အချစ်.....အချစ်.....အချစ်......၊
ဟိုးမား ရဲ့ အီးလိယက် ကဗျာရှည်ကြီးရဲ့အစမှာ “ကမ္ဘာမှာအရာအားလုံးထက်အကြီးမြတ်ဆုံးအရာနှစ်ခုရှိတယ်..၊
တစ်ခုက စစ်၊တခြားတစ်ခုကအချစ်”လို့ရေးခဲ့တယ်လို့ဖတ်လိုက်မိပါတယ်...။ခေတ်အဆက်ဆက်၊မျိုးဆက်
အသွယ်သွယ်၊မရိုးစတမ်း ပြောခဲ့၊ငြင်းခဲ့၊အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတဲ့ အကြောင်းအရာတစ်ခု ကိုပြောပါဆို အချစ်
အကြောင်းပါပဲ လို့ပြောလို့ရမယ်ထင်ပါရဲ့....။
အချစ်ဆိုတာ ဘာလဲ...။ကျွန်တော်အတိမကျ မပြောတတ်ပါဘူး၊ရှင်းရှင်းပြောရရင် ကျွန်တော်မသိပါဘူး...။
( ဒီလိုဆိုလိုက်တော့ ဟင် ဒီအရွယ်ရောက်နေပြီ...၊အမြီးမပေါက်ဘူးလား လို့တော့ မေးကြမယ်မထင်ပါဘူး...းD )
၁၉နှစ်သား လောက်က အချစ်ဆိုတာကို နဖူးတွေ့၊ဒူးတွေ့ တွေ့ခဲ့ဖူးပါတယ်..။အသည်းလည်း ဟတ်တက်ကွဲ
ခဲ့ဖူးပါတယ်...။ဒါပေမယ့် ချစ်မယ့်သာချစ်ခဲ့၊ကွဲမယ့်သာကွဲခဲ့ပါတယ်...။အချစ်ဆိုတာဘာလဲ လို့ကျွန်တော်သေချာ
မသိခဲ့ပါဘူး...။
ဒီလိုနဲ့ ကျွန်တော်ဘဝမှာ အချစ်ဆိုတာ သေဆုံးသွားခဲ့ပြီ၊ချစ်တတ်တဲ့ နှလုံးသားလည်း ခန်းခြောက်သွားခဲ့ပြီလို့
ထင်မှတ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်.....။အချစ်ဆိုတာ သံယောဇဉ် နဲ့ တပ်မက်မှု အချိုးညီစွာ
ပေါင်းစပ်ထားတဲ့ အရာတစ်ခုလို့လည်းထင်ခဲ့မြင်ခဲ့ပါတယ်...။ဒါပေမယ့်....တစ်နေ့မှာအချစ်ဆိုတာနဲ့ အမှတ်မထင်
ပြန်လည် တွေ့ဆုံလိုက်မိတဲ့အခါမှာတော့ ကျွန်တော်ထင်မှတ်ထားတာ တက်တက်စင်အောင် လွဲချော်နေမှန်း
သိလိုက်ရပါတော့တယ်...။
ဒီတော့မှ ကျွန်တော်ဟာ အချစ်ဆိုတာကို ဘာမှန်းသေသေချာချာ မသိသေးပါလားလို့ ဘာသာသတိပြုမိပါတော့
တယ်ခင်ဗျ..။တချို့ကတော့ အချစ်ဆိုတာပေးဆပ်ခြင်းတဲ့၊တချို့က ရယူပိုင်ဆိုင်ခြင်းတဲ့၊အဲတချို့ တချို့ကတော့
အချစ်ဆိုတာ ချစ်နေရရုံလေးသက်သက်တဲ့ခင်ဗျ..။ဘယ်အဆိုက မှန်သလဲတော့ကျွန်တော်မသိပါဘူး...။
အချစ်လို့ဆိုလိုက်တာနဲ့ အမှတ်ရနေတတ်တဲ့ စကားလေးတစ်ခွန်းတော့ရှိပါတယ်...။
“ အသက်ရှင်နေစဉ်က နမ်းခဲ့တဲ့ ချစ်သူရဲ့ပါးပြင်လေးကို သူသေဆုံးသွားတဲ့ အချိန်မှာ နမ်းဝံတာ၊နမ်းရဲတာ အဲဒါ အချစ်ပဲ ” တဲ့ခင်ဗျ...။
မဂ္ဂဇင်းအင်တာဗျူး တစ်ခုထဲမှာ ဆရာငြိမ်းကျော် ပြောခဲ့တဲ့ စကားလေးပါ...။(ဖတ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ
ဆိုတော့ စကားလုံးတွေက အတိအကျတော့ မဟုတ်ပါဘူး။ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ဒီအတိုင်းပါပဲ ။)
တစ်စုံတစ်ဦး အပေါ်မှာ ကျွန်တော်တို့ နှစ်နှစ်ကာကာ ချစ်ခဲ့မိပြီဆိုရင် မိမိချစ်သူ ဘယ်လိုအခြေအနေကိုပဲရောက်
