မနေ့ညကဖြစ်သည်။အမှန်ဆိုရသော်မနေ့ညသည်သူ့ထုံးစံအတိုင်းတနာရီကိုမိနစ်ခြောက်ဆယ်အရှိန်နှုန်းဖြင့်
ညနေငါးနာရီဘူတာသို့
ဖြည်းညင်းစွာဆိုက်ကပ်လာခဲ့မြဲဖြစ်သည်။ယနေ့ကိုမွေးဖွားရန်မနေ့၏ခြောက်နာရီခွဲအလို
တွင်ကျွန်တော်ရေချိုးနေပြီ၊ထမင်းအိုးတစ်လုံးလည်းတည်ထာပြီးဖြစ်သည်။ထို့နောက်တွင်တော့ဝက်သားနှင့်
ဂေါ်ဖီကို ကော်ရည်ရွဲရွဲဖြင့်ကြော်လျက် ထမင်းပေါ်သို့ပုံလိုက်သည်။ကြက်ဥနှစ်လုံးကိုမွှေကြော်ပြီး ခမောက်
ဆောင်းလိုက်သည်။မြန်ညံသက်သာထမင်းပေါင်းတစ်ပွဲကို အဆင်ပြေသလို စားပြီးသော်ကွန်ပြူတာရှေ့သို့
ရောက်နေပြီဖြစ်သည်။
မျက်နှာစာအုပ်ကိုဖွင့်သည်။လူတစ်ယောက်ကကျွန်တော်အက်ထားသည်ကိုလက်ခံလိုက်သည်(---accepted
your friend request) ဆိုသောစာသားများကကြိုဆိုနေသည်။နဲနဲအံသြသွားရသည်။ဒီရက်ပိုင်းမည်သူ့ကိုမျှ
ကျွန်တော်သွားမအက်ပါ။ဒါနှင့်ထိုပုဂ္ဂိုလ်ဆီသွားကြည့်သည်။ပရိုဖိုင်ပုံတွင်အပေါ်ပိုင်းဗလာကျင်းထားပြီးလက်
ထဲအိုင်ဖုံးကိုင်ထားသည့်အဖြူကောင်တစ်ကောင်ဖြစ်နေသည်ကိုတွေ့ရသည်။ထိုသူ၏သူငယ်ချင်းများမှာလည်း
သူနည်းတူ ဗလာကျင်းထားသောအတောင်နှစ်ဆယ်ဝတ်ယောင်္ကျားများချည်းလိုလို...။အလေးမကလပ်တစ်
ခုခုကလား၊နိုက်ကလပ်တစ်ခုခုကလား ဟုထင်စရာတွေပင်...။သူရို့ဘာသာဘယ်ကဖြစ်ဖြစ် ကိစ္စမရှိ၊ကိစ္စရှိ
သည်ကထိုသတ္တဝါကိုကျွန်တော်မအက်၊အက်စရာလည်းအကြောင်းမရှိ၊သိလည်းမသိ၊သိစရာအကြောင်းကား
ဝေးစွခြောက်ပါး....။
တစ်ခုခုတော့လွဲနေပြီဟုထင်သည်။တလောကလည်းကျွန်တော်ဘယ်တုန်းကမှမဆော့သော၊ကြားပင်မကြား
ဖူးသော ဂိမ်းတစ်ခုကို မတ်စေ့ထဲတွင် ကျွန်တော့်နာမည်နှင့်လူတစ်ကာကိုလိုက်မေးနေသေးသည်။ဂရုလိုက်
ချက်သောဘောက်စ်တွင်ဖြစ်ရကား ရှိရှိသမျှလူကုန် ထံသို့ရောက်ကုန်ကြလေသည်။သယ်ရင်းတစ်ယောက်
ကတော့ စိတ်ဆိုးဆိုးနှင့် ကျွန်တော့်ကိုယ်စား F နှင့်ချည်းကိုင်တုတ်လေတော့သည်။ဖဘ ကား ကျွန်တော့်ကို
ပျော်ရွှင်ကြည်နူးရခြင်းနှင့်အတူ စိတ်ပျက်စရာများ၊စိတ်ညစ်စရာများကိုပါပေးလေတော့သည်။
ထိုအကောင့်ကို အတော်စိတ်ကုန်သွားသဖြင့် ဗွမ်းပလိုက်တော့သည်။ဖဘအကောင့်ပိတ်ရသည်မှာလည်း
ရှောရှောရူရူမရှိ၊ဘာကြောင့်ပိတ်ချင်ရသနည်း၊အောက်ပါမေးခွန်းများကိုဖြေပါ ဟုဆိုကာ မေးခွန်းတွေတစ်
သီကြီး ရွေးခိုင်းနေသေးသည်။ငါ့အကောင့် အဟပ်ခံရလို့ဟူသောအဖြေကိုရွေးသော် ပတ်စဝပ်ပြောင်းဟု
အကြံပေးနေသေးသည်။မနေ့ကပင် ပတ်စဝပ်ပြောင်းပြီးဖြစ်သည်ကို ကျွန်တော်ပြန်လည်ပြောပြခွင့်မရှိပါ။
ထို့ကြောင့် ပြောင်းမနေတော့ပဲ တစ်ခါတည်းဗွမ်းပလိုက်လေသည်။အင်း...တစ်မီးငြိမ်းလေပြီဟုမထင်ပါနှင့်။
ကျွန်တော့်တွင် နောက်ထပ်အခြားသော အကောင့်တစ်ခုရှိသေးသည်။ဖဘကိုမပြတ်နိုင်သေး၊ထို့ကြောင့်ပင်
နောက်အကောင့်တစ်ခုကို နာမည်နဲနဲပြောင်းလိုက်သည်။ထိုအကောင့်နှင့်ဖဘ ကိုမဝင်သည်မှာကြာပြီ...။
သူငယ်ချင်းလည်း ရှစ်ယောက်လားရှိသည်။အားလုံးနီးပါးကို ဘလော့လိုက်သည်။တစ်ယောက်နှင့်မှ မသိ၊
ထိုကြောင့် လွယ်လွယ်နှင့်ဘလော့လိုက်နိုင်သည်၊သူရို့လည်း ဘာမှဖြစ်မည်မထင်ပါ၊ကျွန်တော်ဒီအကောင့်
မသုံးတာကြာ ကြာလှပြီကိုး...။သို့သော် တစ်ယောက်သောသူကို ဘလော့ ဖို့ရာ အရမ်းခက်ခဲနေခဲ့သည်။
ဟန်နီ.....။လွန်ခဲ့သောတစ်နှစ်က ကျွန်တော် ဒီအကောင့်နှင့်ဖဘ ကိုစွဲစွဲမြဲမြဲ သုံးခဲ့သည့်တစ်ခုတည်းသော
အကြောင်းရင်းမှာ ထိုဖဘ တွင် ဟန်နီရှိနေသောကြောင့်ပင်...။ထိုဖဘသည် ကျွန်တော်နှင့် ဟန်နီကြားမှ
ပါးလျားလှသော ဆက်သွယ်မှုလေးတစ်ခုဖြစ်သည်...။ဟင့်အင်း...ကျွန်တော်တို့ စကားမပြောကြပါ၊လိုက်ခ်
မလုပ်ကြပါ၊ပို့စ်တွေမတင်ကြပါ၊ဓာတ်ပုံတွေလည်းများများစားစားမတင်ထားပါ၊ကွန်မန့်တွေလည်းမပေးပါ။
ကျွန်တော်တို့လုပ်သောအရာတစ်ခုသာရှိပါသည်၊ စီးတီးရပ်စတောရင့် ဟူသောဂိမ်းလေးတစ်ခုကိုကစားကြ
ခြင်းဖြစ်သည်။
ကျွန်တော် ဖဘဂိမ်းများကိုစိတ်မဝင်စားပါ။သူ့ကိုချစ်သောစိတ်ဖြင့် ကျွန်တော်လိုက်ဆော့နေခြင်းသာဖြစ်
သည်။ကျွန်တော်ထိုဂိမ်းကိုဆော့တိုင်း ကျွန်တော့်ဆိုင်တွင် ကျွန်တော်မနေပါ။သူဖန်တီးတည်ဆောက်ထား
သော သူ့ဆိုင်လေးတွင်သာ သွားရောက်လည်ပတ်နေတတ်သည်။သူ့ဓာတ်ပုံလေးရွေ့လျားနေသည်ကို နာရီ
ပေါင်းများစွာငေးမောနေမိသည်...။ခုတော့ ကျွန်တော် သူ့ကိုဘလော့ရတော့မည်။ကျွန်တော် ဒီအကောင့်
နှင့်သူငယ်ချင်းများကိုပြန် အက်ရမည်ဖြစ်သည်။ဟန်နီဘယ်သူဆိုတာ မည်သူ့ကိုမျှမသိစေချင်ပါ။ဟန်နီ
ကိုယ်တိုင် သူ ဟန်နီဖြစ်သည်ကို မသိပါ။ဟန်နီသည် ကျွန်တော်တစ်ယောက်တည်းနှင့်သာသက်ဆိုင်သော
အရာဖြစ်ပါသည်။နောက်တစ်ခုမှာ သူနှင့်ကျွန်တော်ကြား ခုချိန်တွင် ဘာမှမပက်သက်တော့ပါ၊ယခင်က
လည်း ပတ်သက်မှုကြီးကြီးမားမားရှိခဲ့သည်လည်းမဟုတ်ပါ။ပျက်တောက်နေသောသံယောဇဉ်ကို အပြီးတိုင်
အဆုံးသတ်သင့်ပါပြီ။
ထိုအဖြစ်အပျက်များသည် ကြာတော့ကြာခဲ့ပြီဖြစ်သည်၊သူနှင့်ပတ်သက်သည့်မျှော်လင့်ချက်များကို
ဟောင်ကမ်း၊ငါးဆယ့်တစ်လမ်းဘေးရှိ ဘတ်စတန်း တစ်နေရာတွင် အပြီးတိုင် မြေမြုပ်သင်္ဂြလ်ပြီးလည်းဖြစ်
သည်။သို့သော် ခုချိန်တွင်ပင် သူ့အကောင့်ကို ဘလော့ဖို့ရာ ကျွန်တော်နာကျင်လွမ်းမောနေဆဲဖြစ်သည်။
သမုဒယဟူသည် ဒုက္ခဖြစ်ကြောင်းသစ္စာတရားဖြစ်သည်ကို တဆစ်ဆစ်နာကျင်နေသောရင်က သက်သေပြ
နေပါသည်။မှန်ပါသည်။ကျွန်တော်သည် နာတာရှည်အသဲဝေဒနာရှင်တစ်ဦးသာ...။ခုလိုပြင်းပြသောဝေဒနာ
ကိုခံစားရတိုင်း ကျွန်တော်မှီဝဲနေကြဆေးရှိပါသည်။ဘီယာဟူသောဆေးဖြစ်သည်။သို့သော် ထိုဆေးတွင်
