Tuesday, May 3, 2011

မရီဖြစ်တောင် ပြုံးဖြစ်အောင်ပါ

တစ်ခါတစ်ရံ ကျွန်တော်တို့ဘဝမှာ အခက်အခဲတွေ၊ဝမ်းနည်းကြေကွဲရခြင်းတွေ၊မိသားစုပြဿနာတွေ၊စိတ်ညစ်
စရာတွေ နဲ့ကြုံဆုံရတတ်ပါတယ်....။ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ အများသူငါတွေပါ ဒီလိုအခက်အခဲတွေနဲ့
ရင်ဆိုင်ရစမြဲပါ။ဒီလိုဘဝအမောတွေက တစ်ခဏတာပုန်းခိုနိုင်ဖို့၊နဲနဲလေးဖြစ်ဖြစ်၊ခဏလေးဖြစ်ဖြစ် ပေါ့ပါးစေ
နိုင်ဖို့အတွက် မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာထဲက ကောင်းနိုးရာရာလေးတွေ ဝေမျှလိုက်ပါတယ်....။
အားလုံးဖတ်ပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။ဘာပဲဖြစ်ဖြစ် မရီဖြစ်တောင်ပြုံးမိမယ်ဆို ကျေနပ်မှာပါ...။

<<<<<<<<<<<<<>>>>>>>>>>>>>

မေမေ့အတွက်

မိခင်ဖြစ်သူ၏မွေးနေ့တွင် သားငယ်ဖြစ်သူက လတ်လတ်ဆတ်ဆတ်နှင်းဆီပွင့်များကို မွေးနေ့လက်ဆောင်အဖြစ်
ယူလာပေးရာ အမေလုပ်သူကမေးလေ၏

“ကျေးဇူးပါပဲသားရယ်....၊ဒါနဲ့ဒီပန်းတွေသား ဘယ်ကခူးလာခဲ့လဲ...”

“တစ်ခြံကျော်က အန်ကယ်မက်ဒရူးဆီကပါ....”

“သားခူးလာတာရော သူသိရဲ့လား....”

သိတာပေါ့မေမေ...၊သူသိလို့ သားနောက်တောင်အပြေးလိုက်လာသေးတာပဲ....”

(ကဲ...ကျွန်တော်တို့လည်း ကျွန်တော်တို့မေမေ့မွေးနေ့မှာ နှင်းဆီပန်းလေးတွေပေးကြရအောင်လား....၊ဈေးက
ဝယ်တာတော့ဖြစ်ပစေပေါ့ဗျာ....နော့....)

<<<<<<<<<<<>>>>>>>>>>>>>

ဖေဖေ့အပေါ်မူတည်တယ်

“သားလေး...မေမေဈေးသွားနေရင် သား ဘာလုပ်ကျန်ရစ်ခဲ့မလဲကွယ့်.....”

“သား အိမ်ဖော်မခင်ပုနဲ့ဖြစ်ဖြစ် မော်တော်ကားနဲ့ဖြစ်ဖြစ် ကစားနေမှာပေါ့မေမေ....”

“အို..ဟုတ်လား...ဒါဖြင့် ဒီနေ့မေမေဈေးသွားရင် သား ဘာနဲ့ကစားမလဲကွယ်....”

“ဒါကတော့ ဖေဖေ့အပေါ်မူတည်တာပဲမေမေရဲ့.....”

(မေမေတို့ခင်ဗျား....ကိုယ့်သားသားမီးမီးကို ကိုယ်ဈေးသွားချိန်မှာဘယ်လိုကစားသလဲဆိုတာမေးကြနော်....၊
ဖေဖေတို့ကလည်း မော်တော်ကားနဲ့ပဲကစားကြပါလို့.....)

<<<<<<<<<<<<<>>>>>>>>>>>>>

ယောင်္ကျားစောပြန်လာလို့

မျက်လုံးနှစ်ဘက်လုံးယောင်ကိုင်လျက်ရုံးရောက်လာသော နေရီ့ကို လုပ်ဖော်ကိုင်ဖက်များကဝိုင်းမေးကြသည်။

“ ဘယ်လိုဖြစ်ရတာလဲမေရီရယ်.....”