ရောက် သူ့အပေါ်ထားတဲ့ အချစ်က မပြောင်းမလဲပဲ ထာဝရတည်တံနေသင့်ပါတယ်...။ဒါပေမယ့် အချိန်အတိုင်း
အတာတစ်ခုကိုရောက်ရင် ကျွန်တော်တို့ရဲ့ အချစ်တွေက ပြောင်းလဲသွားတတ်တာ၊အေးခဲ သွားတတ်ကြတာကို
သတိပြုမိခဲ့ပါတယ်...(ရည်းစားများတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ “မီးနဲ့ဝေးတဲ့ချိတ် ဟာ မာသွားတတ်စ
မြဲပဲကွ ” လို့ သူနောက်တယောက် ပြောင်းတော့မယ်ဆို ပြောလေ့ရှိတာကို သတိရမိပါရဲ့းD )
ဒါဘာကြောင့်ပါလဲ...။ကျွန်တော်တို့ အချစ်လို့ထင်နေတဲ့ အရာက အမှန်တကယ် အချစ်စစ်စစ် မဟုတ်လို့များ
လား...။ဒါမှမဟုတ် သူပြောသလို အချစ်ဆိုတာ ဝေးသွားတဲ့အခါ မာကျောအေးစက်သွားတတ်လေသလား...။
ပြီးတော့ အချစ်ဆိုတာ ဘာကြောင့်များ ပြောင်းလဲသွားတဲ့ သဘောရှိရတာပါလဲ...။
အင်းးးတစ်နေ့နေ့မှာတော့ ကျွန်တော့်ကို တစ်စုံတစ်ရာက အဖြေပေးနိုင်လိမ့်မယ်ထင်ပါရဲ့ခင်ဗျာ....။
ဆရာတာရာမင်းဝေ က သူ့ရဲ့ ကျွန်တော်နှင့်မြူနှင်းဝေသောညများ ဆိုတဲ့ ဝတ္ထုတိုလေးထဲမှာ ရေးထားခဲ့တာက-
“ ချစ်မိသူဆိုတာ လောကမှာစစ်အရှုံးဆုံးသူပါ၊ ချစ်မိပြီဆိုတာနဲ့ သူ့ရဲ့နှလုံသားဟာ တယုတယနဲ့ သေမိန့်ကျ
သွားခဲ့ပါပြီ ”
လို့ရေးခဲ့ပါတယ်...။ကျွန်တော်အရမ်းနှစ်သက်မိတဲ့၊သဘောကျတဲ့ အချစ်နဲ့ပတ်သက်တဲ့စကားလုံးလေးတွေပါ။
ချစ်မိသူအတွက်တော့ မိမိချစ်သူအလိုကျ အရာရာဖြည့်ဆည်းပေးချင်တဲ့ စိတ်ဇောစေတနာ တွေနဲ့ အမြဲအဆင်
သင့်ဖြစ်နေမှာပါ...။တခါတရံမှာ ကျွန်တော်တို့ ကြားနေရတဲ့ စကားတွေရှိပါတယ်..။“ သူကနင့်ကို ချူစားနေတာ၊
သူက နင့်ကို ကျောရရုံကြံသွားမှာ...” ဘာဘာညာညာ စသည်ဖြင့်ပေါ့ခင်ဗျာ...။ဘေးပတ်ဝန်းကျင်က အဲဒီလိုမြင်
နေခဲ့ကြပေမယ့် ချစ်မိသူတစ်ယောက်မှာတော့ဖြင့် သူ့ချစ်သူအပေါ် ဒီလိုမြင်နေမယ်၊မြင်ရက်မယ်လို့ ကျွန်တော်
်မထင်ပါဘူး။အကယ်၍ အမှန်ကို မြင်နေသည့်တိုင်အောင် ကိုယ့်ချစ်သူအလိုကျ ဖြည့်ဆည်းပေးနေရ ရင်ကို
ရင်ထဲမှာဝမ်းနည်းကြေကွဲနေပေမယ့် ကျေနပ်နေကြမယ်ထင်ပါရဲ့...။
ချစ်မိသူတစ်ယောက်အဖို့မှာတော့ တကယ်ကို ကြေကွဲစရာ ရှုံးနိမ့်မှုတစ်ခုပါ...။ကျွန်တော်ထင်ပါတယ်လေ...၊
ချစ်မိသူတစ်ယောက်မှာ အနိုင်ယူလိုစိတ်လည်းရှိမယ် မဟုတ်ပါဘူး...။
တယုတယနဲ့ သေမိန်ကျသွားတဲ့ နှလုံးသားတွေအတွက် အဘယ်သို့သော ခုံရုံးမှာ အယူခံဝင်ခွင့်ရှိနိုင်ပါ့ မလဲ...။
အယူခံဝင်ခွင့်ရှိရင်ဖြင့် သေမိန့်ကျ နှလုံးသားများကိုယ်စား ကျွန်တော် အယူခံဝင်လိုက်ချင်ပါရဲ့ ခင်ဗျား.....။
Monday, October 11, 2010
Tuesday, October 5, 2010
ပြန်လည် ရှင်သန်လာတဲ့ မျှော်လင့်ခြင်း လေလား...
