(၁) အစားချင်ဆုံးအစားအစာ - ငခူငပိချက်နဲ့ဇရစ်ရိုး၊ရုံးပတီ၊ခရမ်းသီးပေါက်စ၊ဘူးသီးနုနု ပြုတ် တို့စရာတွေ
(၂)နေ့တိုင်းစားဖြစ်တဲ့အစား - မနက်ဆို ပလာတာနဲ့ကာလီ၊ညနေဆို ခေါက်ဆွဲပြုတ်
(၃)အလိုချင်ဆုံးရေမွှေး - ရှိဘူး (၄)သုံးဖြစ်နေတဲ့ရေမွှေး -ရေမွှေးမသုံးပါခင်ည
(၅)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - သိပ်အဖိုးမတန်တဲ့ အမှတ်တရပစ္စည်းပေါက်စလေးတွေ
(၆)အလိုချင်ဆုံးဖုန်း -Sony Ericsson Vivaz pro လေးပါ
(၇)သုံးဖြစ်နေတဲ့ဖုန်း - iphone 4
(၈)အရူးသွပ်ဆုံးအရာ - မော်တော်ဆိုင်ကယ် နဲ့ ခွေး
(၉)အနီးစပ်ဆုံးဂီတ - ပါးစပ်ကနေ တူနယ်....တယ်နယ်...လောက်ပဲနီးစပ်တာကလား
(၁၀)အလိုချင်ဆုံးစာအုပ် - ဂျူးရဲ့နောက်ဆုံးထုတ်အသစ် နဲ့ မြသန်းတင့်ရဲ့ ခန်းဆောင်နီအိပ်မက်
(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ် - မောင်သာရ ရဲ့ ကျဉ်တုတ်ခံဝံမခံဝံ
(၁၂)အကြားချင်ဆုံးစကား - တူလေး(ဒါမှမဟုတ်)တူမလေး ရပြီဆိုတဲ့ သတင်းစကား (အင်း...........ကိုယ်တိုင်မစွံတော့လည်း.....:(( )
(၁၃)အဖြစ်ချင်ဆုံးဆန္ဒ -ခြံလေးတစ်ခြံ၊ခွေးလေးတစ်ကောင်၊အိမ်သေးသေးလေးတစ်လုံးနဲ့ အေးအေးဆေးဆေး စာတွေရေးချင်တာ
(၁၄)အလိုချင်ဆုံးဆု - ရှစ်တန်းကျောင်းသားဘဝက ဝင်ပြိုင်ဖူးတဲ့ နိုင်ငံတကာခရီးသွားနှစ် စာစီစာကုံးဆု
(အဲ့တုန်းက ဝင်ဖြေသူ၃ယောက်ပဲရှိတာ....ပထမနဲ့ ဒုတိယ ရတဲ့စာစီစာကုံးကို တိုင်းကိုတင်ပေးမှာတဲ့၊ကျွန်တော်
က တတိယ....၊စိတ်အတော်နာထှာ...၊ကိုယ့် ကို ကိုယ်ပြောပါတယ်....:))
(၁၅)အသွားချင်ဆုံးနေရာ - မြန်မာပြည်အနှံ၊ဂျပန်၊ကိုရီးယား၊ကမ္ဘောဒီးယား
(၁၆)သွားဖြစ်နေတဲ့နေရာတွေ - East coast ကမ်းခြေ
(၁၇)အကြည့်ချင်ဆုံးရုပ်ရှင် - ဟယ်ရီပေါ်တာ နောက်ဆုံးဇာတ်လမ်း၊ဇာတ်သိမ်းပိုင်း
(၁၈)အပြောချင်ဆုံးစကား - ကိုကိုးနဲ့တူတူပဲ ငါ....အရမ်းအထီးကျန်တယ်
(၁၉)အယုံကြည်ဆုံးလူသား - ရာနှုန်းပြည့်ယုံတဲ့သူရှိတော့ဘူး၊ဒါပေမယ့် ဒေါ်စုကိုတော့ ယုံတယ်
(၂၀)မယုံကြည်ဆုံးအရာ - ကျွန်တော့်စိတ်နဲ့ ကျွန်တော့်ကိုယ်
(၂၁)အမုန်းဆုံးအရာ - ဟိုလူကြီး...အဲ....ဘွာတေး စဉ်းစားမိသလောက်အမုန်းဆုံးအရာရယ်လို့ရှိဘူးဗျ
(၂၂)အသောက်ဖြစ်ဆုံးအအေး - ကိုကာကိုလာ