ဘေးထွက်ဆိုးကျိုးတွေရှိပါသည်။ပိုက်ဆံကုန်ခြင်းဖြစ်သည်။မနေ့ညက ထိုဆေးကိုကျွန်တော်မသောက်ပါ။
ထိုကြောင့်ကျွန်တော်ဝယ်ထားသောနွားနို့နှစ်လီတာဘူးကြီးကိုသာ သောက်နေရပါတော့သည်။ဘာဆိုင်သလဲ
ဆိုသော် ဘာမှမဆိုင်ပါ။ငါးလုံးကြောင်သည်လည်းကောင်း၊ဝက်ဆလူးသည်လည်းကောင်း၊ဆိတ်သည်လည်း
ကောင်း နွားနို့သောက်တတ်ကြသည်ကိုအမှတ်ရမိသည်။ကျွန်တော်လည်းကြောင်တစ်ကောင်သာဖြစ်ပါ
သည်။
မည်သို့မျှမပက်သက်သော နွားနို့သည် ဘီယာကဲ့သို့ လွမ်းမောနာကျင်ရခြင်းကို သက်သာရာအလျှင်းမရစေ
ခဲ့ပါ။ထို့ကြောင့်ပင် စိတ်ပြောင်းလဲစေခြင်းငှာ ကိုယ့်ဘလော့ထဲတွင်ပင် ရေးလက်စပို့စ်တစ်ခုကို ဆက်ရေး
နေမိသည်။ထိုပို့စ်ကိုရေးစတုန်းက လွယ်ကူလျှင်မြန်စွာပြီးစီးလိမ့်မည်ဟုထင်နေခဲ့ပါသည်။အကြောင်းမှာ
ကျွန်တော်ဖတ်ဖူးသော ဘာသာပြန်ပုံဝတ္ထုလေးတစ်ခုကို မှီငြိမ်းပြီးရေးနေသောကြောင့်ဖြစ်သည်။သို့သော်
ကျွန်တော်ကိုယ်တိုင်ခံစားပြီးရေးသောအကြောင်းအရာမဟုတ်သောကြောင့်လားမသိ၊လက်စမသတ်နိုင်ပါ။
မနေညကလည်း ဆက်ရေး၍မရပါ။
သူမက သူမသည်စာရေးရင်း မိမိကိုယ်ကို ရှာတွေ့သွားသည်ဟုရေးခဲ့ဖူးသည်။ကျွန်တော်လည်း စာရေးရန်
ကြိုးစားရင်း မိမိကိုယ်ကို တွေ့ရှိသလိုလိုဖြစ်လာပါသည်။ ကျွန်တော်သည် သူ နှင့် သူမ တို့ရေးသောစာများ
ကိုသိပ်ကြိုက်သည်။သူတို့လိုရေးနိုင်ရန်ကြိုးစားအားထုတ်သည်။မလွယ်ပါ။မရပါ။ရေးရင်း ရေးရင်း ကျွန်တော့်စာများသည် သူ နှင့် သူမ တို့စာများကဲ့သို့ဖြစ်လာပြီဖြစ်သည်။ဝမ်းမနဲပါ။ကျွန်တော်ခင်မင်ရသူ
များ၏လွှမ်းမိုးမှုခံရသည်မှာ ပျော်စရာကောင်းသလိုလိုပင်။
နောက်ဆုံးမှာတော့ ဘယ်လိုမှဆက်ရေးလို့မရသောစာကို ဆက်ရေးရန်မကြိုးစားတော့ပါ။ကွန်ပြူတာကို
ပိတ်လိုက်တော့သည်။၁၂နာရီင်္လည်းထိုးပြီဖြစ်သည်။မအိပ်နိုင်ပါ။အိပ်မရပါ။နောက်ဆုံးကော်ဖီတစ်ခွက်ထဖျော်
ပြီး ထိုင်သောက်နေလိုက်သည်။သီချင်းနားထောင်ရင်း၊ဂိမ်းဆော့နေလိုက်သည်။ဖုံးထဲမှဂိမ်းဖြစ်သည်။သီချင်း
နားထောင်ရင်း၊ဂိမ်းဆော့ရင်း တွေးချင်ရာလျှောက်တွေးနေမိသည်။ပါးစပ်မှလည်း ဆေးလိပ်တစ်လိပ်ပြီး
တစ်လိပ်ဖွာနေပါသည်။
မေးစရာတစ်ခုရှိမည်ထင်သည်။ကော်ဖီသောက်သော်ပို၍မျက်ဆီမကြောင်ဘူးလား ဟူ၍ပင်။ဟင့်အင်းဟု
ပြောရမည်။ကော်ဖီ၊လက်ဖက်ရည်၊လက်ဖက်သုတ်တို့စားပြီး ကျွန်တော်နှစ်ခြိုက်စွာအိပ်ပျော်နိုင်ပါသည်။
အကျင့်ဟုပြောရမည်ပင်။၂နာရီခန့်ထိုးသော် ဂိမ်းဆော့သောမျက်ဆီသည်လည်းကောင်း၊သီချင်းနားထောင်
သောနားသည်လည်းကောင်း၊ဆေးလိပ်သောက်နေသောပါးစပ်သည်လည်းကောင်း၊တွေးချင်ရာတွေးနေ
သောစိတ်သည်လည်းကောင်း ညောင်းညာလာပြီးနောက် ကျွန်တော်အိပ်ပျော်သွားပါသည်။
အိပ်ပျော်သွားသော် အိပ်မက်ဆိုးများမက်ပါတော့သည်။သိပ်ကြောက်စရာကောင်းသော အိပ်မက်ဖြစ်သည်။
သို့သော် ကျွန်တော်ထိုအိပ်မက်ကိုမမှတ်မိတော့ပါ။အိပ်မက်ထဲတွင် ကြောက်လွန်း၍ ရှူးရှူးများပင်ထွက်ကျ
တော့မတတ်ပင်။ထွက်ကျကာနီးတွင် ကံကောင်းထောက်မစွာနိုးလာပါသည်။တစ်ညလုံးသောက်ထားသော
နွားနို့၂လီတာသည် ခုမှထ အစွမ်းပြခြင်းပါတကား....။နောက်ဖေးသွားပြီးသော် ကျွန်တော်တစ်ကိုယ်လုံး
အတော်ပေါ့ပါးသွားသည်။ထိုအချိန်တွင် မနက်၎နာရီကျော်ပြီဖြစ်သည်။
ဟုတ်ပါသည် မနေ့ည ကဖြစ်ပါသည်။
Friday, November 18, 2011
Monday, November 7, 2011
မနှင်းဆီသိစေဖို့ ......
ကြာတော့ကြာပါပြီ...၊တလောက ဘလော့ဂါတွေကြားမှာတဂ်ပို့စ်လေးတစ်ခုပျံနှံသွားခဲ့ဖူးတယ်မနှင်းဆီရဲ့..၊
ကိုကိုးအိမ်ကစတဂ်လိုက်တဲ့ပို့စ်လေးတစ်ခုပါ....၊လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနှင့် ဖြစ်နေတာတွေ..တဲ့။
အဲ့ပို့စ်လေးက မေးခွန်းနဲ့အဖြေပုံစံမျိုးလေးပါပဲ....၊လတ်တလောစားချင်နေသောအစားအစာ...ဘာညာပေါ့
လေ....၊အဲ့ဒီမှာမေးခွန်းလေးတစ်ခုပါတယ်မနှင်းဆီရဲ့....၊တန်ဖိုးအထားဆုံးအရာ......တဲ့...၊အဲဒီတဂ်ပို့စ်လေး
ကို ကျွန်တော်ရေးတော့အဲ့မေးခွန်းအရောက်မှာလွယ်လွယ်ကူကူရေးမိလိုက်တာကချစ်ခြင်းမေတ္တာ...လို့ပါပဲ
မနှင်းဆီ....။ဟုတ်ပါတယ်မနှင်းဆီ၊ကျွန်တော်ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားပါတယ်....။ဒါပေမယ့်ကျွန်တော်
တန်ဖိုးထားတာတစ်ခုလည်းရှိပါသေးတယ်...၊အဲ့ဒါက သူငယ်ချင်း ဆိုတာကိုပဲပေါ့....။
ကျွန်တော်တို့လူသားတွေတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြရာမှာပက်သက်ဆက်နွယ်မှုအပေါ်မူတည်ပြီး
ခေါင်းစဉ်အသီးသီးရှိတယ်မနှင်းဆီရဲ့....၊မိဘနှင့်သားသမီး၊ညီအကိုမောင်နှမ၊ဆွေမျိုးသားချင်း၊ဆရာတပည့်၊
ဇနီးခင်ပွန်း၊အလုပ်ရှင်နှင့်အလုပ်သမား၊မိတ်ဆွေသူငယ်ချင်း....၊အစရှိသဖြင့်ပေါ့မနှင်းဆီရယ်...။အဲဒီခေါင်းစဉ်
တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ဆက်ဆံမှုရေချိန်အနိမ့်အမြင့်တွေကလည်းကွာခြားသွားတတ်ပါတယ်။
ကျွန်တော်တို့တစ်တွေ တစ်မြို့တစ်ရွှာ၊တစ်ခြားနိုင်ငံတွေကို ထွက်ခွာရဖို့အကြောင်းပေါ်လာရင် မိဘတွေ၊
ဇနီးခင်ပွန်းတွေကို ချန်ထားရစ်ခဲ့ဖို့ဆိုတာ ဝန်တာလေးလွန်းလှပေမယ့်၊သူငယ်ချင်းတွေကို ခွဲခွာရဖို့ဆိုတာ သိပ်ပြီး လေးလံလှတယ်တော့မဟုတ်ဘူးမနှင်းဆီရဲ့...၊ဆိုလိုတာကတော့မနှင်းဆီရယ်....ကျွန်တော်တို့အဖို့
ရာ သူငယ်ချင်းဆိုတာ တခြားပတ်သက်ဆက်နွယ်သူတွေနဲ့ယှဉ်လိုက်ရင်သိပ်ပြီးထည့်မတွက်မိတဲ့သူတွေလို
ဖြစ်နေတာပေါ့နော်...။ဒါပေမယ့်မနှင်းဆီရေ....ကျွန်တော်တို့ဘဝမှာ သူငယ်ချင်းဆိုတာ သိပ်ကိုတန်ဖိုးထား
ရမယ့်သူတွေဆိုတာ မနှင်းဆီသိအောင်ပြောပြချင်ပါသေးတယ်.....။