မနေ့က ဘယ်လိုမှ မျှော်လင့် မထားခဲ့တဲ့ sms တစ်စောင် ရရှိခဲ့တယ်....။
ထင်မထားခဲ့ပါဘူး...။တကယ်ကို မမျှော်လင့်ခဲ့တာအမှန်ပါ...။
နာမည်ကို တွေ့တွေ့ချင်း ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်....။
ပျော်သွားတယ်...။စိတ်လှုပ်ရှားရတယ်....။ဝေခွဲလို့လည်း မရဘူး...။
ဦးနှောက်ထဲကတော့ အချက်ပေးခေါင်းလောင်းသံတွေ ပေးနေတယ်....။
ချက်ချင်းသတိရ လိုက်တာက “မာယာ....မာယာ...မာယာ....” ဆိုတဲ့ သီချင်း တစ်ပိုင်းတစ်စ ပါ....။
ဟင့်အင်းးးးးး။နှလုံးသားက ချက်ချင်း ပယ်ချလိုက်တယ်....။
ဒါ ငါထားခဲ့တဲ့ နားလည်ပေးမှု၊ယုံကြည်ပေးမှု ရဲ့ တန်ပြန်သက်ရောက်မှုတွေပဲ....လို့ အကြောင်းပြချက်ပေးတယ်။
တနေ့လုံး စိတ်ဓာတ်တွေက ဝိဿဝတီနတ်ပြည်က မာန်နတ်မင်းရဲ့ ဘုံနန်းအထိ တက်သွားတယ်...။
(ဘယ်တော့များ သုညအောက် ယူဇနာ တရာထိ ပြန်ဆင်းမလဲတော့မသိဘူး...)
ည...အိပ်လို့ကို မပျော်တော့ဘူး...။ဒီခံစားချက်လေးကို လှစ်လျူရှုပြီး အိပ်လိုက်ရမှာကို နှမြောနေမိတယ်...။
နားလည်ပေးဖို့ကြိုးစားရင်း နားကိုမလည်နိုင်ဖြစ်ရတယ်....။
ပြီးဆုံးသွားပြီလို့ စိတ်ဒုန်းဒုန်းချလိုက်တဲ့ အချိန်ရောက်မှ၊မေ့နိုင်အောင်ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ပြီးကာမှ၊
တည်တည်ငြိမ်ငြမ် ပြန်ဖြစ်အောင် ပြန်လည်တည်ဆောက်ရေးကာလ လို့ ဘာသာသတ်မှတ်ပြီးကာမှ...၊
မိန်းမတွေရဲ့စိတ်ကို ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး....။
ဟုတ်တယ်....။ဘဝမှာ နားလည်ဖို့ ကြိုးစားရင်း...နားမလည်နိုင်ဖြစ်ရတာ မိန်းမတွေရဲ့စိတ်ပဲ....။
မေမေ့ စိတ်ကို နားမလည်နိုင်ဘူး...။
အစ်မရဲ့စိတ်ကို နားမလည်နိုင်ဘူး...။
တစ်ချိန်မှာ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ထားခဲ့မိသူတစ်ယောက်အပေါ်လည်း နားမလည်နိုင်ဘူး...။
သူငယ်ချင်းမလေး တစ်ယောက်ရဲ့စိတ်ကိုလည်း နားမလည်နိုင်ဘူး...။
ခု....ဒီတစ်ယောက်ကိုလည်း နားမလည်နိုင်ဘူး...။
ရီတော့ရီရတယ်....။ ကိုယ်နားမလည်နိုင်ခဲ့တဲ့ မိန်းမတွေက ကိုယ်ရဲ့ အရင်းနှီးဆုံးတွေဖြစ်နေခဲ့တာပါ....။
ဘာဆက်လုပ်ရမယ်မသိတော့ဘူး...။
လိုက်တုန်းကပြေးခဲ့တယ်....။ရပ်လိုက်တော့ လက်ယပ်ခေါ်တယ်...။
ရပ်နေရမှာလား.....။ဆက်လိုက်ရမှာလား....။

Friday, October 1, 2010
လူ နှင့် မျှော်လင့်ချက်
မျှော်လင့်ချက် ဟုဆိုလိုက်သည်နှင့် သတိတရရှိလိုက်သည်က ပန်ဒိုရာ့ သေတ္တာကိုပါ..။(မှတ်ချက် ဘလော့ကာ
အစ်မပန်ဒိုရာရဲ့ ရတနာသေတ္တာ မဟုတ်ပါ...း) )။ဂရိဒဏ္ဍရီလာ မျှော်လင့်ချက်နဲ့ ပတ်သက်တဲ့ ပုံပြင်လေးပါ...။
ဒီပုံပြင်လေးကို လူတိုင်းသိပြီးသားဖြစ်မှာပါ....။သေတ္တာလေးထဲမှာကျန်ခဲ့တဲ့နောက်ဆုံးအရာဖြစ်တဲ့မျှော်လင့်ချက်
ကို ရင်မှာပိုက်လို့ လူသားတွေဟာ ဘဝရဲ့ အဝေနိက ဒုက္ခပေါင်းစုံတွေ ကြားမှာလှုပ်ရှားရုန်းကန်နေကြရတာပါပဲ။
ဟုတ်ပါတယ်...။လူတစ်ယောက်ရဲ့ဘဝမှာ မျှော်လင့်ချက်သာ မရှိခဲ့တော့ရင် သူဘယ်လိုများအသက်ရှင်နေနိုင်ဦး
မှာတဲ့လဲ...။ဘယ်လောက်ပဲ ကံကြမ္မာဆိုးရွားနေစေဦးတော့ ပိုမိုကောင်းမွန်လာမဲ့ မနက်ဖြန်ဆိုတဲ့မျှော်လင့်ချက်နဲ့
