Friday, October 19, 2012

ဘုတ်ကြသည်.....ထုတ်ကြသည်.....အဲ့ဒါမြန်မာပြည်

ခုတလောမယ် ဖေ့ဘွတ် ထဲဝင်လိုက်တာနဲ့ တွေ့နေရတာကတော့ ဘုတ်တဲ့အကြောင်းတွေပါပဲဗျိုး....။
ဟိုလူကလည်း ဘုတ်တဲ့အကြောင်း....၊ဒီလူကလည်း ဘုတ်တဲ့အကြောင်းနဲ့.....ဖေ့ဘွတ်တစ်ခုလုံးလည်း
ဘုတ်သံတွေသောသောညံလို့ပေါ့...။ဘယ်သူ့ကို ဘုတ်သလဲဆိုတော့ နန်းခင်ဇေယျာ ဆိုတဲ့ ခလေးမလေး
ကိုပါ....။အဲ....ဘုတ်တယ်ဆိုတာက vote ပေးတာ၊မဲပေးတာကို ပြောချင်တာပါ....။ဘာအတွက်လည်းဆို
တော့ အဲ့ခလေးမလေးက ဂျပန်မှာကျင်းပနေတဲ့ miss international 2012 ပြိုင်ပွဲမယ် မြန်မာနိုင်ငံကိုယ်
စားပြုပြီး သွားရောက်ယျဉ်ပြိုင်နေလေရဲ့....။အဲ့ပြိုင်ပွဲမှာ miss international အပြင် miss internet တို့ miss international people's choice award တို့ကိုပါ ရွေးချယ်သွားမှာပါတဲ့...။အဲ့သည် ဆုတွေကို အွန်
လိုင်းကနေ မဲဆန္ဒတောင်းခံပြီး အမှတ်အများဆုံးရသူကို ရွေးချယ်သွားမှာပါတဲ့...၊ဒီကြားထဲ ထိုင်းနိုင်ငံက
ဝက်ဆိုက်တစ်ခုကလည်း သူရို့ဘာသာ ဆုတစ်ခုသတ်မှတ်ပြီး vote တောင်းခံထားပါသေးတယ်....။

ဒီတော့ ဘာပြောကောင်းမလဲဗျာ.....၊ဖေ့ဘုတ်အကောင့်တစ်ခုပိုင်သသော ကျွန်တော်တို့ ရွေမြန်မာမှန်သမျှ
အားရပါးရကို ဘုတ်ကြတော့သပေါ့။ကိုယ်တိုင်လည်း ဘုတ်....၊အခြားသူတွေကိုလည်း ဘုတ်ဖို့ ဆော်သြ
ကြလေရဲ့....။နန်းခင်ဇေယျာလေးကို ဘုတ်ခြင်းဖြင့် မြန်မာတို့၏စည်းလုံးညီညွှတ်မှုကိုပြကြတို့၊အမျိုးဂုဏ်
ဇာတိဂုဏ်ကို မြှင့်တင်သောအားဖြင့် နန်းခင်ဇေယျာကို အားပေးကြ တို့ နဲ့....ဖေ့ဘွတ်တစ်ခွင်မှ ဟစ်ကြွေး
သံများဟာ သောင်းသောင်းကိုညံလို့ဗျား.....။


ဆိုတော့ ကျွန်တော် ပါလေရာမောင်ညိမ်းနိုင်လေး လည်း ကပျာကယာ အပြေးအလွား အားပါးတရ သွား
ဘုတ်တယ်ခင်ဗျ...၊ဘုတ်တာမှ ကွန်ပြူတာဖွင့်ပြီဟေ့ ဆိုတာနဲ့ အဲ့ဒီဆိုက်ထဲမှာပဲ အချိန်ပြည့် ထိုင်ဘုတ်
နေတော့တာရယ်....။ရဲဘော်တို့ပဲစဉ်းစားကြည့်လေ.....၊အလှပဂေး နန်းခင်ဇေယျာလေးရဲ့ မျက်နှာလှလှ
လေးကို တစ်စိမ့်စိမ့်ထိုင်ကြည့်ရင်း မောက်ကို ကလစ်ရုံ နဲ့ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိကြောင်း ပြသရတာ
ဘယ့်ဂလောက် အဆင်ပြေလိုက်သလဲဗျနော်.....။


