Friday, April 1, 2011

ဧပရယ်ဖူး နှင့် သူငယ်ချင်းတွေ

ဒီနေ့မနက် အလုပ်ကိစ္စနဲ့ လေဆိပ်သွားရင်း လမ်းမှာ ဖျက်ဆို သတိရလိုက်တာက ဒီနေ့ ဧပရယ် ၁ ရက်နေ့၊
ဧပရယ်ဖူး နေ့ဆိုတာကိုပါ...။ဟိုးအရင်နှစ်တွေက ဒီနေ့မှာ ဧပရယ်ဖူးလုပ်ကြတဲ့သတင်းတွေ၊smsတွေကိုအဟုတ်
ကြီးမှတ်လို့ ခံရပေါင်းများပေါ့....။ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ရဲ့ ချစ်စွာသော ဘဘချုပ်ချုပ်ကြီး ရူးပြီးသေပြီဆိုတဲ့
သတင်း ဖုံးထဲ smsဝင်လာလို့ အဟုတ်ကြီးမှတ်ပြီး ဝမ်းတွေဘာတွေသာလို့...:D။ပြီးဟုတ်လည်းမဟုတ်..၊ကိုယ့်မှာ
သာ လူတစ်ယောက်သေတာ ဝမ်းသာပြီး အကုသိုလ်ရတာပဲအဖတ်တင်ကျန်ခဲ့ပါရောလား...:)

မြန်မာပြည်မှာတုန်းကလည်း ရောနယ်ဒိုလေး မန်ယူမှာ ကောင်းစာစဉ်က ကားတိုက်မှုဖြစ်ပြီး ခြေကျိုးသွားတယ်
ဆိုလို့ ဒို့မန်ယူတော့ ဒွတ်ခပဲဆိုပြီး ကြားက မအိပ်နိုင်မစားနိုင် နာရီဝက်လောက်ဖြစ်လိုက်သေး....။ဒီနှစ်တော့ မှတ်သွားပြီ...၊ဒီရက်မှာလာတဲ့ ဘာသတင်းပလင်းမှမယုံတော့ပါ..။

ဒီနှစ်တော့ သူများကို ဧပရယ်ဖူးလုပ်ဦးမှပဲလို့ အကြံရလိုက်တာနဲ့ အရင်းနှီးဆုံးသူငယ်ချင်း ၅ယောက်ဆီ sms ပို့
လိုက်ပါတယ်...၊“ငါ....မနက်ဖြန် မြန်မာပြည်အပြီးပြန်တော့မယ်....၊ဘယ်တော့မှပြန်မလာတော့ဘူး၊မင်းတို့ အိမ်
ကိုလက်ဆောင်ထည့်ပေးချင်တာရှိရင် ညနေလာပေးပါ...” ဆိုပြီးတော့ပေါ့...။

ချက်ချင်းဆိုသလိုပါပဲ...၊ငါးယောက်လုံးစီက ဖုံးတွေဝင်လာတော့တာပါပဲ...၊ဘယ်သူ့ဖုံးမှ မကိုင်တော့ sms တွေ
တစ်သီကြီး ပို့ကြပါရော...။ဟ...ဘာဖြစ်တာတုန်း...ဗျုန်းစားကြီး....၊ဟဲ့..ဘာဖြစ်တာတုန်း...သူဌေးနဲ့ ပြဿနာဖြစ်
လို့လား...၊ဘာ...ညာ....စုံလို့ပေါ့ဗျာ....။ဒါနဲ့ကျွန်တော်လည်း သူတို့ကို အားနာသွားတာနဲ့ “ဘာမှဟုတ်ဘူး ဧပရယ်
ဖူး လုပ်တာ....ဆောတီး....”ဆိုပြီး sms ပြန်ပို့လိုက်ရတယ်....။

ရင်ထဲမှာတော့ ပျော်လည်းပျော်၊စိတ်လည်းကြည်ကြည်နူးနူးလေး ဖြစ်သွားမိတယ်...။
ကျွန်တော်က အပေါင်းအသင်း မင်တတ်တဲ့သူပါ..။ဒါပေမယ့် တရင်တနှီးပေါင်းတဲ့သူငယ်ချင်းရယ်လို့ ဟိုးငယ်ငယ်
ကတည်းက ရှိလှတယ်မဟုတ်ပါဘူး...။မိတ်ဆွေအပေါင်းအသင်းများပေမယ့်၊အားလုံးနဲ့ ခင်ခင်မင်မင်ပေါင်းသင်း
ဆက်ဆံပေမယ့်၊ကိုယ့်ခံစားချက်၊ကိုယ့်ပြဿနာတွေကို ဆိုးတိုင်ပင်၊ကောင်းတိုင်ပင်ဆိုတာမျိုးတော့ မရှိခဲ့ဘူးဗျ။

