Thursday, January 5, 2012

အကြောင်းကြားခြင်းနှင့် ကျေးဇူးတင်ရရှိရကြောင်း

အားလုံးသိကြတဲ့အတိုင်းပါပဲ.....၂၀၁၁ မကုန်ခင်ကလေးအတွင်းမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းမှာ
မီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပါတယ်...။အဲဒီမီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊
အရပ်သား ၇ဦး သေးဆုံးခဲ့ရပြီး ၇၉ ဦး ဒဏ်ရာရ ဆေးရုံတက်ရပါတယ်...။မင်္ဂလာတောင်ညွှန့်၊စက်ဆန်း
နေ လူဦးရေ ၈၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရှိခဲ့ရပါတယ်ခင်ဗျာ...။

အဆိုပါဝမ်းနည်းဖွယ်အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရသူများကိုတတ်နိုင်သလောက်ကူညီကြဖို့ကိုကိုရင်နဲ့မဒိုးကန်
တို့မောင်နှံရဲ့ ဆော်သြမှုနဲ့အတူ ကျွန်တော်တို့သူငယ်ချင်းများ( ကိုကိုမောင်၊အင်္ဂါမောင်၊မောင်(စွယ်စုံကျမ်း)၊
ကိုရင်၊ကိုလွင်ပြင်လှိုင်းငယ်၊မစံပယ်ချို၊ကန်ဒီလေးနှင့်တခြားသူငယ်ချင်းများ ) တတ်နိုင်သလောက် အလှူငွေထည့်ဝင်စုဆောင်းခဲ့ကြပါတယ်...။လက်ရှိအချိန်မှာ အလှူငွေစုစုပေါင်း ၁၀သိန်းကျော်ရရှိနေပြီ
ဖြစ်ပါတယ်ခင်ဗျာ...။လာမည့်တနင်္ဂနွေနေ့(၈.၁.၂၀၁၂)မှာ မြန်မာပြည်ကို အလှူငွေများ လွဲမှာဖြစ်ပါ
တယ်ခင်ဗျ..။

ကျွန်တော်တို့အနေနဲ့ လာမည့်တနင်္ဂနွေနေ့ မှအလှူငွေများကို လွဲအပ်သွားမှာဖြစ်တဲ့အတွက်အလှူငွေ
လှူဒါန်းလိုသူများလည်းအောက်ပါ အဖွဲ့ဝင်များထံဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျား....။

                                                                  

စင်္ကာပူမှ လှူဒါန်းလိုသူများအတွက်
(၁) ကိုညိမ်းနိုင်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈
http://www.facebook.com/profile.php?id=100001398712690
(၂) မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှူဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
http://www.facebook.com/notes/

မလေးရှားမှ လှူဒါန်းလိုသူများအတွက်
(၁) ဇင်ငြိမ်းဦး(မလေးရှားနိုင်ငံ)
+၆၀ ၁၇၇၀ ၅၈၂ ၁၉
(၂) လွင်ပြင်လှိုင်းငယ်(Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃
http://www.facebook.com/lwinpyinhlaingnge
(၃) မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
http://www.facebook.com/maung

မြန်မာနိုင်ငံမှ လှူဒါန်းလိုသူများအတွက်
andrewkc @ကျော်စွာစိုးမြတ်
andrewkc189kc@gmail.com
+၉၅ ၁ ၆၄၃ ၀၈၆
http://www.facebook.com/andrewma


