Sunday, July 24, 2011
ကျွန်တော်ကြိုက်၏ မကြိုက်၏
လူအမျိုးမျိုးစိတ်အထွေထွေ....တဲ့....။လူတစ်ကိုယ်အကြိုက်တစ်မျိုး.....ဟူသောစကားလည်းရှိသေး၏။ဟုတ်သည်...
တစ်ဦးနှင့်တစ်ဦးအကြိုက်ခြင်းတူသည်လည်းရှိ၊မတူကြသည်လည်းရှိပေါ့လေ....။ပြောမယ်ဆို ကြိုက်ခြင်း၊မကြိုက်
ခြင်းဆိုတာတွေကလည်းအလွန်အမင်းစွဲလန်းခြင်းတွေလို့ပြောရမှာပဲဗျနော်....။ပသို့ပင်ဖြစ်စေကာမူ...ကိုယ်ကြိုက်
တာလေးတွေလုပ်နေ၊တွေ့နေကြုံနေရရင် စိတ်ချမ်းသာတာကတော့အမှန်....၊ဆိုတော့..ကျွန်တော်လည်း ကိုယ့်
အကြိုက်လေးတွေ၊မကြိုက်တာလေးတွေ ပြန်ဆန်းစစ်ကြည့်တော့.........။
ကိုယ်ခန္ဓာ........
လူတစ်ယောက်ကို ခြေဆုံးခေါင်းဆုံးကြည့်တယ်....လို့ ပြောလေ့ပြောထရှိကြတယ်ဟုတ်.....။ကျွန်တော်လည်းလူတွေ
ကိုကြည့်ရင် ဘာရယ်မဟုတ် ခြေဖမိုးတွေကို ကြည့်မိတယ်ဗျ....။ခြေဖမိုးလေးတွေ ဖြူဖွေးသန့်ရှင်းနေရင် အဲ့လူကို
အလိုလိုအမှတ်ပေးပြီးသားပဲ....။အထူးသဖြင့် ကောင်မလေးတွေများ....ခြေဖမိုးဖြူဖြူဖောင်းဖောင်းလေးတွေဆို
သိပ်သဘောကျတာကလား....။ပန်းရောင်ဖိနပ်လေးစီး၊ခြေခြင်းဝတ်မှာ ရွှေဆွဲကြိုးမျှင်မျှင်လေးများပတ်ထားတဲ့
ကောင်မလေးတွေများဆိုရင်....၊အို...ဘာပြောကောင်းမလဲ...၊ခြေထောက်လေးပဲဖြတ်ယူထားချင်စိတ်ပေါက်
လာရော....:D
ကျွန်တော့်ခြေထောက်ကိုလည်း ဖြူဖွေးနေမှ ကြိုက်တာကလား...၊အပြင်ကပြန်လာတာနဲ့ခြေအရင်ဆေးတာပဲ....။
ရေချိုးရင်လည်း ဒီပြင့်အခြားနေရာသာချေးမတွန်းကာမှမတွန်းရော....၊ခြေဖမိုးတော့ ဘရပ်ခ်ျအသေးလေးနဲ့
တိုက်တော့တာပါပဲ...။အဲ....ခက်တာက ကျွန်တော်က အသားဖြူတဲ့သူမဟုတ်တော့ကာ ဘယ်လောက်တိုက်
တိုက် ချေးသာပြောင်ရင်ပြောင်မယ်.... ဖြူမလာပါဘူးဗျာ...၊တလောက ပန်နစူလာမယ် ညီမငယ်တစ်ယောက်နဲ့
တွေတော့ သူက အမှတ်တမဲ့ ကိုကြီးခြေထောက်လေးတွေဖွေးနေတာပဲလို့ပြောလိုက်တော့ ဘာပြောကောင်းမ
လဲ....ချက်ချင်း မြနန္ဒာကိုခေါ်သွားပြီး သူစားချင်တာဝယ်ကျွေးပလိုက်တယ်.....:D။
နောက်....ကျွန်တော်ကြိုက်တာတစ်ခုက ဆံပင်တိုတာ....။ငယ်ကတည်းက ဆံပင်လေးနဲနဲရှည်လာရင်ကိုမနေ
တတ်တော့ဘူး၊ဆံပင်ညှပ်ဆိုင်ဆီပြေးတော့တာပဲဗျိုး.....။အမေကတောင်ပြောယူရတယ်...ငါ့သားရယ်...နင်
ဆံပင်ညှပ်ဆိုင်များလုပ်ကျွေးနေရောသလား.....တဲ့...။ကိုယ်တိုင်ဆံပင်တိုသလို ကျွန်တော်ကြိုက်သမျှကောင်မ
လေးတွေကလည်း ဆံတိုလေးတွေခင်ဗျ.....:)။အတော်များများကတော့ ဆံပင်ရှည်ရှည်ကောင်မလေးတွေ
ကိုကြိုက်ကြမယ်နဲ့တူရဲ့...။ကျွန်တော်ကတော့ကျွန်တော့်ကောင်မလေးရဲ့ဆံပင်တိုတိုလေးတွေထဲလက်ငါးချောင်း
နဲ့ ထိုးဖွပြီး ကျီဆယ်ဆော့ကစားရတာကို သိပ်သဘောကျတာ....။သူကစိတ်ကောက်ရင် ကိုယ်ကပြန်ချော့၊ပွ
သွားတဲ့ဆံပင်လေးကို ဘီနဲ့တစ်ချက်၊နှစ်ချက်ပြန်ဖီးပေးလိုက်၊သူကစိတ်ကောက်ပြေတော့...............:)။
(အင်း...ခုတော့လွမ်းစရာလေးတွေဖြစ်ကျန်ခဲ့ပါပြီဗျာ......:)))
အပြုအမူ......
