအိုင်အေအေးဂျင့်
ပါဆိုပြီး လာလိမ်သွားလေရဲ့....။

ဆားပုလင်းအွတ်ထောင်။     ။ဟင်.....ဟုတ်လား...ဘာတွေလာလိမ်သွားလဲ....

စုံထောက်တစ်ဦး။     ။အထွေအထူးတော့ပါမသွားဘူးဗျ၊မနေ့ကသေသွားတဲ့ ကုလားဆရာဝန်ကြီးနာရရန်း
ရဲ့မှတ်စုစာအုပ်လေးကိုပဲယူသွားတာ....၊ကျုပ်တို့လည်း စီအိုင်အေကအရှေ့တောင်အာရှအေးဂျင့်ဆိုတော့
အဟုတ်မှတ်တာပေါ့....၊ခင်ဗျားသိတဲ့အတိုင်းပဲလေ....စစ်ကြီးဖြစ်ဖို့နီးလာလေလေ...၊ဟိုဘက်ဒီဘက်သူလျှို
တွေ ခြေရှုပ်လေဖြစ်နေတာကိုးဗျ၊၊မင်းကြီးပြန်လာလို့အစီရင်ခံတော့၊ သူ ဟုမ်း ကိုမေးကြည့်မှ ဘယ်စီအိုင်
အေကအေးဂျင့်မှ မရှိဘူးဆိုတာသိရတာ....။

ငံပြာရည်ပုလင်းမျှစ်မောင်။    ။ဟင်...မင်းကြီးက သူ့ဟုမ်းကိုမေးကြည့်တာနဲ့သိရောလား....၊သူ့အိမ်က
မိန်းမကိုဘာကြောင့်သွားမေးကြည့်ရသတုန်းဗျ...။

ဆားပုလင်းအွတ်ထောင်။   ။ကတောက်.....ဒီကောင်ကတစ်မျိုး...ဟုမ်း ဆိုတာ နင့်ဂျီးဒေါ်မင်းကြီးရဲ့အိမ်
မဟုတ်ဘူးဟ....ပြည်ထဲရေးရုံးကိုပြောတာ...ငါ့နှယ်....။ကဲလမ်းစတော့ပျောက်ဘီ....ဘယ်နှာလုပ်ရပါ့...။

ကျွန်ုပ်တို့ သုံးဦးလည်း စိတ်ပျက်စွာဖြင့် မင်းကြီးရုံးခန်းမှထွက်လာပြီး နီးရာလက်ဘက်ရည်ဆိုင်တွင်
ဝင်ထိုင်ရင်း အမှုအကြောင်းဆက်လက်ဆွေးနွေးနေကြလေတော့သည်။

ဆားပုလင်း။    ။ဒီအမှုနဲ့ ပတ်သက်ပြီး ဆရာကြီးအမြင်ကိုပြောပါဦးဗျာ....။

ကျွန်ုပ်။    ။အဟမ်း....အဟမ်း....ပြောရရင်တော့ဗျာ...အဟမ်း......ဟမ်း.....

ငံပြာရည်ပုလင်း။    ။ဆရာကြီး ဟောဒီမှာ ရေနွေးလေးသောက်ပါဦးလား...ချွဲကျပ်နေတယ်ထင်တယ်...။

ကျွန်ုပ်။    ။တယ်....ဒီကောင်လေး....ချွဲကျပ်လို့မဟုတ်ဘူး...အင်မတန်ရှုပ်ထွေးတဲ့အဖြစ်အပျက်ကြီးကို
နင်တို့နားလည်လွယ်အောင်ဘယ်လိုရှင်းပြရမလဲဆိုတာ တွေးရင်း ချောင်းဟန့်တာဟဲ့....။အင်း...ပြောရရင်
တော့ ဇာတ်လမ်းကရှည်တယ်မောင်တို့ရဲ့....။ကုန်းဘောင်ခေတ်က အင်မတန်မှ နာမည်ကြီးတဲ့ သီလရှင်
မယ်ကင်းဆိုတာ မောင်တို့လည်းကြားဖူးမှာပေါ့....၊အင်း...ဒီအမှုက သီလရှင်မယ်ကင်းနဲ့ဘာမှမဆိုင်ဘူး
ကွဲ့....။

ငံပြာရည်ပုလင်း။    ။အောင်မလေးဆရာကြီးရယ်....၊မဆိုင်တာများ ထည့်ပြောနေရသေးတယ်...ခက်တာပဲ၊

ကျွန်ုပ်။   ။ဟဲ့..စကားကိုဆုံးအောင်နားထောင်စမ်းဘာာာာ။ ကုန်းဘောင်ခေတ်မှာ အဲဒီသီလရှင်မယ်ကင်း
နဲ့ခေတ်ပြိုင်၊ လောကီဘက်မှာ အင်မတန်နာမည်ကြီးတဲ့ လူဝတ်ကြောင်မယ်ကွမ်း ဆိုတာရှိခဲ့တယ်ကွဲ့...။
မင်းတုန်းမင်းလက်ထက်မှာ အပျိုတော်တွေကို တတ်သင့်တတ်အပ်တဲ့ လောကီပညာတွေ သင်ကြားပေး
ရတဲ့ ဆရာမကြီးတစ်ဆူဆိုပါတော့လေ...၊မျက်စတစ်ချက်ပစ်တာနဲ့ တဘက်သားတုံးကနဲလဲသေသွားနိုင်
အောင်ကို အင်မတန်ထက်မြက်တဲ့ ပညာရပ်တွေကိုသင်ကြားပေးရသူပေါ့...။ မင်းတုန်းမင်းလွန်လို့ သီပေါ
မင်းနန်းတက်လာတော့ အဲ့ဒီမယ်ကွမ်းလည်း နန်းတော်ထဲမှာမနေတော့ပဲ ပင်လယ်ထဲက ရှန်ကြားပူ ဆိုတဲ့
ကျွန်းလေးတစ်ကျွန်းမှာ တစ်ယောက်တည်းသွားနေ နေတော့သတဲ့....။