နောက်...ပြောချင်တာတစ်ခုက ကျွန်တော်တို့သူငယ်ချင်းများအနေနဲ့ အရေးပေါ်အခြေအနေတစ်ခုမှာ
ဒီအလှူလေးကို အစီအစဉ်ကျကျနနမရှိ၊ဝုန်းဒိုင်းကျဲပြီး လုပ်ခဲ့ကြတာဖြစ်ပါတယ်..။ကျွန်တော်တို့မှာ ဒုက္ခ
သည်များကို စာနာစိတ်တစ်ခုတည်းနဲ့ ကျွန်တော်တို့တတ်စွမ်းသလောက် လုပ်လိုက်တာဖြစ်ပါတယ်...။
အဲဒီလိုအခြေအနေမှာ ဒီအလှူလေးအပေါ်မှာ ဝိုင်းဝန်းကူညီပေးကြသူများနှင့် ကျွန်တော်တို့အပေါ်မှာ
ယုံကြည်စိတ်နှင့် အလှူငွေပေးလှူကြသော နိုင်ငံတကာမှ အလှူရှင်များကို အားလုံးရဲ့ကိုယ်စား ကျေးဇူး
အထူးတင်ရှိရပါတယ်ခင်ဗျား။နောက်တစ်ခုအသိပေးအကြောင်းကြားချင်တာ တစ်ခုကတော့ ကျွန်တော်တို့
သူငယ်ချင်းအဖွဲ့လေးကို (မြန်မာမုဒိတာလူငယ်များအဖွဲ့ )လို့ အမည်နာမလေးတစ်ခုပေးထားပါတယ်ခင်ဗျ၊
အဲဒီနာမည်လေးကို  ဗြိတိန်က အရှင်ဇနက(အင်ဂါမောင်)သန္တိသုခကချီးမြှင့်ရွေးချယ်ပေးခဲ့ပါကြောင်းနှင့်
နောင် ယခုလိုလိုအပ်နေတဲ့နေရာများ မှာ လှူဒါန်းသွားဖို့ လည်းအစီအစဉ်ရှိပါသောကြောင့် နောင်ကိုလည်း
လှူဒါန်းကြပါဦး.....လို့....:))))

                                                                     ယနေ့(၅၊၁၊၂၀၁၂)အထိရရှိပြီးအလှူငွေစာရင်းကိုလည်း ဖော်ပြလိုက်ပါတယ်ခင်ဗျား.........။


ဗြိတိန်မှ ပါဝင်လှုဒါန်းကြသူများ

၁။အရှင်ဇနက(အင်္ဂါမောင်)သန္တိသုခ၊လန်ဒန်
   ၅၀ ပေါင်
၂။ကိုကိုမောင်(ပန်းရနံ့)၊လန်ဒန်
   ၅၀ ပေါင်
၃။မမေဓါဝီ(ရေးမိရေးရာ…)၊၀ူဗာဟန်တန်
   ၅၀ ပေါင်
၎။ဦးတင်အောင် မိသားစု၊လန်ဒန်၊
   ၂၅ ပေါင်
၅။မစုမေသူ၊လက်စတာ
   ၂၀ ပေါင်
၆။အရှင်နာဂသေန၊ဘာမင်ဂမ်ဝိဟာရ၊ဘာမင်ဂမ်
   ၂၀ ပေါင်
၇။ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊လန်ဒန်
    ၂၀ ပေါင်
၈။ဒေါက်တာလှစိုး+ဒေါ်ဝေေ၀လွင်စိုး၊လန်ဒန်
     ၅ ပေါင်
၉။ကိုဝေလွင်ထူး+မစူးစူး၊လန်ဒန်
     ၅ ပေါင်
၁၀။ကိုမောင်ကျော်+မမိုးငယ် သမီး ဟတ်စုလွင်၊ လန်ဒန်
   ၄၀ ပေါင်

အမေရိကန်နိုင်ငံမှ လှုဒါန်းသူများ 

၁။ဗညားရှိန်(လင်းခေတ်ဒီနို)၊၀င်စတန်စတယ်လ်ီင်
    ၁၀၀ ဒေါ်လာ
၂။မစန်းထွန်း(စန်းထွန်း ဒိုင်ယာရီ) ၊ အိုင်အိုဝါ
   ၃၀ ဒေါ်လာ
၃။မီးမီး(နယူးယောခ်)
   ၅၀ ဒေါ်လာ
စုစုပေါင်း လက်ခံရရှိငွေ ပမာဏ
 ၁၈၀ ဒေါ်လာ