“ယောင်္ကျားထိုးလိုက်တာလေ....”

“ရက်စက်တဲ့ယောင်္ကျားပါလား...၊ဒါနဲ့ယူ့ယောင်္ကျား ခရီးထွက်သွားတယ်ဆို....”

“ ဟုတ်တယ်လေ...သူတစ်ရက်စောပြန်လာလေရဲ့......”

(ခက်တာပဲဗျာ....၊ဒီလူ့နှယ်....စောလည်းပြန်လာသေး၊မိန်းမကိုလည်းထိုးသေး.....)

<<<<<<<<<<<<<>>>>>>>>>>>>>

အသားထဲကလောက်ထွက်

ဟောပြောပွဲတစ်ခုတွင် လင်မယားများကြားတွင် သစ္စာဖောက်မှု၌ ရုပ်ရှင်မင်းသား၊မင်းသမီးများသည် အများဆုံး
ဖြစ်ကြောင်း၊အားကစားသမားများက ဒုတိယနှင့် သင်္ဘောသားများက တတိယလိုက်ကြောင်း ဟောပြောလေ၏
ဤတွင် သင်္ဘောသားတစ်ဦးက သူသင်္ဘောလိုက်နေသည်မှာနှစ်နှစ်ဆယ်ရှိပြီဖြစ်ကြောင်း သူ့ဇနီးအပေါ်တစ်ခါမှ
သစ္စာမဖောက်ခဲ့ကြောင်း စောဒကတတ်လေ၏

ထိုအခါ သူ့ဘေးမှသင်္ဘောသားများက “မင်းလိုကောင်မျိုးတွေကြောင့် ငါတို့နောက်ဆုံးအဆင့်ရောက်နေရတာ”
ဟုဝိုင်းပြောကြသောဟူလို.....။

(ဟုတ်ကဲ့...ကိုရွေသင်္ဘောသားများခင်ဗျား....သူများနောက်ကတော့အဖြစ်မခံကြပါနဲ့လား....)

<<<<<<<<<<<<<>>>>>>>>>>>>>

ငါကြောက်လို့

ခွဲစိတ်ခန်းထဲမှကြောက်လန့်တကြားထွက်ပြေးသောလူနာကို ဆရာဝန်ကြီးက ပြစ်တင်စကားပြောလေသည်။

“ခင်ဗျားဘာလို့ထွက်ပြေးရသတုန်း....”

“နာစ်မလေးက ဘာမှကြောက်စရာမလိုဘူး အူအတက်ခွဲတာလွယ်လွယ်လေးလို့ပြောလို့ပါ....”

“သူပြောတာမှန်သားပဲ....”

“သူပြောတာက ကျွန်တော့်ကိုခွဲမယ့် ဆရာဝန်လေးကို ခင်ဗျ....”

(အေးဗျာ....ဆြာဝန်ပေါက်စလေးနဲ့တွေ့ရတဲ့အခါ ကျွန်တော်လည်းထွက်ပြေးမှာရယ်....)

<<<<<<<<<<<<<>>>>>>>>>>>>>

အရက်ကြောင့်ပဲ

“ဆရာ...ကျွန်တော့်အူကျရောဂါက အရက်ကြောင့်ပဲလားဟင်....”

“ဖြစ်နိုင်တယ်....၊ခင်ဗျားအရက်ပုလင်းခွံတွေသွားရောင်းတော့ အလေးအပင်မသလိုဖြစ်သွားတာကိုး....”

(ကဲ...ယမကာလုလင်များခင်ဗျား...သောက်ပေမယ့် ပုလင်းခွံတော့ကိုယ်တိုင်သွားမရောင်းမိစေနဲ့နော်....)

<<<<<<<<<<<<<>>>>>>>>>>>>>

ကြောင်လမ်းပြ

“တစ်နေ့က မိန်မက အိမ်ကကြောင်ကို တောထဲသွားပစ်ဆိုလို့သွားပစ်လိုက်တယ်.....”

