Sunday, July 4, 2010

စကိုင်းပတ်၊လွတ်လပ်ရေးနေ့နှင့်မူးရစ်ဝေသောဂျာမနီညများ

မနေ့က တညနေခင်းလုံး အပြင်လျှောက်သွားတယ်....။ညနေငါးနာရီကတည်းက ထွက်သွားလိုက်တာ
ညဆယ့်နှစ်နာရီထိုးမှအခန်းပြန်ရောက်တယ်..။ဘယ်သူတွေနဲ့လဲလို့တော့မမေးကြပါနဲ့...။ဘယ်သူမှမပါဘူး။ဘုန်း
မောင်တစ်ယောက်တည်း...။ပထမဆုံးရောက်သွားတဲ့နေရာက MERINA BAY SANDS က SKYPARK ပါ။
မိုကလည်းဖွဲဖွဲလေးရွာနေလေရဲ့..။မိုးရွာနေရင်သွားလို့မကောင်းမှန်းသိပေမယ့်၊ကျွန်တော်ကလည်းတခုခုကိုလုပ် တော့မယ်ဟေ့ဆိုရင် မဖြစ်မနေလုပ်လိုက်ရမှ ကျေနပ်လေတော့ မရောက်မနေ အရောက်သွားလိုက်ပါတယ်။

လက်မှတ်က တစ်စောင် နှစ်ဆယ်ပေးရတယ်။အသံလွင့်စက်ကလေး ခဏငှားတယ်..(အပိုင်ပေးလိုက်တာ
မဟုတ်)။ငါးဆယ့်ခြောက်ထပ်ကိုဓာတ်လေကားနဲ့တက်၊အပေါ်ရောက်တော့ဟိုကြည့်၊ဒီကြည့်ပေါ့။အနောက်ဘက်
ခြမ်း ကိုပဲသွားလို့ရပါတယ်။အရှေ့ဘက်ခြမ်းက ဟိုတယ်မှာတည်းခိုသူတွေအတွက်သီးသန့် ပါတဲ့။ခဏနေတော့ ပြန်ဆင်းလာခဲ့တယ်...။ဘာမှလည်းမဟုတ်၊ပိုက်ဆံနှစ်ဆယ်ကုန်တာပဲအဖတ်တင်တယ်..။ရောက်လက်စနဲ့တော့
မထူးဘူဆိုပြီး ကာစီနိုလည်းဝင်ကြည့်ခဲ့သေးတယ်..။

အဲဒီကနေ ပင်နစူလာကိုခရီးဆက်တယ်..။ဆံပင်ညှပ်၊ထမင်းစားပြီး၊တောင်ဝယ်မြောက်ဝယ် ဝယ်ပါတယ်။
(တောင်ဝယ်၊မြောက်ဝယ်ဆိုလို့ တောင်တွေရယ်၊မျောက်တွေရယ် ဝယ်လာတယ်လို့မထင်နဲ့နော်၊ဘာတွေဝယ်
မယ်ဆိုတာ စိတ်ကူးရှိတာမဟုတ်ဘူး၊ရောက်တုန်း လိုမယ်ထင်တာလေးတွေ ဝယ်လာတာ...)။

ပင်နစူလာရဲ့ အရှေ့ဘက်က ကျေက်တိုင်နားမှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကိုသွားကြည့်
့သေးတယ်။ကျွန်တော်ရောက်သွားတော့ အခမ်းအနားကပြီးသွားလို့ လူတွေတောင် ပြန်ထွက်လာကြပြီ..။

ညကိုးနာရီလောက်မှာသူငယ်ချင်းတယောက်က အရေးတကြီးဖုန်းဆက်ခေါ်လို့ကပျာကယာပြန်ပြေးရတယ်။
အရေးတကြီးဖုန်းဆက်ခေါ်တယ်ဆိုလို့ တခြားတော့မထင်လိုက်ပါနဲ့၊ဘောပွဲကြည့်ဖို့ လက်ဘက်ရည်ဆိုင်မှာ ခုံဦး
ထားတဲ့အကြောင်း၊ မြန်မြန်မလာရင်ဦးထားတဲ့ခုံကိုတခြားသူတွေ ယူတော့မယ့်အကြောင်း သတင်းလှမ်းပို့တာပါ။

ဒါနဲ့ပဲ သူတိုက်တဲ့ ဘီယာတလုံးသောက်ပြီး(ကျွန်တော်စကိုင်းပက်သွားတာသူ့ကိုမခေါ်လို့ ကျေးဇူးတင်တဲ့အနေနဲ့
တိုက်တာ သူ့ခေါ်သွားရင် သူပါနှစ်ဆယ်ကုန်မှာကိုး...)အာဂျင်တီးနားက အားပေးလိုက်တာ လှလှပပကြီးကိုရှုံး သွားပါရော...။(အင်္ဂလန်နဲ့ဂျာမနီ ပွဲတုန်းကလည်း အင်္ဂလန်ကအားပေးတယ်။ရှုံးခဲ့တာပဲ၊ဒါလည်းအမှတ်မရှိဘူး)