ကုလားထိုင်မယ် ထိုင်တဲ့အခါ ခြေချိတ်ပြီးထိုင်တာကို ကြိုက်တယ်။ဒူးနှစ်လုံးကိုထပ်၊လက်ဝါးနှစ်ခုကိုပတ္တာဆက်၊
ဆက်ပြီး ဒူးမှာချိတ်၊လေထဲမှာလွတ်နေတဲ့ ခြေထောက်ကို တလှုပ်လှုပ်နဲ့ ကိုယ်တွေးချင်တာတွေးနေတတ်တာက
ကျွန်တော့်အကျင့်ရယ်....။တလောက ရုံးမှာ ဘာမှလုပ်စရာမရှိကြတာနဲ့ အကုန်စုထိုင်ပြီးစကားပြောနေကြရော၊
ကျွန်တော်ကလည်း ကျွန်တော့်အကျင့်အတိုင်း ခြေချိတ်ထိုင်ပြီး ခြေထောက်လေးတစ်လှုပ်လှုပ်နဲ့ အာဝါဒါး ဖုတ်
နေတာပေါ့ဗျာ...၊ကျွန်တော်တို့ဘော့စ်က သူ့ရုံခန်းထဲကထွက်လာပြီး ကျွန်တော့်ဘေးနား ရို့ရို့လေးလာရပ်ပြီး
သကာလ...“ဟလိုဘော့စ်....ကျွန်တော်ဘာများဆောင်ရွက်ပေးပါရမလဲခင်ဗျာ.....”ဆိုပြီးလာမေးလေရဲ့....
သက်သက်လာရွဲ့တာလေ.....:)။ကျွန်တော်လည်းခပ်တည်တည်နဲ့ ဘာတုန်းဘော့စ်ရဲ့ လို့ပြန်မေးတော့ မင်းထိုင်
နေပုံက ဟိုက်ဘော့စ်ကြီး ထိုင်နေပုံမို့ပါကွာ...တဲ့။ဒါနဲ့ကျွန်တော်ကလည်း ဟုတ်တယ်...ဘော့စ်ပေးတဲ့လစာက
များလွန်းလို့ ဒီနှစ်ကုန်မြန်မာပြည်ပြန်ပြီး သူဌေးကြီးပြန်လုပ်မလို့ လို့ပြန်ပြောပလိုက်တယ်...၊ဘော့စ်တစ်ချိုးတည်း
ပြေးရော.....။(ကျွန်တော်တို့သူဌေးက ကပ်စေးနဲ၊သူ့ကိုစိတ်ပျက်စေချင်ရင်၊ဂျီတွန်ချင်ရင် ငွေရေး၊ကြေးရေးကိစ္စ
သာပြောလိုက်..ပြေးတာမှ ဖုံတောင်မထဘူးဆိုတဲ့အစားထဲကဗျ.......:)))
အစားအသောက်......
အစားအသောက်ချေးများတဲ့သူထဲမယ် ကျွန်တော်လည်းပါတယ်ဗျ....။ကျွန်တော်မကြိုက်တဲ့အစားအစာတွေ
အတော်များတယ်....။ငါးဆို ငါးခူ၊ငါးကျည်းနဲ့ ငါးမြင်း ပဲစားတယ်...။ဒါတောင် ငါးကျည်းဆိုကြော်မှ၊ငါးခူးဆိုချက်မှ။
အမဲသားလည်းမကြိုက်တာရော၊ငယ်ကတည်းကတစ်အိမ်လုံးမစားတာကြောင့်ပါ မစားဖြစ်ဘူး၊ဒီရောက်မှ ရံဖန်
ရံခါစားဖြစ်ရဲ့...၊ကြက်သား၊ကြက်ဥ၊ဘဲဥ လည်းမကြိုက်၊ဒီတော့ ကျွန်တော့်မယ်စားစရာဆိုလို့ ဝက်သားပဲကျန်
တော့တယ်....:)။ငယ်ငယ်ကဆို ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံးကျော်ပြီဆိုရင် အိမ်မှာ ဘဲဥဟင်းချက်ပြီ....။
ကျွန်တော်ကလည်း စိတ်ကောက်ပြီ....။ထမင်းမစားဘူးလုပ်ရော...၊အမေကတော့ မစားနေ..အကုန်သက်သာ
တယ်...ဆိုပြီးချော့ဘူးဗျ....။အဖေကတော့မနေနိုင်ဘူး...။တရုတ်ခေါက်ဆွဲဆိုင်သွားပြီးကျွန်တော့်တစ်ယောက်
စာ အခေါက်ကင်ဖြစ်ဖြစ်၊ဝက်သားပေါင်းဖြစ်ဖြစ် ဝယ်ကျွေးရှာတယ်....။အိမ်ထောင်ဦးစီးဖခင်ဆိုတော့ အိမ်မှာ
မပြည့်စုံတဲ့အခါ စိတ်မကောင်းရှာဘူးထင်ရဲ့...။မရှိ၊ရှိတာရှာကြံကျွေးမွေးရှာတာ...:(။ကျေးဇူးကြီးပါတယ်အဖေ၊
ခုတော့ ကျွန်တော်တို့သားသမီးတွေရဲ့အလှည့်ပါခင်ဗျာ......။
အသီးအနှံဆိုရင်လည်း ကန်စွန်းရွက်နဲ့ ခရမ်းချဉ်သီးကိုတော့အသေကြိုက်....။အဲ...ကျန်တာတွေကိုတော့ကြိုက်
တယ်မဟုတ်...၊ရွေးစရာမရှိမှသာစားရတာရယ်.....။နောက်..ကျွန်တော်တို့ တစ်အိမ်လုံး၊တစ်မျိုးလုံး ငပိရည်စား
ကြတယ်၊ငပိရည်မှမပါရင် ထမင်းစားမဝင်ကြဘူးရယ်...။အဲ....ကျွန်တော်ကျတော့မှ ငပိရည်ခွက်ကို ယောင်လို့
တောင်မတို့....၊ငပိရည်ကျိုနံတောင်မခံနိုင်...။အိမ်မှာအမေကမြေလတ်သူ....၊သူ့ဇာတိအရပ်မှာ ပါစွန်ဆိုတဲ့
ငပိတစ်မျိုးရှိသဗျ...၊အို....သိပ်နံတာကလား.....၊အမေဇာတိမြို့ပြန်ဖြစ်ရင် ပါစွန်တွေပိဿာနဲ့ချီပြီးဝယ်လာပါပြီ။
အဲဒီိလိုဝယ်လာပြီဆိုရင် ကျွန်တော်နဲ့က တစ်ရန်....။အဲဒီရက်ပိုင်းတွေမှာ ထမင်းဟင်းကျက်ပြီဆိုတာနဲ့ ကျွန်တော်
က ဦးဦးဖျားဖျား တစ်ယောက်တည်းအရင်စားပြီး အိမ်နဲ့ဝေးရာပြေးတော့တာပဲဗျိုး.....။သူရို့တွေကတော့ ပါစွန်ကို
ပဲတောင့်ရှည်လှီးထည့်ပြီးသုပ်ထားတာနဲ့ ခေါင်းမဖော်တမ်းစားကြလေရဲ့.....:)))။
အဝတ်အစား......
