Thursday, April 28, 2011

အမည်သညာ ခေါ်စရာကား.......

“အမည်သညာ....ဘာအရေးပါလိမ့်.....၊နှင်းဆီကို ဘယ်အမည်ပေး....မွှေးမပျက်ပါ.....” တဲ့.......။ရှိတ်စပီးယား
လား၊ဘယ်သူလဲမသိ...၊ရေးခဲ့တာလေး ဖတ်ဖူးခဲ့ပါတယ်....။ဟုတ်ပါတယ်...။အမည်သညာကား ဘာအရေးလဲပါ
ပါသလဲ...။စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန် ကလွဲလို့ကျန်တာတွေအကုန်လုံးက ပညတ်တွေပဲမဟုတ်ပါလားခင်ဗျ...။
သို့ပေမယ့် ဘယ်သူပဲ၊ဘယ်ဝါပဲရယ်လို့ ခေါ်ရလွယ်အောင် အမည်ပညတ်တော့ရှိရပေတာပေါ့ဗျာ...နော့...။

ဆိုတော့ လူရယ်လို့ဖြစ်လာရင် အမည်သညာခေါ်စရာတော့ ရှိပေတော့မပေါ့...။တချို့ကျတော့ ခပ်ဆန်းဆန်း၊
တချို့ကျတော့ခပ်ရိုးရိုး၊တချို့၊တချို့များတော့ တစ်လုံးတည်း၊တချို့ကျတော့လည်း ရှည်လျားထွေပြားပေသကိုး။
အဲ့အမည်ကအရေးကြီးသလားဆိုတော့အရေးကြီးတယ်တော့မဟုတ်ပေဘူး...။ဒါပေမယ့်.....၊ဟုတ်ကဲ့...။ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း အမည်ပညတ်တို့က အရေးပါလာပြန်ရော...။ အဲ..စကားစပ်မိလို့ပြောရဦးမယ်...၊
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့အဖေ့အမည်က ဦးရွေသန်းတဲ့....၊အဲဒီ ဦးရွေသန်းရဲ့ ညီကဦးရွေသီးတဲ့ဗျ...၊
သူ့မှာလည်းသမီးတစ်ယောက်၊သားတစ်ယောက်ရှိတယ်....၊ကျွန်တော့်သူငယ်ချင်းနဲ့မောင်နှမဝမ်းကွဲတွေပေါ့...၊
ကျွန်တော်နဲ့လည်းသူငယ်ချင်းတွေပါပဲ....၊သူတို့အဖေဦးရွေသီးကအင်မတန်မှဒေါသကြီးသဗျ...၊လွန်ခဲ့တဲ့လေးနှစ်
လောက်ကရုပ်မြင်သံကြားမှာဓာတ်မြေသြဇာကြော်ငြာတစ်ခုရှိတယ်...အာမိုလားဘာလားတော့သိတော့ဘူး....။
ဘာတဲ့....သူတို့ကြော်ငြာတဲ့သီချင်းလေးက “...မြေကြီးက ရွေသီးဖို့.....”တဲ့....၊

ဆိုတော့ လူငယ်တွေက ညညဆို ဦးရွေသီးအိမ်ရှေ့ရောက်ရင် အဲ့သီချင်းကို အသံကုန်ဆိုပြီး ပြေးကြတော့တာပဲ။
အင်မတန်မှ ဒေါသကြီးတဲ့ ဦးရွေသီးကလည်း အိမ်ရှေ့ထွက်ပြီး ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား ကလော်တုတ်တာပဲ
ဗျိုး...၊တော်တော်ဆိုးတဲ့ကလေးတွေနဲ့ တော်တော်ကြီးကိုဆိုးတဲ့ လူကြီးကြီးပဲဗျနော်...:)))။သူ့သားနဲ့သမီးကတော့
စိတ်လည်းညစ်၊ရှက်လည်းရှက်ပေါ့လေ...၊ခက်တာက သူတို့လည်းဘာမှမတတ်နိုင်ဘူးလေ...။သူ့အဖေနာမည်
ကိုက အဲ့သည်လိုမှည့်ထားပေတာကိုး...။တချိန်ကတော့ ဘိုးဘွားမိဘတွေက ရွေတွေသီးနေတဲ့လူဖြစ်ပါစေတော့
ရယ်လို့ ပညတ်ပြီးပေးခဲ့တာပဲလေ...၊ခုတော့လည်း ကလေးတွေနောက်စရာကြီးကိုဖြစ်လို့...။အဲ့ဒါကြောင့်ပြော
တာ တခါတခါကျတော့လည်း နာမည်က အရေးပါလာပြန်ရောလို့....။