တစ်ချို့များဆိုရင် ရိုးရိုးတန်းတန်းဘုတ်ရုံနဲ့ အားမရလို့ ထင်ပါ့.....ဆော့ဝဲတွေ နည်းပညာတွေအကူအညီ
နဲ့ မချိ့မဆန့်ကို ဘုတ်ကြဆိုပဲ....၊နန်းခင်ဇေယျာလေး ကိုယ်တိုင်ကကို " အကိုတို့ရယ်....ညီမကို ဘုတ်
တာလည်းဘုတ်ပါ...အဲ့လိုမျိုး ဆော့ဝဲတွေနဲ့တော့မဘုတ်ကြပါနဲ့...တော်ကြာ ပြိုင်ပွဲ ကြီးကြပ်တဲ့သူတွေ
ကတရားမဝင် ဘုတ်ပါတယ်ဆိုပြီး ပေးပြီးသား မဲတွေကိုပါ ဖျက်ပလိုက်ပါဦးမယ်...နော်...နော်....ညီမ
ကို ခင်ပဲခင်ပါ...အလိုမလိုက်ပါနဲ့နော်......" လို့ကို တားယူရတဲ့အထိပဲဗျိုး....။အဲ့သလောက်ကို ကျွန်တော်
တို့ ဆွေမျိုးများက အင်မတန် တတ်သိလိမ္မာကြတာကလား.....။

တစ်ချို့တစ်ချို့ကြပြန်တော့လည်း နန်းခင်ဇေယျာနှင့်တကွသော နိုင်ငံတကာက အခြားအခြားမယ်တွေရဲ့
ဓာတ်ပုံလှလှလေးတွေကိုကြည့်ရင်း ဘယ်ကဘယ်လို ဇာတိသွေးဇာတိမာန်တွေ တတ်ကြွလာကြသလဲ
မသိပါဘူးဗျာ....၊တခြားသော မယ်တွေရဲ့ ဓာတ်ပုံတွေမှာပါ.... မြန်မာဟေ့.....မြန်မာကွ...တို့.....အောင်
ရမည်တို့...ဘာတို့ ပါ သွားရေးကြလေသတဲ့....၊ကျွန်တော်တို့ ဆွေမျိုးများကလည်း အခြားနေရာမှာသာ
နှစ်ယောက်ရှိ သုံးခြမ်းကွဲချင်ကွဲမယ်...ဒီလိုနေရာမျိုးကြ အင်မတန်ညီညွတ်ကြတာကလား....၊တစ်ယောက်
က ဟေးလားမောင်ရို့....ဆိုတာနဲ့ နောက်က ဝါး ကနဲလိုက်ပြီးသားကိုး.....။တစ်ယောက်ပြီးတစ်ယောက်
မြန်မာဟေ့....မြန်မာ.....၊ကူလီမျိုးဟေ့ ဒို့မြန်မာ...အဲ...ဘွာတေး...မှားလို့......သခင်မျိုးဟေ့ ဒို့မြန်မာနဲ့
ဝိုင်းအော်ကြတာပေါ့ဗျာ....။ကျွန်တော်တို့ မြန်မာများရဲ့ စည်းလုံးညီညွတ်မှုနဲ့ မျိုးချစ်စိတ်ဓာတ်ကတော့
အားရစရာ ရှိလှပါဘိတောင်း.....။


အံမာ......burma တောင်မဟုတ်ဘူးဗျိုး....myanmar kwa......myanmar.... ဆိုပဲ....၊အဲ့သလို မြန်မာတွေ
ရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ဇာတိသွေးဇာတိမာန်ထက်သန်မှုကို နားမလည်တဲ့ နိုင်ငံခြားသားတစ်ချို့ကတော့
 မြန်မာတွေက ဘယ်လိုဟာတွေတုန်း....၊မြင်လေရာရာပုံတွေမှာ တမြန်မာထဲမြန်မာနေတာပဲ၊သူတို့မြန်မာ
မယ်က ဒီလောက်လဲမလှပဲနဲ့....စွတ်ရွတ်လျှောက်ရေးနေတယ်....လေးဘာလေးနဲ့ အမနာပ ဝေဖန်ကြ
လေရဲ့....။ဒါ သူတို့ သက်သက်မနာလို လို့ပြောတာပဲဗျ...၊ကြည့်လေ....လူဦးရေအင်မတန်များတဲ့၊လူ
တိုင်းစေ့နီးပါး ကွန်ပြူတာ၊အင်တာနက်သုံးနိုင်တဲ့ ဂျပန်လို၊ကိုရီးယားလို နိုင်ငံတွေက မယ်တွေကိုကြည့်ရင်
သူတို့ရတဲ့ မဲအရေအတွက်က ၁သောင်းစ၊၂သောင်းစရယ်....ဗျ....၊ဟော....ကျွန်တော်တို့လို လူတစ်
ထောင်ရှိလို့မှ ကွန်ပြူတာတစ်လုံးနပ်မမှန်တဲ့ မြန်မာပြည်က မယ်လေး ရတဲ့ မဲက သန်းနှစ်ဆယ်ကျော်
သဗျ....၊အံမာ ကျွန်တော်တို့နီးပါး မျိုးချစ်စိတ်ရှိတဲ့သူတွေကတော့ မကာအို ကဗျာ....။မကာအိုဆိုတာ ရှိ
လှ လူငါးသိန်းပေါ့....၊သူတို့မယ် ရတဲ့ မဲက ၁၄သန်းလောက်ရှိမယ်...၊ကြည့်ရတာ....တီလုပ်တွေရဲ့ အမျိုး
ကိုချစ်တဲ့စိတ်ကြောင့်ထင်ပါရဲ့ဗျာ...။