အဝတ်အစားတော့ သိပ်ချေးမများဘူးလို့ထင်မိတာပဲဗျာ....:)။အဲ...ဒါပေမယ့် ရှပ်အကျီင်္ကိုဝတ်လေ့ဝတ်ထမရှိဘူး
ဗျ....၊ကြယ်သီးတွေတပ်ရ၊ဖြုတ်ရတာ စိတ်မရှည်ဘူး....။ရှားရှားပါးပါး ရှပ်အကျီင်္ဆိုလို့ကျွန်တော့်မှာတစ်ထည်
တည်းရှိသဗျ....။လည်ကတုံးအကျီင်္အဖြူတွေကိုတော့ကြိုက်တယ်...။ခက်တာက အဖြူရောင်က စွန်းထင်းလွယ်
တော့ မဝတ်ချင်ဘူးဗျ...။နောက်မကြိုက်တာက စတိုင်ဘောင်းဘီတွေ...၊ဝတ်ဘူး....ဘယ်တော့မှ....:D။ဂျင်းပင်
ကတော့ ကြိုက်တယ်လည်းမဟုတ်၊မကြိုက်ဘူးလည်းမဟုတ်...၊ဒီနိုင်ငံမှာတော့မဝတ်မဖြစ်ဝတ်နေရတာပါပဲ....။
ပုဆိုးဆိုရင်လည်း ဦးဂျမ်းဂန့်ဂေါ်တစ်မျိုးပဲဝတ်တယ်....။တစ်ခြားဘာတံဆိပ်တွေဘယ်လောက်ကောင်းတယ်ပြော
ပြော ကျွန်တော်ကဦးဂျမ်းမှ ဦးဂျမ်း....။လုံးဝမဝတ်တဲ့ပုဆိုးက ကချင်လုံချည်နဲ့ ယောလုံချည်....။ဘာကြောင့်မှန်း
မသိ....အဲ့ပုဆိုးနှစ်မျိုးကို ကြိုက်ကိုမကြိုက်တာ.....ဘယ်လောက်အစွဲအလန်းကြီးသလဲဆို ရေလဲပုဆိုးတောင်
အဖေ့ကချင်ပုဆိုးအဟောင်းလေးနဲ့ တခြားချည်လုံချည်အဟောင်း နှစ်မျိုးရှိရင် ချည်လုံချည်နဲ့ပဲရေလဲလုပ်တာ...။
ဖိနပ်ဆိုလည်း ရှူးဖိနပ်တွေကိုမတတ်သာလို့သာဝတ်ရ၊ကြိုက်ဘူးဗျာ...။နောက်အရမ်းမုန်းတဲ့ဖိနပ်ကတော့
ကွင်းထိုးဖိနပ်နဲ့ရာဘာဖိနပ်တွေ....။အသေသာခံမယ် လုံးဝမဝတ်......:D။တစ်မျိုးတည်းသောစီးစရာဖိနပ်ကား
အောကတ္တီပါခြေညှပ်ဖိနပ်ပင်တည်း.....။ဥတုသုံးပါးစလုံးအောကတ္တီပါဖိနပ်ပဲဝတ်လေ့ဝတ်ထရှိသည်။မိုးတွင်း
ရောက်ပြီဆို ဖိနပ်ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်နဲ့အမေ ရန်ဖြစ်ရပြီ....။အမေက မိုးတွင်းစီးဖိနပ်ပဲစီးဖို့ပြော
သည်...။ကျွန်တော်ကမစီး...။ကတ္တီပါဖိနပ်ကို နှစ်ရံဝယ်ပြီး စီးသည်။တစ်ရံမိုးစိုလျှင် အိမ်နံရံမှာထောင်ထားပြီး၊
နောက်တစ်ရံထုတ်စီးလေ၏.....:D။လှချင်တာမဟုတ်၊မိုးတွင်းစီးလျှင် ကတ္တီပါဖိနပ်တွေပစ်ရမှန်းသိသော်လည်း
ကျွန်တော်က ဒါမှဒါရယ်....။
ကျွန်တော်ကားခြေထောက်ကို ဘရပ်ခ်ျနှင့်ပြောင်နေအောင်တိုက်၊အောကတ္တီပါခြေညှပ်ဖိနပ်လေးစီး၊ဦးဂျမ်း
လုံချည်လေးဝတ်ထားလိုက်လျှင် ကိုယ့်ကိုယ်ကို သန့်သန့်နှင့်ခန့်ခန်ကြီးဖြစ်သွားပြီဟုတ်အထင်ရှိချေသည်
တစ်မုံ........:DDD။
အင်း...ခုလိုကျွန်တော်ကြိုက်၏၊မကြိုက်၏ တွေကို ချရေးကြည့်တော့ ကိုယ့်ဘာသာ ငါ...အတော်ဇီဇာကြောင်
နေပါလားဟူ၍ တွေးမိချေသည်...။သို့ပေမယ့်ကြောင်ကာမှကြောင်ရော....၊သူများကိုမထိခိုက်သ၍တော့ ကိုယ်
စွဲမိစွဲရာ၊ကြိုက်မိကြိုက်ရာ နေသာသလိုလေးနေဖြစ်နေဦးမည်ထင်၏။
တလောက daily likes၊daily dislikes တွေ ပျော်ပျော်ပါးပါးရေးကြတာ တစ်ဝကြီးဖတ်လိုက်ရပါတယ်....။
ကျွန်တော့်ကြိုက်၏မကြိုက်၏လေးကတော့ တစ်နေ့စာမဟုတ်တဲ့ တစ်ဘဝစာကြိုက်ခြင်း၊မကြိုက်ခြင်းတွေ
ပေါ့လေ....။ဆိုတော့ ကျွန်တော်လည်း အခြားသူတွေရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းတွေကို နဲနဲစပ်စုပါရစေဗျာ...:D
အရင်ဆုံး ဘလော့ခွင့်ခဏခဏယူပြီးညန်မာပြည်ပြန်ပြန်လစ်တတ်တဲ့၊ကျွန်တော်မှာလိုက်တဲ့ ပြာကညို ကိုလည်း
ရော့တစ်ယောက်တစ်ဝက်ဆိုပြီး ဝေစားမျှစားလုပ်တတ်တဲ့ ဖိုးကြယ်လေး(ကြယ်လွမ်းသူ) ကိုထိတ်ဆုံးက တဂ်
ပါတယ်.....။
နောက် ဘာရေးရမှန်းမသိလို့ ခေါင်းကို ကြံရည်ကြိတ်စက်ထဲထည့်ပြီး အိုင်ဒီယာတွေညှစ်ထုတ်ရမလိုဖြစ်နေပြီ
ဆိုတဲ့ ကိုထွဋ်....