အခါတစ်ပါးမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ညီတော်အာနန္ဒာက...အရှင်ဘုရားတဲ့....အဆွေခင်ပွန်းဆို
တာ ဘဝမှာ ငါးဆယ်ရာနှုန်းလောက် အရေးကြီးတယ်ဘုရား....လို့လျှောက်တင်ဖူးသတဲ့....၊အဲ့လိုလျှောက်
တင်တော့ ဘုရာရှင်က...ချစ်သား....ဒီလိုမပြောသင့် အဆွေခင်ပွန်းဆိုတာ ရာနှုန်းပြည့်အရေးကြီးသကွ လို့
ပြန်မိန့်တော်မူသတဲ့....။
မနှင်းဆီရေ....ကျွန်တော်တို့ဘဝမှာ ရွေးချယ်စရာဆိုတာ သိပ်နည်းလှပါတယ်၊ကျွန်တော်တို့ရွေးချယ်ခွင့်ရှိ
တဲ့အရာတွေထဲမှာ သူငယ်ချင်းဆိုတာ ထိပ်ဆုံးကပါသပေါ့ မနှင်းဆီ....၊ရန်သူတစ်ယောက်ရှိသလား များလှ
ပါသည်၊မိတ်ဆွေ တစ်သန်းရှိသလား နည်းလွန်းလှသည် ဆိုတဲ့ စကားလေးကိုလည်း မနှင်းဆီကြားဖူးမှာပေါ့
နော်...၊ဟုတ်တယ်မနှင်းဆီရဲ့....၊ကျွန်တော်တို့မှာ မိတ်ဆွေသူငယ်ချင်းများများရှိတာ သိပ်ကို ဝမ်းသာစရာ
ပါ....။ရှိနေတဲ့သူငယ်ချင်းတွေအပေါ်မှာလည်း ခိုင်မာတဲ့ သူငယ်ချင်းကောင်းဆက်ဆံရေးလည်း ရှိသင့်တယ်
မနှင်းဆီရဲ့...၊
ဆိုတော့ မနှင်းဆီက မေးချင်မပေါ့....သူငယ်ချင်းတွေအကြားမှာ ဘယ်တွေရှိသင့်သလဲ...၊ဘာတွေလိုအပ်
သလဲ....လို့ပေါ့...၊သူငယ်ချင်းဆိုတာ တစ်ဦးနဲ့တစ်ဦး လူမျိုး၊ဘာသာ၊အယူဝါဒတွေ တူစရာမလိုဘူးမနှင်းဆီ၊
ဓလေ့အကျင့်စရိုက်တွေလည်း ကွဲပြားကောင်းကွဲပြားနေလိမ့်မယ်...၊အချိန်တိုင်းမှာလည်း တစ်ဦးနဲ့တစ်ဦး
နားလည်မှုပေးချင်မှပေးနိုင်ပေလိမ့်မယ်....၊ဒါပေမယ့် ဒါတွေက ကိစ္စမရှိဘူးမနှင်းဆီရဲ့...၊ရွှေပြည်ကြီးက
ဘဘကြီးတစ်ဦးပြောတဲ့စကားတစ်ခွန်းကို ကိုးကားပြောရရင်....သူငယ်ချင်းဆိုတာ မတူတာတွေကိုဘေး
ဖယ်ထားပြီး တူတာတွေကိုအတူပူးပေါင်းလုပ်ကြသူတွေပါပဲ....။
မနှင်းဆီရေ....ပြောခဲ့သလိုပါပဲ....သူငယ်ချင်းဆိုတဲ့အကြား ထွေထွေပြားပြားတော့ ဘာမှမလိုအပ်လှပါဘူး။
တစ်ဦး အခက်အခဲဖြစ်နေချိန်မှာလည်း တစ်ခြားတစ်ဦးက နှုတ်၏စောင်မခြင်းမျိုးလောက်နဲ့ပဲ ကူညီကောင်း
ကူညီနိုင်ပါလိမ့်မယ်...၊သူ့မှာလည်း သူ့အခက်အခဲနဲ့သူရှိပေလိမ့်မပေါ့ မနှင်းဆီ...၊ဒါပေမယ့်မနှင်းဆီရေ...
အဲ့ဒီလို "သူငယ်ချင်းရေ....အဆင်ပြေရဲ့လားဟ...." ဆိုတဲ့စကားလေးတစ်ခွန်းကလည်း ကိုယ်တွေအဖို့
တော့ အားပဲ မနှင်းဆီရဲ့...။
သူငယ်ချင်းတွေကြား ဘာမှမလိုအပ်ဘူးဆိုပေတဲ့ မရှိမဖြစ်လိုအပ်တဲ့အရာ၊ထားရှိစောင့်ထိန်းရမယ့် အရာ
တစ်ခုတော့ရှိတယ်မနှင်းဆီရဲ့....၊အဲ့ဒါကတော့ ' သစ္စာတရား ' ပဲ မနှင်းဆီ....။ဟုတ်တယ်မနှင်းဆီရေ....
သူငယ်ချင်းဆိုတာ အရေးအကြောင်းဆို ရင်ခြင်းအပ်၊ကျောခြင်းကပ်ဖို့သာဖြစ်တယ် မနှင်းဆီ...၊ဓားထက်
ထက်နဲ့ထိုးစိုက်ရမယ့် နောက်ကျောတစ်ခုတော့မဟုတ်ဘူးကွယ့်...၊တစ်ယောက်ကိုတစ်ယောက် ဖေးမ၊
လက်တွဲ၊ကူညီကြဖို့သာဖြစ်တယ်၊ကိုယ်နင်းတက်ဖို့ ခုတုံး တစ်ခုမဟုတ်ဘူးကွယ့်.....။
အမြင်၊အယူ၊ဝါဒတွေမတူလို့ သူငယ်ချင်းအချင်းချင်း မျက်နှာချင်းဆိုင်၊ဓားချင်းယှဉ်ခုတ်ရတာမျိုး ရှိကောင်း
ရှိလာနိုင်မယ်...၊ဒါပေမယ့် မကောက်ကျစ်ကြကြေးပေါ့မနှင်းဆီ...။သူငယ်ချင်းတွေကြားမှာ ဆက်နွယ်နေတဲ့
ကြိုးတစ်ချောင်းရှိမယ်ဆိုရင် အဲ့ဒီကြိုးလေးက သစ္စာတရားပဲမနှင်းဆီ....။ကျွန်တော်တို့ သူငယ်ချင်းကောင်း
တစ်ယောက်ကို လက်မလွတ်ချင်ဘူးဆိုရင် သူ့ကို အဲဒီကြိုးလေးနဲ့ ချည်နှောင်ထားဖို့မမေ့ပါနဲ့ မနှင်းဆီ...၊
တစ်ဦှးနှလုံးသားနဲ့ တစ်ဦးနှလုံးသားကြား ဒီကြိုးလေးနဲ့သာ ချည်နှောင်မထားဘူးဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေကို လက်လွတ်သွားရလိမ့်မပေါ့ မနှင်းဆီရယ်....။ဆရာမဂျူး ကရေးဖူးတယ်....အချစ်ဆို
တာ ကြိုးသီဖို့မလိုတဲ့ ပန်းလေးတွေတဲ့...၊ဒါဖြင့်ရင် သူငယ်ချင်းဆိုတာ ကြိုးသီဖို့လိုတဲ့ ပန်းလေးတွေလို့
ကျွန်တော်တင်စားလိုက်ချင်တယ်မနှင်းဆီ...၊ဟုတ်တယ်....၊ကျွန်တော်တို့သူငယ်ချင်းတွေအကြား သစ္စာ
ကြိုးလေးတစ်ချောင်းနဲ့တော့ သီထားဖို့လိုလိမ့်မယ်မနှင်းဆီရဲ့...။
ဘဝကတိုတောင်းလှပါတယ်လေ...၊ဘဝတိုတိုလေးမှာ ရပ်တည်စရာ နေရာတစ်ခုမှာ ယိုင်နဲ့နဲ့လေး ရပ်
တည်နေနိုင်ဖို့ ကျွန်တော်တို့မနဲ ကြိုးစားနေရတယ်မနှင်းဆီ...၊ကျွန်တော်တို့ မှီခိုကပ်ရပ်နေရတဲ့ ကမ္ဘာကြီး
ကိုယ်တိုင်ကလည်း ကျမ်းမာရေးမကောင်းလှတာမို့ ကျွန်တော်တို့မှာ ကပ်ကြီးတွေကိုလည်း ရင်ဆိုင်နေရပါ
သေးတယ်...၊အရိုင်းဆန်လှတဲ့ကမ္ဘာ၊ကြမ်းတမ်းလှတဲ့ လောကကြီးထဲမှာ ကျွန်တော်တို့ တတ်နိုင်သရွေ့
ရင်ခြင်းအပ်ကြပါစို့၊ကျောခြင်းကပ်ကြပါစို့၊တစ်ဦးနှင့်တစ်ဦးကြား သစ္စာတရားဆိုတဲ့ ကြိုးကလေးတစ်ချောင်း
နဲ့ ခိုင်ခိုင်မြဲမြဲ ချည်နှောင်ထားကြပါစို့လား မနှင်းဆီ....။
(ဤပို့စ်သည် မနှင်းဆီကိုသာရည်ရွယ်ပါသည်...၊သို့ဆိုသော် မနှင်းဆီဘယ်သူလည်း ဟုမေးရန်ရှိလာပါ
သည်...၊ရှင်းအံ...၊တစ်ခါသော် သူငယ်ချင်းတစ်ဦးသည် သူ့ဘလော့လေး၌ မနှင်းဆီသို့ ဟူသော ကဗျာ
များကိုရေးဖွဲ့လေ၏။သူ အဘယ်သူကို ရည်ညွှန်းလေသနည်း၊မသိပါ၊မေးလည်းမမေးမိပါ၊သူ့ရင်ထဲမှ ထွက်
ကျလာသော အဖွဲ့သီးသန့်လည်းဖြစ်ပါလိမ့်မည်...၊သို့သော် ကျွန်တော်တို့ထံသို့လည်း မနှင်းဆီဓာတ်ကူး
ဆက်သွားပြီးသကာလ ကျွန်တော်တို့လည်း မနှင်းဆီကို တိုင်တည်သောစာတို၊ကဗျာတိုလေးများကို ရေးဖွဲ့
ကြသောဟူလို....၊ကျွန်တော်တိုင်တည်သော မနှင်းဆီဟူသည် တစ်ခါကရေးဖွဲ့ဖူးသော ဟန်နီ ကဲ့သို့ လူ
ကိုယ်တိုင် ထင်ရှားစွာရှိသော အရာတစ်ခုမဟုတ်ပါချေ၊ သင်္ကေတ တစ်ခုသာဖြစ်ပါသည်...၊ထို သင်္ကေတ
သည် " သူငယ်ချင်း " ဟူ၍တည်း......၊)

တူမလေး အိန်ဂျယ်ဆပ်ပြာရဲ့ ဖေ့ဘွတ်က မ လာတဲ့ပုံလေးပဲ မနှင်းဆီ...