နောက်ပြီး ရှိသေးရဲ့...၊တချို့၊တချို့တွေက...၊ဒီနာမည်ကတော့ဖြင့် မိန်းမနာမည်ပဲ၊ယောင်္ကျားနာမည်ပဲ..၊
ဒီလိုအမည်ကိုတော့ဖြင့် ဒီလိုစာလုံးပေါင်းရတာပဲ...၊အစရှိသဖြင့် အမည်နာမတွေကို ခွဲခြမ်းစိတ်ဖြာကြလေရော။
သူရို့တွေရဲ့စိတ်၊စေတနာ ဘယ်သို့ရှိသည်တော့မသိ...၊အမည်ပိုင်ရှင်တွေက ခံစားချက်နုနယ်တဲ့သူများ ဖြစ်များ
ဖြစ်နေခဲ့ရင် သူတို့ရဲ့ စိတ်နှလုံးကို နောက်ကျိ၊ရှုပ်ထွေးစေနိုင်ပေတာပေါ့ဗျာ...။

အမည်နာမတွေအကြောင်းစဉ်းစားရင်း ကိုယ့်နာမည်တွေအကြောင်း စိတ်ကရောက်သွားလေရဲ့....။အဲ...စဉ်းစား
ကြည့်တော့ ကျွန်တော့်မလဲ နာမည်တွေအတော်များပေတာကိုးဗျ.....။(မှတ်ချက်။ ။မောင်မျိုးလောက်တော့
မများဘူးဗျ....:))ဆိုတော့ ကျွန်တော့်အမည်တွေအကြောင်းပြောကြည့်ရအောင်ဗျာ...၊(အောင်မလေး..ခုမှလိုရင်း
ရောက်တော့တယ်...၊ငါ့နှယ်........:))

ကျွန်တော်ငယ်ငယ်...ကလေးလေးဘဝတုန်းက ကျွန်တော်တို့မိသားစုက အိမ်ငှားနေရတာပါ...။အဖေ့အဖေ၊
ကျွန်တော့် အဘိုး...ပြည်ကြီးတရုတ်ကြီးရဲ့မိတ်ဆွေ တရုတ်အဖိုးအဖွားလင်မယားရဲ့အိမ်အပေါ်ထပ်ကို
ငှားနေကြရတယ်တဲ့....၊

စကားစပ်လို့ပြောရဦးမယ်....၊ကျွန်တော်ငယ်ငယ်က အင်မတန်ဆိုးဆိုပဲ...၊(ကြီးတော့လည်းမလိမ္မာပါဘူး...:))
အမေကိုလည်းအင်မတန်ခင်တယ်တဲ့...၊စိတ်ကလည်းကြီးသေး......၊ငိုများငိုလို့ကတော့ ဘယ်သူ့အချီ၊အချော့မှ
မခံဘူးတဲ့....၊အမေချီမှ၊အမေချော့မှရသတဲ့....။ကျွန်တော့်အမေခမျာမလည်း ရုံးအလုပ်ကတစ်ဘက်၊လေးနှစ်
သမီး၊ကျွန်တော့်အမကလည်းတစ်မျိုး၊ကျွန်တော်ကလည်းတစ်ဖုံဆိုတော့ သူ့မှာ ယားရင်တောင်ထုံးတို့ထားရတဲ့
ဘဝပေါ့လေ...၊

