Friday, April 6, 2012

အိမ်မက်သတို့သမီး (သို့ ) စီရမ်ရိ ( ၂ )

ကျွန်တော်စီရမ်ရိဘုရားကျောင်းတွေအကြောင်းဆက်မရေးခင်မှာစီရမ်ရိခရီးစဉ်ရဲ့ကုန်ကျစားရိတ်အကြောင်း
ပြောပြချင်ပါတယ်....၊ပထမပို့စ်မှာ စာဖတ်သူတစ်ဦးက မေးထားလို့ပါ...။ကျွန်တော့်ခရီးစဉ်က စင်္ကာပူ >>>
ကမ္ဘောဒီးယား >>မြန်မာပြည်>>စင်္ကာပူဖြစ်သွားတဲ့အတွက် လေယာဉ်လတ်မှတ်ဈေးကနဲနဲများသွားပါတယ်
စင်္ကာပူကနေ ဂျက်စတားလေကြောင်းလိုင်းနဲ့စင်္ကာပူအဲလိုင်း တို့ပြေးဆွဲပေးနေပါတယ်။ဂျက်စတားလိုင်းက
တစ်ပတ်၂ကြိမ်ပျံသန်းပါတယ်။တနင်္ဂနွေနဲ့ ကြာသာပတေးနေ့တွေမှာဖြစ်ပါတယ်။ကျွန်တော်တည်းခိုခဲ့တဲ့
ကြယ်သုံးပွင့်ဟိုတယ်က တစ်နေ့ကို ယူအက်စဒေါ်လာ ၃၀ သာသာပဲကျသင့်ပါတယ်။ဒီထက်သက်သာတာ
တွေရှိသလို၊ဈေးကြီးတာတွေလည်းရှိပါသေးတယ်...။ဟိုတယ်ကိုစိတ်ကြိုက်ရွေးနိုင်ပါတယ်၊စားသောက်စား
ရိတ်တွေကလည်းအရမ်းသက်သာပါတယ်။ဘူဖေးဆိုင်တွေမှာ တစ်ဦးကို ၁၂ဒ်ါလာဝန်းကျင်ရှိပါတယ်...။
စည်ဘီယာတစ်ခွက်ကို ၅၀ဆင့်၊ဆိုင်ကြီးတွေမှာ ဘီယာတစ်လုံးကို ၂ဒေါ်လာ(အင်း....ဘီယာဈေးကိုတော့
သေသေချာချာမှတ်မိတယ်ဗျ....:))။

နောက် ကားခတွေက တစ်ရက်ကို ဆလွန်းကားသေးလေးတွေက ၂၅ဒေါ်လာ၊မီနီဗန်ကားလေးတွေက ၃၅
ဒေါ်လာလောက်ရှိပါတယ်။တုတ်တုတ်လေးတွေက တစ်ရက်ကို ၁၈ဒေါ်လာဝန်းကျင်ပါ။ဒီဈေးတွေက အချိန်
အခါအပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ်....။စီရမ်ရိ ကိုသွားလည်ချင်သူတွေကို အကြံပေးချင်တာက
မိမိအစီအစဉ်နဲ့လည်တာထက်တိုးကုမ္ပဏီတစ်ခုခုနဲ့ဆက်သွယ်ပြီးPackageဝယ်လည်တာကအစစအရာရာ
အဆင်လည်းပြေ၊ကိုယ်လည်း ခေါင်းမရှုပ်၊ပြီးဈေးနှုန်းတွေလည်းပိုသက်သာပါတယ်။တကယ်လို့ အဲဒီလို
ပက်ကေ့နဲ့ လည်ချင်တယ်ဆိုရင် ကျွန်တော်သိတဲ့ ကုပ္မဏီတစ်ခုလိပ်စာပေးချင်ပါတယ်။
reservations.ac@advenutrecambodia.net ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဒါမှမဟုတ် jamiehtut@
gmail.com ထံသို့လည်းဆက်သွယ်နိုင်ပါတယ်။လိုအပ်ရင် ရုပ်ချောသဘောကောင်းတဲ့ မြန်မာတိုးဂိုက်တစ်
ဦးလည်းရနိုင်ပါတယ်ခင်ဗျာ.....:))))

ကဲဗျာ......ကြော်ငြာတွေခဏထားလို့ ကျွန်တော့ ခရီးစဉ်လေးဆက်ချင်ပါသေးတယ်...။မြို့ထဲက ဘူဖေးဆိုင်
မှာ နေ့လည်စာစားပြီး ကျွန်တော်တို့ ဘုရားကျောင်းတွေဘက်ပြန်ထွက်လာခဲ့ပါတယ်။အန်ကောဝပ်ဘုရား
ကျောင်းကိုဦးတည်ပြီး လမ်းမှာခရီးသင့်တဲ့၊ဝင်လည်းကြည့်သင့်တဲ့နေရာတွေကို အစဉ်လိုက်ဝင်ရောက်
ကြည့်ရှုခဲ့ပါတယ်.....။ပထမဆုံး ဘုရင့်ရေချိုးကန်ကို ဝင်ကြည့်ခဲ့ပါတယ်....။