သည်...၊ရှင်းအံ...၊တစ်ခါသော် သူငယ်ချင်းတစ်ဦးသည် သူ့ဘလော့လေး၌ မနှင်းဆီသို့ ဟူသော ကဗျာ
များကိုရေးဖွဲ့လေ၏။သူ အဘယ်သူကို ရည်ညွှန်းလေသနည်း၊မသိပါ၊မေးလည်းမမေးမိပါ၊သူ့ရင်ထဲမှ ထွက်
ကျလာသော အဖွဲ့သီးသန့်လည်းဖြစ်ပါလိမ့်မည်...၊သို့သော် ကျွန်တော်တို့ထံသို့လည်း မနှင်းဆီဓာတ်ကူး
ဆက်သွားပြီးသကာလ ကျွန်တော်တို့လည်း မနှင်းဆီကို တိုင်တည်သောစာတို၊ကဗျာတိုလေးများကို ရေးဖွဲ့
ကြသောဟူလို....၊ကျွန်တော်တိုင်တည်သော မနှင်းဆီဟူသည် တစ်ခါကရေးဖွဲ့ဖူးသော ဟန်နီ ကဲ့သို့ လူ
ကိုယ်တိုင် ထင်ရှားစွာရှိသော အရာတစ်ခုမဟုတ်ပါချေ၊ သင်္ကေတ တစ်ခုသာဖြစ်ပါသည်...၊ထို သင်္ကေတ
သည် " သူငယ်ချင်း " ဟူ၍တည်း......၊)
Wednesday, November 2, 2011
ကျွန်တော် ဒီလတစ်လလုံး မအားသည့်အကြောင်း မနှင်းဆီသိစေလိုပါသည်
မနေ့က ညနေငါးနာရီဒေါင်ကနဲ ထိုးတာနဲ့ ကျွန်တော်အခန်းထဲပြန်ရောက်နေပြီမနှင်းဆီ။ပြန်ရောက်ရောက်
ခြင်းဘာလုပ်သလဲ...ဟုတ်လား...၊မေးစရာလိုသေးလို့လားမနှင်းဆီရယ်...၊ရေမချိုး၊အဝတ်အစားမလဲ၊ထမင်း
မစား၊ဘာမှမသောက်ပဲ ကွန်ပြူတာလေးချောက်ကနဲဖွင့်လို့ ကိုယ့်ဘလော့နဲ့ ကိုယ်ဖေ့ဘွတ်ထဲမျက်နှာအပ်
သပေါ့....။ဟိုဟိုဒီဒီဝင်ဖတ်၊တောင်တောင်အီအီဝင်မန့်နဲ့ ခြောက်နာရီခွဲသွားပါရောလားမနှင်းဆီရယ်.......။
နာရီကိုဖျက်ကနဲအကြည့်ရောက်မှဂျူရောင်းဘက်သွားစရာရှိတာသတိရတယ်...။ဒါနဲ့ကပျာကယာ ရေမိုးချိုး
ပြီး အပြေးအလွားထွက်ရတယ်၊၇နာရီထိုးရင်ကိုယ်တွေဘက်ကဘတ်စ်မရှိတော့ဘူးမနှင်းဆီရဲ့၊ကိုယ်တွေနေ
တဲ့နေရာကရှင်ကျားပူမြို့ပြရဲ့တောမြိုင်စွန်းကိုး....။ဘာကိစ္စသွားတာလဲလို့မမေးတော့ဘူးလားမနှင်းဆီ.....။
ငွေရေးကြေးရေးကိစ္စလေ....၊ငွေရေးကြေးရေးကိစ္စဆိုလို့ အခြားတော့ဟုတ်ပါဘူး..၊ဒီလအတွက် ရတဲ့ ကျွန်တော့် လစာ ချက်လက်မှတ်ကလေးကို ချက်ဒီပို့စစ်သွားလုပ်တာပါ.....။ပြီး ကျွန်တော် အိပ်ရှုံလေးနဲ့စု
ထားတဲ့အကြွေလေးတွေလည်းအများကြီး ဖြစ်နေပြီလေ...၊အဲ့အကြွေလေးတွေကိုလည်း ကွိုင်ဒီပို့စစ် သွားလုပ်ရသေးတယ်....မနှင်းဆီရဲ့...။
အကြွေတွေစုတာကဘာရယ်မဟုတ်ပါဘူးမနှင်းဆီရယ်....၊မနှင်းဆီထင်သလိုမိန်းမယူဖို့လည်းမဟုတ်ပါဘူး၊
တခြားဘာရည်ရွယ်ချက်မှလည်းမရှိပါဘူး..၊တစ်ခုခုဝယ်လို့ပိုငွေပြန်အမ်းတဲ့အထဲကပါလာတဲ့ ငွေအကြွေလေး
တွေကို ပြန်မသုံးဖြစ်တဲ့အခါ အိပ်ကလေးထဲ ထည့်ထားလိုက်ရော....၊ဟောများလာတော့ ခုလို ကွိုင်ဒီပို့စစ်
သွားလုပ်လိုက်ရော...၊အဲ့လိုဒီပိုစစ်လုပ်တဲ့အခါမှာ ငွေအကြွေတွေ စက်ထဲကျတဲ့တချွင်ချွင်အသံလေးတွေနဲ့
အတူ စက်ဖန်သားပြင်ပေါ်မှာ ငွေအရေအတွက် ဘယ်ရွေ့ဘယ်မျှဆိုပြီး တဖျက်ဖျက်နဲ့ တက်လာတာကို
ကြည့်ရတာပျော်ဖို့ကောင်းတယ်မနှင်းဆီရဲ့.....။
ပြီးတော့ ကျွန်တော် ဖုံးဘေလ်ဆောင်ဖို့ ဆဲဗင်းအလဲဗင်းကိုလိုက်ရှာတယ် မနှင်းဆီ...၊နာရီဝက်လောက် ရှာ
ယူရတယ် မနှင်းဆီရယ်....၊လတိုင်း ဒီဆိုင်မှာ ဆောင်နေကြ၊လတိုင်းလည်း ဆိုင်ပျောက်နေလို့ ငါးပတ်
လောက် ပတ်ရှာနေကြပဲမနှင်းဆီရဲ့.....။အဲ့ဆိုင်မှာ အမြဲတွေ့ရတာက မြန်မာလေးတွေပဲ မနှင်းဆီ...၊
ကျောင်းတစ်ဖက်နဲ့ဝင်လုပ်နေကြတယ်ထင်တယ်...၊ဂုဏ်ယူစရာပါပဲမနှင်းဆီ....။အဲ့ဆိုင်လိုက်ရှာရင်းနဲ့ ပစ္စည်းအဟောင်းတွေ ရောင်းတဲ့ဆိုင်တောင်ဝင်ကြည့်လိုက်သေး...၊အဟောင်းပေမယ့်ကောင်းနေဆဲလေး
တွေပေါ့...၊ဘာမှတော့ဝယ်ခဲ့ပါဘူး...၊အဲ...ဆိုင်ဝမှာ ကြမ်းပြင်ပေါ်ချထားတဲ့ ဒို့မြန်မာလက်ရာလို့ထင်ရတဲ့
ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုဖူးတွေ့ရတယ်...၊ကြမ်းပြင်မှာဒီတိုင်ကြီးဖူးတွေ့ရတော့ ဝမ်းနည်းရတယ် မနှင်းဆီ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း မမြဲခြင်းတရားကြားမှာ ခြတွေစားထားတာခံရတဲ့အပြင်၊သင်္ကန်းတော်
လည်း ဆေးရောင်တွေမှိန်လို့......။
နောက်ဆုံးတော့ ဆိုင်ရှာတွေ့...၊ဘေလ်ဆောင်..၊ပြီး အန်တီလူစည် ဆိုင်ဝင်တယ်မနှင်းဆီ...၊ထုံးစံအတိုင်း
ဆိုပါတော့ မနှင်းဆီရယ်....၊ဝက်သား၊မုန်းတဲ့ကြက်ဥ၊အသီးအနှံလေးနဲနဲ ဒါပါပဲ..၊ခေါက်ဆွဲခြောက်ဝယ်တော့
ပြီးခဲ့တဲ့ တနင်္ဂနွေက အန်တီတင့်ဆီသွားစားခဲ့ရတဲ့ ခေါက်ဆွဲသုတ်လေးကိုတောင်သတိရသေး..၊သိပ်စားလို့
ကောင်းတယ် မနှင်းဆီရဲ့..၊ပြီး အန်တီတင့်ကလည်း သဘောကောင်းလိုက်တာ...၊ပညာ၊ငွေ၊ဂုဏ်၊အသိုင်း
အဝိုင်း အစစပြီးပြည့်စုံနေသူတစ်ယောက်က ဘာပကာသနမှမရှိ၊ပွင့်လင်းရိုးသားဖြူစင်စွာဆက်ဆံတာကို
မြင်ရတော့ ကြည်နူးရတယ်...၊ချစ်ခင်ရတယ် မနှင်းဆီ...။
ပြောရဦးမယ် မနှင်းဆီ....အဲ့ဒီနေ့ကအကြောင်းတွေကိုပေါ့....၊အန်တီ့အိမ်ကအပြန် ကျွန်တော် သူငယ်ချင်း
တွေနဲ့ ဝိုင်းဖွဲ့ဖြစ်တယ်...၊ဘီဘီဝိုင်းပေါ့မနှင်းဆီရယ်...၊ဘယ်သူတွေနဲ့လဲဆိုတော့ ဆင်တဲဝိုင်းသားတွေပေါ့။
သိပ်ခင်ဖို့ကောင်းတဲ့သူတွေပဲမနှင်းဆီ...၊ကျွန်တော်စကားလေးတစ်ခုကြားဖူးတယ်မနှင်းဆီ....။မိန်းမတွေက
သူတို့ခင်တဲ့သူတွေနဲ့ဆို မြှောက်ပင့်ပြောကြပြီး၊ယောင်္ကျားတွေကတော့ အချင်းချင်း မနာ နာအောင်ပြောကြ
သတဲ့။ဟုတ်တယ်မနှင်းဆီ..၊ကျွန်တော်နဲ့သူငယ်ချင်းတွေလည်းဒီလိုပဲ...၊တစ်ယောက်ကိုတစ်ယောက် ဆော်
ဖို့၊သမဖို့၊တီးဖို့လောက်ပဲချောင်းနေတာကလား...၊ဒီလောက်ပြောလည်း နာတယ်မရှိပါဘူးမနှင်းဆီရယ်....၊
ကြောင်ရိုက်မနာတွေကိုဖြစ်လို့....။ခုဆင်တဲသားတွေလည်း အဲ့လိုပဲမနှင်းဆီရဲ့....၊စုစုရုံးရုံး၊ညီညီညွှတ်ညွှတ်
နဲ့ ပျော်စရာသိပ်ကောင်း...၊ပြောရရင်တော့ မနှင်းဆီရယ်....အဲ့သည်တနင်္ဂနွေလေးက တကယ့်ကိုပျော်စရာ
တနင်္ဂနွေလေးပါပဲ...။
ညပြန်ရောက်လို့ ထုံးစံအတိုင်း အွန်လိုင်းပေါ်ရောက်မှပဲ စိတ်လေစရာနဲ့တန်းတိုးရောမနှင်းဆီ...၊
တစ်ခါတစ်ခါ ကျွန်တော်လူတွေကိုနားမလည်နိုင်ဘူးဗျာ...၊ခုလည်း ဘာကြောင့်ဘယ်လိုဆိုတာ နားမလည်
နိုင်ဘူး..၊ဒီတော့ ကျွန်တော့်မှာလုပ်စရာတစ်ခုပဲရှိတော့တယ်လေ....၊ကျွန်တော် အဲ့ကထွက်လိုက်တာပေါ့..။
အားနာပါတယ်....အဲ့သည်မှာကိုယ်ချစ်ခင်လေးစားရသူတွေရှိပါတယ်...၊ဒါပေမယ့် ကိုယ်ကလည်း ဟင် ဆို
လှည့်မကြည့်ချင်တော့ဘူးရယ်...၊အသံလည်းမကြားချင်၊ရုပ်လည်းမမြင်ချင်..၊ဒီတော့ မမုန်းခင်လမ်းခွဲတာ
အကောင်းဆုံးထင်ပါရဲ့ မနှင်းဆီရယ်...။
ကဲထားပါတော့မနှင်းဆီ...၊ခုတော့ ၁.၁၁.၁၁ ကိုကျော်ဖြတ်ခဲ့ပြီပေါ့...၊ဘာထူးခြားသလဲ ဆိုတော့ ဘာမှထူး
ခြားတယ်မဟုတ်ပါဘူးမနှင်းဆီရယ်...၊ကျွန်တော် ဒီတစ်လလုံး အလုပ်တွေရှုပ်မယ်လေ...၊တနင်္ဂနွေနေ့တိုင်း
အလုပ်ရှိတယ်မနှင်းဆီရဲ့...၊တချို့ရက်တွေမှာလည်း ညလုံးပေါက် လုပ်ရမှာတွေရှိတယ်...၊သူ့ဆန်စား
တော့ ရဲ ရတာပေါ့ မနှင်းဆီရာ....၊ကိုယ်တွေက ရှင်ကျားပူက လက်လုပ်လက်စားတွေကိုး....နော့.........။
စိတ်လေစရာတစ်ခုကတော့ ကျွန်တော်ဒီလထဲ မလေးမြေကို မသွားရတော့ဘူးဗျာ...၊နောက်လကို ရွေ့
လိုက်ရတယ်....။
ဒီဇင်ဘာမှာ မလေး၊ဇန်နဝါရီမှာ ကမ္ဘောဒီးယား၊ဖေဖော်ဝါရီမှာ ထိုင်း နဲ့ မြန်မာပြည်ကိုပြန်မယ် မနှင်းဆီ....၊
သေချာလားလို့မမေးပါနဲ့ စိတ်ကူးပဲရှိပါသေးတယ်...၊ကျွန်တော့်စိတ်ကူးတွေအကောင်အထည်ပေါ်လာဖို့
ဆုတောင်းပေးပါမနှင်းဆီ......။ဒါပါပဲ.....။

Wednesday, October 26, 2011
အလွမ်း မိုး
ကြည့်ပါဦး.....ဟောဒီမှာ...သည်းသည်းမဲမဲ.....