မနက်မိုးလင်းတာနဲ့ ကျွန်တော်တို့မောင်နှမဝေယျာဝိစ္စတွေလုပ်၊ချက်ပြုတ်...၊ပြီး ကျွန်တော့်ကို နို့အဝတိုက်ပြီး
ပုခက်ထဲထည့်သိပ်ခဲ့ပြီး ရုံးပြေးရသတဲ့...၊၁၀နာရီလောက်၊ကျွန်တော်နိုးလောက်မယ့်အချိန်လောက်ကို အိမ်ပြန်
ပြေးလာရတယ်....၊ကျွန်တော်နိုးလာလို့ အမေ့လက်မှမရောက်ရင် တတ်မတက်၊ချက်မတက် ငိုတော့မှာကိုး...။
တစ်ခါတစ်လေ.....အမေပြန်မရောက်ခင်...ကျွန်တော် နိုးလာလို့ကတော့ ကမ္ဘာပျက်မတတ် ငိုတော့တာပဲတဲ့....။
အိမ်ရှင်တရုတ်အဖိုးအဖွားလင်မယားကလည်း ကလေးချစ်တတ်လေတော့ သူတို့ခင်မျာ ကျွန်တော့်ကိုချီရှာ၊ချော့
ရှာပါတယ်...၊သို့ပေမယ့် အမေခင်တဲ့ ကျွန်တော်က မတိတ်ရေးချ မတိတ်...၊မတိတ်တဲ့အပြင် သူရို့လက်ထဲက
ကော့ကော့ပြီးထိုးချတယ်တဲ့ခင်ဗျာ.....၊

အဲ့လိုမျိုးဖြစ်ပြီဆိုရင်ဖြင့် ကျွန်တော့်အစ်မ လေးနှစ်သမီးလေးက ရုံးကိုအပြေးကလေးလာပြီး အမေ့ကိုလာခေါ်ရ
သဗျ...။အဲ့ဒီအချိန်က အမေတို့ရုံးနဲ့ နေတဲ့အိမ်က ခြံစည်းရိုးပဲခြားတဲ့အပြင် မလွယ်ပေါက်လေးကလည်းရှိလို့
တော်သေးသပေါ့လေ....။အဲဒီအိမ်ရှင်တရုတ်အဖိုးအဖွားလင်မယားက ကျွန်တော့်အမေတို့ကို ခင်လည်းခင်၊
သနားလည်းသနား...၊ကျွန်တော့်ကိုလည်းအင်မတန်မှချစ်ရှာသတဲ့...၊ငယ်ငယ်တုန်းက ကျွန်တော်က ဖြူဖြူဝဝ
တရုတ်ကလေးရုပ်နဲ့ချစ်စရာအင်မတန်ကောင်းဆိုပဲ....။(ခုကြီးလာတော့ သောက်ညင်ကပ်စရာတယ်ကောင်း
ဆိုလား.....:))

ဆိုတော့...အဲဒီ အဖိုးအဖွားလင်မယားက ကျွန်တော့်ကို တရုတ်လိုချစ်စနိုးနဲ့ခေါ်တာက “အကောက်လေး ”တဲ့...၊
အကောက်ဆိုတာ မြန်မာလိုဆိုရင် ခွေးကလေးလို့အဓိပ္ပါယ်ရသတဲ့...။ဒါနဲ့ပဲ ကျွန်တော့်ဆွေမျိုးတွေကလည်း အဲဒီ
လိုလိုက်ခေါ်ရင်းနဲ့ ကျွန်တော့ငယ်မည်က အကောက်လေး...၊အကောက်....၊ကောက်ကောက်..အစရှိသဖြင့် တွင်
သွားပါလေရော.....။

နောက်နာမည်တစ်မျိုးကတော့ မောင်လေး...တဲ့...။ဒီနာမည်ရဲ့ လက်သည်တရားခံကတော့ ကျွန်တော့်ရဲ့အမပါ။
ကျွန်တော်နဲ့ ကျွန်တော့အမက သုံးနှစ်ကျော်ကွာပါတယ်....။ငယ်တုန်းကတော့ အမက ကျွန်တော့်ကို အကောက်
လို့မခေါ်ပဲ မောင်လေးလို့ပဲခေါ်ပါတယ်....၊(ငယ်ငယ်က အမက ကျွန်တော့်ကိုအတော်ချစ်ရှာတာ...၊ကြီးလာတော့
သောက်ညင်ကပ်လိုက်တာမပြောပါနဲ့တော့တဲ့လေ....ဟင့်...:)။သူငယ်ငယ်က...သူ့သူငယ်ချင်းမလေးတွေနဲ့
အိမ်မှာ ဈေးရောင်းတမ်းတို့၊ဆရာမလုပ်တမ်းတို့၊ဘာတို့ဆော့ရင် ကျွန်တော်ကလည်းတောက်တောက်တောက်
တောက်နဲ့ ဝင်ဆော့တာပေါ့...၊သူတို့ဈေးရောင်းရင် ကျွန်တော်ကဈေးဝယ်လုပ်ရသတဲ့၊သူတို့ဆရာမလုပ်ရင်
ကျွန်တော်က ကျောင်းသားလေးပေါ့...၊