ပြီး ပါစင်နယ်တွေရေးရင် ဖတ်တဲ့သူကိုပြုံးနေအောင်ရေးနိုင်စွမ်းရှိတဲ့ ညီ...မောင်မျိုး.....၊(ရေးပြီးသားဆိုလည်း
ဗားရှင်းတစ်မျိုးနဲ့ပြန်ရေးပေး...ဒါဗြဲ....)
နောက်တစ်ယောက်က ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ကြီး....ကိုရဲ (အမှတ်တရနေ့စွဲများ)
ပြီးတော့ ငါ့ကိုတော့မတဂ်ပါနဲ့ ခေါင်းရှုပ်မခံချင်လို့ပါဆိုတဲ့ ကိုလတ်(အမှောင်ထုထဲကအလင်းစက်များ)(သောက်
ညှင်ကပ်လို့တဂ်တယ်...မရေးရင် နင့်အကြောင်းတွေ ဖဘမှာဖွင့်ချမယ်...ဘာမှတ်တုန်း...:))))
အရမ်းအလုပ်တွေရှုပ်ပြီး ၂ရက်မှ ၄နာရီသာသာပဲအိပ်ချိန်ရတယ်ဆိုတဲ့ မိုးယံ.....(ဖြေးဖြေးမှပါ အားမှရေး....:))
နောက် အတော်လေးအားနေပုံရတဲ့ နတ်ဆိုးလေး......
ပြီးတော့.....ခုတလောပြန်ပျောက်သွားတဲ့ ရှေ့နေလေး ကိုကိုးအိမ်..(သူပြန်လာရင် တဂ်ပို့စ်နဲ့ပြန်ပြန်လာတာ...:))
နောက်တစ်ယောက်က ပျော်စရာလေးတွေကိုဗဟုသုတရစရာလေးတွေနဲ့ရောယှက်ပြီးရေးတတ်တဲ့ကျွန်တော်
တို့ရဲ့ သူကြီး ကိုကိုမောင်(ပန်းရနံ)
ပြီး....လူကြီးပေါက်စလေးအလား တည်တည်ငြိမ်ငြိမ်လေးတွေရေးတတ်တဲ့ နေဝသန်(နေဝသန်ရဲ့အိုအေစစ်)
နောက်ဆုံးတစ်ယောက်ကတော့ အလှူ့လက္ဘက်လေးတွေ၊စုံစီနဖာလေးတွေအရှာအဖွေတော်တဲ့ ဘဘ ခေါ်
ဘသားချော.....
(ဘလော့လေးရေးတာ တစ်နှစ်ကျော်ပြီ...၊ကျွန်တော်ကစပြီး ဘယ်သူ့ကိုမှ မတဂ်ဖူးပါဘူး...၊ကိုယ့်လာတဂ်ရင်သာ
သေဖော်ညှိတဲ့အနေနဲ့ တဂ်တာပဲရှိပါတယ်....၊ခုကလည်း ပထမဆုံးနဲ့နောက်ဆုံးပါ၊နောက်တဂ်တော့ဘူးနော်..၊
အားလုံးပျော်ပျော်ပါးပါးရေးပေးကြမယ်လို့မျှော်လင့်မိပါကြောင်း......ချုပ်ဆေး.....ချုပ်ဆေး......:))
Sunday, July 17, 2011
ဘယ်သူရှိမလဲ
ဖေ့ဘုတ်မှာ သူများတင်ထားတာလေး ကြိုက်သွားလို့ပါ.........
Saturday, July 9, 2011
သုံးဆယ့်သုံးအရွေ့.....
အရွေ့တစ်ခုမှာ သတိထားမိတာက အပြောင်းအလဲတွေကိုပါ....။စိတ်ကို ကြေးမုံတစ်ချပ်ကိုကြည့်သလို ပြန်ကြည့်
မိတော့ ဘဝရဲ့ လေထန်လေရိုင်းတွေကြားမှာ....၊လေပြေလေညှင်းလေးတွေကြားမှာ စိတ်ကလေးကမိုးတိမ်လေး
တစ်ခုလို လွှင့်ကာ...မျောကာ....။ပတ်ဝန်းကျင်၊ကိုယ်ဖတ်မိ၊မှတ်မိတဲ့စာ၊ကိုယ့်ကိုပဲ့ပြင်ဆုံးမသူတွေရဲ့ စေတနာ၊
ဘာသာတွေးတဲ့အတွေးတွေ....၊ဒါတွေရဲ့ ပုံသွင်းမှုတွေအောက်မှာ မိုးတိမ်လေးက ပုံတွေ၊အရောင်တွေ အမျိုးမျိုး
ပြောင်းကာ...၊ရွေ့ကာ.....။
အရွေ့တွေကြားမှာ...၊အပြောင်းအလဲတွေကြားမှာဘယ်ဆီကိုဦးတည်မှန်းမသိတရွေ့ရွေ့သွားရင်း.....၊သွားရင်း...၊
အင်း.....ခရီးတောင်အတော်ပေါက်ခဲ့ပြီ။ခရီးတစ်ဝက်ကျိုးချိန်အထိ ကောင်းကင်က မီးရှူးမီးပန်းတွေကိုတအံတသြ
ငေးကြည့်နေတဲ့ကလေးငယ်လေးလို ဘဝရဲ့အဆန်းတကြယ်တွေကို ငေးလို့ကောင်းတုန်း....။ယုံကြည်နေတာ