အဲ့သလို မကာအိုမယ်က နောက်က ကပ်လိုက်လာတော့ ကျွန်တော်တို့ ရွေမြန်မာများ တစ်နည်းတစ်ဖုံ
အကြံထုတ်ပုံက ဆော့ဝဲနည်းပညာလည်းမယူ၊မဲအရည်အတွက်လည်းတက်၊တရားလည်းဝင်တဲ့ နည်းများ
ကို ကြံစည်အားထုတ်ပါလေရော....၊ဘာတဲ့.....scroll wheel လေးကို ဆက်ခါဆက်ခါနှိပ်၊အားရပါးရနှိပ်၊
မချိမဆန့်နှိပ်တဲ့...၊နှိပ်လိုက်တိုင်း tab အသစ်တွေထွက်လာသတဲ့....ထွက်သမျှ tab မှာ ပျော်ပျော်ကြီး
သာ ဘုတ်ပါတဲ့ခင်ဗျ....။ရွေ့....နိပ်လိုက်လေ......နိပ်တာမှ....နိပ်သလေ့...လေ့....နိပ်လေ့လေ့....လို့
တောင် မြည်နေသေး....။အဲ့သလိုလေး လုပ်လိုက်တော့ တစ်ရက်ထဲ လူတစ်ယောက်က အကြိမ်တစ်
ရာလောက်ကို ဘုတ်လို့ ရသဗျား....။ဟွမ်း.....ကျွန်တော်တို့ ရွေမြန်မာများကို လာစမ်းလို့ဘယ်ရမတုန်း
မှတ်ပုံတင်တစ်ခုနဲ့တောင် မဲ ၂ခါ ၃ခါ ပေးခဲ့သေးတာ...၊သချို င်္င်းကလူတောင် ရှင်ပြန်ထမြောက်လို့ မဲ
ပေးခဲ့သေးတာပဲကို.....ဂလောက်တော့ အပျော့ပေါ့ဗျာ.....နော့.....။

အဲ့သလို ဒို့ရွေမြန်မာမယ်လေးကို တိုင်းချစ်ပြည်ချစ်စိတ်အပြည့်၊ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ အား
အားရှိထိုင်ဘုတ်နေတုန်း......၊ဘုတ်တာလည်း ဘုတ်ကြ....ထုတ်တာလည်း ထုတ်ကြဦးရယ်လို့ တစ်ခါ
အော်ကြပြန်ပါရော...၊ဘာတွေများ ထုတ်သလဲဆိုတော့ ဆန္ဒဖော်ထုတ်တာတဲ့ခင်ဗျ....၊အင်း....ကျွန်တော်
တို့ ပြည်သူတွေမယ် အနှစ်နှစ်အလလက မြိုထား၊သိပ်ထားရတဲ့ ဆန္ဒများကို ခုလို အင်မတန်မှစစ်မှန်တဲ့
ဒီမိုကရေစီစနစ်ကြီး သက်ဝင်လာတော့မှ ဖော်ရ၊ထုတ်ရတာကိုး.....ဗျ....။ခုလည်းကြည့် OIC ဆိုတဲ့ ကုလား
အဖွဲ့ကြီး မြန်မာပြည်မယ် ရုံးလာဖွင့်မယ်ဆိုတာကို ပြည်သူများက ဆန့်ကျင်ပါကြောင်း ဆန္ဒဖော်ထုတ်ကြ
တာကိုး.....။

တစ်တိုင်းတစ်ပြည်လုံးဆန္ဒဖော်ထုတ်တယ်ဆိုတော့ ကိုယ်တွေက ရှင်ကျားပူရောက်နေပေမယ့်လည်း မနေ

သာပါဘူး...။လူကိုယ်တိုင် မလိုက်နိုင်ပေမယ့် ဖေ့ဘွတ်စာမျက်နှာထက်မယ် ကျွန်တော်မျိုးကြီးလည်း ဆန့်
ကျင်ပါကြောင်း ဆန္ဒဖော်ထုတ်သပေါ့...၊ဖေ့ဘွတ်ထက်က ဆန္ဒဖော်ထုတ်ရတာ အန္တာရယ်လည်းကင်းတာ
ကိုး......... :D။