သူရွာချနေပုံက မစဲမယ့် အတိုင်း....
အလွမ်းတွေ တဖွဲဖွဲ နဲ့ပေါ့......
မိုး....ရေ.....။
တွေ့ဆုံ ကြုံ ကွဲ ခြင်းတွေက
ဓာတ်ပြားကြီး အက်ကြောင်းထပ်သလို
ဒဏ်ရာပြီး ဒဏ်ရာ ဆက်နေ...
နင်နေလို့ ငါသွား.....
ငါနေလို့ နင်သွားရော့လေသလား.....
ဟောဒီ ရထားက မရပ်တန့်တော့ဘူးတဲ့လား မိုး ရဲ့....။
တစ်ဘဝစာကို အချိုး ချကြည့်တော့...အချစ်နဲ့အလွမ်းတွေက တစ်:အင်ဖန်နတီ.....
ကဲ.....ဒီမိုး ဒီလေ ဒီအလွမ်းတွေ နဲ့ ငါဘယ်လို အသက်ဆက်ရမလဲကွယ့်.....
တစ်လှမ်းခြင်းတက်တဲ့ လှေကားထစ်တွေလို ငါ တစ်စက္ကန့်ခြင်း လွမ်း....
ဒီလမ်းမှာ အလွမ်းတွေ ခြေရာခြင်းထပ်ခဲ့ပေါ့.....မိုး......။
ကိုယ် နဲ့ စိတ်မှာ နာကျင်ရတိုင်း အလွမ်းတွေက မိုးလို အုံမှိုင်း.....
ကဲ...ရွာချင်တိုင်းသာ ရွာလိုက်ပါတော့ မိုးရေ......
တသက်တာလုံး မစဲစတမ်း....ရင်တစ်ခွင်လုံး လွမ်းချင်တိုင်းလွမ်းမိတဲ့နောက်.......
ဟောဒီ အလွမ်းမိုးထဲ ငါ့စိတ်တစ်ခုလုံး ရေစုန်မျောလိုက်ပြီ...မိုး.....။

အလွမ်းမိုး.................
မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ.........အုံ့မှိုင်းဆဲပေါ့ ငါ့ရင်မှာ........
Sunday, October 16, 2011
ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များ........

" ဦးယေး....မေကြီးက လက်ဖက်ရည်တစ်ခွက် မလိုင်များများနဲ့.....တဲ့...."
သူ ပိုက်ဆံတစ်မတ်နှင့်ဒန်ချိုင့်လေးကို သူ့အရပ်ထက်မြင့်သည့် လက်ဖက်ရည်ဆိုင်ကောင်တာပေါ်ကို မမှီမကမ်း
လှမ်းတင်လိုက်ချိန်တွင်သူဒုတိယတန်းတတ်နေပြီဖြစ်သည်။ထိုစဉ်ကအမေ၊အဖေကဘာဝယ်ခိုင်း၊ဝယ်ခိုင်း၊ဝယ်ခိုင်း
သူနာမည်ကိုထည့်ပြောလေ့ရှိသည်။ဘာကြောင့်ဆိုတာ ထိုစဉ်ကလည်းမသိ၊ခုထိလည်းမသိပါ.....။ သူသိသည်မှာ
မနက်တိုင်းမေမေ့ အတွက် လက်ဖက်ရည်ဝယ်ပေးရမည့်တာဝန်သည်သူ့တာဝန်ဖြစ်သည်ဟူ၍သာ....။
သူ လက်ဖက်ရည်ချိုင့်လေးဆွဲပြီး ပြန်လာချိန်တွင် ထမင်းစားစာပွဲပေါ်တွင် ကြွေရည်သုတ်မတ်ခွက်ကြီးတစ်ခွက်၊
ခွက်ခပ်သေးသေးတစ်ခွက် နှင့်အတူ မေမေက အဆင်သင့်စောင့်ကြိုလျက်...။သူတို့မိသားစုတွင် ဖေဖေနှင့်အစ်မ
က လက်ဖက်ရည်မကြိုက်၊မသောက်ကြပါ။ထိုကြောင့် သူဝယ်လာသောလက္ဘက်ရည်တစ်ခွက်သည်သူနှင့် မေမေ
တို့နှစ်ယောက်အတွက်ကောင်းစွာလုံလောက်ပါသည်...။နံနက်ခင်းတိုင်းတွင် သူတို့သားအမိနှစ်ဦး ထမင်းစားပွဲ တွင်မျက်နှာချင်းဆိုင် ထိုင်၍ လက်ဖက်ရည်သောက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာပါ.....။
သူ ခုနှစ်တန်းတက်ချိန်တွင် သူတက်ရသောအထက်တန်းကျောင်းသည် နှစ်ချိန်ကျောင်းအဖြစ် ပြောင်းလဲခဲ့ပါ
သည်။ငါးတန်း၊ခြောက်တန်း နှင့် ခုနှစ်တန်းများက မနက်ပိုင်းအချိန်တက်ရသည်။မနက်ခုနှစ်နာရီမှ နေ့လည်
ဆယ့်နှစ်နာရီအထိဖြစ်သည်။ထိုစဉ်က သူသည် သူ့အတန်းတွင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရသည်။
သူ့အသင်းတာဝန်ကျသော ရက်သတ္တပတ်များတွင် သူနှင့်သူ့သူငယ်ချင်းတစ်ဦးတို့ နှစ်ယောက်သား ကျောင်း
သို့စောစောလာကာ အခန်းတွင်းသန့်ရှင်းရေးလုပ်ခြင်း၊သောက်ရေခပ်ခြင်းများကို လုပ်ဆောင်ရလေ့ရှိသည်။
ထိုသို့မနက်စောစောထလာရတိုင်း သူတို့နှစ်ဦးစလုံး အိမ်မှ တစ်စုံတစ်ရာ စားသောက်လာရခြင်းမရှိခဲ့ပါ။
သို့အတွက် သူတို့နှစ်ဦး မနက်ခင်းတိုင်းတွင် ကျောင်းနားက လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်နှင့်
နံပြားတစ်ချပ်ကို အမြဲလိုလိုဝယ်စားဖြစ်ခဲ့မြဲသာ...။ထိုစဉ်က သူတို့မုန့်ဖိုးသည် တစ်ဦးမှ တစ်ကျပ်သာရခဲ့သည်။
လက်ဖက်ရည်တစ်ခွက်လျှင် တစ်ကျပ်၊ပဲပြုတ်နံပြားတစ်ပွဲလျှင် တစ်ကျပ် ဖြစ်လေရာ သူတို့နှစ်ဦးပေါင်းမှ
လက်ဖက်ရည်တစ်ခွက်နှင့်ပဲပြုတ်နံပြားတစ်ပွဲသာ ဝယ်စားနိုင်ခဲ့သည်။နံပြားတစ်ပွဲ ကို နှစ်ဦးမျှစားနိုင်သော်လည်း
လက်ဖက်ရည်တစ်ခွက်ကို နှစ်ဦးမျှသောက်ရန်အတွက်မူ အခက်အခဲရှိနေခဲ့သည်။ သို့သော် သူတို့သူငယ်ချင်း
နှစ်ဦး ထိုပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့သည်။
ကျောက်ပတောင်းဟုခေါ်သည့် လက်ဖက်ရည်ချိုပျစ် တစ်ခွက်မှာပြီးလျှင် ဆိုင်မှ နောက်ထပ်ခွက်အလွတ်တစ်လုံး
တောင်းယူလိုက်သည်။ထို့နောက် ခွက်နှစ်ခွက်အတွင်း လက်ဖက်ရည်ကိုအညီအမျှခွဲထည့်ပြီးနောက်ရေနွေးကြမ်း
အနည်းငယ်ရောထည့်လိုက်သောအခါ နှစ်ဦးစလုံးအတွက် ကောင်းစွာလုံလောက်သွားခဲ့တော့သည်....။ဤသို့
လျှင် ရက်သတ္တပတ်များစွာ သူတို့သူငယ်ချင်းနှစ်ဦး လက်ဖက်ရည်တစ်ခွက်ကို အတူတစ်ကွသောက်ခဲ့ကြသည်။
သူ ရှစ်တန်းနှစ်ရောက်ချိန်တွင် စာသင်ချိန်သည် ညနေပိုင်းသို့ပြောင်းသွားခဲ့သည်။ သူ့သူငယ်ချင်းသည်လည်း
သူ၏ ဖခင်အလုပ်ပြောင်းရွေ့ရာ မြှို့တစ်မြို့သို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။သူတို့သူငယ်ချင်းနှစ်ဦး၏ မနက်စော
စော လက်ဖက်ရည်ဝိုင်းလေးသည်လည်း နိဌိတံသွားခဲ့ရသည်။
၁၉၉၆ခုနှစ်တွင် သူရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ရုက္ခဗေဒအထူးပြုဖြင့် ဒုတိယစာသင်နှစ်ကို တက်
ရောက်နေပြီဖြစ်သည်။ထိုစဉ်က တက္ကသိုလ်များလှိုင်နယ်မြေသည်လည်း နှစ်ချိန်ကျောင်းသာဖြစ်သည်။သူတက်
ရသည်က နေ့လည်ပိုင်းအချိန်...၊သူစီးနင်းလိုက်ပါလာသောကျောင်းကားသည် လှိုင်နယ်မြေအတွင်း ကျောင်း
သားများကို ချပေးပြီးသည်နှင့် ခရီးသည်လိုင်းကားအဖြစ်ပြန်လည်ပြေးဆွဲရန် လှည်းတန်းလမ်းဆုံသို့ပြန်လည်
ထွက်ခွာစမြဲ...၊သူသည်လည်း ကျောင်းသို့ရောက်သည့်တိုင် ကားပေါ်မှမဆင်းပဲ ထိုကားနှင့်ပင် လှည်းတန်းလမ်း
ဆုံသို့ လိုက်ပါတတ်စမြဲ...၊
ထိုစဉ်က လှည်းတန်းလမ်းဆုံတွင် ပန်းအိ ဆိုသော လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တည်ရှိခဲ့သည်။ထိုလက်ဖက်
ရည်ဆိုင်လေးသည် သူတို့သူငယ်ချင်းတစ်စု စတည်းချရာ ဘူမိနက်သန်နေရာတစ်ခုပင်။ အင်းစိန်မှဘောလုံးကန်
