Monday, September 20, 2010

ရင်ခွင်ထက်မှာ အပြိုင်းအရိုင်းဖူးပွင့်လာတဲ့ ကျွန်တော်မစိုက်ပျိုးခဲ့တဲ့ ပျားရည်တစ်စက်

တစ်ချိန်မှာ ဒီလိုကြုံတွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ၊ဘယ်တုန်းကမှ ထင်မှတ်မထားမိခဲ့ပါဘူး...။

သွေးပူနေချိန်မို့ ထင်ပါရဲ့.....နောင် သွေးအေးသွားရင် အရင်လိုပြန်လည်တည်ငြိမ်သွားမှာပါ...လို့ဘာသာစိတ်ဖြေ
ယူပေမယ့်...၊ဒါဟာ သွေးပူတုန်းဖြစ်တာမဟုတ်ဘူးဆိုတာကိုလည်း တစ်ပြိုင်တည်းမှာ သိနေခဲ့ပြီးသားပါ..။

ဘယ်တုန်းကမှ မိမိကိုယ်ကို တည်ငြမ်၊ရင့်ကျက်ပြီးသူလို့ မထင်ခဲ့သည့်တိုင်အောင် ဒီအရွယ်မှာ ဒီလို
စိတ်လှုပ်ရှားမှုမျိုးကို ခံစားမိလိမ့်မယ်လို့လဲ ထင်မထားတာအမှန်ပါ..။

သဘောထားတွေ ပြောင်းလဲခဲ့ပြီလို့ ထင်မှတ်မိကာမှ...တကယ့်တကယ်မှာဘာမှမပြောင်းလဲတာလား...။သံသရာ
တစ်ပတ်လည်လို့ ထပ်ပြီး တကျော့ပြန် ပြောင်းလဲသွားခဲ့တာလေလား....မခွဲခြားတတ်တော့ပါဘူး...။

ဒါဟာ စိတ်ရူးထမှုသက်သက်ပဲဖြစ်ပါစေ၊စိတ်ရူးထမှု တစ်ခုပဲဖြစ်လိုက်ပါတော့လို့ပဲ ဘာသာတိုးတိုးရေရွတ်မိပါ
တယ်..။(မဟုတ်ဘူးဆိုတာကိုလည်း သိနေပါရဲ့...။)

ဒါဟာဘာပါလည်း...။ဘာဆိုတာကို မခွဲခြားတတ်ပါဘူး...။သေချာတာက ရမက်တစ်ခု၊တပ်မက်မှုတစ်ခု မဟုတ်
တာတော့သေချာနေတယ်...။ဘယ်လိုမှ ဒီစိတ်မွေးလို့မရခဲ့ဘူးဆိုတာ ဘာသာအသိဆုံးပါ...။

ဖြူဖြူစင်စင်ပါလို့မပြောနိုင်တောင်၊ ပန်းရောင်ပြေပြေလေးလို့ သေချာပေါက်ပြောရဲပါတယ်...။

ဘာမှမလိုချင်ခဲ့ပါဘူး၊တကယ်လို့လိုချင်ခဲ့တယ်ဆိုရင်လည်း အဲဒါဟာ “ နားလည်မှု နဲ့ ယုံကြည်မှု တစ်ခု ”ပါလို့
ပြောခဲ့မိတယ်...။ဒါဆိုဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလည်း....။ဒီနှစ်ချက်လုံးကို ကိုယ်ရခဲ့တယ်လို့ ခံစားခဲ့မိပြီပဲလေ။
ဘာကို ကိုယ်လိုချင်ခဲ့တာလည်း...။ဘာသာမသိတဲ့ အမေးတစ်ခုပါ..။

ချစ်သောသူအပေါ်၌ မျက်ဆိသည် ရောင့်ရဲ့ခြင်းမရှိတဲ့ အဖြစ်သက်သက်လေလား...။

ဘာကြောင့်များ တနင်္ဂနွေနေ့က ဟောင်ကမ်း ကိုသွားမိပါလိမ့်...။ဘယ်လိုမျိုးတွေ့ကြုံရမယ်ဆိုတာကို ဘာသာ
သိသိကြီးနဲ့ ဘာလို့သွားခဲ့မိတာလဲ....။

အသွားခရီးမှာ ခြေလှမ်းတွေက ပေါ့ပါးသလောက်၊ အပြန်ခရီးမှာဖြင့် နှေးကွေး၊လေးလံလွန်းနေခဲ့ပါတယ်...။

လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ သီးနှံကိုပဲ ကိုယ်ရိတ်သိမ်းရတာပါပဲလေ....။
ခက်တာက ကိုယ် စိုက်ပျိုးခဲ့တာ ဘာပင်မှန်း ကိုယ်မသိခဲ့တာပါပဲ....။
ကိုယ်ဘာလုပ်ရမလဲ.....မကြီးရင့်ခင်၊သီးပွင့်တို့ မဝေဆာခင် ကိုယ် ခုတ်ပစ်လိုက်ရမလား...။
စိတ်ရဲ့စေရာ နောက်ကိုပဲ လိုက်ရမလား....။ချုပ်တီးဖို့ကလည်း ခက်ရချည်ရဲ့...။

မဖြစ်နိုင်မှန်းလည်း သိပါတယ်...။
မဖြစ်သင့်မှန်းလည်း သိပါတယ်...။
တံတိုင်းတွေခြားနေခဲ့တယ် ဆိုတာလည်း သိနေပါတယ်...။
အားလုံးရဲ့ အမုန်းတွေ၊အပြစ်တင်မှုတွေ ကိုပဲရနိုင်မယ်ဆိုတာလည်း မျှော်လင့်ပြီးသားရယ်ပါ...။
မဆိုင်သူတွေကို ထိခိုက်နာကျင်စေမယ် ဆိုတာကိုလည်း သိနှင့်ပြီးသားပါ...။
ကိုယ်တိုင်လည်း ဘယ်လောက်နာကျင်ရမယ်ဆိုတာ သိပြီးသားရယ်ပါ...။

ဓါးသွားပေါ်က ပျားရည်စက်ကိုမှ ကိုယ်ကလျက်ချင်သူလေပဲလား....။

Honey......!