ဆားပုလင်း။   ။အင်း...ကျွန်းနာမည်ကအဆန်းပါလား...၊ထားပါတော့လေ...၊သူမရှိတော့ သူ့ပညာတွေ
ပျောက်ကုန်မှာပေါ့နော်...ဆရာကြီး...။

ကျွန်ုပ်။    ။အိမ်း....၊သူလည်းဒါကို တွေးမိ၊စိုးရိမ်မိတယ်ထင်ရဲ့...၊သူမရှိတော့ပေမယ့် နောင်လာနောက်သား
တွေ သူ့ပညာရပ်တွေကို လေ့လာဆည်းပူးနိုင်အောင် ကျမ်းစာအုပ်ကြီးတစ်အုပ်ရေးသားပြုစုထားခဲ့တယ်
ကွယ့်...၊အဲ့ကျမ်းစာအုပ်ကြီးနာမည်က ခအုမဒေါ့ကွန်း တဲ့......။

ငံပြာရည်ပုလင်း။    ။အွန်....ကျမ်းစာအုပ်နာမည်ကလည်းဗျာ...၊ထူးဆန်းပါပေ့....။

ကျွန်ုပ်။    ။နာမည်ကထူးဆန်းဆို ကျမ်းထဲမှာပါတဲ့ပညာရပ်တွေကလည်း အထူးအဆန်းကိုး...မောင်ရဲ့...၊
ပြီး အဲ့ဒီကျမ်းကို ရိုးရိုးဘာသာစကားနဲ့ရေးထားတာမဟုတ်ပဲ ထူးဆန်းတဲ့ ကွန်ဖောင့် ဆိုတဲ့ စကားတစ်မျိုး
သုံးပြီးရေးသားထားတယ်ဆိုပဲ...၊ကျမ်းထဲကတစ်ချို့ ပညာရပ်တွေဆို အဲဒီကွန်ဖောင့်တတ်တဲ့သူဖတ်တာ
တောင် နားမလည်နိုင်ဘူး...၊သူကတော့ ကျမ်းအစမှာ အိပ်ငိုက်ပြီးရေးတယ်ပြောတာပဲ...၊ငါ့စိတ်ထင်တော့
အိပ်ငိုက်ရေးတာမဖြစ်နိုင်ဘူး..၊ဈန်ဝင်စားပြီးရေးတာကို တင်စားပြောလိုပုံရတယ်....၊

ဆားပုလင်း။    ။အင်း....အဲဒီကျမ်းနဲ့ဘာဆိုင်သတုန်းဆရာကြီး....

ကျွန်ုပ်။    ။ဒီလိုကွယ့်.....၊သူထွက်သွားပြီးနောက်ပိုင်း သူ့တပည့်သားမြေးတွေက အဲဒီကျမ်းကြီးကိုလက်
ကိုင်ပြုလို့ သူ့ပညာတွေကိုလေ့လာဆည်းပူးကြသပေါ့လေ....၊အဲ့ဒီမှာပြောစရာရှိတာက သူ့ပညာတွေကို
မိန်းမတွေပဲ သင်ကြားလို့တတ်မြောက်နိုင်သတဲ့...။ဒီတော့ သူ့တပည့်ဆိုတာတွေကလည်းမိန်းမတွေချည်း
ပေါ့လေ....။သီပေါမင်း ပါတော်မူပြီးနောက်..ကိုလိုနီခေတ်ရောက်လာတော့ သူ့တပည့်မတွေထဲက မျိုးချစ်
စိတ်နိုးကြားသူတွေစုပြီး နယ်ချဲ့ ဗျစ်တစ်သျှတွေကို တော်လှန်ဖို့ ဂိုဏ်းတစ်ခုဖွဲ့လိုက်ကြသတဲ့.....၊အဲ့ဂိုဏ်း
နာမည်က ကုမ္မာရီဂိုဏ်း....တဲ့....။

ကိုလိုနီခေတ်ဦးအစမှာ လျှန်းလျှန်းတောက်ကျော်ကြားခဲ့တဲ့ဂိုဏ်းပေါ့ကွယ်....၊ဗျစ်တစ်သျှအရာရှိမင်းတွေ
ကိုကောင်းကောင်းကြီဒုက္ခပေးခဲ့နိုင်သပေါ့....၊ဘိလပ်က ဘုရင်မကြီးကိုပါ လောကီပညာတွေသုံးပြီး တိုက်
ခိုက်ခဲ့တဲ့အထိ တန်ခိုးထွားခဲ့သတဲ့....။နောက်ဆုံး ကိုလိုနီအစိုးရက သူရို့ဘိလပ်က အမှောင်လောကရဲ့
သခင်ကြီးဗိုဒီမော့ဆိုတဲ့ အောက်လမ်းဆရာကြီးတစ်ယောက်ကိုတောင် စေလွှတ်ပြီး နှိမ်နင်းခိုင်းရတယ်ဆို
ပဲ...၊အဲဒီ အောက်လမ်းဆရာကြီးတောင် ဒီက အမျိုးသမီးပညာရှင်တွေကိုမနိုင်ဘူးတဲ့..၊

ဆားပုလင်း။    ။မိန်းမလူစွမ်းကောင်းတွေပါလား ဆရာကြီးရယ်...ဒါနဲ့ အဲ့ဂိုဏ်းကဘယ်လိုဖြစ်လို့ ပြိုကွဲ
သွားရသလဲဗျ....။