ဆိုတော့ သူကကျွန်တော့်ကို မောင်လေးလို့ခေါ်တော့ သူ့သူငယ်ချင်းတွေကလည်း မောင်လေးလို့ လိုက်ခေါ်...၊
တစ်ခါ သူတို့ရဲ့ ညီ၊ညီမငယ်တွေကလည်း ကျွန်တော့်ကို မောင်လေး လို့ပဲခေါ်...၊အဲ့ဒီကတစ်ဆင့် သူရို့အဖေ၊
အမေတွေကပါ ကျွန်တော့်အမကို “ဟဲ့ နင့်မောင်လေးနာမည် ဘယ်သူတုန်း ”ဆိုရင် မောင်လေး...လေ...လို့သူ
ကဖြေလိုက်လေတော့ လူကြီးတွေကပါ မောင်လေးဖြစ်ကုန်ရော....။

ပုံစံတစ်ဆယ် လို့ခေါ်တဲ့ သန်းခေါင်စာရင်းထဲမှာတော့ ကျွန်တော့်နာမည်က ထွန်းထွန်းဝင်း...တဲ့....။သို့ပေမယ့်
အဲဒီနာမည်က သန်းခေါင်စာရင်းထဲမှာတောင်အပေါ်က ဘောပင်နဲ့ခြစ်ထားလိုက်တာ စပေးပြီး တစ်လလောက်
ကတည်းကပါပဲ...။ဖြစ်ပုံကဒီလိုဗျ....။ကျွန်တော် လသားလေးမှာပဲ အမေကထွန်းထွန်းဝင်းလို့ အမည်သညာပေး
လိုက်ရော...။ပေးပြီးတာနဲ့ သန်းခေါင်စာရင်းမှာ ဖြည့်ထားရသပေါ့...၊ဒါမှ သမဆိုင်ကပေးတဲ့ အနှီးတို့၊နို့မှုန့်တို့ ရ
မှာကိုး...။ပေးပြီးကာမှ တစ်လမ်းထဲက ကျွန်တော့်ထက် လပိုင်းလောက်စောမွေးတဲ့ ကလေးတစ်ယောက်အမည်
က ထွန်းထွန်းဝင်း လို့ မှည့်ထားပြီးသားဖြစ်နေမှန်းသိရလေတော့၊အမေက နာမည်တစ်မျိုးပြောင်းပြန်ရောခင်ဗျ။

နောက်တခါပြောင်းတဲ့အမည်က တေဇနိုင်တဲ့.....။အမေက သူ့သားလေးကို ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်၊
သူရဲကောင်းကြီး ဖြစ်စေချင်တဲ့ စိတ်စေတနာနဲ့ ဒီနာမည်ပေးခဲ့တယ်တူပါရဲ့ဗျာ...။ခက်တာက သူ့သားလေးက
ဗိုလ်ချုပ်နဲ့ နာမည်လေးတစ်ခုပဲ ဆင်ဆင်တူရှာပါတယ်...:)။အဲ...အဲ့နာမည်လည်း လေးတန်းအထိပဲ ခံရှာပါတယ်။
လေးတန်းအောင်လို့ ငါးတန်းကို အထက်တန်းကျောင်းကြီးမှာ ပြောင်းထားရမယ်လည်းလုပ်ရော...၊ကျွန်တော့်ရဲ့
ချစ်စွာသောမေမေက သူ့သားလေး ပညာတတ်ကြီး ဖြစ်စေဖို့အလိုငှာ သူယုံကြည်အားထားတဲ့ အတိုင်ပင်ခံများ
နဲ့ တိုင်ပင်ပါလေရော...။