အဲဒီလို အများယောင်လို့လိုက်လို့သာ ယောင်လိုက်တယ်...OIC ဆိုတာ ဘာလဲရယ်လို့သေသေချာချာ
သိသလား...ဆိုတော့...ဟုတ်ကဲ့....တိဝူး....ရယ်....၊မူဆလင် ၅၇နိုင်ငံအဖွဲ့ဆိုတာလောက်ပဲသိသဗျာ...။
OIC ရဲ့ မူရင်းနာမည်တောင်သိဘူးဗျာ...၊သို့ပေမယ့် အမျိုးပျောက်မှာတော့ စိုးကြောက်လေတော့ မသိ
လည်း သိသလိုလိုဘာလိုလိုနဲ့ ဆန့်ကျင်ကန့်ကွက်လိုက်တာပါပဲ....၊ပြောရရင် အဲ့ အဖွဲ့ မြန်မာပြည်မယ်
ရုံးလာဖွင့်တာကိုလည်း မစိုးရိမ်လှပါဘူး...၊ဘာလို့လည်းဆိုတော့ သူတို့ကို ရုံးဖွင့်ခွင့်ပေးလိုက်တာက
တနိုင်ငံလုံးရဲ့ အချုပ်အခြာအာဏာကို သူရို့လက်ထဲ ဝကွက်အပ်တာမှ မဟုတ်ပေပဲဗျာ...၊သူတို့လုပ်ချင်
ရာ လုပ်လို့ခွင့်ပြုတာမှမဟုတ်ပေပဲ...၊သူတို့ကို မျက်ဆိဒေါက်ထောက်ကြည့်နေနိုင်တာပဲမဟုတ်လားဗျာ၊
သူတို့ ရုတ်ရုတ်ရုတ်ရုတ်လုပ်ရင် ကိုယ်ကနှင်ထုတ်လိုက်ရုံပေါ့လေ...၊

အဲ....အဲ့သာဆို ဘာလို့ကန့်ကွက်လည်းဆိုရင် ကျွန်တော်မယုံတာက ကျွန်တော်တို့ရဲ့ နိုင်ငံတော်အစိုးရ
အရာရှိမင်းများကိုပဲခင်ဗျ...၊သူတို့ကို မျက်ဆိဒေါက်ထောက်ကြည့်ဖို့ဆိုတာကအစိုးရအရာရှိမင်းများရဲ့
တာဝန်ပဲ မဟုတ်လား...၊ခက်တာက ကျွန်တော်တို့ မြန်မာပြည်က ကိုရွေအရာရှိမင်းများကို အမျိုးအစား
ခွဲရင် ၂မျိုးပဲ ရမှာရယ်....၊တစ်မျိုးက ငွေပေး "ငအေးတေး" ဆို တဲ့ အရာရှိမင်းရယ်၊နောက်တစ်မျိုးကတော့
ပေးတာယူ၊ကျွေးတာစား၊ခိုင်းတာလုပ်၊တဲ့ တော်ရိလျော်ရိအစိုးရမင်းရယ် ပဲခင်ဗျ....။

အဲ့ဒီလို အစိုးရမင်းများကိုတော့ဖြင့်  နိုင်ငံတကာလှည့်ပြီး လှည့်ပတ်မွှေနှောက်ချောက်ခြားလာတဲ့ OIC က
လူတွေအဖို့ ပျင်းသေးတယ်....ပျင်းသေးတယ်...ပျင်းတောင်ပျင်းသေးတယ်...လို့တောင်ပြောသွားဦးမယ်။
ပေးတန်ပေး၊ကျွေးတန်ကျွေး၊ခြောက်တန်ခြောက်၊မြှောက်တန်မြှောက်ပြီး သူတို့လုပ်ချင်ရာလုပ်သွားမှာ
မြင်ယောင်နေလေတော့......ဝင်မလာခင်ကကို ဆန့်ကျင်ကန့်ကွက်ရတာပါပဲ...။