ကျွန်ုပ်။    ။အိမ်း...သူတို့ဂိုဏ်းကြီးပြိုကွဲပုံကတရားကျစရာလည်းကောင်း သံဝေဂယူစရာလည်းကောင်း
တယ်ကွဲ့....၊ဘယ်သူ့ဘယ်သူကမှ မဖြိုခွဲနိုင်တဲ့ဂိုဏ်းက အချင်းချင်း အတည့်မရှုဖြစ်ရာကနေ ပြိုကွဲသွား
ရတာပါပဲကွယ်....၊ဖြစ်ပုံကဒီလိုကွယ့်....၊ကုမ္မာရီဂိုဏ်းဝင်အမျိုးသမီးတစ်ချို့က ဟိုး အနောက်နိုင်ငံက
မိန်းမလူစွမ်းကောင်းတွေရဲ့ဝတ်ပုံစားပုံကိုအတုယူအားကျပြီး ဂျင်းဘောင်းဘီတို့ ဘာတို့ဝတ်ချင်သတဲ့။
ဘောင်းဘီဟာ အမျိုးသမီးတွေအတွက် ထမီထက်ပိုလုံခြုံသလို၊ယောင်္ကျားများနဲ့ယှဉ်ဘောင်တန်းပြီး
တိုက်ဟယ်ခိုက်ဟယ်လုပ်နေရတဲ့အမျိုးသမီးအတွက် အထူးသင့်လျော်တယ်လို့ ဆင်ခြေပေးကြသတဲ့။
အဲ...တချို့ကတော့ ဒါကိုမကြိုက်ဘူး...၊မြန်မာ့ရိုးရာကိုထိခိုက်တယ်..၊နယ်ချဲ့ကိုတော်လှန်ရာမှာ သူတို့
ဝတ်စားပုံတွေကိုပါတော်လှန်သင့်တယ်..၊အတုမယူသင့်ဘူး အစရှိသဖြင့်ပေါ့ကွယ်...။အဲဒီလိုနဲ့ ကုမ္မာရီ
ဂိုဏ်းလည်း ကုမ္မာင်္ရီ(ဘောင်းဘီဝတ်)ဂိုဏ်းနဲ့ ကုမ္မာရီ(ထမီဝတ်)ဂိုဏ်းဆိုပြီး ဗြန်းဗြန်းကွဲပါရောလား...။

ငံပြာရည်ပုလင်း။   ။ဟင်....ဘာကွဲသတုန်းဆရာကြီး.....

ကျွန်ုပ်။   ။ဟဲ့.....ဘာကွဲရမတုန်း....၊ဂိုဏ်းနှစ်ခြမ်းကွဲပါတယ်ဆိုမှ...ဒီသောက်ကလေးကတစ်မျိုး....။

ဆားပုလင်း။   ။အင်း..ဆက်ပါဦးဆရာကြီးရယ်....၊သူ့ကိုဘေးမဲ့ပေးထားလိုက်စမ်းဘာာာာ.

ကျွန်ုပ်။    ။အိမ်း....မိန်းမဆိုသဟာကလည်း ခက်သားကလား....၊တည့်တုန်းကတော့ တည့်နေသပေါ့လေ၊
ဟော...မတဲ့လည်းမတဲ့ရော...တဘက်နဲ့တဘက် အပုတ်ချကြ၊အတင်းပြောကြ၊ငယ်ကျိုးငယ်နာဖော်ကြ၊
တဘက်သားအားနဲချက်တွေကို ရှာဖွေပြောဆိုကြနဲ့ဆိုတော့ နယ်ချဲ့တွေအဖို့ နှစ်ဂိုဏ်းလုံးကို နှိမ်နင်းဖို့
လွယ်ကူသွားသပေါ့လေ....၊ဒီလိုနဲ့ ဘောင်းဘီဝတ်နဲ့ထမီဝတ် ကုမ္မာရီဂိုဏ်းနှစ်ဂိုဏ်းစလုံး တဖြည်းဖြည်း
အားပျော့ ပျောက်ကွယ်လုမတတ်ဖြစ်သွားတာ ယခုထက်ထိပဲကွယ့်...။သို့ပေမယ့် လုံးလုံးပျောက်ကွယ်
သွားတာတော့မဟုတ်ဘူးကွယ့်...၊နှစ်ဂိုဏ်းစလုံးမှာ ပညာသည်အနဲအကျဉ်းတော့ကျန်ခဲ့သေးတယ်...။

ဆားပုလင်း။    ။ဒါနဲ့ဆရာကြီး...အခုဒီအမှုနဲ့ အဲဒီကုမ္မာရီဂိုဏ်းနဲ့ ဘယ်လိုပတ်သက်သလဲ...

ကျွန်ုပ်။    ။သေသွားတဲ့မစ္စတာနာရရန်းလက်ထဲကအရုပ်လေးကြောင့်ပေါ့ကွယ်.....၊အဲဒီအမျိုးသမီးကခြေ
သည်အရုပ်လေးဟာ ကုမ္မာရီဂိုဏ်းဝင်တွေ တစ်ယောက်နဲ့တစ်ယောက် အချက်ပေး၊အဆက်အသွယ်လုပ်
တဲ့ အမှတ်အသားလေးပဲကွယ့်....။ပိုသေချာသွားတာက ဆေးတိုက်က ပန်းအိုးမှာထိုးထားတဲ့ပန်းကြောင့်
ပဲ....။

ငံပြာရည်ပုလင်း။    ။ဟုတ်လားဆရာကြီး...ဒါနဲ့ အဲ့ပန်းက ဘာပန်းတုန်း....။

ကျွန်ုပ်။    ။အဲ့သာဘာပန်းရမတုန်း....မျောက်ပေပန်းကွဲ့..မျောက်ပေပန်း....။

ဆားပုလင်း။    ။ဟမ်....မျောက်ပေပန်း...ဟုတ်လား... ..ကြားဖူးပါဘူး ဆရာကြီးရယ်....။

ကျွန်ုပ်။   ။အိမ်း....မကြားဖူးဆို အဲ့ဒီပန်းပွင့်တဲ့မျောက်ပေပင်ဆိုတာ ဟိမဝန္တာမှာပဲရှိတာကွယ့်...၊တစ်နှစ်
လုံးနေမှ တစ်ပွင့်ပဲပွင့်ပြီး တစ်ခါပွင့်ရင် ခြောက်လလောက်ခံသကွယ့်....။အဲဒီပန်းဟာ ကုမ္မာရီဂိုဏ်းရဲ့
အထိမ်းအမှတ်လည်းဖြစ်တယ်...။တချိန်က..သူတို့ ဗျစ်တစ်သျှအရာရှိတစ်ယောက်ယောက်ကိုလုပ်ကြံ
တော့မယ်ဆိုရင် ဒီပန်းကို လှမ်းပို့လေ့ရှိသကွယ့်...၊ပြီး မျောက်ပေပန်းဟာ လောကီအစီအရင်တွေလုပ်
တဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ ပန်းလည်းဖြစ်တယ်....။