ကောင်းသည့် မောင်မောင်ဦးဟု နောက်ပြောင်ခေါ်သည့် သူငယ်ချင်းတစ်ဦး၊ ရန်ကုန်မြစ်တစ်ဘက်ကမ်းမှ
ကျောင်းလာတတ်ရသည့် သာအေးဟု နာမည်ပြောင်ပေးထားသည့်တစ်ယောက်၊ဆယ်မိုင်ကုန်းမှ ဟိုတယ်
အလုပ်တစ်ဘက်ဖြင့်ကျောင်းတတ်နေသည့် တိုးကြီး၊လှည်းတန်းတွင် အဆောင်ငှားနေသည့် ကျောက်ကြီးသား၊
နောက်...ကျွန်တော်...။
ကျွန်တော်တို့ငါးယောက်သား ထိုဆိုင်လေးတွင် လက်ဖက်ရည်တစ်ယောက်တစ်ခွက်မှာသောက်ရင်း ကျွန်တော်
တို့ စိတ်ဝင်တစားရှိရာ အကြောင်းအရာတစ်ရပ်ကို တီးတိုးပြောနေလေ့ရှိခဲ့သည်။တစ်ဦးရထားသည့် စာရွက်
စာတန်းလေးများကို တိုးတိုးတိတ်တိတ်လက်ဆင့်ကမ်းဖတ်ရှုခဲ့ကြသည်...။ကျွန်တော်တို့နောင်တော်ကျောင်း
သားကြီးများ၏ပြောစကားများကို ဆွေးနွေးခဲ့ကြသည်...။
ဆောင်းကုန်ကာစ တစ်ရက်သောနေ့လည်ခင်းတွင် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ထိုလက်ဖက်ရည်ဆိုင်
လေးတွင်ထိုင်ရင်း လှည်းတန်းလမ်းဆုံတစ်ဝိုက်မှ အခြေအနေတစ်ရပ်ကိုစောင့်ကြည့်နေခဲ့သည်။ငယ်ရွယ်
တတ်ကြွသော ကျောင်းသားများ လမ်းဆုံတွင် စုရုံးမိသည်ထက်စုရုံးမိလာသောအချိန်တွင် ကျွန်တော်တို့ ထိုင်
မနိုင်ကြတော့ပါ...၊သောက်လက်စလက်ဖက်ရည်ကို လတ်စသတ်ပြီး ကျွန်တော်တို့နောင်တော်များနှင့်အတူ
အရေးအခင်းတစ်ရပ်တွင် စီးမျောပါဝင်သွားခဲ့ကြတော့သည်...။ကျွန်တော်တို့ဆိုင်မှထွက်ခွားပြီးသည်နှင့်
တစ်ပြိုင်နက် ပန်းအိလက်ဖက်ရည်ဆိုင်လေးသည် သူ၏သံဘာဂျာတံခါးကို ဝုန်းကနဲဆွဲပိတ်လိုက်ပါတော့သည်။
ထိုနေ့ည တစ်ညလုံး ကျွန်တော်တို့ စည်းလုံးခဲ့သည်၊စုရုံးခဲ့သည်၊ကျွန်တော်တို့အခွင့်အရေးများကို ချပြခဲ့ကြသည်။
နောက်တစ်နေ့မနက် လင်းအားကြီးတွင် ကျွန်တော့်အား လိုက်ရှာနေသော အစ်ကိုဝမ်းကွဲနှင့် ပက်ပင်းတွေ့ပါ
တော့သည်။ မင်းမေမေ သွေးတိုးနေတယ်...၊အားလုံးစိတ်ပူအောင်မလုပ်ပါနဲ့ကွာ...လာလာလိုက်ခဲ့ဟု ခေါ်ငင်
ခဲ့သော အစ်ကိုဝမ်းကွဲ ဆွဲခေါ်ရာလိုက်ပါသွားရင်း ကျွန်တော်.... ကျွန်တော့်ရဲဘော်ရဲဘက်များဖက်သို့ အားနာ၊
စိတ်မကောင်းစွာလှည့်ကြည့်လိုက်မိသည်။သူတို့ကတော့ ကျွန်တော့်ကို နားလည်ပေးသော နှုတ်ဆက်ပြုံးဖြင့်
တုံပြန်ရှာပါသည်။ကျွန်တော့်စိတ်ထဲတွင်မတော့ သစ္စာမဖောက်ခဲ့သည်တိုင် သစ္စာပျက်ခဲ့သူတစ်ဦး၏ ကြေကွဲ
ခြင်းများစွာဖြင့်....။
ထိုစဉ်က ကျွန်တော်တို့ စိတ်တူသူရဲဘော်ရဲဘက်တစ်စုတို့ ပန်းအိဆိုင်လေးတွေ သောက်ခဲ့သောလက်ဖက်ရည်
သည် ကျွန်တော်တို့အပြီးတိုင်ခွဲခွာခြင်းအထိမ်းအမှတ် လက္ဘက်ရည်များဖြစ်လိမ့်မည်ဟု မည်သူမျှထင်မှတ်မထား
ခဲ့ကြပါ။ ကျွန်တော့်ရဲဘော်သူငယ်ချင်းများ ထိုစဉ်က ဘာတွေဆက်လုပ်ခဲ့ကြ (သို့) ဘာတွေဖြစ်ခဲ့ကြသည်ကို
ကျွန်တော်မသိရတော့ပါ။ကျွန်တော်ကိုယ်တိုင် တင်းကြပ်သောလုံခြုံရေးများရှိသည့် စခန်းတစ်ခုအတွင်း သုံးရက်
ကြာစစ်မေးခြင်းခံခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မှတွေ့ခွင့်မရခဲ့ပါ။ယခုချိန်တွင် သူတို့ဘယ်ဆီ
ရောက်နေကြသည်ကိုလည်း ကျွန်တော်မသိတော့ပါ။
နောက်နှစ်အနည်းငယ်ကြာသော် ကျွန်တော် အစိုးရရုံးစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။
ကျွန်တော့်တွင် သိပ်ချစ်ရသော ချစ်သူတစ်ဦးလည်း ရှိနေခဲ့ပါပြီ။ကျွန်တော်နှင့် ကျွန်တော့်ချစ်သူတို့ ရုံးမသွားမှီ
ဖြင့် သူ...လက်ဖက်ရည်လိုက်သောက်ရင်း တစ်ဖြည်းဖြည်း ကြိုက်နှစ်သက်လာသည်(ဟု ကျွန်တော်ထင်ခဲ့သည်)။
ကျွန်တော်တို့နှစ်ဦး လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီဖြင့် ရှေ့ရေးများကို တိုင်ပင်ကြည်နူးခဲ့သည်။တစ်ဦး
မျက်နှာ တစ်ဦး တစ်သိမ့်သိမ့်ကြည့်ရင်း လက်ဖက်ရည်တစ်ခွက်ကို တစ်စိမ့်စိမ့်သောက်ခဲ့ကြသည်.ကျွန်တော်တို့
သောက်သောလက်ဖက်ရည်တွင်ပင် ချစ်ခြင်းတရားတို့ဖြင့် ပျော်ဝင်ချိုမြိန်လျက်.....။သို့သော်....ကျွန်တော့်ချစ်သူ
သည် သူမကြိုက်သောလက်ဖက်ရည်ကိုသာ ကျွန်တော့်ကို ချစ်ခြင်းဖြင့် လိုက်ပါသောက်နိုင်သော်လည်း တစ်ချို့
သော အကြောင်းအရာများတွင်ကျွန်တော့် သဘောဆန္ဒနောက်သို့ မလိုက်ပါနိုင်ခဲ့ပါ။ကျွန်တော်သည်လည်း
ထိုသို့သာပင် ဖြစ်ခဲ့ပါသည်...။ဤသို့ဖြင့် အယူအဆမတူသူချစ်သူနှစ်ဦး၏လားရာသည် ဝေးသည်ထက်ဝေးရာသို့
ဦးတည်လာခဲ့ရတော့သည်...။
ဆိုင်တွင် ဈေးကြီးလှသည့် လကက်ရည်တစ်ခွက်ကို တစ်ဦးတည်း ထိုင်သောက်နေမိသည်။ထိုဆိုင်မှ လက်ဖက်
ရည်သည် အတော်နာမည်ကြီးလှပါသည်။သို့သော် ကျွန်တော့်အတွက်တော့ လက်ဖက်ရည်အရသာသည် ပေါ့
ပျက်ပျက်နိုင်လှပါသည်။
အင်မတန်ကောင်းလှပါသည်ဆိုသော ထိုလက်ဖက်ရည်၏အရသာသည် ကျွန်တော်ငယ်စဉ်က မေမေနှင့်အတူ
သောက်သုံးခဲ့သော လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း၊ ခုနစ်တန်းနှစ်က သူငယ်ချင်းနှင့်ဝေမျှသောက်ခဲ့
ရသော လက်ဖက်ရည်ကိုလည်းကောင်း၊ပန်းအိဆိုင်လေးမှ လက်ဖက်ရည်ကိုလည်းကောင်း၊ချစ်သူနှင့်အတူ
သောက်ခဲ့သည့် လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း ဘယ်လိုမှ မှီနိုင်ခြင်းမရှိခဲ့ပါ....။
ကျွန်တော်တစ်ချိန်ကသောက်သုံးခဲ့သော လက်ဖက်ရည်များသည် သာမန်မျှသာဖြစ်ပါသည်။ သို့သော် ထိုသာမန်
လက်ဖက်ရည်များထဲတွင် မိဘနှင့်သားသမီးတို့၏ချစ်ခြင်းများ၊ငယ်သူငယ်ချင်းသံယောဇဉ်များ၊ရဲဘော်ရဲဘက်
စိတ်များ၊ချစ်သူတို့ချစ်ခြင်းများ ထည့်ဝင်ဖျော်ထားလိုက်သောအခါ တခြားကောင်းလှပါသည်ဆိုသော လက်ဖက်ရည်
များနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ခြင်းမရှိသော ချစ်ခြင်းများဖြင့် ချိုမြိန်နေသော လက်ဖက်ရည်ကောင်းများဖြစ်သွား
ရပါတော့သည်....။
ကျွန်တော် လက်ဖက်ရည်ကြိုက်သူတစ်ဦးဖြစ်ပါသည်..။ကလေးအရွယ် ငယ်စဉ်ကတည်းက လက်ဖက်ရည်ကို
နှစ်ခြိုက်စွာသောက်သုံးခဲ့သည်။ယခုလည်းသောက်နေဆဲ...၊နောင်လည်းသောက်နေဦးမည်သာဖြစ်ပါသည်။