တွေပြိုပျက်သွားတဲ့အချိန်မှာ ထိတ်လန့်တကြားဖြစ်နေတတ်တုန်း..၊မျှော်လင့်မထားတာတွေဖြစ်လာချိန်မှာလည်း
ရင်ခုန်လှုပ်ရှားလို့ကောင်းတုန်း...။
ဇာတ်ညွှန်းဖတ်ခွင့်မရတဲ့ ပြဇာတ်တစ်ပုဒ်မှာ အိုးနင်းခွက်နင်းကပြနေရတဲ့ ဇာတ်ကောင်တစ်ယောက်ရဲ့ ကကြိုး
ကကွက်တွေက အယောင်ယောင်အမှားမှား....အလဲလဲအပြိုပြို...။ဘဝမှာဘယ်လိုနေထိုင်ရမှန်းမသိသေးတဲ့
အနေအထိုင်မတတ်တဲ့ တိမ်မျှင်တစ်စအဖြစ် ကပြအသုံးတော်ခံလို့မပြီးတတ်သေး....။အရယ်၊အမောတွေကြား
မှာ ရယ်လိုက်....မောလိုက်....ပေါ့လေ....။
ဒီလိုနဲ့ပဲ......။ဦးခေါင်းထက်က ရိုးသားခြင်းဦးထုတ်လေးလည်း လေပြင်းပြင်းတိုက်ရင်ဖြင့် လွင့်စဉ်ထွက်ချင်ချင်၊
မာနတံခွန်လေးကလည်း နှစ်များကြာတော့ အရောင်တွေ ဖြူရော်စပြုလာ....။ရဲရင့်ခြင်းဓားသွားတွေကလည်း
ရက်စက်မှုကျောက်တုံးကျောက်စိုင်တွေကြောင့် ပဲ့ကာလိပ်ကာ.....။ချစ်တတ်တဲ့နှလုံးသားတစ်စုံကလည်း
မာယာရမ္မက်အဆိပ်တွေနဲ့ အနက်ရောင်ဘက်ပြောင်းလုလု....။
ဒီလိုနဲ့ပဲ........။ကိုယ်ချင်းစာတရားကို ဂါထာတစ်ပုဒ်လိုတတွတ်တွတ်ရွတ်ရင်း.....၊စိတ်၏ချမ်းသာမှုကို ဝတ်ရုံတစ်
ခုလိုတင်းတင်းခြုံရင်း....၊မုဒိတာရေစီးကြောင်းလေးကို မြောင်းသွယ်ယူရင်း....။ယုံကြည်ချက်ကို ခံတပ်တစ်ခုလို
တည်ဆောက်ယူရင်း......။
ဒီလိုနဲ့ပဲ.......။
ဒီလိုနဲ့ပဲ......။
သုံးဆယ့်သုံးအရွေ့လည်း...တဖြည်းဖြည်း.......ရွေ့ကာ......ရွေ့ကာ.....ရွေ့ကာ......။
Tuesday, July 5, 2011
တစ်ခါက ငါးဆယ့်တစ်လမ်းည ပုံပြင်
အမှန်တရားကခါးလိုက်တာ....အဲဒီညမှာ သိခဲ့ရပါရောလား....
အဲဒီညမှာပေါ့...ရက်ရက်စက်စက် ကိုယ့်အိပ်မက် ကိုယ် ပဲခွပ်နဲ့ ခုတ်ခဲ့မိတယ်...။
အိပ်မက်အသေတွေနဲ့ အသက်ရှင်နေရတဲ့နောက် ဘယ်လိုအကြောင်းပြချက်နဲ့ ပျော်ရွင်နိုင်မှာတဲ့လဲ..။
လမင်းနဲ့နီးချင်တဲ့ ကြယ်လေးရဲ့ စိတ်ကူးမျိုးနဲ့ ငါ...ရောက်လာမိတာပါ..။
မင်း ကြည်ဖြူဖြူ၊မဖြူဖြူ စိတ်ကူးထဲမှာတောင် လက်ဖျားနဲ့မထိခဲ့သူပါ...။
စံပယ်အရိုင်းတွေရဲ့ ဖြူစင်မှုမျိုးနဲ့ ငါ....တိတ်တခိုးချစ်ခဲ့မိတာ.....၊
လရောင်ရဲ့ဖမ်းစားမှုကြောင့်....ဖျက်ကနဲပွင့်တဲ့ စံပယ်....၊တစ်ညနဲ့ကြွေခဲ့ရတယ်....။
လရောင်ဖြန့်ကျက်တဲ့ လမ်းမထက်မှာ စံပယ်တွေ အတုံးအရုံး ကျေပြုန်းနေလိုက်တာ....၊အဲဒီတစ်ညမှာပေါ့.....။
ဟောဒီမှာ နောက်ဆုံးဘတ်စ်ကား....ငါ့ရင်ကိုနင်းချေသွားပြီ....။
ဟောဒီမှာ နောက်ဆုံးရထား....ငါ့နှလုံးသားကိုဖြတ်မောင်းသွားပြီ.....။
ငါကတော့ လမ်းမီးတိုင်တွေနဲ့အပြိုင် မျှော်လင့်ချက်တွေ လင်းလို့ ချင်းလို့.......
သေဆုံးကာနီး ကြယ်တစ်စင်းရဲ့ အန္တိမခရီးမျိုးပေါ့.....။
ဒီလိုနဲ့.....ဒီလိုနဲ့....ဒီလိုနဲ့.....
ခရမ်းရင့်နှလုံးသားတစ်ခြမ်းကို......