စင်ကာပူနိုင်ငံမှ လှုဒါန်းသူများ
၁။ကိုငြိမ်းနိုင်(မျောလွင့်တိမ်)
   ၅၀ ဒေါ်လာ
၂။ကိုရင်+မဒမ်ကိုး    
   ၅၀ ဒေါ်လာ
၃။စုသဲဖြူ      
   ၅၀ ဒေါ်လာ
၎။သူသူသွင်   
   ၃၀ ဒေါ်လာ
၅။ကန်ဒီ(သကြားလုံး)  
   ၂၀ ဒေါ်လာ
၆။ထွန်းထွန်းဇော်
   ၂၀ ဒေါ်လာ
၇။မောင်မျိုး(ဇာတ်ဆရာ)+ကိုလတ်( အလင်းစက်)
   ၂၀ ဒေါ်လာ
၈။အားရှန်      
   ၁၅ ဒေါ်လာ
၉။ စုစုလှိုင်   
   ၁၀ ဒေါ်လာ
၁၀။ရတနာ             
   ၁၀ဒေါ်လာ
စုစုပေါင်းလက်ခံရရှိငွေ
 ၂၇၅ ဒေါ်လာ

ထိုင်ဝမ်မှ လှုဒါန်းသူများ
၁။ဂျယ်ရီပစ်ပစ်(ခံစားမှုသံစဉ်)
 ၅၀၀ ဒေါ်လာ (TWN)

မလေးရှားနိုင်ငံမှ လှုဒါန်းသူများ
  
၁။ဇင်ငြိမ်းဦး   
  ၁၀၀ ရင်းဂစ်
၂။ဝင်းထွဋ်ကျော်     
 ၁၀၀  ရစ်းဂစ်
၃။လွင်ပြင်လှိုင်းငယ်+စံပယ်ချို(ကြောင်အတွင်းရေးမှုး)
 ၁၀၀ ရင်းဂစ်
၎။ကိုရင်+မဒမ်ကိုး
 ၁၀၀ ရင်းဂစ်
၅။ကိုချစ်တီး+နွယ်နွယ်
   ၅၀ ရင်းဂစ်
၆။ဦးကျော်စိုးမိုး+ဒေါ်မြင့်မြင့်လွင် မိသားစု
   ၅၀ ရင်းဂစ်
၇။ဦးတင်ရွှေ+ ဒေါ်တင်ကြည် မိသားစု 
   ၅၀ ရင်းဂစ်
၈။ဒေါ်မြင့်မြင့်သိန်း မိသားစု   
   ၅၀ ရင်းဂစ်
၉။မောင်(စွယ်စုံကျမ်း)
   ၅၀ ရင်းဂစ်
၁၀။ကိုစိုးမင်းနှင့် ဇော်မင်းဦး 
   ၅၀ ရစ်းဂစ်
၁၁။ကောင်းထက်+မနန်းစံ   
   ၃၀ ရင်းဂစ်
၁၂။ဦးလှမြင့်+ဒေါ်မူမူ မိသားစု
   ၃၀ ရင်းဂစ်
၁၃။ဦးအောင်ဝင်း မိသားစု  
   ၂၀ ရင်းဂစ်
၁၄။ကိုကျော် မိသားစု  
   ၁၀ ရင်းဂစ်
၁၅။စိုးသူ(kk supermart)  
   ၁၀ ရင်းဂစ်
၁၆။ကိုဇော် (flora D)
   ၁၀ ရင်းဂစ်
စုစုပေါင်းလက်ခံရရှိငွေ
 ၈၁၀ ရင်းဂစ်

ဗြိတိန်မှ နောက်ဆုံးရရှိထားသော အလှုစာရင်းများ

၁၁။ကိုကိုနှင့်ညီညီ၊ လန်ဒန်
     ၄၅ ပေါင်
၁၂။လူပြန်တော် ဦးကုမုဒ၊ လန်ဒန်
     ၅၀ ပေါင်
၁၃။ကိုမျိုး+မဖြူဖွေး မိသားစု၊ လန်ဒန်
     ၃၀ ပေါင်
၁၄။မာင်နေလင်းအောင်၊ လန်ဒန်
     ၂၅ ပေါင်
၁၅။မသီတာထွန်း၊ လန်ဒန်
     ၂၅ ပေါင်
ဗြိတိန်မှ စုစုပေါင်း လက်ခံရရှိငွေ
   ၄၆၀ ပေါင်