ဘုရင့်ရေချိုးကန်က အတော်ကျယ်သဗျာ...၊အဲ့ဒီဘုရင်တွေ ဒီရေကန်တစ်ခုလုံးနှံအောင်ချိုးနိုင်ခဲ့မယ်မထင်
ပါဘူးဗျာ....:)။ရေချိုးဆိပ်ကလည်း ခမ်းနားလှပါတယ်....။ဘုရင့်ရေချိုးကန်ကတော့ ဘာမှကြည့်စရာမရှိပါ
ဘူး...၊မရောက်လိုက်ရမရှိရလေအောင်ဝင်ရုံသက်သက်ပါခင်ဗျ။အဲဒီရေကန်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့
ဘုရားကျောင်းက Banteay Kdei တဲ့ခင်ဗျ။ဒီဘုရားကျောင်းကို ဘုရင် Jayavarmam VII လက်ထက်မှာပဲ
တည်ဆောက်ခဲ့တာဖြစ်ပါတယ်။သက်နု သဲကျောက်အမျိုးအစားနဲ့တည်ဆောက်ခဲ့တာကြောင့် ယခုအချိန်
မှာတော့ အတော်ကြီးကို ပြိုပျက်နေလို့ ပြန်လည်ပြုပြင်တည်ဆောက်မှုတွေလုပ်ထားခဲ့ရပါတယ်ခင်ဗျာ...။
ဘုရားကျောင်းရဲ့တည်ဆောက်မှုပုံစံက " Bayon Style " ပဲဖြစ်ပါတယ်



ဘုရားကျောင်းက အတော်ပြိုပျက်နေပါပြီ၊ဒါတောင်သူတို့က တော်တော်လေးကို ပြုပြင်ထိန်းသိမ်းမှုတွေကို
စနစ်တကျလုပ်ထားနိုင်လို့ပါ။အထူးသဖြင့် နိုင်ငံတကာက နည်းပညာအကူအညီကို ရရှိခဲ့တာကြောင့်လည်း
ရှေးပုံမပျက် ထိန်းသိမ်းပြုပြင်နိုင်ခဲ့ပါတယ်။



ဒါကဘုရားကျောင်းအဝင်မုဒ်ဦးပါ

အဆိုပါဘုရားကျောင်းမှတစ်ဆင့်  နောက်ဘုရားကျောင်းတစ်ခုဖြစ်တဲ့ Ta Phrom ဆီသို့ထွက်လာခဲ့ပါတယ်။
 1181 AD မှာနန်းတက်ခဲ့တဲ့ ဘုရင် Jayavarmam VII ဟာ သူ့လက်ထက်မှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့
ဘုရားကျောင်းတစ်ခုကတော့ ယခုချိန်မှာ Ta Phrom လို့ လူသိများနေတဲ့ Rajavihara ဘုရားကျောင်းပဲဖြစ်
ပါတယ်။အဓိပ္ပယ်ကတော့ တော်ဝင်ဘုရားကျောင်း(Royal Temple) ပါတဲ့ခင်ဗျ။ပညာရှင်တွေရဲ့ ခန့်မှန်း
ချက်အရ ဒီဘုရားကျောင်းကို AD 1186 မှာတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။ဒီဘုရားကျောင်းကို အဓိက
အားဖြင့် Prajnaparamita ရုပ်တုပုံများနှင့်တန်ဆာဆင်ထားပါတယ်။မဟာယာနဘာသာရေးအရ ပညာကို
ကိုယ်စားပြုတဲ့ အဆိုပါ  Prajnaparamita ရုပ်တုပုံများဟာ ဘုရင့် မယ်တော်ကို ရည်ညွှန်းတယ်လို့ သိရပါ
တယ်ခင်ဗျ။


ပုံမှာမြင်ရတဲ့ စင်ကလေးက ခရီးသွားတွေအမှတ်တရဓာတ်ပုံရိုက်ဖို့လုပ်ပေးထားတာပါ။အဲ့စင်ကလေးမှာ
လူရှင်းအောင်အတော်စောင့်ရိုက်ရတာပါ။