(၂၃)လတ်တလောအထိတွေ့ဆုံးအရာ- ကွန်ပြူတာနဲ့ ဖုံး
(၂၄)မကောင်းတဲ့ကျန်းမာရေး - စိတ်
(၂၅)အကောင်းဆုံးအဖော် - သီချင်းတွေနဲ့ ဘလော့လေးပါ
(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း - Michel Jackon ရဲ့ You are not alone နဲ့ မျိုးကြီး ရဲ့ လက်ခံပေးပါ
(၂၇)အကြောက်ဆုံးအလုပ် - ပိုက်ဆံချေးရတဲ့၊ချေးရမယ့် အလုပ် :D
(၂၈)တန်ဖိုးအထားဆုံးအရာ - ချစ်ခြင်းမေတ္တာပေါ့
(၂၉)ကြောက်ဆုံးတိရိစ္ဆာန် - ကင်းခြေများ (ကြည့်ရတာ လမ်းအတော်များတဲ့သတ္တဝါပဲ.....:))
(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ- အွန်လိုင်းမှာတော့ အစ်မရွေစင်၊မောင်မျိုး၊နတ်ဆိုးလေး နဲ့ ကိုလတ်
(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုံးနဲ့ ပိုက်ဆံအိပ်
(၃၂)စိတ်အညစ်ဆုံးအချိန် - ပတ်စပို့စာအုပ်သက်တမ်းတိုးကာနီး :D
(၃၃)အနေချင်ဆုံးနေရာ - အမေ့အိမ်
(၃၄)ကြားလိုက်မိတဲ့ဟာသာလေးတစ်ခု- မြန်မာပြည်မှာ အစိုးရပြောင်းလို့ အင်တာနက်ကွန်နက်ရှင်တွေကောင်း
တော့မယ်တဲ့.....:D
(၃၅)ပေးချင်တဲ့သတင်းတစ်ခု -ဝမ်းနည်းစရာတွေချည်းမို့လို့ ပြောတော့ဘူးနော်.....:(
(၃၆)အပျော်ဆုံးဖြစ်မယ့်အချိန် - မြန်မာပြည်ပြန်တဲ့အချိန်
တလောကပျောက်နေတဲ့ မိုးကုတ်သား ကိုကိုးအိမ် တစ်ယောက်....ဖြစ်ချင်တာတွေ၊ဖြစ်နေတာတွေ နဲ့အတူ
ပြန်ပေါ်လာပါတယ်...၊သူတဂ်တာနဲ့ ကျွန်တော်လည်းရေးစရာမရှိဖြစ်နေတာနဲ့အတော်ပဲရယ်...။
ကဲ...ကျွန်တော်လည်း မောင်မျိုး(ကျွန်တော့်ဘဝဇတ်ခုံ)၊ကိုလတ်(အလင်းစက်များ) တို့ကို ဆက်ပြီးတဂ်ပါတယ်။
ပေါ့ပေါ့ပါးပါးလေးတွေမို့လို့ပါ...၊
17 comments:
အကြောက်ဆုံး အလုပ်ဆိုတာ ရင်းနှီးအောင်လုပ်ယူရတယ်ကွဲ့  ... အဲ့တော့ ငါ့ကို စလုံးဒေါ်လာ ၂ သိန်းလောက် ခဏ ချေးစမ်းပါ... :))))))))))
အောင်မြတ်လေး....၂သိန်းရှိရင် အမေ့အိမ်ပြန်ရောက်တာကြာပေါ့ ကိုလတ်ရယ်၊
အထင်ကြီးတာကိုကျေးဇူးတင်လို့မဆုံးဘူး....:P
သုံးယောက်ပြိုင်တာ တတိယဆိုတော့ အတော်အောင်မြင်တယ် ပြောရမယ်။ မောင်လေးတို့က အဲဒီလို အဲဒီလို သမိုင်းနဲ့ ချီပြီး တော်ခဲ့တာ ကလား။း))))
မှတ်ချက်။ အခန့်သင့်တဲ့အခါမှ ညိမ်းနိုင် ဟု ခေါ်မည်။း)))
ခင်မင်လျက်
ဒီကိုလာရင်လာနော်..ကြိုဆိုတယ်..