“ကြောင်ပြန်မလာတတ်တော့ဘူးမဟုတ်လား....”

“ဘာ...ပြန်မလာတတ်ဘူး....ဟုတ်လား....၊သူ့နောက်ကသာ လိုက်မလာရင် ကျုပ်တောင်အိမ်ပြန်ရောက်မှာ
မဟုတ်ဘူး....၊ကျုပ်လမ်းမမှတ်မိတော့ဘူးလေ.....”

(ဒါကတော့ ကိုလတ်အတွက်သီးသန့်ပဲဗျ...၊ဒီလူ အိမ်မှာကြောင်တွေများနေလို့ တောထဲသွားပစ်မယ်ချည်းပြော
နေတာကလား....)

<<<<<<<<<<<<<>>>>>>>>>>>>>

ပေါ်ခဲ့တဲ့ဆန္ဒ

နှစ်ငါးဆယ်မြောက် မင်္ဂလာနေ့ပွဲကို အဖိုးနှင့်အဖွား ကျင်းပကြရာ မြေးများက အဖိုးကိုဝိုင်းမေးကြသည်။

“အဖိုး....အဖိုးနှင့်အဖွားဒီလောက်ပေါင်းသင်းလာတာ တစ်ခါမှ ကွာရှင်ချင်စိတ်မပေါ်ခဲ့ဘူးလား...”

“ကွာရှင်းဖို့....ဟုတ်လား...အဲ့လိုတော့မပေါ်ခဲ့ပါဘူးကွယ်....၊ဒါပေမယ့် မင့်အဖွားကိုတော့ လည်လှီးပစ်ချင်စိတ်
ခဏခဏတော့ပေါ်ခဲ့တယ်ကွ....”ဟူလို......။

(ကျွန်တော့်အကိုတွေ၊ညီတွေလည်း အဲ့လိုဆန္ဒမျိုးများပေါ်ခဲ့ကြသလားဗျဟင်.....)

<<<<<<<<<<<<<>>>>>>>>>>>>>

မျှော်လင့်ချက်ကင်းတဲ့ဘဝ

မြင်းတစ်ကောင်က တစ်ခြားမြင်းတစ်ကောင်ကိုပြောပြနေသည်။

“ငါ့သခင်က တကယ့်ခေါင်းပုံဖြတ်သမားတစ်ယောက်ပဲကွာ....၊မိုးလင်းကမိုချုပ်ခိုင်းနေတော့တာကလား....”

“ဒါဆို တိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့ကိုစာရေးတိုင်ပါတော့လား....”

“မဖြစ်ဘူးကွ....၊ငါစာရေးတတ်တာသူသိသွားရင် သူ့ရုံးမှာပါခိုင်းနေတာမှာဟ....”တဲ့လေ.....။

(ရှင်ကျားပူမှာ အလုပ်ရှင်ကများမတရားခိုင်းရင် MOM ကိုသွားမတိုင်ကြနဲ့နော်....တော်ကြာ သူဌေးက သူ့ရုံးမှာ
ပါခိုင်းနေဦးမှာ.....)

<<<<<<<<<<<<<>>>>>>>>>>>>

ဆန်ပြုတ်မှန်မှန်သောက်ပါတော့လား

မိခင်ဖြစ်သူက သားငယ်လေးကိုနံနက်စာအဖြစ် ဆန်ပြုတ်တိုက်ရာ၊သာဖြစ်သူက မသောက်ချင်ဘူးဆိုကာအင်
တင်တင်လုပ်နေသည်။မိခင်ဖြစ်သူလည်း စိတ်မရှည်တော့ပဲ သားဖြစ်သူကို ဇွန်းဖြင့်ခေါက်လေ၏

ထိုအခါ ဖခင်ဖြစ်သူက “ ဟဲ့ကလေးကိုဒီလိုလုပ်ရသလား...”ဟုမာန်မဲကာ သားဖြစ်သူကိုချော့လေ၏။နား နားသို့
လည်းကပ်ခါစကားတစ်ခွန်းတိုးတိုးလေးပြောလိုက်လေ၏