ပုံမှာမြင်ရတဲ့အတိုင်းပါပဲ၊တစ်ချိန်က နတ်ဆရာ(သို့)ဘုန်းတော်ကြီးပေါင်း ၁၈ဦး၊ကခြေသည် ၆၁၅ဦးနှင့်
လူပေါင်း ၁၂၅၀၀ ကျော်နေထိုင်ခဲ့ရာ၊အနီးအပါးကျေးရွာများဆီမှ ရွာသူရွာသားပေါင်း ၈၀၀၀၀ကျော်တို့
အလုပ်အကျွေးပြုခဲ့ရာ ဒီဘုရားကျောင်းကြီးဟာ သစ်ပင်ကြီးများရဲ့ဝါးမြိုအုပ်ဆိုင်းရာနေရာဖြစ်နေခဲ့ပါပြီ။
ဒါပေမယ့် အဲ့ဒီလိုသစ်ပင်ကြီးများရဲ့ဒဏ်ကို ကြံကြံခံတည်ရှိနေနိုင်တာကိုက လူများစုရဲ့စိတ်အာရုံကိုဆွဲ
ဆောင်ရာနေရာအဖြစ် တာပရွန်ဘုရားကျောင်းဟာ နာမည်ကျော်နေခဲ့ပါတယ်။ဂျိုလီ ရဲ့ နာမည်ကျော်
Tomb Rider ဇာတ်လမ်းရဲ့ ဇာတ်ဝင်နေရာအဖြစ်အသုံးပြုခဲ့တာကြောင့်လည်း မီဒီယာနှင့် ခရီးသွားများကြား
မှာ ထင်ရှားခဲ့ပါတယ်။



ဒီပုံကတော့ ကျွန်တော် ဝီကီကယူထားတာပါ။တပရွန်ကျောင်းရဲ့ကော်ရစ်ဒါများမှ ရုပ်တုပုံတွေလို့ဆိုပါတယ်


တာပရွန်ဘုရားကျောင်းဝန်းထဲမှာ ပုံလေးတွေဆွဲပြီး ဝမ်းစာရှာနေတဲ့ ကလေးတစ်ယောက်ပါ။သူ့အလုပ်ကို
ပဲသူ အာရုံစူးစိုက်ပြီးထိုင်ဆွဲနေပါတယ်။ရောင်းရခြင်းမရောင်းရခြင်းကို သိပ်စိတ်ဝင်စားပုံမရှိဘူးဗျ၊လူတွေက
လည်း သူဆွဲတဲ့ပန်ချီကားထက် သူ့ပုံကိုပဲ စိတ်ဝင်တစားနဲ့ ဓာတ်ပုံရိုက်သွားကြရော....:)။ဒီကလေးကိုမြင်
တော့ မြန်မာပြည်ပုဂံကိုသတိရမိပါတယ်။

စကားမစပ် ပုဂံနဲ့ စီရမ်ရိဟာ မြို့ညီအစ်မလို့မပြောရဘူးဗျ၊ယဉ်ကျေးမှုခြင်းလည်း ခေတ်ပြိုင်တွေဖြစ်သလို
လက်ရှိမှာလည်း အနီးဝန်းကျင်က ကလေး၊လူကြီးတွေ ပုဂံနဲ့စီရမ်ရိကို အမှီပြုပြီး ဝမ်းစာရှာကြတဲ့ပုံစံ၊ဒေသ
ခံတွေရဲ့ လူမှုနေထိုင်မှုပုံစံကလည်း အတော်ကိုနီးစပ်တူညီကြသဗျာ။ဒီတော့ ကျွန်တော်တို့ မြန်မာတွေနဲ့
စီရမ်ရိဟာ စိမ်းမနေပဲ တရင်းတနှီးကို ရှိလှတယ်ဗျ....။

Ta Phrom ဘုရားကျောင်းမှတစ်ဆင့် ကျွန်တော်တို့ နှစ်ဦးသား စီရမ်ရိရဲ့အသည်းနှလုံးဖြစ်တဲ့ ကမ္ဘာကျော်
အန်ကောဝပ်ဘုရားကျောင်းဆီသို့ ဦးတည်ပြီးထွက်လာခဲ့ကြပါတယ်ခင်ဗျာ.....။အန်ကောဝပ်ကို ကျွန်တော်
၂ရက်ဆက်တိုက် ၂ကြိမ်တိုင်ရောက်ခဲ့ပါတယ်။ညနေဘက်တစ်ကြိမ်၊မနက်ဘက်တစ်ကြိမ်ဖြစ်ပါတယ်။ဓာတ်
ပုံတွေကိုတော့ အဆင်ပြေသလိုတင်လိုက်ပါတယ်ခင်ဗျ။