ဒီပုံက MERINA BAY SANDS ရဲ့ ပုံစံတူဆောက်အဦးငယ်လေးပါ





ဒီပုံတွေကတော့ ရောက်တဲ့အတူတူ နှစ်ဆယ်တန်အောင် လျှောက်ရိုက်ထားတာတွေပါ။
Add Image
အမခင်ဦးမေပုံတွေကို ဝါးသလေး၊ဘာသလေး နဲ့လျှောက်ပြောမိတာ၊အခုမှကောင်းကောင်းကြီးဝဋ္ဋ်လည်ပါ
တော့တယ်၊ကျွန်တော့ပုံတွေ ဝါးသွားတာကတော့ မိုးရွာနေလို့ပါခင်ည။(မလျှော့သေးဘူး၊ဆင်သေကိုဆိတ်ရေနဲ့
ဖုံးကောင်းတုန်းပဲ) ဘာရယ်မဟုတ်ပါဘူး။စကိုင်းပတ်ရောက်အမှတ်တရအဖြစ်ရေးလိုက်တာပါ။

































7 comments:

အပြုံးပန်း said...

နှစ်ဆယ်ပေးပြီး တက်ခဲ့ရပေမယ့် ခေတ်တော့ မီသွားပါပြီ၊
ကိုယ်တို့တော့ မသွားရသေးဘူး၊ သွားတော့ ကြည့်ရအုံးမှာပါ၊
အပေါ်မှာ ဓါတ်ပုံမရိုက်ခဲ့ဘူးလား၊

shwezinu said...

လာဖတ်သွားပါတယ်ဗျာ ၂၀ တန်ပါတယ် အမှတ်မရှိ တဲ့ ကိုယ့်ကိုသာ အပြစ်တင်မိတယ် မာရာဒိုနာ ရယ်

မောင် လေး said...

အပြုံးပန်း၊မရွှေစင်ဦး >>> ဟုတ်ပ၊ ခေတ်တော့ နှစ်ဆယ်ဖိုးမီသွားပြီခင်ဗျ။
ဓာတ်ပုံတော့မရိုက်ခဲ့ဘူး။ကိုယ့်ပုံကိုကြည့်မိပြီး တောထွက်ချင်စိတ်ပေါက်မှာ
စိုးလို့း) ။ဟုတ်တယ် ကိုယ့်ဘာသာအပြစ်တင်မိပေါင်းလည်းမနည်းတော့ဘူး..။
အင်္ဂလန်၊ပြင်သစ်၊အီတလီ၊ဘရာဇီး၊အာဂျင်တီးနား အဲဒီအသင်းတွေနဲ့ပတ်သက်
မိတိုင်း ဘာသာပဲအပြစ်တင်မိတယ်။ခုတော့ စပိန်ပဲကျန်တော့တယ်..။အင်း...
သူလည်း........။

Anonymous said...

မှုန်ရီမှိုင်းကာ မို့မို့ ညို့ညို့ညိုလွင်..
ပေါ့နော်..း))

မူးယစ်ဝေသော ဂျာမနီညများဆိုလို့.. ဂျာမနီက ပင်နစူလာကို ရိုက်တယ်ထင်နေတာ.. ၊ သူက ဘောလုံးပွဲကို ပြောတာကိုးး

လသာည

မောင် လေး said...

အမလသာည>>>မှုန်ရီ၊မှိုင်း ရုံတင်မကတော့ပါဘူးဗျာ။နည်းနည်းတောင် မှောင်
ချင်နေတယ်ထင်ပါရဲ့။ဂျာမနီ ရိုက်ချက်တွေကပြင်းလှလို့ မူရစ်ဝေသော လို့တင်စားလိုက်တာခင်ဗျ။ဆရာကြီးမြသန်းတင့်ရဲ့ မိုရီပိုတေး၊အီကွေတာ
ယဉ်ကျေးမှုနှင့်မူးရစ်ဝေသောနွေဦးညများ ဆိုတဲ့ ခေါင်းစဉ်ကို ယူသုံးလိုက်တာပါ။

အင်ကြင်းသန့် said...

ဘာပဲပြောပြော ကိုမောင်လေးကမှ ရောက်ဖူးသွားပြီ။

ဘောလုံးပွဲအကြောင်းကတော့ မပြောချင်တော့ဘူး။ ကိုယ်အားပေးတဲ့အသင်းဆို ရှုံးတာချည်းပဲမို့လို့ အားပေးချင်စိတ်တောင်ကုန်လာတယ်။ မမှတ်သေးပါဘူး။ ပြီးသည်အထိတော့ ကြည်ရဦးမယ်။ ဟီးးးးးးးးးးး

သူကြီးမင်း (တုံးဖလား) said...

အဲဒီပုံကြီးကြည့်ပြီး ရောက်ဖူးချင်နေတာ။ မနေ့တစ်နေ့ကမှ မဗေဒါဆီမှာ အဲဒီအကြောင်းဖတ်ထားသေးတယ်။ အမြှင့်ကြီးမှာ ရေကူးကန်ကြီးနှင့် ပြီးတော့ ဟိုတယ်အဆောက်အဦထဲမှာလဲ လှေအပျော်စီးလို့ရတယ်တဲ့။ သွားသင့်ပါတယ်။

ဒီနေ့ညကတော့ စပိန်ဘက်က နေကြည့်လိုက်ဦးမယ်။