ငံပြာရည်ပုလင်း။    ။အင်း....ရှင်းတော့ရှင်းလာပြီ...၊မရှင်းသေးတာက ဆရာဝန်ကြီးမစ္စတာနာရရန်းက
ဗျစ်တစ်သျှအရာရှိမှ မဟုတ်တာပဲဆရာကြီးရယ်....၊သူတို့ကဘာလို့လုပ်ကြံရသတဲ့လဲ....။

ကျွန်ုပ်။   ။ဒါကတော့ သူတို့ကိုဖမ်းမိမှပဲမေးကြည့်ပေတော့ကွယ်...၊တစ်ခုရှိတယ်...မစ္စတာနာရရန်းက
ဗျစ်တစ်သျှအလိုတော်ရိ ဖြစ်လို့လည်းဖြစ်နိုင်တယ်၊ဒါမှမဟုတ် မြန်မာမိန်းကလေးတစ်ဦးဦးကိုများ မတော်
မတရားလုပ်ခဲ့လို့များလား....၊ကုမ္မာရီဂိုဏ်းဟာ အဲ့လိုလူမျိုးတွေကိုလည်း အပြစ်ပေးလေ့ရှိသကွယ့်....။

ဆားပုလင်း။   ။အင်း....ဆရာကြီးရေ....ကုမ္မာရီဂိုဏ်းဝင်လို့ယူဆရမယ့် နာစ်မလေးမိုးငွပ်ရဲ့နေရပ်လိပ်စာ
ကို မရှာနိုင်တာအတော်ဆိုးတာပဲဗျာ.....ကျွန်တော်တို့မှာ အဲဒီအစလေးပဲရှိတာကလား....။

ဆားပုလင်းအွတ်ထောင်၏ စိတ်ပျက်လက်ပျက်သံအဆုံး၌ ကျွန်ုပ်တို့သုံးဦးသားနှုတ်ဆိတ်သွားရလေတော့
သည်။ ဆားပုလင်းလည်း သူ့ဆေးတံကောက်ကောက်ကြီးကိုမီးခိုးထောင်းထောင်းထအောင်ဖွာရင်း၊ကျွန်ုပ်
လည်း တြွင်းကျေ၊နဝင်းကျေသဘောဖြင့် ဟောလစ်ပုလင်းထဲထည့်ထားသော ပိုလိုစီးကရက်ကို ထုတ်ယူ
မီးညှိရှိုက်ဖွာရင်း ကိုယ်စီစဉ်းစားခန်းဝင်နေကြလေတော့သည်။ ငံပြာရည်ပုလင်းမျှစ်မောင်မှာမူ ဘာမှလုပ်
စရာမရှိသည်နှင့် ပါရာအန်စီဗစ်ဆေးတိုက်မှ သိမ်းယူလာသော လူနာမှတ်တမ်းစာအုပ်ကြီးအား ဟိုဒီ လှန်
လှောကြည့်ရှုနေလေတော့သည်...။


ငံပြာရည်ပုလင်း။    ။အင်း.......ပါရာအတ်စီဗစ်ဆေးတိုက်က နာမည်နဲ့တော့အတော်လိုက်တာပဲ၊ဘယ်လို
လူနာပဲဖြစ်ဖြစ် ပါရာနဲ့စီဗစ်ပဲပေးသကိုးဗျ...၊ဒါနဲ့တောင် လူနာတွေဒီဆေးခန်းကိုလာနေကြသေးတာအံပါရဲ့
ဗျာ....။



ကျွန်ုပ်။    ။ဒါက ဒီလိုရှိတယ်မောင်ရင်ရဲ့....၊ပါ က ကြာသပတေး ငါး၊ရာ က ဗုဒ္ဓဟူး လေး ဆိုတော့ ပေါင်း
လိုက်ရင် ကိုး မဟုတ်ဘူးလား...၊စီ က အင်္ဂါ သုံး၊ဗစ် က ကြာသာပတေး ငါး၊ပေါင်းလိုက်ရင် ရှစ် ရတယ်...။
ကိုးဂဏန်းဆိုတာ လောကီပညာမှာ အထွဋ်အထိပ်ဂဏန်းကွဲ့....၊ရှစ်ဂဏန်းကတော့ ပါပ ဂဏန်းလို့ခေါ်
တယ်....၊မကောင်းတဲ့လောကီအစီအရင်တွေမှာ မပါမဖြစ်ဂဏန်းပဲ....၊ဒီလို ကောင်းတဲ့ဂဏန်းနဲ့မကောင်း
တဲ့ ဂဏန်း နှစ်မျိုးကို တွဲစပ်သုံးထားတာကိုက ဒီဆေးတိုက်ရဲ့ထူးခြားချက်ပဲ....၊ကြည့်ရသလောက်တော့
ဒီအမှုမှာ အင်မန်အစွမ်းထက်တဲ့ လောကီပညာရှင်တွေ ပါဝင်နေပုံရတယ်...၊အိမ်း..ငါလို နင့်အသက်ငါ့ပေး
ဆရာကြီး နဲ့ တွေ့ကြသေးတာပေါ့ကွယ်....။