အန်ကောဝပ်ဘုရားကျောင်းကို ဘုရင် Suryavarman II က ၁၂ရာစုအစောပိုင်း (1113-1150)ကာလများတွင်
တည်ဆောက်ခဲ့ပါတယ်။ဟိန္ဒူဘုရားဗိဿနိုးကို ရည်စူးပြီးတည်ခဲ့တဲ့ဟိန္ဒူဘုရားကျောင်းပါ။ဘုရားကျောင်းရဲ့
ပုံသဏ္ဍာန်က ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကျမ်းစာများတွင်ပါရှိသော မေယုတောင်(Mount Meru)ပုံစံကို ကိုယ်စား
ပြုတည်ဆောက်ထားတယ်လို့သိရပါတယ်။အန်ကောဝပ်ဟာ ခမာဗိသုကာပညာရဲ့ ထိပ်တန်းအကျဆုံး
သော ဗိသုကာလက်ရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျ။ဘုရားကျောင်းကို ၃.၆ကီလိုမီတာ ရှည်လျားပြီး ၄.၅
မီတာမြင့်တဲ့ အပြင်တံတိုင်း၊၁၉၀မီတာကျယ်တဲ့ကျုံးများနှင့်ဝန်းရံထားပါတယ်။ကျုံးကူးတံတား နှင့် လျှောက်
လမ်းမှာ ၃၅၀မီတာရှည်လျားပြီး အစောင့်နဂါးရုပ်တုများနှင့် တန်ဆာဆင်ထားပါတယ်။

ဘုရင် Suryavarman II ကွယ်လွန်ပြီး၂၇နှစ်ခန့်အကြာ ၁၁၇၇ခုနှစ်များမှာတော့ အန်ကောဝပ်ကျောင်းသည်
ချမ်း(Chams)လူမျိုးများရဲ့ တိုက်ဆိုက်ဖျက်ဆီးခြင်းကိုလည်းခံခဲ့ရတယ်ဆိုပါတယ်။ဘုရင် Suryavarman II
ကွယ်လွန်ချိန်မှာ တစ်ချို့ ရုပ်လုံးရုပ်တုများဟာအပြီးမသတ်နိုင်သေးဘူးလို့လည်းသိရပါတယ်ခင်ဗျာ။
အဲဒီနောက်မှာ နန်းတတ်လာပြီး ခမာအင်ပါယာကိုပြန်လည်တည်ဆောက်ခဲ့တဲ့ ဘုရင် Jayavarmam VII မှ
ဆက်လက်တည်ဆောက်ပြုပြင်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။(ခုနှစ်အချက်အလက်များမှာ ထပ်နေ
တာကိုတွေ့ရပါတယ်။ကျွန်တော်လည်း ဝီကီမှ နားလည်သလောက်ပြန်ရေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။
အန်ကောဝပ်အကြောင်းစာအုပ်တစ်အုပ်ဝယ်လာခဲ့ပေမယ့် မဖတ်ရသေးတဲ့အပြင် အဲ့စာအုပ်က မြန်မာ
ပြည်မှာမေ့ကျန်ခဲ့လို့ပါခင်ဗျား...:))

ဘုရင်Jayavarmam VIIလက်ထပ်မှာတော့ ဘုရားကျောင်းဟာ မဟာယာနဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ်၊
အဲဒီကမှတစ်ဖန် ၁၃ရာစုများဆီမှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လာသည့်
အလျှောက် ဘုရားကျောင်းသည်လည်းထေရဝါဒဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုအဖြစ်အသွင်ပြောင်းလဲ
လာခဲ့ရတယ်လို့ဆိုပါတယ်။အန်ကောဝပ်ဟာ တခြားဘုရားကျောင်းများနှင့်မတူပဲတစ်မူထူးခြားစွာဖြင့်
အနောက်ဘက်ကိုမျက်နှာမူတည်ဆောက်ထားပါတယ်။ဒါဟာ ဘုရင် Suryavarman II မှ သူသေဆုံးပါက
သချို င်္င်းဘုရားကျောင်းအဖြစ်ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ပညာရှင်များက ခန့်မှန်းကြပါတယ်။



ဒီပုံက ကျွန်တော် ဒုတိယနေ့မှာ မိုးပျံဘောလုံးပေါ်က ရိုက်ထားတဲ့ပုံပါ။ခင်မာ(ကင်မရာ)ကလည်းအကြီးကြီး
မဟုတ်၊ဓာတ်ဘူး(မှန်ဘီလူး)ကလည်း အကောင်းစားမဟုတ်၊ရိုက်တဲ့သူကလည်း နားမလည်ဆိုတော့ ပုံမှာ
မြူတွေဆိုင်းသလိုလိုဘာလိုဖြစ်နေသဗျ၊အဲ့လိုမဖြစ်အောင်ဘယ်လိုရိုက်ရမှန်းလည်းနားမလည်ဘူးဗျာ...:)))