သို့သော် ကျွန်တော်သောက်နေသောလက်ဖက်ရည်များတွင် တစ်စုံတစ်ရာလှစ်ဟာနေသည်ဟုခံစားရစမြဲပင်၊
ကျွန်တော် လက်ဖက်ရည်တစ်ခွက်သောက်မိတိုင်း၊တစ်ချိန်က ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များကို
သတိရမြဲ....၊ထိုသို့သတိရတိုင်း ကျွန်တော် လက်ဖက်ရည်တစ်ခွက်ကို သောက်မိဆဲပင်ဖြစ်ပါတော့သည်.....။
လှမ်းတင်လိုက်ချိန်တွင်သူဒုတိယတန်းတတ်နေပြီဖြစ်သည်။ထိုစဉ်ကအမေ၊အဖေကဘာဝယ်ခိုင်း၊ဝယ်ခိုင်း၊ဝယ်ခိုင်း
သူနာမည်ကိုထည့်ပြောလေ့ရှိသည်။ဘာကြောင့်ဆိုတာ ထိုစဉ်ကလည်းမသိ၊ခုထိလည်းမသိပါ.....။ သူသိသည်မှာ
မနက်တိုင်းမေမေ့ အတွက် လက်ဖက်ရည်ဝယ်ပေးရမည့်တာဝန်သည်သူ့တာဝန်ဖြစ်သည်ဟူ၍သာ....။
သူ လက်ဖက်ရည်ချိုင့်လေးဆွဲပြီး ပြန်လာချိန်တွင် ထမင်းစားစာပွဲပေါ်တွင် ကြွေရည်သုတ်မတ်ခွက်ကြီးတစ်ခွက်၊
ခွက်ခပ်သေးသေးတစ်ခွက် နှင့်အတူ မေမေက အဆင်သင့်စောင့်ကြိုလျက်...။သူတို့မိသားစုတွင် ဖေဖေနှင့်အစ်မ
က လက်ဖက်ရည်မကြိုက်၊မသောက်ကြပါ။ထိုကြောင့် သူဝယ်လာသောလက္ဘက်ရည်တစ်ခွက်သည်သူနှင့် မေမေ
တို့နှစ်ယောက်အတွက်ကောင်းစွာလုံလောက်ပါသည်...။နံနက်ခင်းတိုင်းတွင် သူတို့သားအမိနှစ်ဦး ထမင်းစားပွဲ တွင်မျက်နှာချင်းဆိုင် ထိုင်၍ လက်ဖက်ရည်သောက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာပါ.....။
~~~~~~~~~~~~~~~~~~~~~~~
သူ ခုနှစ်တန်းတက်ချိန်တွင် သူတက်ရသောအထက်တန်းကျောင်းသည် နှစ်ချိန်ကျောင်းအဖြစ် ပြောင်းလဲခဲ့ပါ
သည်။ငါးတန်း၊ခြောက်တန်း နှင့် ခုနှစ်တန်းများက မနက်ပိုင်းအချိန်တက်ရသည်။မနက်ခုနှစ်နာရီမှ နေ့လည်
ဆယ့်နှစ်နာရီအထိဖြစ်သည်။ထိုစဉ်က သူသည် သူ့အတန်းတွင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရသည်။
သူ့အသင်းတာဝန်ကျသော ရက်သတ္တပတ်များတွင် သူနှင့်သူ့သူငယ်ချင်းတစ်ဦးတို့ နှစ်ယောက်သား ကျောင်း
သို့စောစောလာကာ အခန်းတွင်းသန့်ရှင်းရေးလုပ်ခြင်း၊သောက်ရေခပ်ခြင်းများကို လုပ်ဆောင်ရလေ့ရှိသည်။
ထိုသို့မနက်စောစောထလာရတိုင်း သူတို့နှစ်ဦးစလုံး အိမ်မှ တစ်စုံတစ်ရာ စားသောက်လာရခြင်းမရှိခဲ့ပါ။
သို့အတွက် သူတို့နှစ်ဦး မနက်ခင်းတိုင်းတွင် ကျောင်းနားက လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်နှင့်
နံပြားတစ်ချပ်ကို အမြဲလိုလိုဝယ်စားဖြစ်ခဲ့မြဲသာ...။ထိုစဉ်က သူတို့မုန့်ဖိုးသည် တစ်ဦးမှ တစ်ကျပ်သာရခဲ့သည်။
လက်ဖက်ရည်တစ်ခွက်လျှင် တစ်ကျပ်၊ပဲပြုတ်နံပြားတစ်ပွဲလျှင် တစ်ကျပ် ဖြစ်လေရာ သူတို့နှစ်ဦးပေါင်းမှ
လက်ဖက်ရည်တစ်ခွက်နှင့်ပဲပြုတ်နံပြားတစ်ပွဲသာ ဝယ်စားနိုင်ခဲ့သည်။နံပြားတစ်ပွဲ ကို နှစ်ဦးမျှစားနိုင်သော်လည်း
လက်ဖက်ရည်တစ်ခွက်ကို နှစ်ဦးမျှသောက်ရန်အတွက်မူ အခက်အခဲရှိနေခဲ့သည်။ သို့သော် သူတို့သူငယ်ချင်း
နှစ်ဦး ထိုပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့သည်။
ကျောက်ပတောင်းဟုခေါ်သည့် လက်ဖက်ရည်ချိုပျစ် တစ်ခွက်မှာပြီးလျှင် ဆိုင်မှ နောက်ထပ်ခွက်အလွတ်တစ်လုံး
တောင်းယူလိုက်သည်။ထို့နောက် ခွက်နှစ်ခွက်အတွင်း လက်ဖက်ရည်ကိုအညီအမျှခွဲထည့်ပြီးနောက်ရေနွေးကြမ်း
အနည်းငယ်ရောထည့်လိုက်သောအခါ နှစ်ဦးစလုံးအတွက် ကောင်းစွာလုံလောက်သွားခဲ့တော့သည်....။ဤသို့
လျှင် ရက်သတ္တပတ်များစွာ သူတို့သူငယ်ချင်းနှစ်ဦး လက်ဖက်ရည်တစ်ခွက်ကို အတူတစ်ကွသောက်ခဲ့ကြသည်။
သူ ရှစ်တန်းနှစ်ရောက်ချိန်တွင် စာသင်ချိန်သည် ညနေပိုင်းသို့ပြောင်းသွားခဲ့သည်။ သူ့သူငယ်ချင်းသည်လည်း
သူ၏ ဖခင်အလုပ်ပြောင်းရွေ့ရာ မြှို့တစ်မြို့သို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။သူတို့သူငယ်ချင်းနှစ်ဦး၏ မနက်စော
စော လက်ဖက်ရည်ဝိုင်းလေးသည်လည်း နိဌိတံသွားခဲ့ရသည်။
~~~~~~~~~~~~~~~~~~~~
၁၉၉၆ခုနှစ်တွင် သူရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ရုက္ခဗေဒအထူးပြုဖြင့် ဒုတိယစာသင်နှစ်ကို တက်
ရောက်နေပြီဖြစ်သည်။ထိုစဉ်က တက္ကသိုလ်များလှိုင်နယ်မြေသည်လည်း နှစ်ချိန်ကျောင်းသာဖြစ်သည်။သူတက်
ရသည်က နေ့လည်ပိုင်းအချိန်...၊သူစီးနင်းလိုက်ပါလာသောကျောင်းကားသည် လှိုင်နယ်မြေအတွင်း ကျောင်း
သားများကို ချပေးပြီးသည်နှင့် ခရီးသည်လိုင်းကားအဖြစ်ပြန်လည်ပြေးဆွဲရန် လှည်းတန်းလမ်းဆုံသို့ပြန်လည်
ထွက်ခွာစမြဲ...၊သူသည်လည်း ကျောင်းသို့ရောက်သည့်တိုင် ကားပေါ်မှမဆင်းပဲ ထိုကားနှင့်ပင် လှည်းတန်းလမ်း
ဆုံသို့ လိုက်ပါတတ်စမြဲ...၊
ထိုစဉ်က လှည်းတန်းလမ်းဆုံတွင် ပန်းအိ ဆိုသော လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တည်ရှိခဲ့သည်။ထိုလက်ဖက်
ရည်ဆိုင်လေးသည် သူတို့သူငယ်ချင်းတစ်စု စတည်းချရာ ဘူမိနက်သန်နေရာတစ်ခုပင်။ အင်းစိန်မှဘောလုံးကန်
ကောင်းသည့် မောင်မောင်ဦးဟု နောက်ပြောင်ခေါ်သည့် သူငယ်ချင်းတစ်ဦး၊ ရန်ကုန်မြစ်တစ်ဘက်ကမ်းမှ
ကျောင်းလာတတ်ရသည့် သာအေးဟု နာမည်ပြောင်ပေးထားသည့်တစ်ယောက်၊ဆယ်မိုင်ကုန်းမှ ဟိုတယ်
အလုပ်တစ်ဘက်ဖြင့်ကျောင်းတတ်နေသည့် တိုးကြီး၊လှည်းတန်းတွင် အဆောင်ငှားနေသည့် ကျောက်ကြီးသား၊
နောက်...ကျွန်တော်...။
ကျွန်တော်တို့ငါးယောက်သား ထိုဆိုင်လေးတွင် လက်ဖက်ရည်တစ်ယောက်တစ်ခွက်မှာသောက်ရင်း ကျွန်တော်
တို့ စိတ်ဝင်တစားရှိရာ အကြောင်းအရာတစ်ရပ်ကို တီးတိုးပြောနေလေ့ရှိခဲ့သည်။တစ်ဦးရထားသည့် စာရွက်
စာတန်းလေးများကို တိုးတိုးတိတ်တိတ်လက်ဆင့်ကမ်းဖတ်ရှုခဲ့ကြသည်...။ကျွန်တော်တို့နောင်တော်ကျောင်း
သားကြီးများ၏ပြောစကားများကို ဆွေးနွေးခဲ့ကြသည်...။
ဆောင်းကုန်ကာစ တစ်ရက်သောနေ့လည်ခင်းတွင် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ထိုလက်ဖက်ရည်ဆိုင်
လေးတွင်ထိုင်ရင်း လှည်းတန်းလမ်းဆုံတစ်ဝိုက်မှ အခြေအနေတစ်ရပ်ကိုစောင့်ကြည့်နေခဲ့သည်။ငယ်ရွယ်