အသက်ရှင်ရပ်တည်နေရတာပဲမဟုတ်ပါလား...။
တစ်ခါတစ်ရံမှာ ဘယ်လိုမှ အဖတ်ဆယ်လို့မရတော့တဲ့ အခြေအနေမှာ ရှိနေသည့်တိုင်အောင် ကျွန်တော်တို့ဟာ
မျှော်လင့်ချက် အတုအယောင်လေးတစ်ခုခုနဲ့ ဘာသာ စိတ်လှည့်စားလို့ အဆုံးတစ်နေ့ကို ရင်ဆိုင်ကျော်ဖြတ်
မိကြစမြဲပါ...။ဆိုးရွားလှတဲ့ ဘဝကြမ္မာကို ခံစားနေကြရသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ အရာတစ်ခုကိုပြောပါဆိုရင်
သူ့အတွက် မျှော်လင့်ချက်လင်းရောင်ချည်လေးတစ်ခု ဖန်တီးပေးဖို့ပဲ ရှိပါတော့တယ်...။
မျှော်လင့်ချက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ခုနှစ်တန်းနှစ်(လို့ထင်ပါတယ်)မှာသင်ခဲ့ရဖူးတဲ့ masterpiece (အင်း
ဒါလည်း ထင်တာပဲး) ) ဆိုတဲ့ အင်္ဂလိပ် ပုံဝတ္ထုလေးကိုသတိရမိပါရဲ့။နာတာရှည်မကျန်းမမာဖြစ်နေတဲ့ ကလေးမ
လေးတစ်ယောက်...၊ပြူတင်းပေါက်ကမြင်ရတဲ့ တိုက်နံရံမှာတွယ်ကပ်ပေါက်နေတဲ့ သစ်ပင်လေးက သစ်ရွက်လေး
တွေ ဆောင်းရာသီနှင့်အတူ ကြွေလွင့်ကုန်ကြရင်ဖြင့် သူလည်းသေဆုံးသွားရမယ် လို့ ထင်နေရှာပါတယ်...။
ဆောင်းရာသီနှင့်အတူ သစ်ရွက်လေးတွေလည်း တဖြည်းဖြည်း ကြွေလွင့်ကုန်ကြပါပြီ..။ကလေးမလေးလည်း
တစ်နေ့တခြား ဖြူလျော့လို့လာနေပါပြီ..။နောက်ဆုံးသစ်ရွက်လေးတစ်ရွက်ပဲကျန်ပါတော့တယ်...။တစ်ညမှာဖြင့်
အဲဒီသစ်ရွက်လေးလည်း ကြွေလွင့်သွားတော့မှာပါ...။နေ့စဉ်နံနက်တိုင်းစောင့်ကြည့်နေတဲ့ ကလေးမလေးလည်း
အဲဒါကိုမျှော်လင့်နေပြီးသားပါ...။ဒါပေမယ့် နေ့တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမယ့်နောက်ဆုံးသစ်ရွက်
လေးက ကြံကြံခံလို့ ကျန်နေဆဲပါ...။ဒီလိုနဲ့ ဆောင်းကုန်လို့နွေဦးရာသီကို တဖြည်းဖြည်းရောက်ရှိလို့လာပါပြီ...။
သစ်ရွက်ကလေးက တော့ ကြံကြံခံနေဆဲ...။
ဒီလိုနဲ့ တစ်နေ့မှာ သစ်ပင်လေးမှာ ရွက်နုလေးတွေ ထွက်ပြူလာတာကို ကလေးမလေး မြင်တွေလိုက်ရပါပြီ...။
ကျဆင်းနေတဲ့ ကလေးမလေးရဲ့ စိတ်ဓာတ်တွေလည်း နွေဦး ရွက်နုလေးတွေနဲ့ အတူ ပြန်လည်မြင့်တက်လာခဲ့
ပါပြီ..။သူ...ဒီတောင်ကကျော်ပြီလို့ သိလိုက်ပါပြီ....။ဒီလိုနဲ့ သူ..ပြန်လည်ကျန်းမာလာခဲ့ပါတယ်....။
ဒါပေမယ့် သူမသိလိုက်ခဲ့တာက သူထားခဲ့တဲ့ နောက်ဆုံးမျှော်လင့်ချက် သစ်ရွက်ကလေးဟာ အစစ်မဟုတ်ခဲ့ပဲ
အိမ်နီးနားချင်း ပန်ချီဆရာအဖိုးအိုတစ်ဦးက နောက်ဆုံးသစ်ရွက်လေး ကြွေလွင့်သွားတဲ့ ညမှာ အေးခဲနေတဲ့
ဆောင်းရာသီကို အံတုလို့ နံရံမှာ ရေးဆွဲပေးသွားခဲ့တဲ့ ပန်းချီသစ်ရွက်လေး တစ်ခုဖြစ်နေခဲ့တာပါပဲ...။ပန်ချီဆရာ
ခင်မျာ မှာတော့ နောက်နေ့မှာပဲ နမိုးနီးယားနဲ့ သေဆုံးသွားခဲ့ပါတယ်...။မအောင်မြင်ခဲ့တဲ့ သာမာန်ပန်ချီဆရာ
တစ်ဦးဟာ သူ့ဘဝမှာ အသက်နဲ့ရင်းလို့ တန်ဖိုးအရှိဆုံး၊အပြောင်မြောက်ဆုံး မာစတာပိစ့် လက်ရာတစ်ခုကို
ဖန်တီးသွားနိုင်ခဲ့ပါတယ်...။
သူဖန်တီးခဲ့တာ မျှော်လင့်ချက်ကို ကိုယ်စားပြုထားတဲ့ သစ်ရွက်လေးတစ်ခုပါပဲ....။အတုပဲဖြစ်ခဲ့ဦးတော့ ဒါဟာ
လူတစ်ယောက်အတွက်တော့ မျှော်လင့်ချက်တစ်ခုပါ...။ကျွန်တော်တို့ဘဝမှာရော.....ဘယ်လိုမျှော်လင့်ချက်တွေ
နဲ့ အသက်ရှင်ရပ်တည်နေမိတာပါလိမ့်...။အတုတွေလား...၊အစစ်တွေလား....။အစစ်ဆိုရင်ရော...ဘယ်တော့