အပြင်တံတိုင်းရဲ့ မုဒ်ဦးကိုကျော်ဖြတ်လာအပြီးမှာ တွေ့ရတဲ့ ဘုရားကျောင်းနဲ့ လျှောက်လမ်းတံတား ပုံပါ။
လူပုံတွေမပါအောင် ဘယ်လိုမှစောင့်ရိုက်ဖို့မဖြစ်နိုင်တာနဲ့ လူပုံတွေပါ ဓာတ်ပုံထဲပါလာပါတယ်။


မေယုတောင်ရဲ့ပုံသဏ္ဍာန်ကိုယူထားတယ်ဆိုတဲ့ ဘုရားကျောင်းအထွဋ်ပုံပါ။ဒီပုံကိုမြင်တော့ " အာကာကို
လွာပုံပြုပါလို့ မေယုကို စုတ်တံချီ....." ဆိုတဲ့သီချင်းလေးသွားသတိရရဲ့....။ကဲ...မေယုအစစ်ကို မချီခင် ဒီ
မေယုအတုကိုပဲ လာချီကြပါဦးလားဗျာ....:))))


ဘုရားကျောင်းရှေ့မှာရေကန်ရှိပါတယ်၊အဲဒီရေကန်ကလည်း သမုဒ္ဒရာကို ကိုယ်စားပြုထားတာပါ။ဘုရား
ကျောင်းရဲ့အရိပ်ကရေကန်ထဲကျနေပုံလေးကိုသဘောကျလို့ပါ။





ဘုရားကျောင်းအတွင်းဘက်နံရံမှ ရုပ်လုံး၊ရုပ်ကြွပုံတွေပါ။ဘီလူးတွေ၊မျောက်တွေ၊နတ်တွေစစ်ခင်းနေပုံတွေ
ဖြစ်ပါတယ်။ဟိန္ဒူကျမ်းလာဇာတ်သမိုင်းတစ်ခုခုဖြစ်ပါလိမ့်မယ်။အဲဒီ နာရီလက်တံပြောင်းပြန်အတိုင်း ထုဆစ်
ထားတာကိုက ဒီဘုရားကျောင်းဟာ ဘုရင့်သချို င်္င်းအဖြစ်ရည်ရွယ်ခဲ့တဲ့ အထောက်အထားလို့လဲဆိုကြပါ
တယ်။ဒါတွေဟာ ဟိန္ဒူယဉ်ကျေးမှုကိုအခြေခံပါတယ်တဲ့။


ဒုတိယနေ့မှာ အန်ကောကို အနောက်ဘက်မျက်နှာစာ(အရပ်မျက်နှာအနေနဲ့ဆို အရှေ့အရပ်)ဘက်က
လှည့်ဝင်ခဲ့ပါတယ်။ဒီပုံက ဘုရားကျောင်းရဲ့အနောက်ဘက်မျက်နှာစာပုံပါ။


ဒါကတော့ အန်ကောဝပ်ကိုတည်ခဲ့တဲ့ ဘုရင် ရဲ့အရိုးစေတီပါ။



Monkey and Photographers လို့နာမည်ပေးလိုက်တယ် :)) ကြည့်ရတာဒီလူ စင်္ကာပူရီးရန်းပဲနေမယ်ဗျ.....:)


 ၁၂၈၈ခု နယုန်လဆုတ်၊၁ရက်၊စနေနေ့ ပတ္တပေါင်မြို့နေ လုံးကုန္န၊ဇနီးမအိမ်၊တူမမယ်ကျင်၊မောင်ထွန်းလူ၊
ဇနီးမယ်ဆစ်၊သားမောင်ထွန်းစိန်၊သမီးမသိမ်းခင်   တဲ့...၊သားသမီးမြေးတစ်စုဘုရားဖူးထွက်လာကြပုံပဲဗျ။
ဒီအန်ကောဝပ်က မြန်မာစာတွေကအတော်ထင်ရှားတဲ့အပြင်ရှေးကျလှတာမို့ စိတ်ဝင်စားသူများပါတယ်။
ဝီကီထဲမှာတောင် တခုတ်တရထည့်ရေးထားတာတွေ့ရပါတယ်ခင်ဗျ...။


 Apsara နတ်သမီးကချေသည်တွေပုံပါ၊ယခုထက်တိုင်Apsaraကချေသည်များနှင့်အကဟာ ခမာရိုးရာအဖြစ်
တည်ရှိနေပါတယ်....။