ဒီရောက်လာတော့ ဒီမှာက ကျွန်တော့်သူငယ်ချင်းအပေါင်းအသင်းတွေကလည်း သိပ်မရှိလှ၊ရှိတဲ့သူတွေကလည်း
ကိုယ့်အလုပ်နဲ့ကိုယ်၊သူရို့အလုပ်နဲ့ သူတို့ဆိုတော့ တစ်ပတ်နေလို့ တစ်ခါတွေ့ဖြစ်ကြတာမဟုတ်ပါဘူး..။
ဆိုတော့ ဒီမှာ မလွဲသာလို့သာနေထိုင်၊လုပ်ကိုင်နေရတာ...၊လူကတော့ အင်မတန်မှ အထီးကျန်ဆန်ပါတယ်..။
ကိုယ့်မှာရှိတဲ့ပြဿနာတွေကိုလည်း တော်ရုံတန်ရုံနဲ့ ဘယ်သူ့ကိုမှ(အထူးသဖြင့် ကိုယ်ချစ်ခင်ရတဲ့သူတွေကို)
ဖွင့်ဟတိုင်ပင်လေ့မရှိတော့ တော်ရုံစိတ်ဓာတ်ကျစရာတွေ့တာနဲ့ မြန်မာပြည်ပြန်ပြေးချင်စိတ်တွေပေါ်လာတော့
တာပါပဲ...။

ငါ့ဘေးနားမှာ ဘယ်သူမှမရှိဘူး...၊အားလုံးက ငါ့ကို အဆင်ပြေနေတယ်ထင်နေကြတာ၊ငါ့ပြဿနာတွေကိုတော့
ဘယ်သူမှမသိကြဘူး.....ဆိုပြီး တစ်ယောက်တည်း အားငယ်စိတ်တွေ ဝင်နေတတ်ပါတယ်.....။တကယ့်တကယ်
မှာတော့ ဘယ်သူ့မှာမဆို အဆင်မပြေမှုလေးတွေ၊ပြဿနာလေးတွေ ရှိစမြဲပါ...။ဒါပေမယ့် သူတို့ပြဿနာတွေ
ကို ဖွင့်ဟတိုင်ပင်တဲ့အခါမှာ ကိုယ်တတ်နိုင်သလောက် အကြံညဏ်၊အကူအညီပေးနိုင်ခဲ့ပေမယ့်၊ကိုယ့်ပြဿနာ
တွေကို ဘယ်သူ့ကိုမှ ပြောမပြဖြစ်တဲ့အခါ၊သူတို့က ဘယ်လိုလုပ် သိနိုင်ပါ့မလဲခင်ဗျာ....။

ဒါကိုပဲ ကျွန်တော်က စိတ်ထဲမှာ ကိုယ့်ဘာသာ အားငယ်စိတ်၊အထီးကျန်စိတ်တွေနဲ့ လုံးထွေးရစ်ပတ်နေတော့
တာပါပဲ...။ ငယ်ငယ်က ရခဲ့တဲ့ စိတ်ဒဏ်တွေကြောင့်လည်း ပါတာပေါ့လေ...။တကယ့်တကယ်မှာတော့ မိတ်ဆွေ၊
သူငယ်ချင်းတွေဆိုတာ အရေးအကြောင်းဆို အားကိုးရတဲ့သူတွေ၊ကိုယ်နဲ့ထပ်တူ ခံစားပေးနိုင်တဲ့သူတွေ၊ကိုယ့်
မှာ အခက်အခဲတစ်စုံတစ်ရာရှိရင် ဝိုင်းဝန်းဖြေရှင်းပေးချင်တတ်ကြတဲ့သူတွေ ဆိုတာ ဒီ ဧပရယ်ဖူးလေးနဲ့အတူ
ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်....။

ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး...၊ကျွန်တော့်ဘေးမှာ (လက်တစ်ဖက်စာ အရေအတွက် နည်းနည်းလေးပဲ
ဖြစ်စေဦးတော့...)ကျွန်တော့် သူငယ်ချင်းတွေရှိတယ်လို့ ကြည်ကြည်နူးနူးလေး ခံစားလိုက်ရပါတယ်...။
ဒီအတွက် သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ရပါတယ်....။

စကားစပ်လို့ပြောရရင် ကျွန်တော်က တကယ်ဟုတ်ဘူး ဧပရယ်ဖူးလုပ်တာလို့ ပြန်ပြီး sms ပို့လိုက်တော့....
ညီမငယ်လေးလိုခင်ရတဲ့ တစ်ယောက်က “ ဟင်တကယ်မပြန်ဘူးလားကိုကြီး....၊သမီးက အိမ်ကို ရေခဲသေတ္တာ
လူကြုံထည့်ပေးလိုက်မလို့ဟာကို.....”တဲ့ဗျာ.....။E......ရေခဲသေတ္တာကြီးများ ထည့်ပေးလိုက်မှဖြင့်....တေပြီ....:)။

13 comments:

ညီလင်းသစ် said...