စင်ကာပူမှ နောက်ဆုံးရရှိထားသော အလှုရှင်စာရင်းများ

၅။မမေစမ်းကြည်
   ၅၀ ဒေါ်လာ
၆။ကိုဇေယျမိုး
   ၃၀ ဒေါ်လာ
၇။ကိုစည်သူထွဋ် @ မျှစ် (ကမ္ဘောဒီးယား)
   ၂၀ ဒေါ်လာ
၈။မအေးအေးမော်
   ၁၀ ဒေါ်လာ
                      စင်ကာပူမှ စုစုပေါင်း လက်ခံရရှိငွေ
   ၃၈၅ ဒေါ်လာ

ထိုင်ဝမ်မှ နောက်ဆုံးရရှိထားသော အလှုစာရင်းများ

၁။မသိန်းသိန်းအေး
     ၅၀၀ ဒေါ်လာ
၃။မသီရိ
     ၁၀၀ ဒေါ်လာ
၎။cocole
     ၁၀၀ ဒေါ်လာ
၅။မသီတာ
     ၁၀၀ ဒေါ်လာ
ထိုင်ဝမ်မှ စုစုပေါင်း လက်ခံရရှိငွေ
   ၁၃၀၀ ဒေါ်လာ (TWN)
 မှတ်ချက်။   ။အထက်ပါ ငွေပမာဏများသည် အလှူရှင်များ၏သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးပမာဏ
များဖြစ်ပါသည်ခင်ဗျ

Wednesday, January 4, 2012

လှေကားထစ်များ


သူပတ်ဝန်းကျင်ကိုသတိထားကြည့်မိချိန်တွင် လှေကားထစ်များကိုတက်လှမ်းနေပြီဖြစ်သည်...။သူဘယ်သို့
ရောက်နေသနည်း...၊ဘယ်အချိန်ကာလကတည်းကဒီလှေကားထစ်များကိုတက်လှမ်းနေခြင်းဖြစ်သနည်းဆို
သည်ကိုတော့သူဝေဝါးထွေပြားနေဆဲဖြစ်သည်...။သူသည်အတိတ်မေ့ဝေဒနာခံစားနေရာမှရုတ်တရက် ပြန်
ကောင်းလာသူတစ်ဦးကဲ့သို့ အရာရာတွင် ရှုပ်ရှုပ်ထွေးထွေးဖြစ်နေလေသည်။သေချာသည်ကတော့ သူ
လှေကားထစ်များကိုတတ်နေခြင်းဖြစ်သည်...။သူ့ကိုယ်သူ ပြန်ဆန်းစစ်မိသည်...။သူ့ခေါင်းတွင်ဦးထုတ်ခပ်
သေးသေးတစ်လုံးကိုဆောင်းထားသည်။ခြေထောက်တွင် ဖိနပ်ခပ်ပါးပါးတစ်ရံရှိသည်။သူ့အဝတ်အစားများ
သည်လည်းခပ်နွမ်းနွမ်းပင်ဖြစ်သည်။ထို့ပြင်သူကျောပိုးအိတ်သေးသေးတစ်လုံးကိုလည်းလွယ်ထားသေးသည်။
နောက်..သူ၏ ဘယ်ဖက်အိတ်ကပ်လေးထဲတွင် တစ်စုံတစ်ရာ ပါသည်။သူအိပ်ကပ်လေးအပေါ်  ညာဘက်
လက်ဖြင့် ဖိစမ်းမိချိန်တွင် စည်းချက်မညီလှသော်လည်း နွေးထွေးသည့် သူ့နှလုံးခုန်သံကို ပြန်စမ်းမိသည်။
ထိုတစ်စုံတစ်ရာသည် မည်သို့မည်ပုံရောက်ရှိလာသနည်း...သူမသိပါ။