ငံပြာရည်ပုလင်း။    ။အင်း....ကြည့်ကြသေးတာပေါ့ဆရာကြီးရယ်...၊ကျွန်တော်တော့ ဂဏန်းဆိုရင် ဂဏန်း
ချဉ်စပ်ဟင်းပဲ သိတယ်ဆရာကြီးရေ.....၊အဲ....အဲ....ဒါနဲ့ အမှုဖြစ်တဲ့နေ့က အဲဒီဆေးတိုက်ကို လာသွားတာ
သုံးယောက်ပဲရှိပါလား....၊အဲဒီသုံးယောက်ကလည်း အမျိုးသမီးတွေချည်းဗျ။ နာမည်တွေကလည်းအဆန်း
ပဲ...၊တစ်ယောက်က မယ်ဒန်ကိုးတဲ့၊တစ်ယောက်ကတော့ မေလမင်း တဲ့...၊နောက်တစ်ယောက်နာမည်က
မိကန်ဒီ ဆိုပဲ....၊ဒီမှာကြည့်ပါဦး ဆရာတို့....၊အဲ့သုံးယောက်စလုံးရဲ့နာမည်တွေဘေးမှာလည်း ကြယ်ပွင့်
အမှတ်အသားပြထားပါရောလား....။


ငံပြာရည်ပုလင်း အထက်ပါအတိုင်းပြောရင်း လူနာမှတ်တမ်းစာအုပ်ကြီးအား ကျွန်ုပ်တို့ရှေ့သို့ထိုးပေး

လိုက်လေ၏


ဆားပုလင်း။    ။အင်း...ဟုတ်တာပဲ....၊ဒီနာမည်တွေက နာမည်ဝှက်တွေနဲ့တူရဲ့...၊ခက်တာက ဒီမိန်းမတွေ
ရဲ့နေရပ်လိပ်စာတွေရေးမှမထားတာပဲ....ဘယ်လိုလိုက်ရှာရမတုန်း....။


ကျွန်ုပ်။    ။အိမ်း...ဘာတဲ့....၊မယ်ဒန်ကိုး၊မေလမင်း၊မိကန်ဒီ တဲ့လား....အင်း...ဒီနာမည်တွေကြားတော့
ကြားဖူးသလိုလိုပဲ....၊အားးးးးးးး ဟုတ်ဘီ.....ဟုတ်ဘီ....၊ဒါအငြိမ့်မင်းသမီးနာမည်တွေပဲ...၊သူတို့ရဲ့အငြိမ့်
အဖွဲ့က ဖွတ်စဘွတ် ဆိုလား၊ဘာဆိုလားပဲ...။


ငံပြာရည်ပုလင်း။    ။အန်....ဒီအမှုနဲ့ပတ်သက်နာမည်တွေကလည်း အထူးအဆန်းကြီးပါလားဗျာ...။
ဘယ်လိုပဲဖြစ်ဖြစ် လမ်းစလေး ပြန်တွေ့တာဟန်ကျတာပဲဗျိုး...၊အဲဒီအငြိမ့်အဖွဲ့က ဘယ်ကတုန်းဗျ...။

ကျွန်ုပ်။    ။ဗျိုင်းရေအိုးစင် ဘက်မှာလို့ ကြော်ငြာထဲ ဖတ်လိုက်မိတယ်...၊

ဆားပုလင်း။    ။ကဲ...ဒါဖြင့် ပြောနေကြာတယ်ဗျာ...၊အဲ့အငြိမ့်အဖွဲ့ဆီသွား စုံစမ်းကြစို့....။

ဤသို့ဖြင့် ကျွန်ုပ်တို့သုံးဦးလည်း အင်းစိန်စီအိုင်ဒီမှ အော်စတင်ကားမဲလေးအား ဖွတ်စဘွတ်အငြိမ့်အဖွဲ့
 တည်ရှိရာ ဗျိုင်းရေအိုးစင်ရပ်သို့ မိုင်ကုန်နှင်ခဲ့ကြလေတော့သည်။ဗျိုင်းရေအိုးစင်ရပ်သို့ရောက်ချိန်တွေ
မှောင်စပင်ပျိုးနေပြီဖြစ်သည်။လမ်းတွင်တွေ့သည့် ကလေးတစ်သိုက်အား ဖွတ်စဘွတ်အငြိမ့်၏လိပ်စာအား
မေးမြန်းကြည့်လေရာ အနှီးအငြိမ့်မှာအမှန်တကယ်ရှိကြောင်းနှင့် အတော်အတန်နာမည်ရကြောင်းလည်း
သိရလေတော့သည်။ ကလေးတစ်သိုက်၏နတ်လမ်းညွှန်မှုကြောင့် ဖွတ်စဘွတ်အငြိမ့်တည်ရှိရာအိမ်သို့
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေတော့သည်။ ထိုအိမ်ရှေ့တွင် ဆံပင်စုတ်ဖွား၊ပိုးဟပ်ခြေထောက်မွေး
ကဲ့သို့သော နှုတ်ခမ်းမွှေးတိုနံနံနှင့် လူတစ်ယောက်အား စိတ်ပျက်လက်ပျက်ပုံစံဖြင့် ငုတ်တုတ်လေးထိုင်
နေသည်ကိုတွေ့လိုက်ရလေတော့သည်။


ဆားပုလင်း။    ။ဗျိုး....နောင်ကြီး...ဒါ ဖွတ်စဘွတ်အငြိမ့် အိမ် လားဗျ...။


နှုတ်ခမ်းမွှေးနှင့်လူ။    ။ဟုတ်ပါ့ဗျား....၊ကျုပ်ကတော့ ဖွတ်စဘွတ်အငြိမ့်အဖွဲ့ရဲ့ အငြိမ့်ထောင်ဆရာ

ကိုရင်သာပျော့ပါပဲ။ကိုယ့်လူတို့က ဘာကိစ္စတုန်း...အငြိမ့်ငှားချင်လို့လား...