သူ့အတိုင်ပင်ခံများကတော့ တခြားသူတွေမဟုတ်ပါဘူး။တစ်မြို့လုံးရှိ ရှိသမျှ ဗေဒင်၊နက္ခက်၊အကြားအမြင်၊နတ်
ဆရာ၊နတ်ကတော်၊အို....အကုန်အကုန်ပါပဲ...။အမေက ဟိုတုန်းက အဲ့ဒါမျိုးတွေအင်မတန်ယုံကြည်တာကလား။
သူသွားလေရာတစ်ကောက်ကောက်လိုက်ရတာက ကျွန်တော်ဆိုတော့ ကျွန်တော်လည်း တစ်မြို့လုံးရှိသမျှ
ဗေဒင်ဆရာ၊နတ်ဆရာမှန်သမျှ ဘယ်သူဘယ်နားနေတယ်ဆိုတာ ငယ်ငယ်ကတည်းကသိသဗျ...။သိသာသိ...၊
ကျွန်တော်ကတော့ ငယ်ကတည်းက အဲ့ဒါတွေကို မယုံရေးချမယုံ...။ငါးသိုင်းများ ဟင်းဟုံသွားထင်ပါ့....။

ဒါနဲ့ ဗေဒင်ဆြာတစ်ယောက်က ကျွန်တော့်ရဲ့ တေဇဆိုတဲ့နာမည်ကဖြင့် စီးနေတဲ့အကြောင်း နာမည်ပြောင်းမှ
လူကောင်းမှာဖြစ်တဲ့အကြောင်း ဟောလိုက်ပါလေရော...။ဆိုတော့ အမေလည်း သူ့အတိုင်ပင်ခံဆြာတွေနဲ့
တိုင်ပင်ပြီးသကာလ ငါးတန်းကျောင်းအပ်တော့ နာမည်အသစ်ပြောင်းလိုက်ပါရော....။အဲဒီနာမည်ကတော့ခု
လက်ရှိ ပတ်စပို့နဲ့ မှတ်ပုံတင်ထဲကနာမည်ပေါ့ခင်ဗျာ...။သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းကနေ
ကျောင်းဆက်မတတ်နိုင်တဲ့၊အထက်တန်းကျောင်းချင်းမတူတော့တဲ့ မူလတန်းကျောင်းက သူငယ်ချင်းဟောင်း
များက ယနေထက်တိုင် ကျွန်တော့်ကို တေဇ လို့ပဲခေါ်ကြပါတယ်....။

နောက်နာမည်တစ်ခုက တရုတ်နာမည်ခင်ဗျ....။ဝမ်လုံ တဲ့....။ဒီနာမည်ရပုံကဒီလို...။ဆယ်တန်းအောင်တော့
ထုံးစံအတိုင်း သင်တန်းပေါင်းစုံတတ်သပေါ့.....။အင်္ဂလိပ်စကားပြောသင်တန်း....၊တရုတ်စကားပြောသင်တန်း၊
ဘာသင်တန်း၊ညာသင်တန်း....၊အစရှိသဖြင့်ပေါ့လေ...။တရုတ်စကားပြောသင်တန်းကို ကျွန်တော်တို့မြို့က
တရုတ်အဖိုးကြီးတစ်ယောက်ဆီမှ သွားသင်ဖြစ်ပါတယ်....။ဆရာကြီးကို ကျွန်တော်တို့က သူ့မွေးစားသမီးတွေ
ခေါ်သလိုပဲ အဘ လို့ပဲခေါ်ပါတယ်...။

အဲ...အဘကတော့ ကျွန်တော်တို့ကို တရုတ်နာမည်တွေ ပေးထားပြီး အဲဒီတရုတ်နာမည်တွေကိုပဲခေါ်ပါတယ်...။
ကျွန်တော်တို့ကျောင်းသားအချင်းချင်းကိုလည်း တတ်နိုင်သမျှ စာသင်ခန်းထဲမှာ တရုတ်လိုပြောခိုင်းပါတယ်...။
စာစသင်တဲ့နေ့မှာပဲ ကျွန်တော်တို့ကို တရုတ်နာမည်တွေပေးတာပါ...။ကျွန်တော့်ကို နင့်အဖိုးရဲ့ မျိုးရိုးနာမည်က
ဘယ်သူလဲ..လို့မေးပါတယ်...။ကျွန်တော့်အဖိုးက တရုတ်ဆိုတာသူသိထားတာကိုး....။အဖိုးရဲ့မျိုးရိုးနာမည်က
ဝမ်....ပါ။ကျွန်တော်က အဖိုးကို သိမှီလိုက်လို့တော့မဟုတ်ပါဘူး....။