သူ့ကျောပိုးအိတ်လေးထဲတွင်သန့်ရှင်းကြည်လင်လှသောရေများပါသည့် ရေပုလင်းတစ်လုံး၊ကြမ်းသောလည်း
အာဟာရဖြစ်စေသည့်ပေါင်မုန့်ညိုတစ်လုံးနှင့်စာအုပ်တစ်အုပ်ပါသည်။ထိုအရာများကိုလမ်းခုလတ်တွင်တွေ့
ဆုံခဲ့ရသောယောင်္ကျားကြီးတစ်ဦးနှင့်မိန်းမကြီးတစ်ဦးတို့ကကြည်သာနှစ်လိုစွာထည့်ပေးလိုက်ခြင်းဖြစ်သည်ကို
သူသတိရမိသည်။သူဆောင်းထားသောဦးထုတ်နှင့်သူစီးထားသောဖိနပ်ပါးလေးသည်လည်း တစ်ခုသော
လှေကားထစ်အချိုးအကွေ့ရှိစင်တစ်စင်ပေါ်မှသူမမှီမကမ်းနှင့်လှမ်းယူလာခဲ့ခြင်းဖြစ်သည်ကိုလည်း ကောင်း
စွာသတိရလာသည်...။သူ့အဝတ်အစားများကိုတော့မမှတ်မိတော့ပါ..။သေချာသည်ကတော့လက်ရှိသူ့ထံမှ
အရာအားလုံးသည် တစ်ပါးသူထံမှ လုယက်ယူငင်လာခြင်း၊သူတစ်ပါးမှမနှစ်လိုစွာပေးအပ်လိုက်သောပစ္စည်း
များဖြစ်နေခြင်း မဟုတ်ပေ။ထိုအသိတစ်ခုတည်းနှင့်ပင် သူစိတ်သန့်၊ကျေနပ်ရသည်...။

သူ ကျောပိုးအိတ်လေးကိုသေချာစွာလွယ်ရင်း လှေကားထစ်များကိုတစ်ထစ်ခြင်း ဖြေးဖြေးမှန်မှန်တတ်လာခဲ့
သည်...။လှေကားထစ်များ မည်သည့်နေရာတွင်အဆုံးသတ်မည်ကိုလည်းကောင်း၊ထိုအဆုံးသတ်တွင် မည်
သည့်အရာများရှိနေလိမ့်မည်ကိုလည်းကောင်း၊ယုတ်စွအဆုံး ဘာအတွက်ကြောင့် ဤလှေကာထစ်များကို
တတ်နေရခြင်းဖြစ်သည်ကိုလည်းကောင်း သူမသိပါ..။သူသိသည်မှာ သူလှေကားထစ်များကိုတက်နေသည်။
လှေကားထစ်များ၏လမ်းခုလတ်တွင်ရောက်နေပြီ...၊သို့အတွက် သူလှေကားထစ်များကိုဆက်လက်တက်
လာခြင်းပင်ဖြစ်တော့သည်။

သူတက်လာရာတစ်ချို့သောလှေကားထစ်များပေါ်တွင် အစားအသောက်၊အသုံးအဆောင်ပစ္စည်းကိရိယာ
တစ်ချို့ကို တွေ့ရှိရချိန်တွင် လှေကားထစ်များကို သူတစ်ယောက်တည်းတက်နေရခြင်းမဟုတ်ပဲ အခြားသူ
များလည်း ရှိနေကြောင်းသတိပြုမိလာသည်။ထိုအရာများသည် ရှေ့မှတက်နှင့်ပြီးသူတို့မှ နောက်လူတို့အ
တွက်ချန်ရစ်ထားခြဲ့ခင်း၊သို့မဟုတ် သယ်မသွားလို၍ချန်ထားခဲ့ခြင်းသာပင်.....။ထိုအရာများထဲမှ ကောင်းနိုး
ရာရာတစ်ချို့ကို သူ ကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့မိသည်..။များများမဟုတ်ပါ...။သူသည်လောဘကြီး
သူတစ်ယောက်မဟုတ်ပါ။အခြားသူတွေအတွက်ချန်ထားခဲ့ရဦးမည်ကိုသူကောင်းစွာသဘောပေါက်ပါသည်။