ဆားပုလင်း။    ။ကျုပ်တို့က အင်းစိန်စီအိုင်ဒီက ဆားပုလင်းတွေပဲ...၊ခင်းဗျားအငြိမ့်က အငြိမ့်မင်းသမီးတွေ
ကိုနဲနဲပါးပါး မေးစရာရှိလို့ဗျ...။ဘယ်မတုန်း...ခင်ဗျား အငြိမ့်မင်းသမီးတွေ...။


အငြိမ့်ထောင်ဆရာကိုရင်သာပျော့။     ။ကျုပ်လည်း သူတို့ဘယ်မလဲဆိုတာသိချင်နေတာပါပဲဗျာ...။


ဆားပုလင်း။   ။ ဘာ....ဘာပြောတယ်....ဘာဖြစ်လို့တုန်း...၊ခင်ဗျား မင်းသမီးတွေ ဘယ်မှာရှိတယ်ဆိုတာ
ခင်ဗျားသိရမှာပေါ့ဗျ...။


ကိုရင်သာပျော့။    ။ဂနေ့မနက်ကအထိ ဒီအိမ်ထဲမှာ သုံးယောက်လုံးရှိသေးသဗျား...၊ဂနေ့နေ့လည်မှ
ကျုပ်နဲ့ ရန်ဖြစ်ပြီး ဆင်းသွားကြတာဗျ...။


ဆားပုလင်း။   ။ခင်ဗျားနဲ့ဘယ်လိုရန်ဖြစ်ပြီး ဆင်းသွားသတုန်း.....။


ကိုရင်သာပျော့။    ။ဒီလိုဗျ...၊ကျုပ်တို့အငြိမ့်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသမီး မယ်ဒန်ကိုးဆိုတာ ကျုပ်ရဲ့ ချစ်
စွာသော ဇနီးသည်လည်း ဖြစ်သဗျ...၊ပြောရရင်ဗျာ...သူက အငြိမ့်ကရတာ ဝါသနာပါလွန်းလို့ ကျုပ်ကို
ပူဆာတာနဲ့ ဒီအငြိမ့်အဖွဲ့ကို ထောင်ရတာပဲဗျိုး...၊ကျန်တဲ့ လက်ထောက်မင်းသမီးမေလမင်းနဲ့ ရှေ့ထွက်
မင်းသမီးလေး မိကန်ဒီ ဆိုတာကလည်း သူနဲ့ ဝါသနာတူ သူ့သူငယ်ချင်းတွေပဲ...။အဲဒါဗျာ...ဂနေ့မနက်က
ပဲ သူနဲ့ ကျုပ်နဲ့ ၇န်ထဖြစ်ရာကနေ သူရော၊သူ့သူငယ်ချင်းနှစ်ယောက်ပါ အိမ်ပေါ်ကဆင်းသွားကြသဗျာ။
ကျုပ်မယ် ပွဲတွေလက်ခံထားတာရှိနေတာ....၊ခုမင်းသမီးတစ်လက်မှ မရှိပဲ ဘယ်လိုလုပ်ရမှန်းတောင်မသိ
တော့ပါဘူးဗျာ...။

ငံပြာရည်ပုလင်း။    ။ခင်ဗျားနဲ့ ခင်ဗျားမိန်းမ ဘာဖြစ်ကြတာတုန်း...။


ကိုရင်သာပျော့။   ။ဖြစ်တာကဒီလိုဗျ...၊သူဒီရက်ပိုင်း နေမကောင်းဘူးလို့ဆိုသဗျ....၊နေမကောင်းလို့
ဆေးခန်းတောင်သွားပြသေးတယ်...၊သူနေမကောင်းဖြစ်ဘီဆိုရင် အဲ့လိုဖြစ်တာကို အခွင့်ကောင်းယူပြီး
ကျုပ်ကို တစ်ခုပြီးတစ်ခုပူဆာနေကြဗျ....၊ကျုပ်လည်း သူ့အလိုလိုက်ပါတယ်ဗျာ....။ခုလည်းနေမကောင်း
ဖြစ်ဘီ ဆိုတာနဲ့ အိုင်ဖုံးဖိုက် ဆိုလားဘာဆိုလား အဲ့သာဂျီးကိုပူဆာတော့တာပဲဗျိုး...၊ကျုပ်မလဲ ခုတလော
ဖဲရှုံးထားလေတော့ လက်ထဲပိုက်ဆံမရှိဘူးရယ်...၊ဖဲရှုံးလို့ ဘူနေရတဲ့အထဲ မိန်းမက မဟုတ်ကဟုတ်ကတွေ
လာပူဆာလေတော့ စိတ်ပေါက်ပေါက်နဲ့ ဘုန်း.....ဘုန်း...ဆိုပြီး နှစ်ချက်လောက်......


ငံပြာရည်ပုလင်း။   ။ ပိတ်ကန်ထည့်လိုက်ရောလား...။


ကိုရင်သာပျော့။    ။စိတ်ထဲကတော့ အဲ့လိုကန်လိုက်ရင်ကောင်းမလားစဉ်းစားနေတုန်းရှိပါသေးတယ်ဗျာ....၊
ကျုပ်မိန်းမအလွမ်းမင်းသမီးက တစ်ခါတည်း မျက်ရည်တွေရော၊နှပ်တွေရော အတောင့်လိုက်ထွက်ကျပြီး
ငိုတော့တာပဲဗျိုး...၊ကျုပ်လည်း ဒီမိန်းမ ငိုပေ့စေ...ဆိုပြီးပစ်ထားလိုက်မိတာ...တစ်ခါတည်း စိတ်ကောက်ပြီး
အိမ်ပေါ်ကဆင်းသွားတော့တာပါပဲ...။သူတင်ဆင်းတာမဟုတ်...သူ့သူငယ်ချင်းနှစ်ယောက်ကိုပါ အဖော်
ညှိသွားလေရဲ့...။

ဆားပုလင်း။    ။ခင်ဗျားမိန်းမ ဘယ်ကိုဆင်းသွားသတုန်းဗျ....

ကိုရင်သာပျော့။    ။မပြောတတ်ပါလို့ ငုတ်တုတ်ထိုင်ဘူနေတာသာကြည့်ပါတော့ဗျာ...။

ကျွန်ုပ်လည်း တတ်သည့်ပညာမနေသာတော့ပဲ....

ကျွန်ုပ်။    ။ခင်ဗျားမိန်းမက ဘာနေ့သမီးတုန်းဗျ....


ကိုရင်သာပျော့။    ။စနေသမီးဗျ...၊သိပ်စိတ်ကြီးတာကလား.....