ရှိပါစေတော့လေ...၊ရှိပါစေတော့....။

ဘာသာ လူမိုက် အဖြစ်စာရင်သွင်း...၊ကိုယ့်သေတွင်း ကိုယ်တူးပါရစေတော့...။

ရှိပါစေတော့လေ....၊ရှိပါစေ...။

အလွမ်းနဲ့ သတိရခြင်းတွေ ပေါင်းစပ်ထားတဲ့ ဝိုင်တစ်ခွက်ကိုသောက်မိတိုင်း.. ကိုယ်...မြို့တော်ရဲ့စားသောက်ဆိုင်
လေးမှာ ရှိနေမှာပါ...။ဒါလေးဟာ ကိုယ်တို့နှစ်ယောက်ကြားက ဆက်သွယ်မှုပါးပါးလေးတစ်ခု ပဲလေ...။

ဘာပဲဖြစ်ဖြစ် သတိမရပါနဲ့နော်....။ဘာပဲဖြစ်ဖြစ် ဟောဒီက သေအံမူးမူးလူတစ်ယောက်ကို ရက်ရက်စက်စက်
ပစ်ထားခဲ့ပါ...။မျော်လင့်ချက် မရှိတဲ့ ကမ္ဘာထဲမှာ အသင်္ချေယကပ် ပတ်လုံး မှောင်မိုက်ခွင့် ပေးလိုက်ပါတော့....။

အရာရာ အတွက် ကျေးကျေးပါ....ဟန်နီ...!

10 comments:

အဖြူရောင်နတ်သမီး said...

အဆင်ပြေပါစေ...

Anonymous said...

ဘာပင်မှန်း မသိဘဲစိုက်တာတော့ မိုက်တာပေါ့ မောင်လေးရယ်
နောက်ပြီး ကျေးကျေး ဆိုတာ ကေးကေး အမလားဟင်

စတာ မောင်လေးရေ ပျော်စေဘို့
ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်လေး said...

မနတ်သမီးရေ...အဆင်မပြေပါစေနဲ့လို့ဆုတောင်းပေးရမှာ ခင်ဗျ...။
မရွေစင်.....လူမိုက်စာရင်းသွင်းပြီးသားပါဆို...။ကျေးကျေး က ကေးကေး အမ
ဟုတ်ဘူးခင်ဗျ..ဆွေးဆွေး ရဲ့ ညီမ...။

မေပယ်လ် said...

လက်တလော ကိုယ့်ခံစားချက် အဖြစ်အပျက်နဲ့ တထပ်တည်းကျနေတယ်
ကိုယ့်အစား ၀င်ပြောပေးနေသလား အောက်မေ့ရ..
ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေး ဖတ်ရတာ ဝေဒနာတစ်ဝက်သက်သာသွားတယ်

မောင်လေး said...

အာာာာ တကယ်လားဗျ...။ရင်ဘတ်ချင်းထပ်တူကျတယ်ပေါ့...။
လာဗျာ...ဘီဘီ သွားချကြရအောင်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲကဲ ကိုမောင်လေးရေ
ခံစားစရာရှိရင်လဲ ခံစားပစ်လိုက်
အချိန်တန်ရင်တော့လဲ အားလုံးဟာ ပြီးဆုံးသွားမှာပါ
မမေ့နိုင်ခင်တော့ ခံစားရဦးမှာပေါ့။

blackroze said...

အစစအဆင်ပြေပါစေနော်..

Anonymous said...

နားလည်မှုနဲ့ ယုံကြည်မှု၇ပြီးပြီဆို ဘာလိုသေးလို့လဲ
ဘာကို အလိုမကျနေတာလဲဟင်
ဟောင်ကန်းမှာ ဘာတွေ့ခဲ့လို့လဲ
ပို့စ်ထဲမှာ မပါလို့မေးတာပါ
ပြောမ၇ဘူးဆိုလဲ မမေးတော့ပါဘူး
ခင်မင်လျှက်
ငွေလမင်း

မောင်လေး said...

ဟူတ်တယ် ညီ ဘာလိုသေးလဲ..၊ဘာကိုလိုချင်တာလဲ...။ကိုယ်ကိုယ်တိုင်တကယ်
နားမလည်နိုင်တဲ့ ဘာသာ ပြန်မေးမိတဲ့ မေးခွန်းတွေပါ...။ဟောင်ကမ်းမှာ ဘာမှ
မတွေ့ခဲ့ပါဘူး...။ဟင်....လို့ မရေရွတ်လိုက်နဲ့နော်....။တွေ့ချင်လို့သွားတာ တွေ့
ခွင့်မရခဲ့ဘူးလေ...။ဖုံးပြန်မဖြေဘူး၊မတ်ဆေ့ ပြန်မပို့ဘူး၊ကဲ...သွားရသူမမောပေ
ဘူးလား...။ကိုယ်ပြောခဲ့ပါတယ်...တချက်လောက်တွေ့ရုံသက်သက်ပါလို့...။
အဝေးကြီးကတွေ့ရရင်လည်း ကျေနပ်ပါတယ်လို့...။အင်းးးးဒါပေမယ့်...။

အင်ကြင်းသန့် said...

သြော်....သူလည်း အသည်းကွဲနေသူတစ်ယောက်ပါပဲလား....