Friday, September 17, 2010
လူနှင့် ရွေးချယ်ပိုင်ခွင့်
“ ဒါ ငါ့ရဲ့ရွေးချယ်ပိုင်ခွင့်လေ...”၊“ ငါ့မှာ ရွေးစရာမရှိဘူး...” အစရှိသဖြင့် ကျွန်တော်တို့ ပြောလေ့ပြောထရှိကြပါ
တယ်။ရွေးချယ်ပိုင်ခွင့်ဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ မွေးရာပါအခွင့်အရေးတစ်ခုပါ...။ဒါပေမယ့်ကျွန်တော်
တို့မှာ အမှန်တကယ် ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိပါရဲ့လား...။မိမိရဲ့ ရွေးချယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံချခွင့်
ရှိပါရဲ့လား...။ဘာသာမေးဖြစ်တဲ့မေးခွန်းတွေပါ..။
ရွေးချယ်ပိုင်ခွင့် လို့စဉ်းစားမိတော့ အတွေးထဲကိုရောက်လာတာကမရွေးချယ်ပိုင်ခွင့်(သို့)ကျွန်တော်တို့မရွေးချယ်
ပဲ ရလာရတဲ့ အရာတွေပါ။ကျွန်တော်တို့ ဘဝမှာ မရွေးချယ်ပဲ၊ရွေးချယ်ခွင့်မရှိပဲ ရလာတာတွေက သိပ်အများကြီး
မဟုတ်ပေမယ့် အတော်ကို အရေးပါတာတွေပါ...။ကျွန်တော်စဉ်းစားမိသလောက်ကတော့.....
မိဘ
ကျွန်တော်တို့တွေမှာ ရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင် ဘယ်လိုမိဘမျိုးကို ရွေးချယ်မှာပါလိမ့်...။အများစုကတော့ လက်
ရှိ မိဘတွေကိုပဲ ရွေးမှာပဲ၊လက်ရှိမိဘတွေက ကိုယ့်အပေါ်မှာ အကောင်းဆုံးပဲ လို့ဖြေကြမယ်ထင်ရဲ့။ဒါပေမယ့်
အဲဒါက လက်ရှိဖြစ်တည်နေတဲ့ သံယောဇဉ်၊အစွဲအလမ်း ကြောင့် ဒီလိုအဖြေကို ဖြေဖြစ်ကြတာဖြစ်နိုင်ပါတယ်..။
လက်ရှိမိဘတွေကိုခဏ မေ့ထားပြီး စဉ်းစားကြည့်ရင်တော့...ဘယ်လိုမိဘမျိုးကို အများစုကရွေးချယ်မလဲဆိုတာ
အတော်စိတ်ဝင်စားဖို့ကောင်းမှာပါ။ဘီလ်ဂိတ် လိုပုဂ္ဂိုလ်မျိုးလား....၊ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီးမျိုးကို
လား...၊ဒါမှမဟုတ် ဟစ်တလာကိုရွေးချယ်ချင်တဲ့လူများ ရှိနေလေမလား....။ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်
ခွင့်တော့ မရှိခဲ့ပါဘူး..။
လိင်
ယောင်္ကျားအများစုကြီးကတော့ ယောင်္ကျားဘဝ ရလာတာကို သဘောကျကျေနပ်ကြပါတယ်..။မိန်းမတွေ အနေ
နဲ့ သူတို့ မိန်းမဘဝကို သဘောကျကြသလား၊မကျကြဘူးလားဆိုတာတော့ ကျွန်တော်မသိပါဘူး...။ဒါပေမယ့်
မကြာခဏ ဆိုသလိုကြားမိတာကတော့ မိန်မ ဖြစ်ရတာ နစ်နာတယ်၊ဘာတယ်၊ညာတယ်..အစရှိသဖြင့်ပေါ့ဗျာ။
ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး အများစုကတော့ သူတို့မှာရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် ယောင်္ကျားဘဝကိုရွေးချယ်
ဖြစ်ကြမယ် ထင်ပါတယ်..။မိန်းမဘဝကို ရွေးချယ်ချင်တဲ့ လူတွေလည်း ရှိနေမှာပါ...။ဘယ်လိုပဲဖြစ်ဖြစ် ရတော့ရ