အခုတော့ တော်ပါသေးတယ်.....ချစ်စွာသော သမဒဂျီးက ပြည်သူ့ဆန္ဒနဲ့အညီ OIC အဖွဲ့ကို ရုံးဖွင့်ခွင့်
မပေးတော့ဘူးတဲ့...။ပြည်သူ့ဆန္ဒကို မျက်ချေမပြတ်ကြည့်နေသော သမဒဂျီးတော်ပါပေတယ်...၊နောက်
နောင်များဖြင့် ပြည်သူ့ဆန္ဒကို ပြောမှသိ၊ထိမှနာတာမျိုး မဟုတ်ပဲ စောစောစီးစီးက အလိုက်သိနိုင်ရင်
ပိုကောင်းပါမယ်...၊နို့မို့ သူရို့ ဝံဂျီး၊ဝံကလေးအပေါင်းက ရှေ့က လုပ်ချင်တာလုပ်သွား...၊နောက်ကပြည်
သူတွေက အလုပ်ပျက်ခံပြီး ဆန္ဒဖော်ထုတ်ပြီး ပြော ပြော နေရတာက အလုပ်မဟုတ်လှပေဘူး...။

အစိုးရဆိုသဟာက ပြည်သူ့ဆန္ဒ ဘာလဲဆိုတာကို မဖော်ထုတ်ပဲ သိနိုင်နေရမယ်ကိုးဗျ...၊ခုတော့ဖြင့်
ပြည်သူကို သူကဦးမဆောင်တဲ့အပြင် ပြည်သူတွေကချည်း ဟိုလိုလုပ်လေ...၊ဒီလူတွေကို ဝင်ခွင့်မပြုရ
ဘူး...၊ဟိုစီမံကိန်းကဖြင့် ဒွတ်ခနဲ့လှလှတွေ့မယ့်ဟာ...အစရှိသဖြင့်လိုက်ပြောနေရတာက ဟန်တော့
သိပ်မကျလှဘူးဗျိုး...။



နောက်ပြီး နိုင်ငံတကာနဲ့ဆက်ဆံပြီးလုပ်တယ်ဆိုတာက နားလည်မှုစာချွန်လွှာတွေ၊စာချုပ်စာတမ်းတွေ
နဲ့ လက်မှတ်ရေးထိုးထားရတာတွေရယ်....၊အဲ့သာကို မပြောမဆိုနဲ့ ပြည်သူ့ဆန္ဒအရမို့ သားသားတော့
ဖြင့် အဲ့သဟာဂျီးကို လုပ်မပေးနိုင်ပါတော့ဘူးရယ်....လို့ ကလေးကစားလို့ လုပ်လုပ်ပလိုက်တာကတော့
နိုင်ငံတကာမှာ မြန်မာပြည်နဲ့ မြန်မာအစိုးရဆိုတာ ခုဆီထမင်းခုစာကလေးကြော်လုပ်တတ်သူများရယ်....
လို့ သိက္ခာကျစရာ၊အများမယုံမကြည်ဖြစ်စရာ မဖြစ်ဘူးလားဗျာတို့ရဲ့....။


ကိုယ်က နဂါးတံဆိပ်အပ်နှင်းလို့ အခွင့်အာဏာပေးထားတဲ့ ဝံဂျီး၊ဝံကလေးများက မစဉ်းစား၊မဆင်ချင် ပဲ
ပေါက်ကရတွေ လုပ်လုပ်လာလို့ ပြည်သူက ဆန့်ကျင်ကန့်ကွက်လာခဲ့ရင်လည်း အလိမ္မာသုံးလို့ သံရေး
တမန်ရေးနည်းလမ်းများနှင့် အကောင်းဆုံးဖြေရှင်းနိုင်ရမယ် မဟုတ်ပါလားဗျာ...။ခုတော့ဖြင့် ကျွန်တော်တို့
မဟာဝံဂျီး၊စူဠဝံကလေးအပေါင်းကတော့ ဂယောင်ချောက်ခြား၊ထင်ရာမြင်ရာတွေလုပ်လုပ်လာပြီးရင်ဖြင့်
ဆင်သေကိုဆိတ်ရေနဲ့ဖုံးတဲ့ တောရမ်းမယ်ဘွဲ့ ၊ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ စကားတွေပြောပြီး ကုလား
ထိုင်ပေါ်က မဆင်းစတမ်း ပေကပ်ထိုင်နေတော့တာကလား...။ကိုယ့်အရာရှိတစ်ယောက် ပေါက်ကရလုပ်
လာတာကို လိမ်လိမ်မာမာနဲ့ သံရေးတမန်ရေးကျကျ ဖြေရှင်းဖို့လည်း ပညာညဏ်ရယ်လို့ နှမ်းတစ်စေ့မှ
ရှိဟန်မတူပေဘူး...။


