Friday, September 24, 2010

အရှုံး ရာဇဝင်

ဖုံးခေါ်မိတယ်.....။
မတ်ဆေ့ ပို့မိတယ်....။
ဂျီတော့ မှာမျှော်မိတယ်....။
ဖဘ မှာ စောင့်နေမိတယ်....။

အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲတစ်ခုကို အရှုံး တစ်ခု ထပ်ရဖို့ အတွက် အခါခါ တိုက်ခဲ့မိပါတယ်....။

ဘီးစီးနေလို့တဲ့လား.....။
သက်ပြင်းတွေက မြစ်ရေလိုစီးဆင်း....ကိုယ့်ရင်မှာ မုတ်သုန် ဝင်ပြီ ဟန်နီ....။

ရေးမိတဲ့ ဒိုင်ယာရီထဲမှာ ရက်စွဲတွေ ရဲပတောင်းခတ်....နာကျင်ခြင်းတွေက အခောဘဏီ တပ်ချီလာခဲ့ပြီ....။

ဝေးကွာဖို့ဆိုတာ မျှော်လင့်ထားခဲ့တဲ့ အချိန်းအချက်တစ်ခုပါ...။တကယ်ရောက်ရှိလာခဲ့တော့လည်း....အသဲခိုက်
မတတ် နာကျင်ရပါတယ်...။

အစကတည်းက မနီးစပ်ခဲ့ကြပေမယ့် ဝေကွာခြင်းတွေရဲ့ ထိုးနှက်မှုက လူကို ရူးမတတ်ပါပဲ.....။

ပွဲတော်ည မရောက်ခင် ဇာတ်လမ်းက သိမ်းနှင့်ခဲ့ပြီပေါ့...။

မြင်မြင်သမျှဟာ ကိုယ့်အတွက်တော့ အလွမ်းတွေပါပဲ ဟန်နီ...။

ရှိပါစေတော့ လေ....။

ကြိုးစင်ပေါ်တတ်ရမယ့်သူအတွက် ကကြိုးကကွက် မလိုအပ်ပါဘူး...။

ရှုံးသူရဲ့ ရာဇဝင်မှာ ဧကရီသခင်မ နန်းသိမ်းပွဲ ခံယူပါတော့...။

ကောင်းကင်မှာ ကြယ်ကုဋေ ဝန်းရံခလို့ လမင်းသခင်မ စိုးစံလေပြီလား.....၊
မိုးတိမ်တွေလည်း လေနှင်ရာ မျောလွင့်ရတော့မှာပေါ့လေ...။

လျောက်သောလမ်းမှာ ရနံတို့ဝေ၍ ကြယ်တို့လည်း ဝန်းရံခ...၊
သာသော ဘဝကို ရပါစေ...။
ကိုယ်ဆုတောင်းပေးနေပါ့မယ်....။

ကောင်းကင်မှာ သာတဲ့ လမင်း အတွက်တော့ မြက်ဖျားက နှင်းတစက်က မက်လောက်စရာရှိမယ် မဟုတ်ပါဘူး။
ဒါပေမယ့် တစ်ချက်တော့ ငဲ့ကြည့်ပေးခဲ့ပါနော်...။

နှုတ်ဆက်တေးသွားကိုတောင် ဆိုညည်းခွင့်မရခဲ့တဲ့နောက်.....အရာရာဟာ ပြီးဆုံးသွားပြီပေါ့...။

အချိန်တန်တော့လည်း မနိုးတမ်းမက်ချင်ခဲ့တဲ့ အိမ်မက်တစ်ခုက နိုးထရဦးမှာပေါ့လေ.....။

7 comments:

မေပယ်လ် said...

ကဲ..ဒီတစ်ခါတော့ မနိုးတမ်း မက်ချင်တဲ့ အိပ်မက်
မက်ဖို့ ...လာဗျာ..ချမယ်...ချီးယားစ်..။
သစ္စာရှိတာ ဒါပဲ ရှိတယ်:)

ngwelamin said...

ဒီပို့စ်လေးကို ကိုမောင်လေးရဲ့ ဟန်နီဖတ်မိရင် ကြွေရင်ကြွေနေမှာ
ဒါပေမဲ့ မနိးတမ်းမက်ခွင့် မပေးရင်လဲ မမက်ပါနဲ့တော့
ဖတ်ပြီး စိတ်မကောင်းဘူး ပေါ့ပေါ့ပါးပါးနေပါ

noblemoe said...

စာဖတ်ပြီးစိတ်မကောင်းဖြစ်မိပါတယ် ကိုမောင်လေးရေး
ဘာဖြစ်ဖြစ် ရှေ့ဆက်ပြီး ကံကောင်းခြင်တွေနဲ့သာဆုံပါစေ...

သာယာချမ်းမြေ့ပါစေနော်
မိုး

မောင်လေး said...

ပြတိုက်ရေ....ချီးယားစ် ဗျာ....ကျွန်တော်တို့ အသည်းတွေ ကျမ်းမာစေဖို့ အတွက် ချလိုက်ကြရအောင်...။

ငွေလမင်းရေ....သူဖတ်ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်းနည်းပါတယ်....။ကိုယ့်ရဲ့ ဘလော့ကို သူမှမသိတာ....။

မောင်လေး said...

မမိုး.....စိတ်မကောင်းဖြစ်ရတာကို အားနာလိုက်တာဗျာ...ကျွန်တော်လည်း ရေးပြီးမှ မတင်ဖို့ စဉ်းစားသေးတယ်..။လာဖတ်တဲ့သူတွေက ကျွန်တော် ဘာဖြစ်
လို့ဖြစ်မှန်းလဲမသိနိုင်ကြဘူးလေ...။ဘာမှလဲ အကျိုးမရှိဘူး...။ဒါပေမယ့် ချရေး
လိုက်တော့ ပို့စ်တင်လိုက်တော့ ဝေဒနာ နည်းနည်လျော့ သွားသလားလို့ပါ..။
လာရောက်ခံစားပေးတာကို ကျေးဇူးပါခင်ဗျာ...။

ကိုကိုမောင်(ပန်းရနံ့) said...

စိတ်တင်းထား.. စိတ်တင်းထား..
ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိတယ်။ လိုအပ်ရင် သံကုန်ဟစ်ပြီး ကြွေးကြော်ပစ်လိုက်ပါ။ ဒါမှ ဝေဒနာတွေ လွင့်စင်သွားမှာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

U yelwinoo said...

မင်းစိုးရိမ်ရင် စိုးရိမ်တာတွေ တကယ် ဖြစ်လာလိမ့်မယ်