မြန်မာပြည်ပြန်နိုင်မဲ့ရက်ကိုလက်ချိုးရေတွက်နေပါသည်...
ကိုထွဋ်
မာမား ပြုတ်လို့ရေးတာ ကိုယ့်ပါသာ သေချာမကြည့်ပဲနဲ့ တော်တော်စပ်စုတဲ့လူကြီးးးး))
စာစီစာကုံး ဖြေတဲ့ အတွေ့အကြုံကိုတော့ သဘောကျသွားပြီ၊း)
စိတ်အညစ်ဆုံးအချိန်ကိုလည်း ကောင်းကောင်းနားလည်တယ်ဗျာ..၊
ညိမ်းနိုင်ဆိုလို့ ဘယ်သူလဲမှတ်တယ် မောင်လေးဖြစ်နေတာကို
ပေါ့ပေါ့ပါးပါးလေးကို ပေါ့ပေါ့ပါးပါးဖတ်သွားပါတယ်
ဖြစ်ချင်တာတွေ အားလုံး အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ဖြစ်လာပါစေ
တဂျီး>>>ဟုတ်ပါ့တဂျီးရာ...၊အဲ့တုန်းကဆို ရှက်လို့မဆုံးဘူး...:)၊ကြီးကြပ်တဲ့
မြန်မာစာဆရာက ကိုလံဘတ် အမေကြီးကားကို ရှာတွေ့တဲ့အကြောင်းရေဖို့
ဂိုက်လိုင်းပေးတယ်..၊ကျန်နှစ်ယောက်က ရိုးရိုးရှင်းရှင်းရေးတယ်...၊ကျွန်တော်က
စာစီစာကုံးရေးတာ....လေထန်ပြီး မုန်တိုင်းကြလို့ သင်္ဘောပျက်တာတွေရော၊
လူနီရိုင်းတွေနဲ့တိုက်ပွဲဖြစ်တာတွေရော၊နေလုံးနီနီကြီးကို ကြည့်ပြီး လွမ်းနေတဲ့
ကိုလံဘတ်ကြီးရောဆိုတော့ ဘယ်နှယ်လုပ် ဆုရလိမ့်မတုန်း...:D
ညိမ်းနိုင်ခေါ်ခေါ် မောင်လေးခေါ်ခေါ် ခေါ်ချင်သလိုခေါ် တဂျီး...:)
ကိုထွဋ်>>>ကြိုဆိုရုံပဲလား...အစစတာဝန်ယူပြီး ဂိုက်လုပ်ပေးချင်စိတ်လေး
များရှိဘူးလားဗျ...:P
မောင်မျိုး>>>မာမားလား....ဟုတ်ပါဘီ...ဟုတ်ပါဘီ...:)
ကိုညီလင်းသစ်>>>တကယ်စိတ်ညစ်ရတာဗျ...၊ပိုက်ပိုက်ကလည်းမရှိ၊သင်း
တို့ကိုပြောလည်းပြောမနေချင်တော့ မဟားဒယား ချေးငှားရှာကြံပေးလိုက်
ရတော့တာပဲ...:(
အစ်မချော>>>ဆုတောင်းပေးတာကျးဇူးပါဗျာ...၊နာမည်ကတော့ အဆင်ပြေ
သလိုခေါ်နိုင်ပါတယ်...:)