လူတစ်ချို့ သူ့ကိုကျော်ဖြတ် တက်လာကြသည်။တစ်ချို့က အလောတကြီး...၊တစ်ချို့ကတော့ သူ့လိုပင်
ပုံမှန်ခြေလှမ်းများနှင့်ဖြစ်သည်။တစ်ချို့သည် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားကြသည်။သို့သော်
သူတို့တွင် ဦးထုတ်မပါကြပေ။တစ်ချို့ကတော့ ကျယ်ပြန့်သောအနားများရှိသည့်၊ခိုင်ခံသည့်ဦးထုတ်ကို
ဆောင်းထားသည်။သူတို့အဝတ်အစားများက နွမ်းပါးသော်လည်း သူတို့ဂရုစိုက်ဟန်မတူပေ။သူတို့၏
ဦးထုတ်များကျနသေချာဖို့ကိုသာ အလေးမူဟန်ရှိကြသည်။တစ်ချို့သာသူများကမူ လှေကားထစ်များကို
အလွယ်တစ်ကူတက်နိုင်စေဖို့ရာ တုတ်ကောက်၊တောင်ဝှေးများပါကြသည်။ထိုသူတို့၏ကျောပိုးအိတ်များ
တွင်လည်းအဖိုးတန်ပစ္စည်းများလော၊အမှိုက်များလော မသိနိုင်သည့်အရာများဖြင့် ဖူးဖောင်းပြည့်နှက်နေ
လေသည်။လှေကားထစ်များကို လှမ်းတက်နေရသူများအဖို့ လေးပင်လှသောကျောပိုးအိတ်များလိုအပ်ပါ
သလား၊သူ စဉ်းစား၍မရပါ...။သူ့အတွက်တော့ အနည်းငယ်ဆိုလုံလောက်ပါပြီ...။


လူငယ်လေးတစ်ဦးသည် သူနှင့်ဘေးခြင်းယှဉ်ကာ လှေကားထစ်များကို လှမ်းတက်လာရင်း နှစ်လိုဖွယ်ရာ
ပြုံးပြလေသည်။သူပြန်ပြုံးပြလိုက်ချိန်တွင် ထိုလူငယ်လေးသည် သူ့ပခုံးကို တစ်ချက်ပုတ်ရင်း လှေကားထစ်
များကို တစ်ထစ်ခြင်းတက်လှမ်းသွားသည်။သူ၏ညာဘက်ပခုံးတွင် နွေးထွေးရင်းနှီးမှုတစ်ခုကျန်ရစ်ခဲ့သည်။
သူလည်း ထိုလူကလေးကို မမှီမကမ်းနှင့် ပြန်လည်လှမ်းပုတ်လိုက်မိသည်။ထိုလူကလေးကို ထိမိသလား၊
မထိမိသလား....၊ကိစ္စမရှိပါ။သူသည်လည်း နွေးထွေးခင်မင်မှုတစ်ခုတုံပြန်လိုက်ခြင်းသာဖြစ်ပါသည်။


သူ ရုတ်တစ်ရက် ယိုင်းယိုင်သွားသည်။လူတစ်ဦး အလောတကြီးတတ်လာရင်း သူ့အားပုခုံးချင်းဝင်တိုက်
သွားခြင်းဖြစ်သည်။သူအံသြတစ်ကြီးဖြစ်ရသည်။လှေကားထစ်များသည် မကျယ်ပြန့်လှသော်လည်း သူသည်
ဘေးသို့ကပ်၍တက်နေခြင်းသာဖြစ်သည်။သူသည် ထိုသူအတွက် ခလုတ်ကန်သင်းဖြစ်မနေပါ။သို့သော်
အဘယ်ကြောင့်သူ့အားဝင်တိုက်ရပါသနည်း....။သူကြာကြာမတွေးတော့ပါ။လှေကားထစ်များကို တက်လှမ်း
နေရသူခြင်း အတူတူပင်ဖြစ်သည်မဟုတ်ပါလား....။


