Monday, May 30, 2011

သတိ.....ကန့်သတ်နယ်မြေ

အတားအစီးတွေ မကာ.......

သတိပေးတားမြစ်ချက်တွေ မရှိပေမယ့်......

ဒီကမ္ဘာက ကန့်သတ်နယ်မြေ.....ကိုယ့်လူ.....။

မဖိတ်ခေါ်ပေမယ့်....ပြန်ထွက်ဖို့ လွယ်မယ်မထင်လေနဲ့....။

ဒီနေရာမှာ ယူတန်းမရှိဘူး .....။

ဝင်လာဖို့ ဟန်ပြင်နေရင် ကြိုတော့ပြောချင်တယ်....

ခင်လို့ ပြောတယ်မှတ် ကိုယ့်လူ.....။

ဒီကမ္ဘာမှာ တစ်ဖတ်ပိတ်လမ်းတွေကို မဆုံးတမ်းလျှောက်ရလိမ့်မယ်...။

ဝင်္ကပါအကွေ့အကောက်တွေကြားမှာ ခင်ဗျားရဲ့ပျားရည်စက်က နေရာခဏခဏရွေ့နေလိမ့်မယ်.....။

တစ်ဘဝစာတော့ မရှာလေနဲ့ကိုယ့်လူ....၊တစ်ခဏစာတောင် တစ်ဘဝလုံးရှာလို့တွေ့ကောင်းမှတွေ့မှာ.....။

ဒီနေရာမှာ ချစ်တာတွေ၊မေတ္တာတွေ ဘာမှမပွားကြေးပဲ...၊

ကြိုက်သလား၊ခိုက်သလား.....ပြီးရင် ကိုယ့်လမ်း ကိုယ်သွား.....။

ဘာ....ကိုယ့်ဆရာပြောတာ....

ခင်တတ်တယ်....၊သံယောဇဉ်ကြီးတယ်....ဟုတ်လား....

အဲဒါတွေ ကိုယ့်လူကမ္ဘာမှာထားခဲ့တော့....

ဟောဒီမှာ....ရှင်မသနားနဲ့ ကျွန်မက ကျားတွေ.....ရယ်.....။

တစ်ခုလိုချင်ရင် ၂ခုမက...အစစအရာရာ ပေးရလိမ့်မယ်.....။

တစ်ခုပေးပြီး ၂ခုမကလည်းရချင်ရမယ်....

ကိုယ်လူပါးနပ်ဖို့တော့လိုသပေါ့.....။

“ age pls.......”

“ 26.......”

“ ur r......pls ”

“ ......... ”

“ အော်.......”

အသွင်တူရင်....သူပြန်လာလိမ့်မယ်မထင်နဲ့....

“အော်....”တစ်လုံးမှာ အဓိပ္ပာယ်တွေအများကြီးရှိကြောင်း ခင်ဗျား သိကောင်းသိလာမှာ....

မရင့်ခင်ကာလ......

ခင်ဗျား....မျက်ရည်ကို ဒူးနဲ့တင်မက....ခြေဖဝါးနဲ့ ပါ သုတ်နေရမှာ....

စကားလုံးတွေကြား.....ခင်ဗျား....ပက်လက်ကူးမလား.....မှောက်ခုံကူးမလား.....

မျောဖို့သာပြင်တော့ ကိုယ်လူ.....

သမင်ဘဝမှာ ခဏခဏအစားခံရင်း....

ကိုယ့်လူ ကျားဖြစ်ကောင်းဖြစ်လာမယ်....

ဖြစ်ကောင်းမှလည်း ဖြစ်လာမယ်.....

ကဲ....ဘယ်လိုလဲ ကိုယ်လူ.....

ရယ်ဒီဖြစ်ပြီလား......

အော်....ပြောဖို့မေ့လို့.....

ခင်ဗျားနှလုံးသားကို ရေခဲရိုက်ထားဦး......။

9 comments:

ညိမ်းနိုင် said...

testing

မောင်မျိုး said...

ဒဲ့ကြီးပဲကော ခပ်ပြင်းပြင်းတောအရက်တစ်ခွက်နဲ့တူတယ် ။

...အလင်းစက်များ said...

မှောက်ခုံကြီးမကူးပါနဲ့  ကိုမောင်လေးရယ်... ကြည့်မကောင်းပါဘူး..။

blackcoffee said...

ရယ်ဒီဖြစ်ပြီလို့ တော့ ထင်တာပါဘဲ...

လရိပ်အိမ် said...

ကန့်သတ်နယ်မြေထဲကိုတဒင်္ဂတွင်းရောက်သွားမိတယ်။ ရေခဲတော့အရိုက်မခံပါရစေနဲ့။

Angelhlaing(May everybody be happy and healthy! said...

ညီမလေးတော့ ရယ်ဒီမဖြစ်သေးဘူးအကို ချောလဲရင်တောင် မျက်ရည်က ကျချင်နေတုန်းရယ်...:):)

ဖိုးကြယ် said...

ဂွတ်...ဂွတ်...ဂွတ်....အဖွဲ့ရယ်..အကြောင်းအရာရယ်....ရည်ရွယ်ချက်ရယ်....ဘာမှပြောစရာမရှိပါ :)

ခင်တဲ့ (ဖိုးကြယ်)

Anonymous said...

ကန့် သတ်ထားတာကြာပါပြီကောဗျာ ...
ကျား နဲ့ ပတ်သတ်ပြီး ကြားဖူးတာတော့ရှိတယ်
ကျားတော့ကျားပဲ ကျနော်က ဖွတ်ကျားတဲ့ :D

အုပ်ကြီး

မြစ်ကျိုးအင်း said...

အဲဒီကမ္ဘာမှ သမင်လိုအစားခံဖူးမှ ကျားဖြစ်တဲ့နေရာ