ကျွန်တော့်အကြီးဆုံးဂျီးတော်ကြီးကပြောပြလို့ပါ...။ဂျီးတော်ကြီးက သူ့အဖေ၊ကျွန်တော့်အဖိုးကိုကောင်းစွာသိမှီ
လိုက်တဲ့အပြင် တရုတ်ကျောင်းမှာ ၂တန်းလားမသိ သင်ခဲ့ဖူးတာကိုးခင်ဗျ....။ဒါနဲ့ပဲ ကျွန်တော့်နာမည်လည်း
ဝမ်လုံဖြစ်ရော....။၃လလောက်တတ်ဖြစ်ခဲ့တဲ့ အဲဒီသင်တန်းမှာ ကျောင်းသား၁၀ယောက်လောက်ရှိရာမှာ တစ်
ယောက်နဲ့တစ်ယောက် နာမည်အရင်းတွေ သိကြဘူးခင်ဗျ....၊တရုတ်နာမည်တွေပဲ ခေါ်ကြတော့ အဲ့တရုတ်နာ
မည်တွေပဲသိကြပါတယ်....၊မှတ်မိသေးတယ်...၊ကောင်မလေးတစ်ယောက်နာမည်က လင်ဟွာ...တဲ့။ကျွန်တော်
တို့က လင်ဆာ လို့ နောက်ပြောင်ခေါ်ကြတာပေါ့.....:)))။သူလည်း တရုတ်သွေးပါတော့ သူတို့မျိုးက လင်မျိုးတဲ့...။
ဟွာ....ဆိုတာက ပန်းကလေးတဲ့။အင်း....သူ့ဟာနဲ့သူကတော့ ဟုတ်နေတာပဲ...၊ကျွန်တော်တို့ခေါ်မှ နာမည်ပျက်
ရှာတော့တယ်.....:)))

သင်တန်းအတူတတ်ခဲ့ဖူးတဲ့သူတွေ လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်...“ဟဲ့ ဝမ်လုံ..နင်ဘာတွေလုပ်နေလဲ.....”
“ ဟေ့...လင်ဟွာ....ဘယ်လဲ...” စသဖြင့် တရုတ်နာမည်ပဲခေါ်ကြသိကြပါတယ်...။

နောက်နာမည်တစ်ခုကတော့ ဒီစလုံးကိုရောက်မှရတဲ့နာမည်ပါ...။ဒီကိုစရောက်ရောက်ခြင်းနေမှာပဲ သူဌေးက
မင့်နာမည်က ခေါ်ရခက်တယ်....၊ငါတို့ မင်းကို အနိုင်...လို့ခေါ်မယ်ဆိုပြီး ကင်ပွန်းတတ်လိုက်ရာမှာ တစ်ရုံးလုံးက
ကျွန်တော့်ကို အနိုင် လို့ခေါ်ကြသဗျ...။အဲ...တချို့က အနိုင်းတဲ့....၊တချို့က အနဲ...တဲ့....:)))။သူတို့တင်လားဆို
တော့ မဟုတ်....၊ရုံးနီးနားချင်း မြန်မာတွေကပါ ကျွန်တော့်ကို အနိုင်လို့ပဲသိကြခေါ်ကြပါတယ်...၊အငယ်တွေက
တော့ ကိုအနိုင်တဲ့.....။

ဆိုတော့....ကျွန်တော့်ကို အကောက်လို့ခေါ်တဲ့သူကခေါ်...၊တေဇလို့ အော်တဲ့သူကအော်....၊ဝမ်လုံ လို့နှုတ်ဆက်
တဲ့သူက နှုတ်ဆက်....၊ဟဲ့မောင်လေး...လို့ မေးတဲ့သူကလည်းမရှား....၊လက်ရှိနာမည်ကို သုံးတဲ့သူကလည်းသုံး
ပေါ့လေ...၊ကျွန်တော်ကတော့ ဘယ်နာမည်ခေါ်ခေါ်....ကျွန်တော့်ကို ခေါ်မှန်းသိနေတော့ ပြဿနာမရှိပါခင်ဗျ...။
အဲ...ကျွန်တော့်သူငယ်ချင်းတွေကတော့ တစ်ခါတစ်ခါသူတို့မှာမျက်စေ့လည်သွားရှာတာပေါ့လေ...:)))