လှေကားထစ်များကို သူသတိထားကြည့်မိသည်...။မညီညာလှပါ၊ကျင်းချိုင့်များ၊အဖုအထစ်များရှိနေပါသည်။
တချို့လှေကားထစ်များသည် စောက်နက်သည်။ကျဉ်းမြောင်းသည်။တချို့သူများသည် သူတို့ကိုယ်တိုင်
တက်ရင်း သူတို့တတ်နိုင်သလောက် ပြုပြင်သွားကြသည်။မညီညာသည်များကိုညီအောင်ညှိကြသည်။
ကျင်းချိုင့်များကို ဖြည့်သွားကြသည်။တစ်ခုသော အချိုးအကွေ့တစ်နေရာတွင် အသက်ခြောက်ဆယ်ကျော်
အရွယ် ခပ်ပိန်ပိန်အမျိုးသမီးကြီးတစ်ဦးသည် သူ့ခွန်သူ့အား နှင့်မမျှအောင်ပင် အားမာန်အပြည့်ဖြင့်
နိမ့်ပါးဆိုးရွားစွာပျက်ဆီးနေသော လှေကားထစ်များကို ပြုပြင်နေသည်။လူတစ်ချို့က သူမ ကိုကူညီကြ
သည်။တစ်ချို့ကမူ နှောက်ယှက်ကြသည်။အများစုကြီးကမူ သူမကိုလေးစားစွာဦးညွှတ်ကြသည်။သူသည်
လည်း အများနည်းတူ ဦးညွှတ်ခဲ့သည်။သူမသည် အားလုံးကိုခြုံ၍ ပြုံးပြခဲ့သည်။သူမ၏အပြုံးတွင် တည်ငြိမ်
ရင့်ကျက်မှု၊ယုံကြည်မှုတို့ကိုတွေ့မြင်ရမည်ဖြစ်သည်...။


တစ်ခုသောအချိုးအကွေ့အရောက်တွင် လှပသော၊သာတောင့်သာယာရှိသော ဥယျာဉ်တစ်ခုကို သူ....
ဘွားကနဲတွေ့လိုက်ရသည်...။သူဥယျာဉ်သာအတွင်းခပ်ဖြေးဖြေးပင်လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
သစ်တစ်ပင်ရိပ်အောက်တွင် တစ်စုံသောမောင်နှံတို့ ပန်းသီးတစ်လုံးကို နှစ်ယောက်မျှဝေစားနေရင်းမှ
သူ့ကို ပြုံးရွင်ကာနှုတ်ဆက်နေသည်...။သူလည်းပြန်လည်ပြုံးပြနှုတ်ဆက်လိုက်သည်။သူတို့အပြုံးတွေ သှူု့ကို
လှောင်ပြောင်သရော်လိုစိတ်မပါသလို၊သူ၏တုံပြန်ပြုံးတွင်လည်း အားကျစိတ်မပါဝင်ခဲ့ပါ။တစ်ဦး၏ရွေးချယ်
မှုကို အခြားတစ်ဦးက လေးစားခြင်းသာပါပေသည်...။