ပြည့်ဝမှာပါလိမ့်....။အတုဆိုရင်ရော.....။သူတစ်ပါးက ပေးလာတဲ့ အတုများလား....။ကျွန်တော်တို့ဘာသာ မသိ
စိတ်ကဖြစ်ဖြစ်၊သိလျက်နဲ့ဖြစ်ဖြစ် ဖန်တီးနေမိတဲ့ မျှော်လင့်ချက်အတုများလေလား....။
ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ.....၊အတုပဲဖြစ်စေဦးတော့...၊သူတစ်ပါးကပေးတာဖြစ်ဖြစ်၊ဘာသာ ဖန်တီးမိတာပဲဖြစ်ဖြစ်
မျှော်လင့်ချက်ဆိုတာ ထားသင့်တဲ့အရာတစ်ခုပါပဲ...။ခက်တာက ရရှိလာတဲ့ မျှော်လင့်ချက်ဟာ အတုအယောင်
ဆိုတာ လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့တစ်နေ့မှာ၊ကျွန်တော်တို့ ခံစားရမယ့်ခံစားချက်ပါပဲ...။ဒီခံစားချက်ကဖြင့်
မျှော်လင့်ချက်ဆိုတာ မထားခဲ့တာကမှ သက်သာရာရဖွယ်ရှိပါလိမ့်ဦးမယ်...။
ဒါပေမယ့် ကျွန်တော်တို့တစ်တွေကတော့ဖြင့် ထားနေဆဲ၊ထားနေမြဲပါပဲ...။
တစ်ခါတစ်လေ..သူများပေးတဲ့ မျှော်လင့်ချက်အတုအယောင်တွေနဲ့ ကြည်နူးသာယာနေလိုက်...။
တစ်ခါတစ်ရံတော့လည်း ဘာသာ စိတ်ကိုလည့်စားလို့ မျှော်လင့်ချက်လေးထားနေလိုက်...။
ဒီလိုနဲ့ပဲ...........။
ဲ

Monday, September 27, 2010
လူနှင့် ရွေးချယ်ပိုင်ခွင့် (၂ )
(ခုတလော စိတ်တွေလည်းရှုပ်၊အလုပ်တွေလည်း ရှုပ်နေလို့ ရေးလက်စ ပို့စ်ကို လက်စမသတ်နိုင်ခဲ့ပါဘူး...။
ဒီနေ့တော့ နည်းနည်းလေးအားတာနဲ့လက်စသတ်လိုက်ရပါတယ်...။ခုချိန်မှာအတွေးတွေကိုအခြားအရာတွေက
စိုးမိုး ထားလေတော့ အားနည်းချက်များ ရှိရင်ဖြင့် ကြိုတင် တောင်းပန်လိုက်ရပါကြောင်း...း-)။ )
ရွေးချယ်ပိုင်ခွင့်အကြောင်းစဉ်းစားမိတော့အရင်ဆုံးအတွေးထဲကိုရောက်လာတာကဘဝလက်တွဲဖော်၊အိမ်ထောင်
ဘက် အကြောင်းပါ...။လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် အရှိသင့်ဆုံး ကိစ္စလို့ ကျွန်တော်မြင်ပါ
တယ်...။ကျွန်တော်တို့ တစ်သက်လုံး လက်တွဲသွားရမယ့်၊ဘဝလမ်းတစ်လျောက်မှာ မိမိဘေးမှာ ရှိသွားမယ့် လူတစ်ယောက် ကို မိမိဘာသာ ရွေးချယ်ခွင့်ရှိသင့်ပါတယ်...။(ဒါ ကျွန်တော့် အမြင်သက်သက် )
သို့ပေမယ့်ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အမှန်တကယ် ရခဲ့ကြပါသလား...။ကိုယ်ရတဲ့ အခွင့်အရေးကို
အပြည့်အဝ အသုံးချခဲ့ ကြပါသလား..။ပြီးတော့...ကျွန်တော်တို့ရဲ့ ရွေးချယ်မှုဟာ ဘယ်လောက်အထိ ကောင်းမွန်
မှန်ကန်နိုင်ပါ့မလဲ...။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူများစု ရွေးချယ်ခဲ့ကြတဲ့၊ရွေးချယ်ဖြစ်ကြတဲ့၊ရွေးချယ်
ချင်ကြတဲ့ အချိန်ဟာ အသက်နှစ်ဆယ်ကျော် အရွယ်ဖြစ်လို့ပါပဲ..။အတွေ့အကြုံနုနယ်သေးတဲ့၊လူတွေအကြောင်း
ဘာမှ မသိကြသေးတဲ့ ဒီအရွယ်မှာ စိတ်ခံစားမှု တစ်ခုတည်းကို အခြေခံပြီး ရွေးချယ်ဖြစ်ကြတာ တစ်ဘဝတာလုံး
အတွက် အမှန်ကန်ဆုံးဖြစ်နိုင်ပါ့မလား..။(ကျွန်တော်တော့ အဲဒီ အရွယ်က ရွေးကားရွေး၏ မရ ဖြစ်ခဲ့လို့ ဒီမေးခွန်း
ရဲ့ အဖြေကို မသိဘူးခင်ဗျ..း) ။)
ပြီးတော့ လူကြီး၊မိဘတွေရဲ့ ငယ်သေးလို့ လမ်းမှားမှာ စိုးရိမ်တယ်ဆိုတဲ့ မေတ္တာ၊စေတနာ တွေရဲ့အောက်မှာ
မိမိရဲ့ ရွေးချယ်ခွင့်တွေကို စတေးပစ်လိုက်ရတာတွေလည်း ရှိခဲ့ကြပါတယ်...။ အဲဒါကိုလည်း သူတို့ရဲ့အမှားလို့