ဖခင်ဖြစ်သူပြောသောစကားကိုကြားသောအခါ သားလေးလည်း ဆန်ပြုတ်ကိုချက်ချင်းကုန်အောင်သောက်ပြီး
ကျောင်းသို့သွားလေတော့သည်။

နှစ်ယောက်တည်းကျန်ခဲ့သောအခါ မိန်းမက ယောင်္ကျားကိုမေးလေ၏

“ဘယ်တုန်းကမှဆန်ပြုတ်မကြိုက်တဲ့ကလေးကို ချက်ချင်းဆန်ပြုတ်သောက်ချင်လာအောင် ရှင်ဘာများပြော
လိုက်သတုန်း....”

“ အော်....သားဆန်ပြုတ်မှန်မှန်မသောက်ရင် သားရဲ့ဖွားဖက်တော်လေးက ဘယ်တော့မှကြီးလာမှာမဟုတ်ဘူး
လို့ပြောလိုက်တာပါ...”

မိန်းမဖြစ်သူ အတန်ကြာတွေဝေသွား၏။နောက်ယောင်္ကျားဖြစ်သူကို ဇွန်းဖြင့်ခေါက်လိုက်သည်။

“ဟ...ဘယ်နှယ်..ငါ့ကိုဇွန်းနဲ့ခေါက်ရသတုန်း...”

“ငယ်ငယ်က ဆန်ပြုတ်မှန်မှန်မသောက်ခဲ့လို့......”

(ကဲ...ဆရာတို့ရော...ငယ်ငယ်က ဆန်ပြုတ်မှန်မှန်သောက်ခဲ့ရဲ့လား....၊မသောက်ခဲ့လို့ကတော့ ဇွန်းစာမိမယ်မှတ်......)


(စိတ်ညစ်နေတဲ့ ညီတစ်ယောက်အတွက် ရည်ရွယ်ပါတယ်.......)

17 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ကိုမောင်လေး....အဲ.. ကိုငြိမ်းနိုင်..
ဆန်ပြုတ် မှန်မှန်သောက်ဖြစ်ရဲ့လားဗျ။း)))

ခင်မင်လျက်

မိုးယံ said...

နှုတ်ခမ်းကလေးတွေ ကွေးသွားမိတယ်။

ညီလင်းသစ် said...

ဆန်ပြုတ်ပန်းကန်နဲ့ ဆုတ်မပြန်မီမှာ ရယ်သွားမိတယ်...။း)
မျှဝေတာ ကျေးဇူးပါဗျာ..။

...အလင်းစက်များ said...

ငါ့ကြောင်တွေကို ဘယ်တော့မှ လွင့်မပစ်ဘူးဟေ့... မကြာခင်သူတို့ ဖာသာ ကြင်ယာရှာဖို့  ခရီးထွက်ကြတော့မှာ ပူစရာမရှိဘူး.... :)။

ကဲ ဆန်ပြုတ်မှန်မှန်သောက်ဖို့ တော့ လိုလာချေပြီ.... ဟီးဟီး။

Nge Naing said...

ဖတ်ပြီး ပြုံးသွားပါတယ်။

စော(အဝါရောင်မြေ) said...

:))
ပြုံးမိပါတယ်။

Anonymous said...

Diet plan အသစ်ရပြီ... ဒီနေ့ကစလို့ ဆန်ပြုတ်သောက်တော့မယ်.. :)

ကိုထွဋ်

blackroze said...

ဟီးးဟီးးဟီးးး

N/A said...

အင်း.. ဒီအတိုင်းဆို ဆံပြုတ်ရောင်းရင် စီးပွားဖြစ်လောက်တယ်။

Anonymous said...

:))
I'll tell ur last 2 stories to my 3 sons n hubby..:)
Gyidaw

မောင်မျိုး said...

စောပြန်လာတဲ့ယောက်ျား ကိုကြိုက်တယ် ဟိဟိး) ကျေးဇူး ကိုမောင် :P

နေ၀သန် said...

သြော်... ဆန်ပြုတ်သောက်ခဲ့သင့်သကိုးဗျ.. နော... ကိုမောင်လေး... ဟဲဟဲ

ညိမ်းနိုင် said...