နေဝင်စပြုပါပြီ။ကျွန်တော်တို့ အန်ကောဝပ်ကိုညနေမှ သွားရတဲ့ရည်ရွယ်ချက်က နေဝင်ဆည်းဆာကို
အန်ကောဝပ်ဘုရားကျောင်းရဲ့အပေါ်ကိုတက်ပြီးကြည့်ချင်လို့ပါ၊ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ရောက်သွား
ချိန်မှာ ဘုရားကျောင်းရဲ့အပေါ်ကိုတက်ခွင့်မပေးတော့ပါဘူး၊ညနေ၅နာရီ မှာ ပိတ်ပါတယ်။မှောင်သွားရင်
အတက်အဆင်းလှေကားက မက်စောက်တဲ့အတွက် အန္တရယ်များလို့ထင်ပါရဲ့ဗျာ၊နောက်နေ့တစ်ခေါက်
ထပ်သွားတော့လည်း အဲ့နေ့ကျမှတိုက်တိုက်ဆိုင်ဆိုင် အပေါ်မှာသန့်ရှင်းရေးလုပ်မှာမို့လို့တစ်နေ့လုံးပိတ်
သတဲ့ဗျာ......:(


 နေဝင်ဆည်းဆာရဲ့ ရောင်ပြန်အောက်မှာ လွမ်းမောဖွယ် မှုန်မှိုင်းညို့ဆိုင်းနေတဲ့ အန်ကောဝပ်ကို တိတ်ဆိတ်စွာထိုင်ကြည့်နေကြသူတွေပါ။သူတို့ရင်ထဲမှာ ဘယ်လိုခံစားချက်များရှိနေပါလိမ့်နော်....။
ကျွန်တော်တော့ နှစ်ပေါင်းများစွာကတည်းက ရောက်ဖူးချင်တဲ့နေရာတစ်ခုကိုရောက်ဖြစ်အောင်ရောက်လာ
ခဲ့ရတဲ့အတွက် ကြည်နူးစိတ်ပဲရှိနေပါတယ်။


ဆည်းဆာလို့ပဲ ဒီပုံကို နာမည်ရိုးရိုးလေးပေးဖြစ်ပါတယ်။နေဝင်ဆည်းဆာချိန်မှာ ဘဝရဲ့ဆည်းဆာချိန်ကို
ရောက်နေတဲ့အမယ်အိုတစ်ဦး၊ သူ့လားရာကိုဖြောင့်တန်းစေဖို့ တရားအားထုတ်ဖို့အတွက်တောက်ပပျိုမြစ်
တဲ့ကာလများကိုကျော်လွန်ခဲ့ပြီးနောက်ဆည်းဆာချိန်ရောက်နေပြီဖြစ်တဲ့ဘုရားကျောင်းအိုကြီးထဲဝင်ရောက်
လာတဲ့ပုံပါ။မထင်မှတ်ပဲရိုက်ဖြစ်လိုက်တဲ့၊ကျွန်တော့်ဘာသာတော့အတော်သဘောကျမိတဲ့ပုံလေးတစ်ပုံပါပဲ။


ကျွန်တော်အဲဒီကိုရောက်နေချိန်က တစ်ခုသောအဖိတ်နေ့ပါ၊လမင်းကြီးရဲ့အောက်မှာ အန်ကောဝပ်ဟာ
တည်တည်ငြိမ်ငြိမ်နဲ့ ကျက်သရေရှိလှပါရဲ့....။


သောက်ကြပါဦးလား ခမာထန်းရေ.......:)))


တစ်ခုသောဘာသာတရားနှင့် တေးဂီတအောက်မှာ အရှေ့နှင့် အနောက်ဟာ ငြိမ်းချမ်းကြည်နူးစွာ
လာရောက်ပေါင်းဆုံမိကြပါတယ်.......

နေလည်းညို၊ခြေလည်းတိုပြီမို့ ငါတို့ပြန်တော့မယ်အန်ကောရယ်.........

အန်ကောဝပ်မှာသာတဲ လ ......

လ လည်းထွက်လာပြီဆိုတော့ ကျွန်တော်တို့ အန်ကောဝပ်မှပြန်ထွက်လာကြပါတယ်။ကျွန်တော့်ရဲ့ " ဂိုက် "
ကတော့ ဘုရားကျောင်းအပေါ်ကိုမတက်ခဲ့ရလို့ တဖျစ်တောက်တောက်ရေရွတ်ပြီး နက်ဖြန်ထပ်လာမယ်လို့
ကြုံးဝါးပါတယ်။(အဲ့တုန်းက ကျွန်တော်တို့တွေမနက်ဖြန်မှာလည်း အပေါ်တက်ခွင့်မရဘူးဆိုတာမသိခဲ့ပါဘူး
ခင်ဗျား......)

14 comments:

Anonymous said...

လှဒယ်

လွင်ပြင်လှိုင်းငယ် said...

ရိုက်ချက်တွေ အရမ်းကောင်းတယ်။
နေ၀င်ချိန် ဆည်းဆာကိုရိုက်ထားတာ အကြိုက်ဆုံးပဲ

ko said...