ဟောင်ကမ်း ငါးဆယ့်တစ်လမ်းရဲ့ ဘတ်စ်စတန်းတစ်နေရာမှာ
လိပ်ပြာတွေက ညမကူးမှီ အပြီး သဂြိုင်္လ်လိုက်သတဲ့......။
(ခုတလော ဘာစာမှမရေးဖြစ်ဘူး....၊ရေးစရာအကြောင်းခြင်းရာတွေ၊စိတ်ကူးတွေရှိနေပါလျက်နဲ့ အပျင်းထူ
နေတာကတစ်ကြောင်း...၊ခုတလော ဖဘမှာ သောင်းကျန်းနေတာကတစ်ကြောင်း၊မအားတာကတစ်ကြောင်း၊
အကြောင်းကြောင်းသောအကြောင်းတွေပေါင်းစုပြီးသကာလ ဘလော့လေးကိုပစ်ထားမိပါရောလား....။
ကနေ့တော့ မဖြစ်ချေဘူး...၊သူများဘလော့တွေမှာပို့စ်အသစ်မတွေ့ရင် ဖုန်တတ်နေပြီလေးဘာလေး သွားသွား
စမိတော့ ကိုယ့်ဘလော့ကိုလည်းသူများမပြောခင် ကိုယ့်ဘာသာ ဖုန်ခါလိုက်ပါတယ်....:D
ဒီကဗျာလေးကိုလွန်ခဲ့တဲ့ရှစ်လလောက်က ရေးထားတာ....၊ကိုယ့်ဘာသာတောင်မကြိုက်လို့ draft ထဲမယ်
မြေမြုပ်ထားတာလေး ပြန်အသက်သွင်းလိုက်တာပါ....။ဘယ်သူမှလည်းကြိုက်မယ်မထင်ပါဘူး...။သို့ပေမယ့်
လောလောဆယ်ကလည်းဒါပဲရှိတော့ တတ်နိုင်ဘူးရယ်....:)))
ဟောင်ကမ်း ၅၁လမ်းရဲ့ လမ်းဘေးကားမှတ်တိုင်မှာ (နောက်နေ့အလုပ်ရှိနေသည့်တိုင်)မနက်လင်းအားကြီးအထိ
တစ်စုံတစ်ရာကိုစောင့်မျှော်ခဲ့ဘူးရဲ့...၊အခုပြန်စဉ်းစားတော့ ဘာကိုစောင့်နေမှန်း၊ဘာကိုမျှော်လင့်နေမှန်း ကိုယ်
တိုင်မသိတော့...၊အဲ့ညတုန်းကလည်း မသိခဲ့ပါ....။စောင့်တော့စောင့်တာပါပဲ....။ဒါပေမယ့်စောင့်ရကျိုးတော့
နပ်သဗျ....၊နောက်တစ်နေ့မနက်မှာ တစ်စုံတစ်ရာကိုယတိပြက် ဆုံးဖြတ်နိုင်သွားခဲ့ပါတယ်.....။ကဲ...ဒါပါပဲဗျာ....
ဒီကဗျာလေးရဲ့ နောက်ကြောင်းကတော့....:))))
Wednesday, June 15, 2011
စက္ကူရတုအား ဗာရာဏသီချဲ့ကြည့်ခြင်း
ကျွန်တော့်မေမေက ကျွန်တော် ဘာမဟုတ်တာလေးတွေကို ပုံကြီးချဲ့ပြီးလုပ်နေရင် “ဟဲ့ကောင်လေး..လုပ်စရာရှိ
တာ မြန်မြန်ထက်ထက်လုပ်တာမဟုတ်ဘူး....ရှောမွှေးတစ်ပင်နဲ့ ဗာရာဏသီချဲ့မနေနဲ့ ” လို့ ပြောတတ်ပါတယ်..။
ခုလည်း ကျွန်တော် ဘာမဟုတ်တာလေးကို ဗာရာဏသီချဲ့ပါတော့မယ်....:)
ကျွန်တော့်ဘလော့လေး ဒီနေ့မှာ တစ်နှစ်ပြည့်ပါတယ်...။နှစ်ပြည့် အထိမ်းအမှတ်တွေကို တစ်နှစ်ပြည့်မှသည်
နှစ်တရာထိ ဘယ်နှစ်ဆို ဘာရတု...၊နှစ်ငါးဆယ်ဆို ရွေရတု...အစရှိသဖြင့် အခေါ်အဝေါ်လေးတွေရှိကြောင်း
ငယ်ငယ်က စာအုပ်ထဲဖတ်လိုက်မိတာပဲ...၊ခုတော့ တစ်နှစ်ပြည့်ကို စက္ကူရတုလို့ခေါ်တာနဲ့ အထိမ်းအမှတ်ပွဲတွေ
အလုပ်များတဲ့ ငွေရတုတို့၊စိန်ရတုတို့လောက်ပဲ သိတော့တယ်...၊ကျန်တဲ့နှစ်တွေကိုတော့သိတော့ဘူးရယ်...။
ဆိုတော့ ကျွန်တော့်ဘလော့လေးလဲ ဒီနေ့ စက္ကူရတု ရတယ်ပေါ့......။ဒီတော့ ဘာဖြစ်သလဲ ဆိုတော့ ဘာမှတော့
မဖြစ်ပါဘူး....၊အဲဒီ ဘာမှမဖြစ်တာကိုပဲ ပို့စ်တစ်ပုဒ်ဖြစ်အောင် ဗာရာဏသီ ချဲ့ရတာပေါ့ဗျာ.....:)))
ကျွန်တော်တို့ရွာ......