လာခဲ့ပါပြီ။ကျွန်တော်တို့ မရွေးချယ်ပဲနဲ့ပေါ့လေ...။
ဆွေမျိုး၊သားချင်းတွေ
မကြာခဏဆိုသလိုကြားမိတာကတော့ မိမိဆွေမျိုး၊သားချင်းတွေရဲ့ အနိုင်ကျင့်၊ဒုက္ခပေးမှုကိုခံကြရတဲ့အကြောင်း
တွေပါ(ကျွန်တော်လည်း ထိုနည်း လည်းကောင်းး) )။ကျွန်တော်တို့မရွေးချယ်ပဲ ရလာခဲ့ရတဲ့ သူတွေကြောင့်
ကိုယ်၊စိတ် ဆင်းရဲမှုတွေ ရလာတဲ့ အခါမှာ ဘာကြောင့်များ ရွေးချယ်ခွင့်မရှိရတာလဲ လို့ လောကကြီးကို စကားနာထိုးမိကြမှာပါ...။နောက် သူတို့က ဒုက္ခ မပေးသည့်တိုင်အောင် ဘာသာတာဝန်ရှိလို့ တာဝန်ယူထားရတဲ့
အပေါ်မှာရော...ဘယ်လိုများ သဘောထားကြပါသလဲ ဆိုတာစိတ်ဝင်စားစရာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်ခွင့်
မရတဲ့ အကြောင်းတွေထဲမှာ လူတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း တစ်ခုအပါအဝင်ပါပဲခင်ဗျ။
ခေတ်
ဘိုးတော်ဘုရားခေတ်မှာ လူဖြစ်လာရတဲ့သူတွေ အတွက် အဲဒီခေတ်ကအကောင်းဆုံးဖြစ်နေမလား။ ၈၈ နောက်
ပိုင်းမှာ လူဖြစ်လာရတဲ့သူတွေအတွက် ဒီခေတ်က အဆိုးဆုံးဖြစ်နေမလား...။ရွေးချယ်ခွင့်ရှိခဲ့ရင် ကျောက်ခေတ်
ကိုရွေးချယ်ချင်သူတွေများ ရှိနေမလား....။လူကြီးတွေကတော့ “ ဒို့ခေတ်တုန်းကများကွာ...” ဆိုပြီး သူတို့ဘဝမှာ
အကောင်းဆုံးဖြစ်ခဲ့တဲ့ ခေတ်တခေတ်ကို ပြန်တမ်းတတတ်ကြပါတယ်....။အင်း...ကျွန်တော်တို့အတွက်ကတော့
အဲလိုတောင် ပြောစရာရှိပါ့မလား...။တချို့ကလည်း “ဒို့ခေတ်ကို ရောက်ရတော့မည် မလွဲပါ ” ဆိုပြီး ကြုံးဝါး ကြ
ပါတယ်...။ရောက်ခဲ့ကြပါသလား....။ကျွန်တော်တော့ မသိဘူးခင်ဗျ။
ငယ်စဉ်ကလေးဘဝက ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်
ကလေးတစ်ယောက်အဖို့ သူကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရှိခဲ့ပါဘူး၊ရှိခဲ့ရင်လည်း ရွေးချယ်ရ
ကောင်းမှန်း မသိခဲ့နိုင်ပါဘူး။သူ့ရဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သူတွေကတော့ သူ့ရဲ့မိဘတွေပါ...။တခါတရံမှာ
မိဘတွေကိုယ်တိုင်က မရွေးချယ်နိုင်တဲ့ ဘဝကိုရောက်နေတတ်ပါတယ်...။မိမိကလေးကို စင်္ကာပူလိုနိုင်ငံမျိုးမှာ
ကြီးပြင်းစေချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်ရသူတွေ၊မြန်မာပြည်မှာ ကြီးပြင်းစေချင်ပေ
မယ့် နိုင်ငံခြားတိုင်းပြည်တခုက မခွာနိုင်တဲ့သူတွေ အများကြီးရှိနေမှာပါ...။
မိမိရဲ့ ကိုယ်ခန္ဓာ
မွေးရာပါ ကိုယ်အင်္ဂါ တစ်စုံတစ်ရာချို့ယွင်းနေသူတွေအတွက်တော့ အတော်ကိုစိတ်နာစရာကောင်းတဲ့ ကိစ္စ
