Thursday, April 7, 2011

တော့ နဲ့ ဘလော့

အင်တာနက်ကွန်ယက်ကို အသုံးပြုကြသူတိုင်းမကင်းကြတာ...chattingပါပဲ..။chattingဆိုတာနဲ့သိကြတဲ့အတိုင်း
့ဂျီတော့ ပေါ့ခင်ဗျ....။ဂျီတော့ နဲ့ ချက်ကြ၊gtalk မှာကြူကြ၊ဂျီတော့မှာ ရန်ဖြစ်ကြ၊ဂျီတော့မှာ ပြန်ချစ်ကြ၊ဂျီတော့
မှာဆဲကြ၊ဆိုကြ...၊အို....စုံနေတာပါပဲ...။

ဆိုတော့....ဒီဂျီတော့ချက်တင်ကမကောင်းဘူးလားဆိုတော့ကောင်းပါတယ်...၊ဂျီတော့မှာ၊အွန်လိုင်းပေါ်မှာတစ်ဦး
နဲ့တစ်ဦးအပြန်အလှန်စကားတွေပြောကြ၊ဆွေးနွေးကြ၊ရင်ဖွင့်ကြ၊တစ်ဦးအခက်အခဲကိုတစ်ဦးကကူညီဖြေရှင်းပေး
ကြ၊အဲဒီကမှတစ်ဆင့် ရင်ဘတ်ချင်းထပ်တူကျလို့၊နှလုံးသားချင်းနီးစပ်သွားတာမျိုး တွေလည်းရှိပါတယ်...၊နဖူးစာ
ရွာတင်မက၊ကမ္ဘာပါလည်တဲ့ခေတ်ကြီးမှာ ဒါကလည်း အဆန်းတော့မဟုတ်လှတော့ပါဘူး။အင်မတန်မှ ရိုမန့်တစ်
တန်တဲ့၊အချစ်ပုံပြင်လှလှလေးတွေ လို့တောင်ပြောလို့ရပါသေးတယ်...။

အဲ....၊အဲ့လိုမဟုတ်ပဲ စိတ်ထွက်ပေါက်အနေနဲ့၊စိတ်ဖြေရာအနေနဲ့ မုဆိုးကတောထဲမယ်သားကောင်ချောင်းသလို၊
တွေ့ရာ၊နီးရာ တစ်ယောက်ယောက်ကို ဂျီတော့မှာ အလန်းစကားတွေနဲ့ အလျှန်းဇယားခင်း ကာနေတာနဲ့ ကိုယ့်
ရဲ့တန်းဖိုးရှိတဲ့ အချိန်တွေ၊ငွေတွေကို ဖြုန်းတီးပစ်တာ သင့်တော်ပါရဲ့လား...၊တန်ဖိုးရှိပါရဲ့လားဆိုတာတော့ ချင့်
ချိန်သင့်ပါရဲ့ဗျာ...။ပြီးတော့ အင်တာနက်ကဖေးဆိုင်တွေမှာ သုံးကြရတဲ့အခါ...ဘေးလူက ကိုယ့်ကို ဘယ်လိုမြင်
မှာပါလဲ...၊မိမိအိမ်မှာ ကိုယ်ပိုင်အင်တာနက်လိုင်းနဲ့သုံးတယ်ဆိုရင်တောင် ဘယ်သူမှမသိပေမယ့်၊ကိုယ့်သိက္ခာ
ကိုယ်သိ၊ကိုယ့်လိပ်ပြာ ကိုယ်သိတယ်မဟုတ်ပါလား....။

ကျွန်တော်တို့ရဲ့ စိတ်ဖြေရာ၊စိတ်ထွက်ပေါက်ကရော....၊ဟောဒီ အင်တာနက်ကမ္ဘာကြီးမှာဒီချက်တင်တစ်ခုတည်း
ရှိတာပါလား....၊တစ်ခြားထွေထွေရာရာလေးတွေမရှိတော့ဘူးတဲ့လား...။ရှိပါသော်ကောလားဗျာ.....၊အဲဒီအထဲက
တစ်ခုက ဘလော့ပါ...။ဘလော့တစ်ခုရေးရတာ...ဘာမှမခက်ပါဘူး..၊ဘာပညာမှလည်း အထွေအထူးတတ်နေ
စရာမလိုပါဘူး။ကွန်ပြူတာနဲ့ အင်တာနက်ဆိုင်ရာပညာတစ်ခုခုတတ်မှ ဘလော့ဂင်းရမယ်ဆို ကျွန်တော့်လိုဘာ
မှမတတ်တဲ့လူတွေ ဘလော့ဂင်းစရာအကြောင်းကိုရှိမှာမဟုတ်တော့ပါဘူး...:)))