ကုန်ကျစရိတ်တွေတင်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ...တစ်ခုသိချင်တာက အရင် အပိုင်း(၁)မှာရေးထားတဲ့ ဘေယွန်ဘုရားကျောင်းတို့ ဗိုလ်ရှုသဘင်မဏပ် စတာတွေက ဒီအန်ကောဝပ်နဲ့ နီးလား ..ဒါမှမဟုတ် အဝန်းအဝိုင်း တစ်ခုထဲမှာပဲရှိနေတာလား သိပ်မ၇ှင်းလို့ ဖြေပေးပါအုံး..ပုံတွေအရမ်းကောင်းပါတယ်..တစ်ခုပြောချင်တယ် စိတ်အထင်ပေါ့ .. ပုဂံလောက်တောင် သိပ်ကြည့်စရာမရှိဘူးထင်တာပဲဗျာ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာမဟုတ်ပါဘူး ဟီးးး တကယ်ပြောတာ ပုဂံမှာဆို ကြည့်စရာလေ့လာစရာပိုပေါသလိုပဲ ကျနော်က မရောက်ဘူးတော့ မှန်းပြောကြည့်တာပါ အကိုပုဂံရောက်ဖူးလား.. ရောက်ဖူးရင် ကွာခြားချက်လေးသိချင်ပါတယ် ကျေးဇူးပါ နောက်ထပ်တင်ပေးပါအုံး ဗဟုသုတရလို့ပါ

ညိမ်းနိုင် said...

ဟုတ်ကဲ့ခင်ဗျာ....၊ကျွန်တော် ပုဂံကိုရောက်ဖူးပါတယ်၊
စီရမ်ရိကနေ မြန်မာပြည်ကိုပြန်ခဲ့ပြီး ပုဂံကို သွားခဲ့ပါတယ်
အရင်ကလည်း ပုဂံကိုရောက်ခဲ့ဖူးပါတယ်။ပုဂံမှာဗူးဘုရား၊
အာနန္ဒာ အစရှိတဲ့ ဘုရားတွေက ပုဂံယဉ်ကျေးမှုနယ်
ပယ်အဝန်းအဝိုင်းအတွင်းမှာတည်ရှိနေသလိုပါပဲ...၊
အန်ကောထုံနယ်ပယ်အဝန်းအဝိုင်းအတွင်းမှာ အန်ကော
ဝပ်နှင့်တကွ ဘိုင်ရွန်အစရှိတဲ့ ဘုရားကျောင်းတွေက
တစ်စုတစ်စည်းတည်းတည်ရှိနေပါတယ်။တစ်စပ်တည်း
လည်ပတ်လို့ရပါတယ်။နီးလည်းနီးပါတယ်။
ယဉ်ကျေးမှုနယ်ပယ်ခြင်း နီးစပ်တယ်ဆိုပေမယ့်
ဘုရားကျောင်းတည်ဆောက်မှု ဗိသုကာနည်းပညာ
ခြင်းကွာခြားတဲ့အတွက် သူ့ဟာနဲ့သူတော့ အဖိုးမ
ဖြတ်နိုင်ပါဘူးခင်ဗျ။ပုဂံဘုရားများမှာ နံရံဆေးရေး
ပန်းချီများကတန်ဖိုးကြီးသလို၊အန်ကောဝပ်မှာက
လည်း ကျောက်ဆစ်လက်ရာများက တန်ဖိုးရှိလှ
ပါတယ်။သူ့တန်ဖိုးနဲ့သူပေါ့ခင်ဗျာ။ပုဂံမှာလေ့လာ
စရာများလှသလို အန်ကောထုံမှာလည်း လေ့လာစရာ
များလှပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျ..။

မျှစ် said...

အဲနေ့က ဘဏ်ကိုစောက်ရမ်းပေါက်ကွဲတယ်.. သူတို့လုပ်လို့.. ဒေါသတော်တော်ထွက်တယ်.. အကို ကိုလည်းအားနာတယ်..

အခုတော့ အဲဘဏ်က ကျနော်ကို အကောင့်ပိတ်ခိုင်းလိုက်ပီ.. ဟီဟီ

စံပယ်ချို said...

တာပရွန်ဘုရားကျောင်းဆိုတာကိုတော့သွားချင်တယ်
ပုံတွေအရမ်းလှတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပုံလေးတစ်ချို့ကို ကျွန်မသိမ်းထားချင်လို့ ကူးသွားပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

လေးစားစွာဖြင့်
မြတ်

ပစ်ပစ် said...

အော်..ဖြစ်မှဖြစ်ရလေကညိမ်းရယ်
အန်ကောဝပ်ေ၇ာက်ရဲ့သားနဲ့
အပေါ်ကို မတက်ခဲ့ရဘူးဆိုလို့ပါ
ဒါပေမဲ့မရောက်ဖူးသေးတဲ့
Jerry pigpig ထက်စာရင်တော့
ကံကောင်းပါတယ်ကွယ်..
သများလည်းရောက်အောင်သွားဦးမယ်
ကြိတ်ပြီးစိတ်ကူးထားတယ်

ဒါ့ပုံတွေလှတယ်..