သူတစ်ခုသောကျောက်တုံးဘေးတွင် ကျောပိုးအိတ်ကို ချွတ်ပုံထားလိုက်သည်။သူ့ဦးထုတ်ငယ်ကိုလည်း
ကျောက်တုံးပေါ်တစ်ရိုတစ်သေတင်ထားလိုက်သည်။ဖိနပ်ပါးလေးကို အသာအယာချွတ်၍ထောင်ထားလိုက်
သည်...။သူ၏ခရီးဖော်များဖြစ်၍ သူလေးစားရပေမည်..။ထိုနောက် သူ ညီညာစိမ်းလန်းသော မြက်ခင်းပြင်
ပေါ်တွင် လှဲလျောင်းအပန်းဖြေနေရင်းမှ ကြည်လင်သာယာနေသော ကောင်းကင်ပြင်ကြီးကိုငေးမောကြည့်
နေမိသည်...။မိုးကောင်းကင် တစ်နေရာတွင် မျောလွင့်နေသောတိမ်ဖြူဖြူတစ်အုပ်ကိုတွေ့မြင်နေရသည်...။
သူသည် အဝတ်စုတ်စတစ်ခုကိုပုံချထားသည့်နှယ်....သူ့စိတ်ခန္ဓာတစ်ခုလုံးကိုဖြေလျော့ကာ အနားယူနေ
မိသည်။ခဏတာမျှသာဖြစ်သည်...။သူ့တွင်ဆက်လက်တက်ရဦးမည့်လှေကားထစ်တွေကျန်နေပါသေးသည်။


ချောမွေ့ပြေပြစ်မှုကင်းသော အချိုးအကွေ့များသော လှေကားထစ်များကို တစ်ချို့လူများက ပျော်ရွင်စွာ
တက်နေကြသည်။တစ်ချို့ကမူ ညီးညူရေရွတ်ရင်းတက်ကြသည်။တစ်ချို့က သွက်လက်စွာ၊တစ်ချို့ကတော့
ဖြေးလေးနှေးကွေးစွာ..။တစ်ချို့သည် လှေကားထစ်များကိုတက်ရင်းမောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။
တချို့သောသူများက ထိုသို့ပင်ပန်းစွာလှမ်းတက်နေရသူတို့ကို လက်ကမ်းကူညီကြသည်။ဖေးမရိုင်းပင်းကြ
သည်။သူသည်လည်း သူနှင့်နီးရာလူတစ်ချို့ကို လက်ကမ်းဖေးမခဲ့သည်။သူကိုယ်တိုင်လည်း ကြမ်းသော၊
မပြေသောလှေကားထစ်များကို တက်လှမ်းနေရသူဖြစ်ရာ စိတ်ရှိသလောက်တော့ မဖေးမနိုင်ခဲ့ပါချေ...။


မည်သို့ပင်ဖြစ်စေ လှေကားထစ်များ၏အဆုံးပိုင်းဆီသို့ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါသည်။သူ အဆုံးပိုင်း
ကိုလှမ်းမျော်ကြည့်မိသည်...။အဆုံးတွင် မည်သည့်အရာများရှိနေမည်နည်း၊လှေကားထစ်များ၏အဆုံးပိုင်း
တွင် ဘာကိုမှကြည့်မြင်၍မရအောင် မြူခိုးတို့ဖြင့် ပိန်းပိတ်နေ၏။ထိုမြူခိုးများအတွင်းတွင် အမှန်တကယ်
အဆုံးသတ်သည်ရှိပါသလား...၊သို့မဟုတ် နောက်ထပ်လှေကားထစ်များရှိနေသေးသလား၊အဆုံးသတ်သွား
သည်ဆိုလျှင်လည်း ထိုအဆုံးသတ်တွင် မည်သည့်အရာက သူ့ကိုကြိုဆိုနေမည်နည်း၊အကောင်းလော..၊
အဆိုးလော...၊သူမသိနိုင်ပါ..၊တခြားသူများလည်းသိနိုင်ပါမည်လား...။


သူ့ရှေ့မှလူများသည် လှေကားထစ်များ၏အဆုံးသတ်အတွင်းရှိ မြူခိုးများကြားသို့ တရွေ့ရွေ့တိုးဝင်ကွယ်
ပျောက်သွားကြသည်...။သူသည်လည်း လှေကားထစ်များကို တစ်ထစ်ခြင်း၊တစ်ထစ်ခြင်း.......။
သူသည် လှေကားထစ်များကို တက်နေသူတစ်ဦးဖြစ်ပါသည်....။