ထို့ပြင်တစ်ဝ လိုအပ်တဲ့နည်းပညာလေးတွေကိုလည်း အကူအညီပေးနေတဲ့ ကေပီသရီးမိသားစုလိုဆိုက်တွေ
အများကြီးရယ်ပါ...။နောက်...တစ်ခြားသော ဘလော့ဂါတွေကလည်း ဝိုင်းဝန်းအကြံပေးကြ၊အားပေးကြ၊အကူ
အညီပေးကြနဲ့ အသစ်ကလေးတွေကို လက်တွဲလို့ခေါ်ကြပါတယ်...။နောက် ဘလော့ဂင်းဖို့ဆိုတာ စာရေး၊စာဖတ်
ဝါသနာ အင်မတန်ကြီးမှရယ်လည်းမဟုတ်ပါဘူး။ကိုယ့်ခံစားချက်လေးတွေကို၊ကိုယ့်အတွေ့အကြုံလေးတွေကို မိမိတတ်သလောက် ဝေမျှခံစားဖို့ရာ တကယ့်စာရေးဆရာကြီးတွေလို တော်နေတတ်နေစရာလည်းမလိုလှပါဘူး

စာလုံးပေါင်းတွေလည်းမှားချင်မှားနေပါလိမ့်မယ်...၊ကိုယ်ဆိုလိုချင်တာတစ်မျိုး၊ရေးရင်းနဲ့ ရောက်သွားတာက
တစ်ဖုံဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...၊(အခုပဲကြည့်...:D ) ဒါပေမယ့် ဖြစ်ပါတယ်...၊ပြဿနာမရှိပါဘူး (ဟုတ်
တယ်...ဟုတ်...:))။မိမိဘာသာလည်းရေးရင်း၊တစ်ခြား ဘလော့တွေကိုလည်းလိုက်ဖတ်ရင်းကနေ စာရေး၊စာ
ဖတ်ရတာ ပျော်လာပါလိမ့်မယ်...၊စာတွေရေးရတာလည်း တဖြည်းဖြည်းအဆင်ပြေ၊ချောမွေ့လာမှာပါ.....။

ပြီး...၊မိတ်ဆွေ၊အပေါင်းအသင်း၊သူငယ်ချင်းတွေလည်း အများကြီးရလာမှာပါ...။တစ်ယောက်ရေးတဲ့စာလေးတွေ
တစ်ယောက်ကဖတ်ပြီး ရလာတဲ့ နားလည်မှု၊နွေးထွေးရိုင်းပင်းမှု၊ခင်မင်လေးစားရမှုတွေက တစ်ခြားဘာနဲ့မှ မတူ
တဲ့ စိတ်ခံစားမှုတွေဆိုတာ ဂျီတော့က စကားလုံးလှလှလေးတွေကြောင့် ခဏပန်းသာယာမိတဲ့ ခံစားမှု ထက်
အဆပေါင်းများစွာသာတယ်ဆိုတာလည်း တစ်ဖြည်းဖြည်း သိလာပါလိမ့်မယ်...။

ပြောစရာတစ်ခုရှိတာက မြန်မာပြည်ကနေ ဘလော့စပေါ့ကို ခါးတောင်းကိုမြှောင်နေအောင်ကျိုက်လို့ကျော်ခွဝင်
နေရတဲ့ ဒုက္ခတော့ရှိပါတယ်...။သို့ပေမယ့် ကိုယ်တစ်ကယ်လုပ်ချင်ရင် မဖြစ်နိုင်တာမ၇ှိပါဘူးခင်ဗျာ...၊မြန်မာပြည်
ကနေ စာတွေအများကြီးရေးနေတဲ့ အစ်မရွှေစင်တို့၊အစ်မမြသွေးနီတို့၊နောက်...နတ်ဆိုးလေးတို့လို့ ဘလော့ဂါ
တွေ အများကြီးရယ်ပါ...။

ဆိုတော့ကာ...၊မတော့နဲ့မဟုတ်ပါဘူး...တော့ပါ...။သို့ပေမယ့် တော့နေတာနဲ့ အချိန်တွေကုန်နေမယ့်အစား
ဘလော့ကြည့်ကြပါလို့........၊

(နတ်ဆိုးလေး တဂ်လို့ ရေးဖြစ်သွားပါတယ်....။ဟိုလိုလုပ်ပါလား၊ဒီလိုလုပ်ပါလားလို့ ဆရာလုပ်တယ်လို့မထင်ပါ
နဲ့ခင်ဗျ...၊အကြံပေးတယ်လို့ပဲသဘောထားပေးကြပါ...:))

12 comments:

rose of sharon said...

တော့မဲ့အစားဘလော့ခိုင်းတာ အကြံကောင်းပေးတာဘဲ... :)

မိုးယံ said...