စားချင်ဆုံး အစားအစာကတော့ ငါးခူပိချက်ကလွဲရင် တူတယ်။ ဇရစ်ရိုးပဲ မရတာ ကျန်တဲ့ ရုံးပတီ၊ခရမ်းသီးပေါက်စ၊ဘူးသီးနုနု ပြုတ် တို့စရာတွေက မရလို့လား။ ဆစ်ဒနီမှာတော့ ရပါတယ်။ ဇရစ်ရိုးနဲ့ ကညွန့်ပင်နဲ့က ပြုတ်လိုက်ရင် အရသာတူတယ်၊ ဇရစ်ရိုးစားချင်ရင် ကညွန့်ပင်ကို စားကြည့်ပါ။
အစ်မငယ်နိုင်>>>အကုန်ရတယ်ဗျ...၊ဒီစလုံးမှာ...၊ခက်တာက ကျွန်တော်က
အမေချက်တာမှ အသင့်လက်ဆေးစားချင်တာရယ်....:)))
အပျော်ဆုံးအချိန်လေးအမြန်ဆုံးရောက်လာပါစေနော်
အဟီးး
အစားချင်ဆုံးအစာကတော့တူနေပြီ
blackroze>>>ဆုတောင်းပေးတာကျေးဇူးပါဗျာ...၊အစားချင်းတူရင်တော့ ရန်သူ
ပဲဗျိုး...၊ကျွန်တော်က မုန့်ကိုတော့ ဝေမစားနိုင်ဘူးဆိုတဲ့လူစားဗျ...:)))၊
ဟာသလေးကတော့ဖြင့် တကယ်ဖြစ်လာရင်ဘယ်လောက်ကောင်းမလဲနော်..။း)))...
နေဝဿန်>>>တကယ်ဖြစ်လာရင်တော့ ပျော်စရာပေါ့ နေနေ ရာ...၊ဒါပေမယ့်....
ဒါပေမယ့်.....:))))
မော်တော်ဆိုင်ကယ်ပေါ် ခွေးတင်စီးခြင်တာလား?
အမေကလည်း ကြီးလာရင် လက်တွေ တုံလို့  ဆားဗူးတစ်ခုလုံး ဟင်းအိုးထဲ မှောက်ကျရင် ဘယ်နယ်လုပ်မတုံး။ :D
အစ်မစော>>>ကျွန်တော်တို့မြို့မှာ ခွေးဗိုလ်ကြီး လို့နောက်သလိုပြောင်သလိုခေါ်တဲ့ ဗိုလ်ကြီးတစ်ယောက်ရှိသဗျ...။
သူက သွားလေရာ သူ့ခွေးကို ဆိုင်ကယ်ပေါ်တင်ခေါ်သွားတာကလား...။ခွေးကလည်းရိုးရိုးခွေးပါပဲ....၊ဒါပေမယ့်
အင်မတန်လိမ္မာသဗျာ...။အင်း...ဆိုတော့ ကျွန်တော့်မယ် အဲ့လိုလိမ္မာတဲ့ ခွေးတစ်ကောင်ရရင်တော့ ဆိုင်ကယ်
ပေါ်တင်ခေါ်သွားဖြစ်မလားပဲ...:)။အမေကလက်တုံလို့ဆားဘူးမှောက်ကျလည်း စားရမှာပဲဗျ...။အမေချက်တာမှ
မစားရင်လည်း ကိုယ်ပဲငတ်မှာလေ....:)))
Post a Comment