ဘလော့လေးလုပ်တော့ ထွေထွေထူးထူးနာမည်တွေစဉ်းစားမနေတော့ပါဘူး....။မောင်လေး လို့ပဲ သုံးလိုက်တာ
ပါပဲ....။အဲ...ခုတော့ ဘာရယ်မဟုတ် နာမည်ပြောင်းလိုက်ပြီခင်ဗျ...။ဘာဖြစ်လို့လဲဆိုတော့ မောင်လေး ဆိုတဲ့
နာမည်က နဲနဲခေါ်ရတာ ကို့ယို့ကားယားများနိုင်သလားလို့ပါ....။ဒါနဲ့ပဲ နာရီဝက်လောက် အသည်းအသန် စဉ်းစား
ပြီးသကာလ နာမည်အသစ်တစ်ခု ကိုယ်ဘာသာ ပေးလိုက်ပါတယ်....၊အမည်သညာခေါ်စရာကား ညိမ်းနိုင် အသက်တစ်သန်းနှစ်သိန်းရှည်စေသတည်း.......ရယ်......လို့....။(ဒီအမည်အတွက် ကျွန်တော့်မလဲ အတိုင်ပင်ခံ
နှစ်ယောက်ရှိသဗျ...၊သူတို့နှစ်ယောက်ကိုလည်း ကျေးဇူးတင်ပါကြောင်း......:))))

(ဤပို့စ်ကား အမည်သစ် ကင်ပွန်းတပ်ပို့စ်တည်း...၊အမည်ပြောင်း၊ကင်ပွန်းတပ်ပွဲတွင် ဘာကျွေးရင်ကောင်းမလဲ
စဉ်စားသော်...၊စိတ်ထဲဘာမှမပေါ်တာနှင့် ဘာမှမကျွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ရပါကြောင်းးးး)))

15 comments:

...အလင်းစက်များ said...

((((ကျွန်တော်ငယ်ငယ်က အင်မတန်ဆိုးဆိုပဲ...၊(ကြီးတော့လည်းမလိမ္မာပါဘူး...:))

(ခုကြီးလာတော့ သောက်ညင်ကပ်စရာတယ်ကောင်း
ဆိုလား.....:))

နာမည်ပြောင်းမှလူကောင်းမှာဖြစ်တဲ့.. ))) အဟီး နင်တော်တော် ဆိုးပုံရတယ်နော် ညိဏ်းဏိုင်.... :P ။

ဟီးဟီး မိုက်သဟ.. ကိုမောင်လေး (ခ) ကိုညိမ်းနိုင် (ခ) ကိုထွန်းထွန်းဝင်း (ခ) လင်ဆာ အဲ...၀မ်လုံ (ခ) တေဇနိုင် (ခ) အနိုင် (ခ) အနဲ (ခ) အကောက်လေး (ခ) ခွေးကလေး :) ဟူသော အမည်နာမများကို ပိုင်ဆိုင်လေသူရေ... မင်္ဂလာကင်မွန်းတပ်ပွဲ ဖြစ်ပါစေကွယ်....... ဆာဝါဒီ....

ကိုကိုမောင်(ပန်းရနံ့) said...

ဟာ... အငြိုးငြိုးဘဲ။ ညိမ်းနိုင်လို့ ခေါ်ရမှာလား ကိုမောင်လေးရယ်။ ကိုကိုမောင်ဆိုတဲ့ ကျနော့်ကို အားနာပါဦးဗျ။း))))

ထွန်းဝင်း ၀မ်လုံ၊ တစ်ဖုံ တေဇ၊ ခေါ်ကြ အနိုင်၊ အပြိုင် မောင်လေး၊ မရပ်သေးဘဲ၊ ထပ်ပေးနာမည်၊ ခေါ်လေသည်မှာ၊ မဒီ သဲစိုင်၊ ကိုညိမ်းနိုင်တဲ့၊ ထိုင်ကာရေး၍ မှတ်စေသတည်း။း)))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Nyi Linn Thit said...

ပထမ ကိုညိမ်းနိုင်ဆိုတာ တွေ့လို့ လိုက်ကြည့်တော့ ဒီဘလော့ဂ်ကို ရောက်လာတယ်၊ ဟင်..ဒီဘလော့ဂ်ကို သိပါတယ်-လို့၊ လူတွေ အများကြီး ဝိုင်းရေးသလားတောင် တွေးလိုက်မိသေး...၊ အဲဒီတုန်းက တရားဝင် ကင်ပွန်းတပ် မလုပ်ရသေးဘူးဆိုတော့..၊ ဒီနာမည်လည်း ကောင်းတာပါပဲ..။

နေ၀ဿန် said...