ကျွန်ုပ်။    ။အင်း...ဒီနေ့က ကြာသပတေး ဆိုတော့...ကျိန်းသေပေါက် တော ကိုဆင်းသွားတာဗျ...။


ကိုရင်။   ။ခင်ဗျာ.....တောထဲကို ဟုတ်လား....၊မဖြစ်နိုင်တာဗျာ၊ဒီနုနုနယ်နယ် အငြိမ့်မင်းသမီး သုံးယောက်
တောထဲသွားရဲဖို့နေနေသာသာ  ခွေးတောင်ရိုက်ဝံတဲ့သူတွေမှမဟုတ်တာ...

ကျွန်ုပ်။    ။ခက်တာပဲဗျာ...၊တောဆိုတာ တောကြီးမျက်မဲကိုပြောတာမဟုတ်ဘူးဗျ....၊တောဘက်အရပ်ကို
ပြောတာ...၊


ကိုရင်သာပျော့။    ။အဲ့လိုဆိုဖြစ်နိုင်တယ်ဗျ...၊ကျုပ်မိန်းမရဲ့ ဂျီးဒေါ်တစ်ယောက်က ခရမ်းသုံးခွဘက်ကဗျ၊
အဲ့ကိုဆင်းသွားတာနေမယ်...၊ဟိုတလောကတည်းက သူဂျီးဒေါ်ကြီးဆီအလည်သွားဦးမယ်ပြောနေတာ..။
လက်စသတ်တော့ သူ့ဘာသာ အလည်ထွက်ချင်တာနဲ့ ကျုပ်ကိုသက်သက်မဲ့ရန်လုပ်သွားတာကိုးဗျ...။


ဆားပုလင်း။   ။ကဲ....ကိုရင်သာပျော့ရေ....ခင်ဗျားကိုယ်တိုင်ပဲ ကျုပ်တို့ကို ခင်ဗျားမိန်းမရှိရာလိုက်ပို့ပေ
တော့....၊ခုလောလောဆယ်တော့ မိုးချုပ်လှပြီ...၊နောက်နေ့မနက်စောစော ကျုပ်တို့လာခေါ်မယ်...၊
ဟုတ်ဘီလား....။


ကိုရင်သာပျော့။    ။ကောင်းပါလေ့ဗျာ....၊ကိုယ့်ဘာသာသွားခေါ်ရင် လမ်းစာရိတ်ကုန်နေဦးမယ်...။ခုတော့
ဟန်ကျသဗျိုး..၊နက်ဖြန်မနက်စောစောသာလာကြဗျိုး...၊ကျုပ်မိန်းမကို ကျုပ်လွမ်းလှပြီဗျ...။


ငံပြာရည်ပုလင်း။   ။အောင်မလေးဗျာ....၊နေ့လည်ကမှဆင်းသွားတဲ့မိန်းမကို လွမ်းလှပြီပဲရှိရသေးလား...
လွမ်းရင်လည်း တစ်ညလုံးမအိပ်ပဲထိုင်လွမ်းနေဗျိုး...၊ကျုပ်တို့တော့ ပြန်အိပ်တော့မဗျာ...။


ဤသို့ဖြင့် ကျွန်ုပ်တို့သုံးဦးလည်း စိတ်မောလူမောဖြင့် အိမ်ပြန်လာခဲ့ကြပေတော့သတည်း...။


                                                           အပိုင်း(၃)ကိုဆက်မျော့ ကြပါရဲဘော်တို့........






18 comments:

san htun said...

ဆက်မျော့နေပါသည်..

ဒန့် ဒလွန်သီး said...

ဟား..ဟား...ဟား..သိပ်ရီရတယ်။
မျောက်ပေ= မြေပေါက်ပေါ့။ (မ..အ..ဘူးမှတ်နေလား)
ဖွတ်စဘွတ်အငြိမ့်တဲ့နာမည်က..စား...ပါ့။
ကျမ်းစာအုပ်နာမည်ကလဲ ခဥမဒေါ့ကွန်းတဲ့။
အားရပါးရ အော်ရီပစ်လိုက်တယ်။
ကောင်းချက်။ အပိုင်း(၃) ဆက်မျှေိာနေမည်
နင့်အသက်ဖက်နဲ့ထုပ်ထား(အဲ..ဟုတ်ပေါင်) နင့်အသက် ငါ့ပေးဆရာကြီးရေ။
ရီလိုက်ရလို့ ကျေးဇူးတင်တယ်။

မဒမ်ကိုး said...

ဆက်မျော့တယ် ဆက်မျော့တယ်း))

AH said...

ဟား ဟား ဟား... ဇာတ်ရှိန်ကတော့ တက်လာပြီ... ဆိုက်ကလုန်းကြီးကတော့ ဘလော့ဂ်ရပ်ကွက်ထဲ ပတ်မွှေနေပါရော့လား... ထပ်မျှော့နေမယ် ဆရာကြီး ခင်ဗျား.. အဲ.. စုံထောက်လိုက်ခ တော့ရမှ ဖြစ်မယ်ဗျိုး

ပုံ
ဆားပုလင်း

Anonymous said...

ဟယ် ဆရာကဆရာကြီးပါပဲဆရာကြီးရယ်
ဆက်မျှော့နေပါ့မယ် ရယ်လိုက်ရတာလည်းအူနာ
ဖဲရှုံးပြီးလဒမှိုင်နေတဲ့ ကိုရင့်ကိုလည်းသနား
နာ့စ်မလေးမိုးငွပ်လိပ်စာနဲ့ အငြိမ့်မင်းသမီးသုံးလက်ကို ရှာပေးပါ့မယ် ဆရာကြီးရယ်
စွံ့အောင်မစပါဦးဗျားး )း)

ဆားပုလင်းသတင်းပေး
မောင်ဘကြိုင်

ကိုရင် said...

ဒမ်....၊ရှစ်....၊ကိုး....၊ဘူ....၊နောက်ချေး..

နွေတေးရှင် said...