တော့လဲ တော့တယ်.. ဂင်းလဲ ဂင်းလယ်..

ငါ့နာမည် မောင်တော့ဂင်း.. ညှင်းညှင်းညှင်း

ကိုကိုမောင်(ပန်းရနံ့) said...

ထောက်ခံပါတယ် ခင်ဗျား။။ ပက်ပက် စက်စက်ကြီးကို ထောက်ခံသွားပါတယ်။ ဟာ ဟ။ ကိုယ်တိုင်က ဘလော့ဂါဖြစ်နေတာကိုး။

ချတ်တင်တော့ မလုပ်ဖြစ်ပါဘူး။ လုပ်ရင် ဖြတ်မရမှာ စိုးလို့။း))))


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

နေ၀သန် said...

နောက်တစ်ခုစဉ်းစားဦး.. :D.. တော့ရယ်.. ဘလော့ရယ်.. ဘာကျန်သေးတုန်း...


ခင်မင်လျက်
နေ၀ဿန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော့နေတော့
တော့ဖို့တောင်အချိန်မရှိတော့ပါဘူး။
ပုန်းနေမိတာ များလာတော့တာပါဘဲ။

မောင်မျိုး said...

တော့ ကိုကြည့်ကျက်တော့ပြီး ဘလော့ကို ဘလော့ချင်သလို ဘလော့လည်း တော့ ကော ဘလော့ ကော ၂ ခုလုံးကောင်းပါတယ် တန်ဆေး လွန်ဘေး တော့ မဖြစ်အောင် ကိုယ့်ကိုယ်ကိုထိန်းရတာပေါ့ ဟုတ်ဘူးလား မောင်လေးရယ်း)

ညီလင်းသစ် said...

ဂျီတော့ခ်ကို တခါမှ မသုံးဖူးသေးဘူးဗျ၊ ဟိုးအရင်တုန်း ကတော့ MSN နဲနဲ သုံးဖူးတယ်၊ ဒါပေမယ့် မငြိပါဘူး၊ ဖဘလည်း မငြိ၊ တွစ်တာလည်း မငြိ၊ မိုင်စပေ့စ်လည်း မငြိ၊ ဒီလိုနဲ့ ဘလော့ဂ်မှာပဲ ကျောက်ချနေဖြစ်ပါတယ်၊ အချိန်ပေးရတာချင်း အတူတူ ဘလော့ဂ်မှာ အကျိုးကျေးဇူးတွေ ပိုများတယ်လို့ ထင်တာပဲ၊ ကြိုက်တော့လည်း ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပေါ့ဗျာ၊း)

Unknown said...

ကျေးဇူး ကိုမောင်လေး... ဖတ်တွားဘီနော
ဘလော့က ဘာမှ မဖြစ်ဘူး ပြန်လာကြည့်
ဟိဟိဟိ

နတ်ဆိုးလေး said...

ကိုမောင်လေးရေ အထက်က ကွန်မန့်က ကျွန်တော်နော် နစ် မှားပြီး ပေးလိုက်မိလို့

akhayar said...

ဟုတ်ပါတယ်...ဟုတ်ပါတယ်...
လာဖတ်သွားတယ်နော်...

ဧပရယ်လ်ပူး@ပူးတေ said...

ကိုမောင်လေးရေ

လာလည်ပါတယ်... အခက်အခဲမျိုးစုံကြောင့် (အဓိကက ကွန်ပျူတာ font မရတဲ့ ပြဿနာကြောင့်) ဘလော့မရေးဖြစ် ကွန်မန့်တွေ လိုက်မမန့်ဖြစ်ပေမယ့် ဘလော့မိတ်ဆွေတွေ ဘလော့မောင်နှမတွေဆီ ကြုံရင်ကြုံသလို စာတွေ လိုက်ဖတ်ဖြစ်ပါတယ်... window 7 မှာ မြန်မာ font ဖတ်လို့ပဲရပြီး ခုထိရိုက်လို့မရသေးလို့ (ပူးတေ ရိုက်နည်းမသိတာပါ။ ရိုက်လို့ရမယ်ထင်ပါတယ်) စာတွေ မရေးဖြစ်သေးတာပါ...

သိတာလေးတွေ ရှိရင်လဲ မျှဝေပေးသွားဦးနော်... ပူးတေက လိုက်ရှာပြီး ဖတ်ပြီးလုပ်ရမှာ ပျင်းနေလို့လေ...


ခင်မင်စွာဖြင့်
ပူးတေ

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်နော်...အခုဆို ပုန်းနေရတဲ့ ဘဝရောက်တာ ကြာပေါ့ အကိုရေ...အဟီးးး:P:P