ဒီနေရာမယ် ဟိုးရှေးရှေးတုန်းက မြန်မာပညာရှိအမတ်မင်းများကို သတိရမြင်ယောင်မိတော့တယ်....။
အားလုံးလည်းဖတ်မိ၊မှတ်မိကြမှာပါ...။ကင်းဝန်မင်းကြီးတစ်ယောက် အင်္ဂလန်ပြည်ရောက်တော့ ဘုရင့်
မိုးကုတ်ကျောက်တွင်းတစ်တွင်း ရောင်းဖို့ စာချုပ်လာခဲ့လေရော....၊သူကတော့ အာရကေ၊ကော်မရှင်တွေ
ဘာတွေ ရလို့တော့ ဟုတ်ဟန်မတူပါဘူး...၊ဗျစ်တစ်ရှအင်ပါယာကြီးရဲ့ ခေတ်မှီဖွံဖြိုးတိုးတတ်ပုံကိုမျက်ဝါး
ထင်ထင်မြင်ခဲ့ရပြီးတဲ့နောက် ကိုယ့်တိုင်းပြည်ကို သူ့ကျွန်ဘဝမရောက်အောင် ကျောက်တွင်းလေးတစ်
တွင်း ထိုးကျွေးတဲ့သဘောထင်ပါရဲ့...၊အင်း....ခုလည်း ကျွန်တော်တို့ အရာရှိမင်းများကလည်း တိုင်းပြည်
ကြီးကို ခေတ်သစ်နယ်ချဲ့လက်အောက်မရောက်အောင် ဧရာဝတီမြစ်ကြီးနဲ့ ရခိုင်ပြည်ကြီးကို ထိုးကျွေး
တာလည်းဖြစ်ကောင်းဖြစ်မှာပါနော့..... :P


အဲ....အဲ့ဒီလို ကျောက်တွင်းရောင်းဖို့ စာချုပ် ချုပ်လာတယ်လည်းဆိုရော...မင်းတုန်းမင်းတြွားကြီးလည်း
စိတ်အပျက်ကြီးပျက်ရှာလေရော....၊အင်းပေါ့လေ...သူ့ခမြာလည်း သူ့မိဖုရားတွေကို ဒီကျောက်လေးတွေ
နဲ့ ပျော်အောင်ချော့မော့ထားရတာကိုး...၊ခုတော့ ဒွတ်ခနဲ့လှလှတော့တွေ့ပြီး နှမတော်တို့ရေ.....ညီးတို့
ဈေးတောင်းခေါင်းပေါ်ရွက်ကြတွေ ဘာတွေဖြစ်ကုန်ပါရော...၊သို့ပေမယ့် မင်းတုန်းမင်းကြီးမယ် အင်မတန်
မှအားကိုးရတဲ့ ဝန်မင်းကြီးတစ်ပါးရှိလေရဲ့...၊ယောအတွင်းဝန်ဦးဖိုးလှိုင်ပေါ့ဗျာ...၊ဟုတ်တာမှန်တာဆို
ဘုရင်ကိုတောင် ခံခံပြောလွန်းလို့ အရာချထားတဲ့.....အတွင်းဝန်ကြီးကို ပြန်ခေါ်.....၊ဘိုးဘိုးရေ....ဘိုးဘိုး
ဘော်ဒါကြီး နယ်စပ်ရေးရာဝံဂျီး....အဲ....အဲ.....ကင်းဝန်မင်းကြီးကတော့ မပြောမဆိုနဲ့ အဲ့စာချုပ်ကြီးချုပ်
လာဘီ...၊ဟိုက ရာဖြတ်တွေ၊ကိုယ်စားလှယ်တွေလည်း ရောက်လာဘီ...၊မင်းတို့စကားဆိုတာ ထွက်ပြီး
သားဆင်စွယ်လို ပြန်နှုတ်ယူရိုးထုံးစံမရှိ....၊ခုမှ ပြည်သူ့ဆန္ဒကြောင့်ပါလို့ အရူးကွက်နင်းလို့မကောင်း
လေတော့ ဘိုးဘိုးကြည့်စီမံပါဦးဆိုပြီး အတွင်းဝန်ကြီးလက် ဝကွက်အပ်လိုက်သပေါ့....။


ပညာရှိဆိုတာမျိုးက အရေးအကြောင်းဆို တီးလျှင်မြည်တဲ့မောင်းများလိုပဲ အကြံကောင်းညဏ်ကောင်းများ
နဲ့ ပြဿနာကိုဖြေရှင်းတတ်တာကလား...၊ဟိုဘက်က ရာဖြတ်များ၊ကိုယ်စားလှယ်များကို မရောင်းတော့
ဘူး တစ်ခွန်းမှမပြောပဲ....ဘုရင့်နန်းစဉ်ကျောက်များကို ငယ်စဉ်ကြီးလိုက် ထုတ်ထုတ်ပြပြီး အဖိုးဖြတ်ခိုင်း
သတဲ့...။နောက်ဆုံး ငမောက်ပတ္တမြားကြီးကြတော့ ဟိုဘက်က ဈေးကို မဖြတ်တတ်တော့....၊တန်ဖိုးကြီး
လှသကိုး...၊ဒီတော့မှ ကဲ...ကိုယ့်လူတို့မယ်...ဒီကျောက်လေးတစ်လုံးတောင် တန်ဖိုးမဖြတ်နိုင်ရင် ဒီလို
ကျောက်တွေ အများကြီးထွက်တဲ့ ကျောက်တွင်းကိုဘယ်လိုတန်ဖိုးဖြတ်မတုန်း ဆိုပြီး ရေပိတ်စကားပြော၊
ညဘက်ဒင်နာလေးဘာလေးပေးပြီး အနိုင်နဲ့ပိုင်းချ ပလိုက်သတဲ့....။ဘယ့်ဂလောက်များ ပညာရှိလေသ
လဲဗျ...နော်...။