အင်း........
နင့်အသက်ငါ့ပေး ဆရာကြီးပြောသွားတာတွေ မှန်လောက်သဗျ အခုတလော အဲဒီ ဇာတ်ဆရာ ကိုနှုတ်ခမ်းမွှေးကြီးခမျာ တောဆိုရင် တောင်ကိုရောက်နေရှာတယ် ကြည့်ပါလား သည်နေ့တောင်ကျုပ်ဆီလာမလို့ပြောထားပြီး ရောက်သွားတော့ ပူချုန်းတဲ့ A ကန်တတော့ ဖွတ်စဘွတ်က မင်းသမီးတွေကို သွားရှာသလား ဘာလား ညာလားပေါ့လေး)
သို့ပေသိ ဆရာကြီး ခုလိုပြောသွားတာတွေကို သူ့ရဲ့မင်းသမီး ဒန်အိုးဒန်ခွက်သည်ကြီးလည်း မသိစေနဲ့ဦးဗျ ကိုချင်းကိုချင်းမို့ ပြောရတာပါး)

ဒါနဲ့ ...
ခဥမ ဒေါ့ကွန်ပြုစုတဲ့ကျမ်းတွေလည်း တော်တော်နက်နဲတယ်ဗျ ကျုပ်မှာဖြင့်တခါတခါ သူ့ကျမ်းတွေကိုဖတ်နေရင်း ပြူးပြဲပြီး စာလုံးဆက်
၇တယ်လွယ်ဘူးဗျို့ .....

နက်စ်မလေးမိုးငွပ် ဘယ်မလဲတော့သိဘူး....
ဟို မင်းသမီး သုံးယောက်ကိုတော့ ဖွတ်စဘွတ် ရွာပေါ်မှာသာ ရှာပါလေး)။

မေမြို့မိုး said...

ဟုတ်ပ.. အငြိမ့်မင်းသမီးတွေက တဂယ့် ဖိုက်တာတွေဖစ်နေသကိုးဗျ..။ ကျွတ်ကျွတ်.။
ဒါနဲ့ ကွန်ဖောင့် ဆိုတဲ့နေရာမှာ အသံထွက်ပြီးရီမိတယ်.။ဟိ.။

ပစ်ပစ် said...

ဟင်းးဟင်းးဟင်းးး
တို့များလည်းလာဖတ်သွားတယ်နော် ကညိမ်းး
အပိုင်း ၃ ကိုလည်းမျော့နေတယ်နော်..

Nyi Linn Thit said...

ဇတ်ရှိန်ကတော့ တဖြည်းဖြည်းနဲ့ တက်လာပြီဗျို့..၊ အဖြစ်အပျက်တွေက သီပေါမင်း ပါတော်မမူခင် ကတည်းက အမြစ်တွယ်ခဲ့တာ ဆိုတော့ ရာဇဝင်၊ သမိုင်းနဲ့ကို ချီပြီး နက်နဲ၊ ရှုပ်ထွေးမယ့် ပုံပါပဲ..၊း) အပိုင်း ၃ ကိုလည်း လွတ်သွားမှာစိုးလို့ အော်စတင် ကားထဲက မဆင်းဘဲကို စောင့်နေသဗျား...။း))

ရမ်းကု ကကလ said...

ဟင်းဟင်း......... ဟင်းဟင်း...... ဟင်းဟင်း။ နာတော့မယ် ငြိန်းဏိုင်တော့..... ဟင်းဟင်း။

ငံပြာရည်ပုလင်းကတော့ နေရာတကာ အဟောက်ခံနေရပါလားဟ။ :D

LAMIN MAY said...

နင့်အသက်ငါ့ပေးဆရာကြီး“ညိမ်းနိုင်”၏ မွေးနေ့တွင် ကုမ္မာရီဂိုဏ်းဝင် မင်းသမီးသုံးယောက်ထဲမှ တစ်ယောက်က မွေးနေ့မင်္ဂလာနေ့ရက်တွင် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်ရှင့် :D

မိုးငွေ့........ said...

အော် ဇူလိုင်တိမ်တိုက်ရဲ့ မွေးနေ့လား...
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေဗျား...။ အပိုင်းသုံးကိုလဲ ဆက်မျော့နေမယ်..။ သူ့စာဖတ်ရတာ ပါးစပ်ကိုမပိတ်နိုင်ဘူး တကယ်ပဲ...။

မြစ် said...

စွန့်တာတွေစားတဲ့အခန်းတွေပါလာပြီ..

Angelhlaing(May everybody be happy and healthy! said...

ရေးလည်းရေးတက်တဲ့အကို..ဆက်ရန်ဗျို့...:):)

မေဓာဝီ said...

ရယ်ရတယ်မောင်ညိမ်းရေ ...
ပထမပိုင်းကတည်းက ဖတ်မိပြီး သဘောကျနေတာ။
သွားလေသူ မင်းသိင်္ခတောင် ထိုင်ငိုနိုင်လောက်တဲ့ ဇာတ်လမ်းပါတကား :))

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီ မြောက်ပေပင်တွေ သူကြီးမင်းတို့ဆီ ပေါပါ့။ ပေါဆို အဲဒီအပင်မျိုးက ကန္တာရနှင့်ရေခဲပြင်တွေကလွဲရင် ကျန်တဲ့ ကုန်းမြေနေရာတွေမှာ ပေါက်တတ်ကြတာကလား။း)

မိုးယုစံတို့တော့ ဘိလပ်ရောက်နေကြတယ်။ ဟို ပျောက်သွားတဲ့ မင်းဒမီး သုံးလက်ကတော့ ဒီမရောက်လာဘူး။ ဇာတ်ဆရာက သူတို့ အ၀တ်အစားတွေပါ ဖဲထပ်လောာင်းမှာကြောက်လို့ ခဏ စတေးရှောင်ကြဟန်တူပါရဲ့။း)

မိုးဇက် said...

ခွိခွိ ပါးစပ်ကနားကိုလာချိတ်နေတာ တော်တော်နှင့်ဖြေမရဘူး ရေးချက်က အူကိုလိမ့်နေတာပဲး))