ကျနော်လည်း ငယ်ငယ်တုန်းက ဧပရယ်ဖူးလ် ဆိုရင် ခဏခဏ ခံရတယ်၊ အခုနောက်ပိုင်းတော့ သတိထား နေမိတယ်၊ ဒီနေ့မှာ သတင်းစာ၊ တီဗီတို့က လုပ်တဲ့ အကွက်တွေနဲ့ လူတွေအမြဲ ခံရတတ်တယ်၊ သူတို့က အချက်အလက်တွေ စုံစုံလင်လင်နဲ့ လူယုံအောင် လုပ်နိုင်ကြတာကိုး...၊ ပျော်ရွှင်ဖွယ်ရာ ဧပရယ်ဖူးလ် ဖြစ်ပါစေဗျာ...။

နေ၀သန် said...

ဟဟ.. ဒီနေ့တော့ ဘူ့ကိုမှ မဖူးလ်လိုက်ရဘူး..

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ဆုံးက လူကြီးပေါ့ စောစောစီးစီး ဧပြီဖူးလ်း လုပ်လို့ ခံလိုက်ရသေးး)
အွန်လိုင်းတက်ပြန်တော့ တစ်ယောက်ပြီးတစ်ယောက် လာဖူးလ်းနေတာနဲ့ တစ်နေကုန် အောက်ထားလိုက်တော့တယ်..
သူငယ်ချင်း မိတ်ဆွေတွေဟာ ဒီတိုင်းသာ ဖာသိဖာသာ နေကြပေမဲ့ အရေးအကြောင်းဆို စိတ်ရင်းတိုင်း ပူပန်တတ်ကြပါတယ်.. အရေးကြုံရင် ပိုသိသာရတယ် မဟုတ်လား။

သူကြီးမင်း (တုံးဖလား) said...

ဘာဘဲ ပြောပြော ဒီနှစ် မန်ယူ ဖလားသုံးလုံးရမယ်။ သုံးဖလားပေါ့။ သ တ မကွဲရင်တော့ တုံးဖလားလို့ အသံထွက်တယ်။ အဲဒါ သူကြီးတို့ရွာ။ ဟာဟ ပို့စ်နဲ့တော့ ဘာမှ မဆိုင်။ စာဖတ်ပြီး အပျော်ကူးစက်သွားလို့။

ပျော်ရွှင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင်မျိုး said...

ဟဟား မှတ်ပလား သူများကို ဖူး ချင်တော့ ကိုယ် ပါ ဖူးချင်သွားတယ် ဟုတ် ဒါနဲ့ အဲ့ကောင်မလေးက နည်းနည်းများ ချောင်နေသလားမသိနော့်း) ရေခဲသေတ္တာကြီး ဆိုတော့ လွန်တာပေါ့ ကွယ် ။

Anonymous said...

တနေ့လုံး တဖူးဖူး နဲ့ မလို့ စိတ်ကို ညစ်ရော မောင်လေး ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

akhayar said...

ူ့ဧပရယ်ဖူး ပါနော် ....ပျော်ရွှင်ပါစေ....
ဖူးသွားပါ၏

blackroze said...

အော်..လက်စကိုသတ်လိုက်တော့
မန်ယူ..ဆိုပါလား...သူများကချယ်ဆီး
ဆိုတော့
..အင်းးဒွတ်ခပါဘဲလေ.. :)

yar zar said...

နောက်ကျသွားတယ်ဗျာ..
မဖူးလ် လိုက်ရဘူး..
လာလည်တယ်နော် ကိုမောင်လေး

Anonymous said...

အမလည်း

ဖဘမှာ နိုင်ငံခြားအခွန်ဆောင်များကားနှင့်ဖုန်းပါမစ်ရမယ်လို့ 
တင်ထားတော့ ဖဘမှာတော့ မေးတဲ့သူတစ်ယောက်ပဲရှိတယ် အနားက သူငယ်ချင်းတွေ ဖုန်းတစ်ဂွမ်၂နဲ့ ဆက်လာလိုက်ကြတာ

ဟဟဟ

ကြည်ကြည်

...အလင်းစက်များ said...

ငါ့လဲ ဧပရယ်ဖူး တစ်ယောက်လာလုပ်သေးဟ... ငါတော့ ဘာမှန်းမသိလို့  စိတ်တိုတိုနဲ့  ဟောက်ထဲ့လိုက်တာ .. အဟိး ၂ ရက်လောက်.. စိတ်ကောက်သွားတယ်... မနည်း ပြန်ချောလိုက်ရသေး.. ဟေးဟေး..

Me said...

ပို့စ်လေးဖတ်ပြီး ပြုံးမိသွားတယ်.... တို့တော့ ဘယ်သူ့ကိုမှ မဖူးလ်လိုက်ရဘူး....အဲဒီနေ့က ခရီးသွားနေလို့ :-)

Kaung Kin Ko said...

သူငယ်ချင်းတွေ ကိုယ့်ကို ချစ်တာခင်တာ သိရတော့ ကြည်နူးစရာ ဖြစ်သွားတာပေါ့း-)