အင်း.....ခုတော့ဖြင့် ကင်းဝန်လို ကိုယ့်အတွေးနဲ့ကိုယ် မတော်တရော်တွေ လုပ်လုပ်လာတတ်တဲ့ ဝံဂျီးတွေ
ပေါသလောက်...၊ယောအတွင်းဝန်ကြီးလို ပညာရှိအမတ်များကြတော့လည်း မူးလို့တောင်ရှုစရာမရှိပေဘူး
ဗျာ...၊ရှိတဲ့ပညာရှိများကြပြန်တော့ ထောင်သွင်းအကျဉ်းချရတာနဲ့၊မြိုင်ရပ်နှင်ရတာနဲ့...ဆိုတော့လည်း....
အင်း.....။

အင်း.....၊ခုတော့ဖြင့် miss international ပြိုင်ပွဲရဲ့ ဘုတ်ပေးပွဲကြီင်္းလည်း ယနေ့ဆို နောက်ဆုံးနေ့ကို
ရောက်လာချေပြီ...၊နောက်နေ့တွေဆို ဘုတ်ချင်တာတောင်မှ ဘုတ်ခွင့်မရတော့....။ ဘုတ်ခွင့်မရတော့
ပေမယ့်...၊နောက်နောင်များမှာဖြင့် မတော်မတည့်များဆို လုပ်လုပ်လာတတ်တဲ့ ကျွန်တော်တို့ရဲ့ မဟာ
ပညာရှိ အစိုးရဝံမင်းများကြောင့် ဆန္ဒများကိုတော့ဖြင့် စဉ်ဆက်မပြက် ဖော်ထုတ်နေရဦးမှာ မလွဲဧကန်
ပင်ဖြစ်ပါတော့သတည်း..........။

19 comments:

မေဓာဝီ said...

အားပါး စုံတကာ စိသွားတာပဲ။
နန်းခင်ဇေယျာက အစပြုလို့ အိုအိုင်စီအလယ် ကင်းဝန်မင်းကြီးအဆုံး တပုဒ်ထဲမှာ ကြုံးရုံး ရေးသွားလိုက်တာ။ ဘာမှကို မကျန်တော့ဘူး။ အတော်ခေတ်မီတဲ့ မောင်ညိန်းနိုင်ပါလား။ ကောင်းလေစွ ကောင်းလေစွ :))

Phyu Lwin said...

အရေးအသားကတော့ ခေတ်နဲ့ အခြေအနေအချိန်အခါနဲံ့ အညီပဲ.. လေးစားသွားပါတယ် :)

ညီလင်းသစ် said...

ဟုတ်ပဗျား..၊ မမေပြောသလိုပဲ ကိုညိမ်းရဲ့ ပို့စ်က ကမ္ဘာပတ်လည် ပို့စ်ရေးမယ် ပါလားဗျ..၊း) ကြိုက်တယ်ဗျာ..၊ ကိုညိမ်းရဲ့ ဒီဖက်ပိုင်း ပို့စ်တွေမှာ ဇဝနဉာဏ်တွေ၊ Satire တွေ၊ အသောတွေ၊ အထေ့တွေနဲ့ လက်သွက်၊ ခြေသွက် ရှိလှတယ်ဗျို့..၊ ဖြတ်သွားဖြတ်လာမှာ သမိုင်းလည်း လွတ်မသွား စေရဘူး..၊ မယ်မြန်မာလေးက အဲဒီလောက်တောင် မဲတွေရခဲ့တာ သိမထားဘူးဗျ၊ အင်း.. ကိုညိမ်းရဲ့ ဒီလို လက်မျိုးနဲ့ဆို လူထုတို့၊ ဟံသာဝတီတို့ ခေတ်ကိုသာ မှီခဲ့ရင် သတင်းစာရဲ့ ပင်တိုင် satire ကော်လံစား ဖြစ်မှာ မြင်ယောင်နေတယ်ဗျာ...။း)

Cameron said...