သြော်.. ကိုညိမ်းနိုင်ဖစ်သွားရပြန်ပြီ...း)))).... ကိုမောင်လေးရေ.. ရှေ့က သူဂျီးပြောသလို ကိုကိုမောင်ကို အားနာပါဦးတဲ့.. ဟဟဟဟ

ခင်မင်လျက်
နေ၀ဿန်

Anonymous said...

မောင်လေး ရေ

နံမည်တွေ ပြောင်းတာ မကောင်းပါဘူး အရေးလည်း မကြီးဘူးထင်ပါတယ် အမကတော့ အမ မောင်သုံးယောက်လုံး ကို မောင်လေး ဘဲ နာမ်စားသုံးတော့ မောင်လေး ကိုလည်း မောင်လေး လို့ဘဲ ခေါ်ချင်ပါတယ်

ခင်မင်တဲ့
အမရွှေစင်

N/A said...

နာမည်တွေအကုန်လုံးက သူဟာနဲ့သူကောင်းပြီး ဇာတ်လမ်းလေးတွေဖတ်ရတာကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။

မြတ်မွန် said...

ညိမ်းနိုင်ဆိုလို့ လိုက်ကြည့်တာ ကိုမောင်လေးမှန်း သိပြီးပါဘီရှင်..။
ဟုတ်ကဲ့ ကိုညိမ်းနိင်..။

Angelhlaing(May everybody be happy and healthy! said...

ဘယ်သူများလဲလို့ နာမည်အဆန်းနဲ့ ပေါ့လေ...
အကိုရေ ကျေးဇူးပါနော်...
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

မြစ်ကျိုးအင်း said...

အဲဒီနာမည်တွေ့တော့ ဘလော့အသစ်ထင်မိသေးတယ်။
ဒီတခါတော့ အတည်ပေါ့..။

အုပ်ကြီး said...

ဟုတ်ကဲ့ ..နာမည်ပေး ကင်ပွန်းတတ် လာငေးသွားပါတယ်ဗျာ ..

စော(အဝါရောင်မြေ) said...

ဟာ မောင်လေးငြိမ်းနိုင် ကို။ :D
မငြိမ်းရဲ့  အနိုင်တော့ ခံနဲ့ နော် ။
စတာနော် ကိုငြိမ်းနိုင်
ဒီတခါ နံမည်ပြောင်းတာ စီပွှားရေး၊ အိမ်ထောင်ရေတွေ အစဉ်ပြေအောင်လို့ လားမသိ?

မောင်မျိုး said...

မမ ကတော့ မောင်လေး ကိုပဲ လွမ်းတယ် မောင်လေးရယ်း)

Moe Sett Pwint said...

အယ်..နာမည်ပြောင်းတာ တခုခုတော့ကျွးရမှာပေါ့....အနည်းဆုံး ဘလော့မှာ (သူများတွေ ကျွေးသလို) အင်တာနက်က ကိတ်မုန့်ပုံလေးတော့ တင်ပေးသင့်ပါတယ် ကိုမောင်လေးရယ် ....မစားရမချင်း မူလအမည်ကို ဆက်ခေါ်မည်ဖြစ်ပါကြောင်း ^_^

rose of sharon said...

မောင်လေးတုန်းကမောင်လေးလို့ခေါ်ရတာ ဘာမှမဖြစ်ပါဘူးကွယ်... ညိမ်းနိုင်ဆိုတာလဲ နာမည်ကောင်းလေးပါဘဲ... ယနေ့မှစ၍ညိမ်းနိုင်ပေါ့...ဟုတ်လား...

Anonymous said...

ယနေ့မှ စ ညှိုင်နိမ်း အဲ့လေ မောင်ညိမ်းနိုင် ဖြစ်စေ..

တို့တွေက ညိမ်းဆိုတဲ့ နာမည်ကို ချစ်တယ် ငြိမ်းဆိုရင် ပိုချစ်တယ် ငြိမ်းချမ်းလွန်းလို့ 

တို့ မေမေ နာမည်ကလည်း ငြိမ်းတဲ့
တို့ သမီးလေးနာမည် ဆိုလည်း ငြိမ်းတဲ့...
တို့ နာမည်ပဲ ပူ တဲ့ ဟဲဟဲ


ခင်မင်စွာ

ကြည်ကြည်