တတ်ကြွသော ကျောင်းသားများ လမ်းဆုံတွင် စုရုံးမိသည်ထက်စုရုံးမိလာသောအချိန်တွင် ကျွန်တော်တို့ ထိုင်
မနိုင်ကြတော့ပါ...၊သောက်လက်စလက်ဖက်ရည်ကို လတ်စသတ်ပြီး ကျွန်တော်တို့နောင်တော်များနှင့်အတူ
အရေးအခင်းတစ်ရပ်တွင် စီးမျောပါဝင်သွားခဲ့ကြတော့သည်...။ကျွန်တော်တို့ဆိုင်မှထွက်ခွားပြီးသည်နှင့်
တစ်ပြိုင်နက် ပန်းအိလက်ဖက်ရည်ဆိုင်လေးသည် သူ၏သံဘာဂျာတံခါးကို ဝုန်းကနဲဆွဲပိတ်လိုက်ပါတော့သည်။
ထိုနေ့ည တစ်ညလုံး ကျွန်တော်တို့ စည်းလုံးခဲ့သည်၊စုရုံးခဲ့သည်၊ကျွန်တော်တို့အခွင့်အရေးများကို ချပြခဲ့ကြသည်။
နောက်တစ်နေ့မနက် လင်းအားကြီးတွင် ကျွန်တော့်အား လိုက်ရှာနေသော အစ်ကိုဝမ်းကွဲနှင့် ပက်ပင်းတွေ့ပါ
တော့သည်။ မင်းမေမေ သွေးတိုးနေတယ်...၊အားလုံးစိတ်ပူအောင်မလုပ်ပါနဲ့ကွာ...လာလာလိုက်ခဲ့ဟု ခေါ်ငင်
ခဲ့သော အစ်ကိုဝမ်းကွဲ ဆွဲခေါ်ရာလိုက်ပါသွားရင်း ကျွန်တော်.... ကျွန်တော့်ရဲဘော်ရဲဘက်များဖက်သို့ အားနာ၊
စိတ်မကောင်းစွာလှည့်ကြည့်လိုက်မိသည်။သူတို့ကတော့ ကျွန်တော့်ကို နားလည်ပေးသော နှုတ်ဆက်ပြုံးဖြင့်
တုံပြန်ရှာပါသည်။ကျွန်တော့်စိတ်ထဲတွင်မတော့ သစ္စာမဖောက်ခဲ့သည်တိုင် သစ္စာပျက်ခဲ့သူတစ်ဦး၏ ကြေကွဲ
ခြင်းများစွာဖြင့်....။
~~~~~~~~~~~~~~~~~~~~~~~~
ထိုစဉ်က ကျွန်တော်တို့ စိတ်တူသူရဲဘော်ရဲဘက်တစ်စုတို့ ပန်းအိဆိုင်လေးတွေ သောက်ခဲ့သောလက်ဖက်ရည်
သည် ကျွန်တော်တို့အပြီးတိုင်ခွဲခွာခြင်းအထိမ်းအမှတ် လက္ဘက်ရည်များဖြစ်လိမ့်မည်ဟု မည်သူမျှထင်မှတ်မထား
ခဲ့ကြပါ။ ကျွန်တော့်ရဲဘော်သူငယ်ချင်းများ ထိုစဉ်က ဘာတွေဆက်လုပ်ခဲ့ကြ (သို့) ဘာတွေဖြစ်ခဲ့ကြသည်ကို
ကျွန်တော်မသိရတော့ပါ။ကျွန်တော်ကိုယ်တိုင် တင်းကြပ်သောလုံခြုံရေးများရှိသည့် စခန်းတစ်ခုအတွင်း သုံးရက်
ကြာစစ်မေးခြင်းခံခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မှတွေ့ခွင့်မရခဲ့ပါ။ယခုချိန်တွင် သူတို့ဘယ်ဆီ
ရောက်နေကြသည်ကိုလည်း ကျွန်တော်မသိတော့ပါ။
~~~~~~~~~~~~~~~~~~~~
နောက်နှစ်အနည်းငယ်ကြာသော် ကျွန်တော် အစိုးရရုံးစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။
ကျွန်တော့်တွင် သိပ်ချစ်ရသော ချစ်သူတစ်ဦးလည်း ရှိနေခဲ့ပါပြီ။ကျွန်တော်နှင့် ကျွန်တော့်ချစ်သူတို့ ရုံးမသွားမှီ
မနက်ခင်းတိုင်း အမြဲတွေ့ဆုံခဲ့ရာနေရာလေးသည် ချစ်သူနေထိုင်ရာ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်လေးတစ်
ဆိုင်တွင်ဖြစ်ပါသည်။ချစ်သူက လက်ဖက်ရည်ကြိုက်နှစ်သက်သူမဟုတ်ပါ။သို့သော် ကျွန်တော့်ကို ချစ်သောစိတ်ဖြင့် သူ...လက်ဖက်ရည်လိုက်သောက်ရင်း တစ်ဖြည်းဖြည်း ကြိုက်နှစ်သက်လာသည်(ဟု ကျွန်တော်ထင်ခဲ့သည်)။
ကျွန်တော်တို့နှစ်ဦး လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီဖြင့် ရှေ့ရေးများကို တိုင်ပင်ကြည်နူးခဲ့သည်။တစ်ဦး
မျက်နှာ တစ်ဦး တစ်သိမ့်သိမ့်ကြည့်ရင်း လက်ဖက်ရည်တစ်ခွက်ကို တစ်စိမ့်စိမ့်သောက်ခဲ့ကြသည်.ကျွန်တော်တို့
သောက်သောလက်ဖက်ရည်တွင်ပင် ချစ်ခြင်းတရားတို့ဖြင့် ပျော်ဝင်ချိုမြိန်လျက်.....။သို့သော်....ကျွန်တော့်ချစ်သူ
သည် သူမကြိုက်သောလက်ဖက်ရည်ကိုသာ ကျွန်တော့်ကို ချစ်ခြင်းဖြင့် လိုက်ပါသောက်နိုင်သော်လည်း တစ်ချို့
သော အကြောင်းအရာများတွင်ကျွန်တော့် သဘောဆန္ဒနောက်သို့ မလိုက်ပါနိုင်ခဲ့ပါ။ကျွန်တော်သည်လည်း
ထိုသို့သာပင် ဖြစ်ခဲ့ပါသည်...။ဤသို့ဖြင့် အယူအဆမတူသူချစ်သူနှစ်ဦး၏လားရာသည် ဝေးသည်ထက်ဝေးရာသို့
ဦးတည်လာခဲ့ရတော့သည်...။
~~~~~~~~~~~~~~~~~~~~~~~
ယခုချိန်တွင် ကျွန်တော် အာရှတိုက်၏ ဖွံဖြိုး တိုးတတ်နေပြီဖြစ်သော နိုင်ငံတစ်ခုမှ ကြီးကျယ်ခမ်းနားသော
ရှောပင်းမောကြီးတစ်ခု၏ တတိယအထပ်တွင် ဖွင့်လှစ်ထားသော သားနာသပ်ရပ်သည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဈေးကြီးလှသည့် လကက်ရည်တစ်ခွက်ကို တစ်ဦးတည်း ထိုင်သောက်နေမိသည်။ထိုဆိုင်မှ လက်ဖက်
ရည်သည် အတော်နာမည်ကြီးလှပါသည်။သို့သော် ကျွန်တော့်အတွက်တော့ လက်ဖက်ရည်အရသာသည် ပေါ့
ပျက်ပျက်နိုင်လှပါသည်။
အင်မတန်ကောင်းလှပါသည်ဆိုသော ထိုလက်ဖက်ရည်၏အရသာသည် ကျွန်တော်ငယ်စဉ်က မေမေနှင့်အတူ
သောက်သုံးခဲ့သော လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း၊ ခုနစ်တန်းနှစ်က သူငယ်ချင်းနှင့်ဝေမျှသောက်ခဲ့
ရသော လက်ဖက်ရည်ကိုလည်းကောင်း၊ပန်းအိဆိုင်လေးမှ လက်ဖက်ရည်ကိုလည်းကောင်း၊ချစ်သူနှင့်အတူ
သောက်ခဲ့သည့် လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း ဘယ်လိုမှ မှီနိုင်ခြင်းမရှိခဲ့ပါ....။
ကျွန်တော်တစ်ချိန်ကသောက်သုံးခဲ့သော လက်ဖက်ရည်များသည် သာမန်မျှသာဖြစ်ပါသည်။ သို့သော် ထိုသာမန်
လက်ဖက်ရည်များထဲတွင် မိဘနှင့်သားသမီးတို့၏ချစ်ခြင်းများ၊ငယ်သူငယ်ချင်းသံယောဇဉ်များ၊ရဲဘော်ရဲဘက်
စိတ်များ၊ချစ်သူတို့ချစ်ခြင်းများ ထည့်ဝင်ဖျော်ထားလိုက်သောအခါ တခြားကောင်းလှပါသည်ဆိုသော လက်ဖက်ရည်
များနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ခြင်းမရှိသော ချစ်ခြင်းများဖြင့် ချိုမြိန်နေသော လက်ဖက်ရည်ကောင်းများဖြစ်သွား
ရပါတော့သည်....။
ကျွန်တော် လက်ဖက်ရည်ကြိုက်သူတစ်ဦးဖြစ်ပါသည်..။ကလေးအရွယ် ငယ်စဉ်ကတည်းက လက်ဖက်ရည်ကို
နှစ်ခြိုက်စွာသောက်သုံးခဲ့သည်။ယခုလည်းသောက်နေဆဲ...၊နောင်လည်းသောက်နေဦးမည်သာဖြစ်ပါသည်။
သို့သော် ကျွန်တော်သောက်နေသောလက်ဖက်ရည်များတွင် တစ်စုံတစ်ရာလှစ်ဟာနေသည်ဟုခံစားရစမြဲပင်၊
ကျွန်တော် လက်ဖက်ရည်တစ်ခွက်သောက်မိတိုင်း၊တစ်ချိန်က ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များကို
သတိရမြဲ....၊ထိုသို့သတိရတိုင်း ကျွန်တော် လက်ဖက်ရည်တစ်ခွက်ကို သောက်မိဆဲပင်ဖြစ်ပါတော့သည်.....။
Subscribe to:
Posts (Atom)