ကျွန်တော်တို့ကျင်လည်ရာ ဟောဒီ ဘလော့ဂိုစဖီးယား ဆိုရှယ်နက်ဝက်ကမ္ဘာလေးကို ကျွန်တော်ကတော့
ရွာလေးတစ်ရွာလို့ပဲမြင်မိတယ်ခင်ဗျ....။အပြင်အပက ရွာလေးတွေလိုပါပဲ...ကျွန်တော်တို့ ရွာထဲမှာ တခါတခါ
ရန်ဖြစ်ကြ၊ပြန်ချစ်ကြ၊သူ့အိမ်ကလေး ခြံမလုံလို့၊နောက်ဖေးအဖီလေးပြိုပျက်နေလို့ ကူပါဆိုရင်လည်း တတ်သ
လောက် ကူညီကြ၊တစ်အိမ့်တစ်အိမ် သတင်းစကားလေးတွေ မျှဝေကြ(အမှန်က အတင်းပြောတာ...:)))
သူ့အိမ်လေးသွားလည်ကြ...၊ကိုယ်အိမ်လေးကိုလာလည်ကြတဲ့သူတွေကိုလည်း ဧည့်ခံရ...၊တစ်ချို့ကျတော့
အိမ်ထဲဝင်လိုက်တာနဲ့ တေးသံသာလေးတွေစီစီညံညံ၊တချို့အိမ်တွေကတော့တရားသံတွေနဲ့ ကြည်ကြည်နူးနူး...၊
တချို့တွေက ဗီဒီယိုတောင်ဖွင့်ပြလိုက်သေး...:)။အဲ...တစ်ချို့ကျတော့ စားကောင်းသောက်ဖွယ်တွေ ချက်ပြီး
လာသမျှလူကို စေတနာထက်သန်စွာ ချကျွေးတတ်ကြသဗျ...။
တချို့ကြတော့ အိမ်ရှေ့ကနေဆီးပြီး တို့အရေး...တို့အရေးတွေအော်တော့ ကိုယ်ပါ ယောင်တောင်ပေါင်တောင်
ဝင်အော်မိတာပေါ့.....၊၊အဲ...မကျေနပ်တဲ့သူတွေက အဲ့အိမ်ကို ခဲနဲ့ဝိုင်းပေါက်တော့ ကိုယ့်ထိမှာစိုးလို့ အသာလေး
ပြန်လစ်လာရသေး....:D။တချို့အိမ်တွေမှာ သူတို့သန်ရာသန်ရာဗဟုသုတရဖွယ်ရာ အကြောင်းအရာတွေကို
ကျတော့ သူတို့ကြုံတွေ့သမျှ ဝမ်းနည်းစရာ၊ဝမ်းသာစရာအကြောင်းအရာလေးတွေကို တစ်ဖွဲ့တစ်နွဲ့ပြောပြ တတ်လိုက်ကြတာ...နားထောင်သူမှန်သမျှ ထိထိခိုက်ခိုက်လေးဖြစ်လို့....။တချို့တချို့တွေရဲ့အိမ်တွေက လူကုံ
တန် အိမ်ကြီးအိမ်ကောင်းတွေ....၊တချို့ကတော့ သာမန်....။
ရွာထဲမှာ တစ်ခါတစ်ခါ ရွာသား အသစ်အသစ်တွေလည်းရောက်လာကြလို့ ဝမ်းသာရသလို၊နှုတ်ဆက်ထွက်ခွာ
သွားသူတွေ၊နှုတ်မဆက်ပဲ တိတ်တိတ်လေးပြောင်းသွားကြသူတွေ၊ထာဝရခွဲခွာသွားကြတဲ့သူတွေ အတွက်လည်း
စိတ်မကောင်းဖြစ်ရပါတယ်....။အဲ...တချို့တချို့များကတော့ ရွာလေးနဲ့ လမ်းပန်းဆက်သွယ်မှုဝေးကွာတဲ့နေရာ
ကိုရောက်သွားကြပြန်တော့ ချစ်လျက်နဲ့ မတတ်သာ ခပ်ခွာခွာလေးနေကြရသပေါ့.....။
ရွာထဲက ကျွန်တော်အိမ်လေး....
အဲဒီရွာလေးရဲ့ ချောင်လေးတစ်ချောင်မှာ လွန်ခဲ့တဲ့ တစ်နှစ်က အိမ်ပေါက်စလေးတစ်အိမ်ဆောက်ပြီး ကျွန်တော်
လည်း ရွာသားလေးတစ်ယောက်အဖြစ်ခံယူခဲ့ပါတယ်...။ရောက်လာခါစ မအူမလည်လေးကို နွေးနွေးထွေးထွေး
ကြိုဆိုကြတော့ ဝမ်းသာ၊ကျေးဇူးတင်မှုတွေက အတိုင်းမသိ...။အိမ်လေးရဲ့လိုအပ်တာလေးတွေကိုလည်း ပြောပြ
ကြ၊ညွှန်ပြကြ....။သိပ်ကို စိတ်သဘောထားပြည့်ဝကြတဲ့ ရွာသားတွေပါပဲ....။
ကျွန်တော့်အိမ်လေးကိုလည်း လမ်းကြုံရင်ပဲဖြစ်ဖြစ်၊ဟိုဟိုဒီဒီလျှောက်လည်ရင်း မတော်တဆပဲဖြစ်ဖြစ်၊ပျင်းလို့ပဲ
ဖြစ်ဖြစ်၊ခင်လို့ပဲဖြစ်ဖြစ် အလည်အပတ်လည်း လာတတ်ကြ၊ရောက်တတ်ကြပါတယ်...၊ဘာကြောင့်ပဲဖြစ်ဖြစ်
ကျွန်တော်ကတော့ ဝမ်းသာရတာပါပဲ....။ဒါပေမယ့် သူများတကာလို့ အာဟာရပြည့်ဝစေတာတွေနဲ့ ဧည့်မခံနိုင်
တော့လည်း ကိုယ့်ရှိတာလေးနဲ့ပဲ ဧည့်ခံရပါတယ်..၊ကိုယ်က ဧည့်ဝတ်မကျေပေမယ့် လာကြသူတွေက ညိုညင်
စကားပြောမသွားတဲ့အပြင် အားပေးစကားလေးတွေပြောပေးသွားကြတာကိုကလည်း ရွာလေးရဲ့ချစ်စရာ ဓလေ့
စရိုက်ကလေးတစ်ခုရယ်ပါ....။ဒီအတွက်လည်း ကျေးဇူးတင်စကား ထပ်ပြောပါရစေ...။
လည်လည်ထွက်တဲ့အခါ......
ကိုယ့်အိမ်လေးမရှိခင်ကတည်းက ရွာထဲကို အလည်ထွက်လေ့ရှိပါတယ်...။အဲ့လိုလည်လည်ထွက်ရင်းကပဲ ရွာထဲ
မှာ ကိုယ်ပိုင်အိမ်လေးရှိချင်လာတာပါပဲ....၊ဟော...ရွာသားလေးဖြစ်လာတော့ အိမ်လည်မထွက်ရမနေနိုင်....။
အိမ်လည်ထွက်ရင်လည်း ရောက်ရှိကြောင်း သတင်းပို့ခဲ့ရတာအမော....။ကိုယ်ဆီလာလည်တဲ့သူတွေပဲဖြစ်ဖြစ်၊
မလာဖြစ်တဲ့သူတွေပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အလည်ထွက်ဖြစ်ပါတယ်....။များသောအားဖြင့် မှတ်ချက်စကား
လေးတွေလည်း ပြောခဲ့တာပါပဲ...။
အဲ့လိုပြောခဲ့တဲ့အခါမယ် အများအားဖြင့် ကောင်းတယ်၊လှတယ်၊တော်တယ်...စသဖြင့်ပဲ ပြောဖြစ်ပါတယ်...။အဲ...