တစ်ခုပါ...။နည်းပညာတွေတိုးတတ်လာလို့ အတိုင်းအတာတစ်ခုအထိဖာထေးနိုင်သည့်တိုင်အောင်ဒါဟာကျေနပ်
စရာတစ်ခုတော့မဟုတ်ပါဘူး။မကျေနပ်လည်း ဘာမှမတတ်နိုင်တဲ့ ကိစ္စ တစ်ခုကို ကျေနပ်တတ်အောင်စိတ်ထား
တာက အပြောလွယ်သလောက်အလုပ်ခက်နိုင်ပါတယ်...။အင်း...ရွေးချယ်ခွင့်များရှိခဲ့ရင် အားလုံးကတော့
ရွေမင်းသား၊ရွေမင်းသမီးလေးတွေရဲ့ ရုပ်ရည်မျိုး ကိုပဲ ရွေးချယ်ကြမယ်ထင်ပါရဲ့...းD။
မြန်မာပြည်သားအများစုအတွက်တော့ မြန်မာလူမျိုးဖြစ်ရတာ လူဖြစ်ကျိုးနပ်တယ်လို့ထင်ကြတာပါပဲ...။ဒီလိုပါပဲ အင်္ဂလိပ်တစ်ယောက်အတွက်တော့ အင်္ဂလိပ်လူမျိုးက အကောင်းဆုံးလူမျိုး ဖြစ်နေမှာပါ။ဒါပေမယ့်ဟေတီ (လို့
ထင်ပါရဲ့ )ကတွတ်ဆီလူမျိုးတွေ၊တခြား ဖိနှိပ်ခံလူမျိုးတွေအနေနဲ့ ရွေးချယ်ခွင့်ရမယ်ဆို အခြားလူမျိုးတစ်ခုခုကို
ုများ ရွေးချယ်ချင်စိတ်ရှိနေမလား....။မည်သို့ပင်ဖြစ်စေကာမူကျွန်တော်တို့အတွက် အခြားနိုင်ငံသားအဖြစ်ပြောင်း
လဲခဲ့သည့်တိုင်အောင် မိမိရဲ့မိခင်လူမျိုးရင်းကိုတော့ ပြောင်းလဲရွေးချယ်လို့မရနိုင်ပါဘူး..။
လတ်တလော ကျွန်တော်စဉ်းစားမိသလောက်တော့ ကျွန်တော်တို့လူသားတွေရဲ့ဘဝမှာ မိမိမရွေးချယ်ပဲရလာခဲ့
ရတာတွေကတော့ ဒီလောက်ပါပဲ...။ဒါပေမယ့် အဲဒါတွေကပဲ ကျွန်တော်တို့ ဘဝတွေကို ပြဌာန်းသွားခဲ့ပါတယ်။
ကျွန်တော်တို့ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေအပေါ် အလွမ်းမိုးဆုံးအရာတွေကို ကျွန်တော်တို့ ရွေး
ချယ်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် လူသားတွေဟာအဲဒီအခြေအနေတွေကို အတတ်နိုင်ဆုံး လက်ခံခဲ့ကြပါတယ်။ အကောင်းဆုံးလည်း တုံ့ပြန်၊ဖြေရှင်းခဲ့ကြပါတယ်။အင်း..အနည်းဆုံးတော့ ဖြေရှင်းဖို့ကြိုးစားခဲ့ကြတယ်ပေါ့ခင်ဗျာ။
လက်ရှိလူသားတွေရဲ့ ဖြစ်တည်၊တိုးတတ်ပြောင်းလဲ လာမှုကပဲ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြတယ်
ဆိုတာကို သက်သေပြနေပါတယ်..။ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ....။ကျွန်တော်တို့မရွေးချယ်ပေမယ့် လက်တော့ခံကြ
ရပါပြီ...။ဆိုးသည်ဖြစ်ဖြစ်၊ကောင်းသည်ဖြစ်ဖြစ် ဒါဟာကျွန်တော်တို့ ဘဝ၊ကျွန်တော်တို့ ဖြစ်တည်မှု ပါပဲခင်ဗျား..။
(ရွေးချယ်ပိုင်ခွင့် အကြောင်းလို့ခေါင်းစဉ်တတ်ထားပေမယ့် မရွေးချယ်ပိုင်ခွင့်တွေအကြောင်းနဲ့တင်နည်းနည်းရှည်
သွားတာကိုခွင့်လွတ်ပါခင်ဗျ။နောက်မှဆက်ပါဦးမယ်။အပိုင်းနှစ်ကို(မမျှော်ချင်လည်း)မျှော်ပေးကြပါလို့ ပန်ကြား
လိုက်ရပါတယ်ခင်ဗျား....း) )
7 comments:
ချော(အစိမ်းရောင်လွင်ပြင်) said...