တော်ပါပေတယ် ဆရာကြီးရယ် တကယ်လေးစားတယ်...ရေးသွားတာလေးကတကယ်မိုက်တယ်...အားလုံးထိမိနေတာကလား...း)

လရိပ်အိမ် said...

သတင်းစုံဖတ်ချင်ရင် ကိုညိမ်းနိုင်ဆီကိုလာ။
ရေးထားတာလေးတွေကောင်းတယ်။

ပဥာက် said...

ခိုက်တယ်ဗျာဘဒွေးကိုဒီပို့စ်နဲ့တင်..လေးစားပါတယ်ဗျာ

San San Htun said...

အားပါးပါး..ကိုညိမ်းကို အဘပြောင်ပို့ စ်၊ ဒီပို့ စ်နဲ့ တင် Salute..

နွေတေးရှင် (မင်းဧရာ) said...

ဦးလေး...........
တနာရီ သုံးကျပ်နဲ့ ဖိုးသားလည်း ကွန်ပုတာနား မကပ်နိုင်လို့ လွတ်နေတာတွေများသွားတယ် ။

သို့ပေသိ ကြေနပ်နေပါတယ် စုံတကာ့စုံ စေ့တကာ့စေ့လို့ နန်းခင်ဇေယျာကို မဘုတ် လိုက်ရပေမယ့် သမတကြီး လုပ်သွားတာကိုတော့ ကောင်းကောင်းကြီး ထောက်ခံသွားပါတယ် ။


သည်တစ်ခေါက် မလေးကို လိုက်မလာရင်တော့ သေခန်းပျက်သွားမယ် နော်း)။

Candy said...

ဘုတ် ဘုတ် ထုတ် ထုတ် စတိုင်လ် ဖေ့ဘွတ်စတိုင် မြန်မာ့စတိုင်လ် :P

Angelhlaing(May everybody be happy and healthy! said...

ခုတော့ တိတ်သွားကြပြီအကို...:) တိတ်မှရောက်လာတာကိုးးးးလို့ ..အဟိ

သူကြီးမင်း (တုံးဖလား) said...

တဂျီးမင်းလဲ ဘုတ်လိုက်တယ်။ ဒါကြောင့် သူ အဲဒီဆု ရသွားတာဖြစ်မယ်။း))

blackroze said...

အီးကု တို့များတော်ချက်
ရေးထားတာစုံတကာစိနေတာဘဲ

မြသွေးနီ said...

စုံနေတာပဲ..
တစ်ဝကြီးကို ဇိမ်နဲ့ ဖတ်ပစ်လိုက်တယ်။။

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့တွေလည်း ဗုတ်ခဲ့တဲ့ အထဲမှာပါတယ်း))
အားရပါးရကို ဗုတ်ခဲ့တာပေါ့..

မိုးသက် said...

ခေါင်းကိုမူးသွားတာပဲမခင်သီတာ...

ဟန်ကြည် said...

မီးပျက် ကီးဘုတ်ကြောင်နေလို့ ဘုတ်တောင် မဘုတ်လိုက်ရပါဘူးဗျာ...အခုလို တစ်ရက်ခြားတစ်ခါ မီးပြန်လာတော့လည်း ဘုတ်လို့ပြီးပြီကိုး...စကားမစပ် သုံးတန်းလေးခါကျထားတဲ့ သည်ဘက်ခေတ်ဝံကြီးတွေ ယောမင်းကြီးလောက် တိုင်းပြည်အတွက် ကြံရည်ဖန်ရည်ရှိရင် ဘုရားစင်ပေါ်တင်ပြီး ညတိုင်း ဦးသုံးခါ ချအိပ်တယ် တကယ်...

မိုးနတ်ကြယ်စင် said...

ဘယ်ရမလဲ ..မိမိုးနတ်တို့လဲ အပြေးအလွှားကို
ဘုတ်ပစ်လိုက်တာပေါ့...

မိုးဇက် said...

ဟုတ်ပဗျာ ... ဦးလေးပြောမှ သတိထားမိတယ် ကင်းဝန်လို ဝန်ကြီးတွေပဲပေါပီး ၊ ယောအတွင်းဝန်လိုဝန်ကြီးတွေ အပျောက်ရိုက်ခံရတာ နိုင်ငံနှစ်နာပါဘိ ၊ ဒါနှင့်စကားမစပ် ဦးလေး မြန်မာပြည်ပြန်ဦးမယ်နော် ...... ဟိ

Moe Sett Pwint said...

အရေးအသားနဲ့ အကြောင်းအရာကို နှစ်သက်လို့ “ဘုတ်” လုပ်သွားပါတယ် :)