အိမ်ပိုင်ရှင်ဧည့်ခံတာတွေမှာ လိုအပ်တာလေးတွေရှိနေရင်တောင် ဒီလိုပဲပြောခဲ့တာပါပဲ...။ဘာဖြစ်လို့လဲဆိုတော့
ရွာသားအများစုဟာ ပရိုဖက်ရှင်နယ်တွေ၊ကျွမ်းကျင်သူတွေမဟုတ်ပါဘူး...။မိမိတို့ရဲ့ မိသားစုအရေးတစ်ဖက်၊
လုပ်ငန်းကိုင်ငန်းကတစ်ဖက်နဲ့ ဝါသနာပါလို့သာ ကိုယ့်ရှိတာလေးနဲ့ အစွမ်းကုန်ဧည့်ခံကြရတာပါ...။လှတဲ့အခါ
လှသလို၊တစ်ခါတစ်ရံလည်း လိုတဲ့အခါလိုအပ်မှာပါပဲ...။
ကျွန်တော့်အိမ်လေးကိုအလည်လာသွားကြသူတွေရဲ့ အားပေးမှတ်ချက်စကားလေးတွေဟာ ကျွန်တော်နောက်
ထပ် စာတစ်ပုဒ်ရေးဖို့ တွန်းအားတွေဖြစ်လာတာကို သတိထားမိတဲ့နောက် ကျွန်တော်အိမ်လည်ထွက်ခဲ့ရင်လည်း
တွန်းအားဖြစ်စေတဲ့ မှတ်ချက်စကားလေးတွေပဲပြောဖြစ်ခဲ့ရခြင်းအကြောင်းပါပဲခင်ဗျာ...။
ဗာရာဏသီ ရဲ့ နိဂုံး.....
ကဲ....အစကတည်းက ပြောခဲ့သလို ဘာမဟုတ်တာလေးကို ဗာရာဏသီချဲ့လို့ပြီးပါတော့မယ်...သည်းခံလော့ ပိတ်သက်ကြီး....:)))။ပြောရရင် ဟောဒီရွာထဲမှာ နေရတာ ပျော်ပါတယ်...၊စိတ်လည်းချမ်းသာရပါတယ်..၊
ဘာရေးရေးအားပေးသူတွေကိုလည်းကျေးဇူးတင်ရပါတယ်...၊ဝါသနာရှင်ပဲဖြစ်လို့ အဆင်မပြေတာများရှိရင်
လည်းသည်းခံကြပါ။(ဝါသနာရှင်ကကိုမတတ်နိုင်ဘူးအသက်ကြီးပြီးအချိန်မစီးဘူးလို့ပြောလည်း ခံရတာပါပဲ...:))
ရသလေးတွေရေးဖို့ ကျိုးစားနေပါတယ်....(မြန်မာပြည်ရသစာပေ သေတာကြာပြီ ခုမှထပြီး ရသမနေနဲ့ အရင်ဆုံး
ရသစာတမ်းကိုဖတ်ကြည့်ဦး လို့ မြည်တွန်တောက်တီးရင်လည်း ငြိမ်နေရတာပါပဲ...)။နောက်ဆုံး ကဗျာလေးနဲ့
နိဂုံးကမ္ပတ် အဆုံးသတ်ပါတယ်...။(များလိုက်တဲ့ကဗျာဆြာတွေ၊အရှေ့တောင်အာရှမှာ ကဗျာဆြာအများဆုံး
တိုင်းပြည်ထဲက ကဗျာဆိုတာတောင်ဘာမှန်းမသိပဲ ထထပြီး ကဗျာ တဲ့လူလို့ မချိတင်ကဲပြောရင်လည်း.....
ဟုတ်ကဲ့...မှတစ်ပါးအခြားမရှိပါခင်ည....:))
စက္ကူတစ်စရဲ့ ခွန်းနွဲ့ရာ
စက္ကူစ တစ်ရွက်လို ပါးလှပ်လှပ်ပါပဲ.....။
တောင်ခြစ်မြောက်ခြစ်...၊စက္ကူညစ်လေးမို့....
တခြားသူတွေအတွက် တန်ဖိုးတပ်လို့မရပေမယ့်.....။
ကိုယ့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်ခဲ့....။
အများတကာအတွက် အမှိုက်တစ်စဖြစ်ကောင်းပေမယ့်......
ကိုယ့်အတွက်တော့ ကိုယ်တိုင်ရေး မှတ်တိုင်များ လေလား.......။
ဒါ...အသွေးအသားထဲက ခံစားချက်...
ရင်ထဲက ဝေဒနာ.....
လင်္ကာချောအောင် မုသားပါပေမယ့်....
ကိုးဆယ်လောက်က ရိုးသားပါတယ်....။
တစ်ခါ...တစ်ခါ....ဝေဒနာကို ပုံကြီးချဲ့......
ဒါပေမယ့် အဲ့ဒါ....ရင်ထဲမှာ မြစ်ဖျားခံတာ....။
တိမ်တွေလို မျောလွင့်နေတတ်တဲ့....
စိတ်တွေနဲ့ သူတို့ရဲ့ ပဋိပက္ခ အတွက်....
ဒီနေရာဟာ...နားခိုရာဖြစ်ခဲ့.....။
မိတ်ဆွေနဲ့ သူငယ်ချင်းတွေအတွက်...
အတွေးများ မျှဝေရာဖြစ်ခဲ့.....။
တစ်စိမ့်စိမ့် ယိုစီးကျလာတတ်တဲ့....
သွေးမျက်ရည်စက်လက်အတွက်.....
ဖြေသိမ့်ရာဖြစ်ခဲ့.....။
အိမ်လွမ်းသူ အဝေးလူတစ်ယောက်အတွက်...
မျက်ဖြေရာ....ကမ်းဖြစ်ခဲ့.....။
ဘာပဲပြောပြော...စက္ကူလေးတစ်စ.....စက္ကူရတုကို ရခဲ့ပြီ.....။
ကျဖန်များတဲ့ မိုးရေစက်တွေလို.....
ရင်ဘတ်ထဲက ရွာချခဲ့တာက ရှစ်ဆယ်နှစ်......
တခုတ်တရ.....ရေးပေးသွားကြတာက ၇၇၃.....
ရောက်လာကြသူတွေက ၁၁၄၅၀.....
အားလုံးကို ကျေးဇူးတင်ရတယ်....။
ဒီသံသရာ...မဆုံးတမ်းလည်ရသမျှ....
ဘလော့ဂင်းရတဲ့ဘဝ...
အခါခါမှ ရချင်သေးပါကြောင်း.......။