နေ၀သန် said...

သွားချင်တယ်.. ကိုညိမ်းနိုင်ရေ... နောက်တစ်ခါ လိုက်ပို့.. ဘာလို့ အဲအေးရှားမသုံးတာလဲ.. ဒီလောက်ဈေးသက်သာတာကို..း)

ခင်မင်လျက်
နေ၀သန်

Anonymous said...

zoom ဆွဲလိုက်လို့ မြူတွေဆိုင်းသလိုဖြစ်သွားတာပါ ကိုညိမ်းနိုင်၊ အဲ့ဒါကိုတော့ ပျောက်အောင်ဖျောက်ရိုက်နိုင်မှာမဟုတ်ပါဘူး။

ကချေသည်တွေအဖြစ် ငယ်ငယ်ကတည်းက သင်ကြားလေ့ကျင့်ပေးတဲ့ ကျောင်း၊ ရှေးလက်မှုအနုပညာ ပန်းဆယ်မျိုးလို အရာတွေကို လက်ဆင့်ကမ်းသင်ကြားပေးနေတာကို စီရမ်ယိမှာ တွေ့နိုင်ပါတယ်.

အပေါ်က ko အမေးကိုဝင်ဖြေကြည့်ချင်ပါတယ်
ပုဂံက ဘုရားအရေအတွက်များပါတယ်
စီရမ်ယိက ပုဂံနဲ့ယှဉ်ရင် အရေအတွက်နည်းပါတယ်
ပုဂံက စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုမရှိပါ
စီရမ်ယိက ယူနက်စကိုအကူအညီနဲ့ ရှေးမူမပျက်ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်
ပုဂံက ခရီးသွားလုပ်ငန်းမဖွံ့ဖြိုးသေးပါ
စီရမ်ယိက ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်ပါတယ်

Cameron said...

လာပြီးဖတ်မှတ်သွားကြောင်းပါ...။ ခင်မာမကြီး ဓါတ်ဗူးမကောင်းပေမယ့် လပုံလေးရိုက်ထားတာ အတော်သဘောတွေ့သဗျာ......း))
အော်..ဒါနဲ့စကားမစပ် သစ်ပင်ဖြစ်ချင်စိတ်မပေါက်ချင်ပါနဲ့ တော်နေကြာအပင်ခြေရင်းမှာ ရှူရှူးလာပေါက်သွားမယ် ဟိ ဟိ...။

Anonymous said...

တကယ်သွားချင်လှတဲ့နေရာ
ရောက်ဖူးချင်ဆုံးနေရာထဲမှာ နံပါတ်တစ်
အန်ကောဝပ်ဘုရားကျောင်း
တနေ့တော့သွားနိုင်မယ်ထင်ပါရဲ့လေ


မောင်ဘကြိုင်း)

ညီလင်းသစ် said...

ကိုညိမ်းနိုင်ရေ.. ဘီယာက အတော်လေး သက်သာတာပဲဗျ၊ မြန်မာပြည်ထက်တောင် အများကြီး ပိုပေါနေသေးတယ်၊း) adventurecambodia က adventuremyanmar နဲ့ လုပ်ငန်းချင်း ချိတ်ထားတာ လားဗျ၊ ဓါတ်ပုံတွေကို သဘောကျတယ်၊ အန်ကောဝတ်က ကျောက်ဆစ်ပညာရှင်တွေ ကိုတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျို့၊ တဆက်တည်း အလွန်အမင်း ပြုပြင်လိုသူတွေကြောင့် ပျက်စီးသွားရတဲ့ ကျနော်တို့ ပုဂံကိုလည်း နှမြောမိတယ်၊ ဟိုးအရင်က မြန်မာတွေလည်း ဘုရားဖူးထွက်ရင်း အမှတ်တရ ရေးကြတာ ရှိနေပြီကိုး..၊ ဒါပေမယ့် ခမျာတို့မှာ အခုခေတ်မှာ ရေးကြသလို correction pen မရှိလို့ အတော်လေး အားစိုက်ထုတ်ရမှာပဲ၊း)

San San Htun said...

ဓာတ်ပုံတွေ တကယ်ကောင်းတယ် ကိုညိမ်းနိုင်..ဘီယာဈေးတော့ အသေအချာ မှတ်မိတယ်..ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုအိမ်ပြန် ပို့ ပါတော့ ကဗျာကို လိုက်ဖက်စွာ ယူသုံးထားတယ်..ခမာမှာ သာတဲ့လ အရမ်းလှသည်..သွားလည်ချင်သွားသည်..