ပြောဖို့ရာ ခက်လှပါတယ်...။အတွေ့အကြုံဆိုတာအစားပြန်မရနိုင်တဲ့အချိန်နဲ့ရင်းပြီးမှရလာခဲ့ရတာဖြစ်လေတော့
ရင့်ကျက်မှုရှိနေပြီဖြစ်တဲ့ လူကြီးမိဘတွေရဲ့ စကားကို ဘာပဲဖြစ်ဖြစ် အလေးထားသင့်တာတော့အမှန်ပါ..။
အဖြစ်သင့်ဆုံးကတော့ လူကြီးတွေကိုယ်တိုင်ကလည်း လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး ရွေးချယ်ခွင့်ကို လွတ်
လပ်စွာပေးသင့်ပြီး အမှားအယွင်းကင်းတဲ့ ရွေးချယ်ခွင့်ဖြစ်အောင် လမ်းညွန်၊ပဲ့ကိုင်ပေးတာမျိုး ဖြစ်သင့်သလို၊
လူငယ်တွေကလည်း အချိန်အတိုင်းအတာတစ်ခုယူပြီး၊မိဘတွေရဲ့ စကားကိုလည်း အလေးထားပြီး ဘဝရဲ့
အရေးအကြီးဆုံးကိစ္စတစ်ခုကို သေသေချာချာ ရွေးချယ်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ...။
ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ အပင်ရဲ့ အသီးကိုပဲ ကိုယ် ခူးဆွတ်ရတာမဟုတ်ပါလား...။ဒီတော့ မိမိ
ရဲ့ရွေးချယ်မှုဟာ မှားယွင်းခဲ့ဦးတော့ ကိုယ်ပဲ ခံစား၊စံစားရမှာပါ...။သူများရွေးချယ်ပေးလို့ရလာတဲ့ အမှားထက်
ကိုယ့်ဘာသာရွေးချယ်လို့ ရလာတဲ့ အမှားကို ကိုယ်ခံစားရတာက နည်းနည်းတော့ ဖြေသာမယ်ထင်ပါရဲ့ ခင်ဗျာ။
ပညာ နှင့် အလုပ်အကိုင် ။ ။ ကျွန်တော်တို့ ဘာကို ဝါသနာပါ ပါသလဲ...။ဘယ်လို အလုပ်အကိုင်ကို လုပ်ချင်
ခဲ့ပါသလဲ...။မိမိ ဝါသနာပါတဲ့အရာကို မိမိရဲ့ ပညာ၊မိမိရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်အဖြစ် ရွေးချယ်
ခွင့်ရတာလောက် ဘဝမှာ ကျေနပ်စရာအကောင်းဆုံးအရာ ရှိမယ်မထင်ပါဘူး။ခက်တာက ကျွန်တော်တို့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အခြေအနေကိုက အဲဒီအချက်ကို လှစ်လျှူရှုထားခဲ့တာပါပဲ..။ဆယ်တန်းမှာ အမှတ်
ကောင်းတဲ့ လူငယ်တစ်ယောက်အတွက် ရွေးချယ်မှု ဟာ ဆေးကျောင်းနဲ့ စက်မှု ဖြစ်နေတာ..၊အကြောင်းကြောင်း
ကြောင့် အမှတ်နည်းနည်းလေးလိုသွားလို့ မိမိဝါသနာပါတာကို ရွေးချယ်ခွင့်မရလိုက်တာ..၊ဒါတွေဟာ မိမိနဲ့ လူ့
ပတ်ဝန်းကျင် အပေါ် ဘယ်လောက်ထိရိုက်ခတ်မှု ရှိနိုင်ပါသလဲ....။မည်သို့ပင်ဖြစ်စေကာမူ...၊ကျွန်တော်တို့ရွေး
ချယ်ချင်တယ်ဆိုရင် ကြိုးစားမှုနဲ့ စွန့်စားမှု တော့ ရှိသင့်တာအမှန်ပါ...။
ဘဝနေထိုင်မှုပုံစံ။ ။ရခဲလှတဲ့၊တိုလည်းတိုတောင်းလှတဲ့ လူ့ဘဝမှာ ကျွန်တော်တို့ ဘယ်လို နေထိုင်မှု ပုံစံကို
ရွေးချယ်သင့်ပါသလဲ...။မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ကိုယ့်အတ္တ ကိုပဲ အလေးထားတဲ့၊လွတ်လပ်တဲ့ နေထိုင်မှု
ပုံစံက အမှန်တကယ်ကောင်းမွန်မှန်ကန်ပါသလား...။ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကို အလေးထားတဲ့ လူမှုဘဝ
ကရော...ကျွန်တော်တို့ကို စိတ်ချမ်းသာမှု အပြည့်ပေးနိုင်ပါ့မလား...။ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ နေထိုင်မှုပုံစံက
ကျွန်တော်တို့ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ပြဌာန်းပေးသလို၊ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျေ
နပ်မှု တစ်စုံတစ်ရာကို လည်း ယူဆောင်လာပေးနိုင်ပါတယ်...။
ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို အုပ်ချုပ်၊မင်းလုပ်မယ့်သူတွေ။ ။(အင်း..ဒီကိစ္စကို ချန်ခဲ့ရကောင်းမလားလို့း) )
ကျွန်တော်တို့ရဲ့တစ်ဦးချင်းဘဝကိုသာမဟုတ်၊တစ်နိုင်ငံလုံး၊လူအားလုံး ကိုပါ ရိုက်ခတ်စေမယ့်ကိစ္စတစ်ခုကို ကျွန်တော်တို့ ဘာကြောင့်လွတ်လပ်စွာ စဉ်းစား၊ရွေးချယ်ခွင့်မရ ရမှာပါလဲ...။ကျွန်တော်တို့အတွက်ရွေးချယ်ခွင့်
အရှိသင့်ဆုံးကိစ္စတစ်ခုပါ...။အဲ တစ်ခုတော့ရှိတာပေါ့လေ...၊အနက်ရောင် ဘောလုံးတွေချည်းပဲထည့်ထားတဲ့ ခြင်းတစ်လုံးကိုပေးပြီး အဖြူနဲ့ အနက် သင်ကြိုက်ရာရွေးဆိုတဲ့ ရွေးချယ်ခွင့်မျိုးကြီးကတော့....အင်းးးးးး။
ပြီးတော့ ဒီရွေးချယ်ခွင့်က တန်ဖိုးအကြီးဆုံးပေးရတဲ့ ရွေးချယ်ခွင့်ဖြစ်နေပါတယ်...။ကျွန်တော်တို့အတွက်တော့
ပေးဆပ်ရတဲ့တန်ဖိုးတွေများသလောက် မှန်ကန်တဲ့ရွေးချယ်ခွင့်ကို မရသေးတာကတော့ အတော် ရင်နာဖို့
ကောင်းတဲ့ ကိစ္စတစ်ခုပါ....။ဒါပေမယ့် မျှော်လင့်ချက်ကလေးကတော့ဖြင့်...ခပ်ရေးရေး.....။
ကျွန်တော်တို့ နာမည်။ ။တော်တော် ကို့ယို့ကားယားနိုင်တဲ့အရာတစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်...။
ဘဝမှာ အရေးကြီးတယ်လည်းမဟုတ်၊အရေးမကြီးဘူးလည်းမဟုတ်တဲ့အရာတစ်ခုကို ပြပါဆို မိမိအမည်နာမ ကို
ပဲပြောရမှာပါ...။စစချင်းမှာ ဘယ်သူမှ ကိုယ်တိုင်ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။အဲ...မိမိ ဘာသာရွေးချယ်ချင်သူတွေ
အတွက်လည်း ရွေးခွင့်ရတဲ့အရာတစ်ခုပါ။တစ်ခါတစ်ရံမှာတော့ကိုယ်တိုင်ကမကြိုက်ပေမယ့် လူတစ်ကာနှုတ်ကျိုး
သွားလို့ အောင့်သီးအောင့်သက်နဲ့ ငြိမ်ခံနေရတာမျိုးလည်း ရှိသေးသဗျ..။ဒီထက်ပိုပြီး ကိုယ့်ရို့ကားယား နိုင်တာ
ကတော့ မိမိနာမည်တစ်ခုကို ကိုယ်တိုင်လည်းမရွေး၊လူအများကရွေးပေးတာမျိုးလည်းမဟုတ်တဲ့၊ မိမိနဲ့လည်း
ဘာမှ မဆိုင်တဲ့ လူတစ်ယောက်ရဲ့ ထင်ရာမြင်ရာ ရွေးချယ်ပေးမှုကို အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရလိမ့်
မယ်အထင်နဲ့ ကိုယ်တိုင်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြတဲ့ကိစ္စပါ....။(အင်း..ဒါလည်း သူ့ရွေးချယ်မှုနဲ့သူ
ပေါ့လေ...၊)
ယုံကြည်မှု။ ။လူတစ်ယောက်ရဲ့ဘဝမှာတော်တော်ကို အရေးကြီးတဲ့ ရွေးချယ်မှု တစ်ခုဖြစ်နိုင်ပါတယ်...။
သိပ်ပြီးတော့လည်း အပြောင်းအလဲမလုပ်တတ်ကြတဲ့၊မိမိဘာသာ ကျေနပ်နေတတ်ကြတဲ့ အရေးကိစ္စတစ်ခုပါ။
ပြီးတော့ ကျွန်တော်တို့ မိဘတွေရဲ့ မိရိုးဖလာ အမွေကိုပဲ အများအားဖြင့် ဆက်ခံခဲ့ကြ၊လက်ခံ ခဲ့ကြပါတယ်။
ကျွန်တော်တို့မှာ အမှန်တကယ် လွတ်လပ်စွာရွေးချယ်ခွင့် ရခဲ့ပါသလား...။ကျွန်တော့်အမြင်တော့ မရခဲ့ပါဘူး။
ငယ်စဉ်ကတည်းက မိဘတွေ၊ဆိုင်ရာ အကြီးအကဲတွေရဲ့ ရိုက်သွင်း၊ဘောင်ခတ်ထားမှု အတွင်းမှာပဲ ကျွန်တော်
တို့ စဉ်းစားခဲ့ကြတာပါ၊ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဘက်တစ်ခု ဖက်ကပဲ ကြည့်ခဲ့၊စဉ်းစား ရွေးချယ်ခဲ့ကြ
ပါတယ်..။တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ မိမိဘာသာ မိမိရဲ့ရွေးချယ်ပိုင်ခွင့်ကို ဘောင်ခတ်ခဲ့ကြပါတယ်။