တဂျီး>>>လူပျိုကြီးတွေအတွက်ကတော့ ဆန်ပြုတ်မှန်မှန်သောက်စရာလိုပါ
ဘူးဗျာ...:)

မိုးယံ>>>နှုတ်ခမ်းလေးကွေးသွားရင်ကို ကျေနပ်ပြီးသား.....

ကိုညီလင်းသစ်>>>ဆန်ပြုတ်ရောက်မှ ပြုံးမိတယ်ဆိုတော့...တစ်ခုခုပဲ...ဟိ၊

ကိုလတ်>>>အော်...ဟော်...ခုအရွယ်ကြီးရောက်မှတော့ ဆန်ပြုတ်မသောက်
နဲ့တော့...၊လူပြိုကြီးပဲလုပ်တော့ကိုယ့်လူ....:P

အစ်မငယ်နိုင်၊အစ်မစော>>>ပြုံးသွားတယ်ဆိုရင်ကို ရည်ရွယ်ချက် ၁၀၁%
အောင်မြင်တယ်လို့ သဘောရပြီးသားခင်ဗျ...:)လာလည်တာကျေးဇူးတင်
ဝမ်းသာပါတယ်ဗျာ...။

ကိုထွဋ်>>>ဟင်း...ဟင်း...ဟင်း....ဝိတ်ချချင်ရုံသက်သက်မှဟုတ်ရဲ့လားဗျ:)

ညိမ်းနိုင် said...

မနက်>>>အဲ့လို အားပါးတရ ရီမော အားပေးတာ ကျေးဇူးတင်သဗျာ၊ပိုစ်တင်ရ
ကျိုးနပ်တယ်ဗျ....။

ကိုအန်အေ>>>နောက်ကျသွားပြီ...၊ကျွန်တော်ခုပဲ ဆန်ပြုတ်ရောင်းတော့မလို့:))

ဂျီးဒေါ်>>>ဟောဗျာ....သားသားတို့ကိုပြောပြရင် သူရို့ နေတိုင်း ဆန်ပြုတ်ပူဆာ
နေတော့မပေါ့...:D။ဘာလည်တာကျေးဇူးပါခင်ဗျ...။

မောင်မျိုး>>>ဟယ်...မယ်မျိုး....၊စောပြန်လာညတဲ့ယောင်္ကျးကိုကြိုက်စရာ
လား...၊နင့် လက်သီနဲ့ထိုးတော့မပေါ့....:)))။စတာညီ...။ရီသွားတယ်ဆိုရင်
ကိုယ့်ရည်ရွယ်ချက်အောင်မြင်တယ်ပေါ့...၊

နေဝဿန်>>>ခုမှတော့ ဆန်ပြုတ်သောက်ခဲ့သင်တာပေါ့တွေ ဘာတွေလုပ်
မနေတော့နဲ့ညီ....၊နောက်ကျသွားဘီ....:D

SHWE ZIN U said...

စိတ်ညစ်နေတဲ့ကြားက ပြုံးမိသွားတယ် သြ ဒီမှာ ဆန်ပြုတ်လာရောင်းတော့ မယ် ကိုယ်ကလည်း ကြိုက်တာနဲ့ အတော်ဘဲ

ငွေလမင်း said...

ကိုမောင်လေးရေ...မဒမ်ငွေက ချန်ဂီမှာ ၂ ရက်ဆေးစစ်ပြီးအခုအိမ်မှာ ပြန်အနားယူနေတယ် ..နောက်လထဲမှာ ခွဲမယ်တဲ့ ..ဒီကြားထဲ လိုအပ်တာတွေ စစ်ရအုန်းမယ်တဲ့..ကျောက်ကပ်နဲ့ဆီးကျောက် နှစ်ခုလုံးခွဲထုတ်ရမှာတော့သေချာတယ် ..ခွဲရမဲ့ရက်တော့ မသိသေးဘူး.စိတ်ပူပေးတာကျေးဇူးပါဗျာ..

စံပယ်ချို said...

အားရပါးရကိုရယ်သွားတာပါ