ရွေးချယ်ခွင့်သာ လူတိုင်းမှာကိုယ်စီရှိကြမယ်ဆိုရင် အကောင်းဆုံးကို ရွေးချယ်မဲ့သူတွေကြီးသာ ဖြစ်ပါလိမ့်မယ်.
မြန်မာလူမျိုးဖြစ်ခွင့်မဖြစ်ခွင့် ရွေးချယ်ကြခြင်းအပေါ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်းတူမယ် မထင်သလို ရွေးချယ်ပုံခြင်းလည်း တူကြမယ် မထင်ဘူး။
တင်းတိမ်ရောင့်ရဲတတ်ရင်မြန်မာလူမျိုးဖြစ်ရတာ ကျေနပ်ကြပြီးတော့
မရောင့်ရဲတတ်သူများ ကြီးပွားတိုးတက်လိုစိတ် ပြင်းထန်သူများကတော့ ရွေးချယ်ချင်ကြမယ် မထင်ပါဘူး။ တကယ်တမ်းတော့ မြန်မာလူမျိုးတွေမှာလည်း အခွင့်အရေးနဲ့အခြေအနေသာပေးခဲ့ရင် ကြီးပွားတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေကြသားဘဲနော်..
ဒါက အစ်မရဲ့ အမြင်သက်သက်ပါ။
ဒါက အစ်မအမြင်သီးသန့်ပါ။
ငွေလမင်း said...
လူတိုင်းရွေးချယ် ချင်တာပေါ့ ၊ေ၇ွးချယ်ခွင့်ရှိဘို့ထက် ရွေးချယ်ခွင့် ပြုဘို့က သာအရေးကြီးတယ်လို့ ၊ ပုဂ္ဂလိက အမြင်နဲ့ မြင်မှိတာပါဘဲ ..။
blackroze said...
လူတွေမှာရွေးချယ်ခွင့်အရမ်းနည်းပါတယ်လေ...
ကံစီမံရာဆိုသလိုပါဘဲ..
လက်ရှိဘဝလေးကိုကျေနပ်ပြီးနေတတ်အောင်ကြိုးစားတာက
အကောင်းဆုံးပါဘဲလေ
SHWE ZIN U said...
မောင်လေး ရေ
မျှော်ပါတယ်ဗျာ ဖတ်မှာပါ မြန်မြန်လေး သာရေးပါ စောင့်မျှော်လျှက်ပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သူကြီးမင်း (တုံးဖလား) said...
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့လေ။ လက်ရှိဘ၀ကို ကျေနပ်နေတာ အကောင်းဆုံးပါဘဲ။ ဒါပေမဲ့ ခက်တာက လက်ရှိဘ၀ကို ကျေနပ်နေတဲ့သူ မရှိသလောက် ရှားတယ်။ သို့သော်ငြားလည်း ရွေးချယ်ခွင့် မရှိဘူးပေါ့ဗျာ။ နော။ စဉ်းစားတာလေးကောင်းတယ်။
တွတ်စီလူမျိုးအကြောင်းလေးပါ။
http://en.wikipedia.org/wiki/Tutsi်
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
Unknown said...
တကယ်ရွေးချယ်ခွင့်ရှိတယ်ဆိုရင်ရော.. အဲဒီရလာတဲ့ အပေါ် ရွေးချယ်မှုအပေါ် စိတ်တိုင်းကျကြပါ့မလား...။ သိပ်တော့မထင်ဘူးအစ်ကိုရေ...
noblemoe said...
ရွှေမင်းသားလေးဖြစ်ရင်ကော လွတ်လွတ်လပ်လပ်ပျော်နိုင်ပါ့မလား
တရုတ်ကားထဲမှာတော့ ရွှေမင်းသမီးလေးတွေက လူဝတ်နဲ့လွတ်လွတ်လပ်လပ်နေချင်လို့ ထွက်ပြေးကြတယ်နော် မိုးဆိုလည်းဒီလိုပဲထွက်ပြေးချင်မိမှာ လှောင်ပိတ်ပြီးနေရတာ စိတ်ပျက်စရာကြီး
ဘာဖြစ်ဖြစ်ယောက်ျားလေးဘဝက မိန်းမလေးဘဝထက်တော့ မြတ်ပါတယ်။ ရွှေသင်္ကန်းကိုယ်တိုင်ကပ်လို့ ရတယ်လေနော်။
သာယာချမ်းမြေ့ပါစေရှင်းး
မိုး