မိမိရဲ့ ရွေးချယ်မှုကသာ အမှန်ကန်ဆုံးရွေးချယ်မှု တစ်ခုလို့မြင်ကြစမြဲပါပဲ...။
မိမိရဲ့ ဘာသာတူပတ်ဝန်းကျင်ကလည်း ဘောင်ခတ်ပေးတတ်ကြပါတယ်..။မိမိဘာသာ ရွေးချယ်လာခဲ့မယ်ဆို
ရင် ဝိုင်းပယ်၊ဆန့်ကျင်တာမျိုး၊လှစ်လျူရှုလိုက်တာမျိုးတွေ နဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို
ကန့်သတ်ပစ် လိုက်ကြပါတယ်..။ကျွန်တော်တို့မှာ အဲဒါတွေကို တွန်းလှန်ဖို့ရာ အင်အားနည်းလှတာအမှန်ပါ။
မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ရွေးချယ်မှုဟာ ငွေကြေး၊အခွင့်အရေးတစ်စုံတစ်ရာနဲ့ အလဲအလှယ်
လုပ်ခဲ့တာမဟုတ်ခဲ့ပဲ၊ မိမိဘာသာ ကျေနပ်လို့လက်ခံထားခဲ့တဲ့ကိစ္စတစ်ရပ်ဆိုရင်ဖြင့် ဒီရွေးချယ်မှုဟာ ဘာကိုပဲ
ရွေးရွေး မှန်ကန်တဲ့ရွေးချယ်မှု လို့ပဲမြင်ပါတယ်ခင်ဗျား...။
အကျီ င်္တစ်ထည်ဝယ်ဖို့ ကျွန်တော်တို့ အချိန်ဘယ်လောက်ယူပါသလဲ..။ဘယ်လိုအချက်တွေကိုထည့်သွင်းစဉ်းစား
ရွေးချယ်ကြပါသလဲ...။ကျွန်တော်တို့ရွေးချယ်လိုက်တာကအကျီတစ်ထည်လား...၊စိတ်ခံစားမှုတစ်စုံတစ်ရာလား...။
ရွေးချယ်မှုမှားယွင်းခဲ့ရင် ဘယ်လောက်ထိ နာကျင်ခံစားရတတ်ပါသလဲ။ဘဝမှာ အရေးကြီးပါတယ်ဆိုတဲ့ အရာ
တွေကိုရွေးချယ်ခဲ့ကြတဲ့ အခါမှာ ဖိနပ်တစ်ရံကို ရွေးချယ်သလောက် အကြောင်းအချက်တွေကို ထည့်သွင်းစဉ်း
စားမိခဲ့ကြပါရဲ့လား...။
ကျွန်တော့်အမြင်ကတော့ သေးသေးမွားမွားလေးတွေကို ရွေးချယ်တဲ့နေရာမှာ အကြီးအကျယ်စဉ်းစားရွေးချယ်
ခဲ့ကြသလောက်၊ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်နဲ့အသိအမြင်ကို ရာနှုန်းပြည့် အသုံးချခဲ့ကြသလောက်၊
ဘဝရဲ့အရေးကြီးတဲ့ရွေးချယ်မှုတွေမှာတော့ မိမိရဲ့စိတ်ခံစားမှု၊ပတ်ဝန်းကျင်အခြေအနေနဲ့ ရိုက်ခတ်မှု ကိုပဲ
အဓိက ထားခဲ့ကြတယ်လို့ ထင်မြင်မိပါတယ်..။
ကျွန်တော်တို့မှာ သေးသေးမွားမွားကိစ္စရပ်လေးတွေကလွဲလို့ (ဒါတောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ စွတ်ဖက်မှု၊
သြဇာသက်ရောက်မှုက သိပ်ပြီးကင်းလှတာမဟုတ်...၊ယောင်္ကျားလေးများအဓိက...း) )အရေးကြီးကိစ္စတွေမှာ
ရွေးချယ်ခွင့် သိပ်ရှိလှတာမဟုတ်ပါဘူး...။အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ဘယ်လိုကိစ္စမျိုးမှာမဆို မီးစင်
ကြည့်က နေရတာများလှပါတယ်...။ရှိတဲ့ ရွေးချယ်ခွင့်ကိုလည်း အပြည့်အဝအသုံးချဖို့ရာ ခက်ခဲလှပါတယ်...။
မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေဟာ အနှောင်အဖွဲ့ကင်းတဲ့၊မိမိဘာသာကျေနပ်နိုင်တဲ့၊
နောက်..အပြစ်လည်းကင်းတဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်ကြပါစေ..လို့.......။
င်္

........................................................

Friday, September 24, 2010
အဆိပ်တစ်ခွက်ရဲ့ မဆုံသောလမ်း
အကြိုက်ဆုံး အဆိုတော်တစ်ယောက်ရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ...။
ခုချိန်မှာ အမြဲလိုလို ဆိုညည်းနေမိတယ်...။(ဘာကြောင့်ဆိုတာတော့ ပြောချင်တော့ဘူး )
ဒီတစ်ပုဒ်လည်း...ခုတလော အတော်ဆိုညည်းလို့ကောင်းနေလေရဲ့....။

Subscribe to:
Posts (Atom)