“ ကျုပ်တို့ဝန်ကြီးတွေ ဘာတွေဖြစ်လို့ ကျုပ်တို့ဘာမှ ဝမ်းလဲမသာဘူး။ ခင်ဗျားတို့ရဲ့ အခု ချီးကျူးထောပနာ လုပ်တာတွေကိုလဲ မလိုချင်ဘူး။ပီးတော့ ထမင်းစားပွဲတွေ....ဘာပွဲတွေကိုလဲ မလိုချင်သေးဘူး။ ဒါကတော့ ခင်ဗျားတို့နဲ့မဆိုင်ဘူး။ ကျွေးနိုင်မွေးနိုင် တဲ့ လူစုတွေနဲ့ ဆိုင်တယ်။အဲဒီပုဂ္ဂိုလ်တွေကြားအောင် ဒီနေရာကဘဲ အခုပြောရတာဘဲ။
ဒါတွေကို မကြိုက်လို့လားဆိုယင် မကြိုက်လို့တော့ မဟုတ်ဘူး။ လူဆိုတာ အမြှောက်ခံရရင်ကြိုက်တိုက်တိုက်ဘဲ။
ကျုပ်တို့ အဖို့ဆိုရင် လူထုကမြှောက်ရင် ကြိုက်တာဘဲ။ဒါပေမယ့် အခု မစရသေး၊ မလုပ်ရသေးဘူး။ဒါကြောင့်
ချီးမွမ်းစရာရှိလဲ အခု ချီးမွမ်း မခံချင်သေးဘူး။သို့သော် ကျုပ်တို့ လူတိုင်း လူတိုင်း ဆီကအကူအညီအထောက်အပံ့
အားပေးမှုကို လိုတယ်။ဘယ်လို အကူအညီ အထောက်အပံ့ လဲဆိုရင် ကျုပ်တို့ ရာထူးမြဲအောင်၊ ကျုပ်တို့
ကောင်းကျိုးချမ်းသာ တိုးတက်အောင် အကူအညီ အထောက်အပံ့ အားပေးမှုမျိုး မဟုတ်ဘူး။
ခင်ဗျားတို့ အလုပ်သမားတွေ၊လယ်သမားတွေ၊အစိုးရအမှုထမ်းတွေ၊ပညာရေးသမားတွေ၊ကုန်သယ်တွေ၊ပွဲစား
တွေ အစရှိတဲ့ လူတွေရဲ့အကျိုးကို လုပ်ပေးဖို့ လုပ်ပေးနိုင်ဖို့ အကူအညီ အထောက်အပံ့ အားပေးမှု လိုတယ်။
ခင်ဗျားတို့ အကျိုးတွေ လုပ်ရင်း ကျုပ်တို့ အကျိုးရှိတာမျိုးမှဘဲ ကျုပ်တို့တော့ လိုချင်တယ်။ကျုပ်တို့ဟာ ဥပဒေ
အရတော့ ဘာဖြစ်နေနေ ကျုပ်တို့ ကိုယ်ကို ကျုပ်တို့ ပြည်သူ့ဝန်ကြီးတွေလို့ ယူဆတယ်။ အဲဒီ အတိုင်းလုပ်မှာဘဲ။
ပြည်သူတွေဆိုတာ ဗမာပြည်မှာ တိုင်းသူပြည်သားများနဲ့ အကျိုးတူ လုပ်မယ်၊ကိုင်မယ်၊နေမယ်၊ထိုင်မယ် ဆိုတဲ့
တိုင်းရင်းသားတွေ၊ အိန္ဒိယ၊တရုပ်၊အင်္ဂလိပ်ကပြားများ နဲ့ ဥရောပတိုက်သားများတောင် ပါတယ်။ကျုပ်တိုဆီ
ကိစ္စရှိရင် ကိစ္စရှိသလို တိုင်ကြား အစီရင်ခံတောင်းဆိုနိုင်တယ်။ သို့ပေမယ့် တခုတော့ ပြောချင်တယ်။ ကိုယ့်ရေး
ကိုယ့်ကိစ္စ ကလေးအတွက် ရာထူးကလေးတွေရဖို့၊ဟိုဒင်း ဒီဒင်းတွေရဖို့၊အလှူခံဖို့ အစရှိတဲ့ ကိစ္စမျိုးအတွက်
တော့ မလာကြပါနဲ့။ ဒီလိုလူမျိုးတွေဟာ သဘောကောင်းမှန်းသိတိုင်း အခွင့်အရေးတွေယူနေရင် ကျုပ်တို့လဲ
မတက်နိုင်ဘူး။
ကျုပ်တို့ လခတွေလဲ လျော့ရလိမ့်မယ် ထင်တယ်။ဖ၊ဆ၊ပ၊လ ကို ဘယ်လောက်ပေးရမယ်အစရှိတဲ့ အချက်တွေ
ကို စဉ်းစားရအုံးမယ်။ ကျုပ်တို့ လှူစရာ ရှိမယ်လဲ မဟုတ်ဘူး။ ရာထူးကိစ္စ ဟိုဟာလေးရဖို့၊ဒီဟာလေးရဖို့ ဆိုတာ
တွေတော့ ဖ၊ဆ၊ပ၊လ ဝါဒ စည်းမျဉ်း အတိုင်းသာ ဖြစ်မှာဘဲ။ ကျုပ်တို့ဆီ လာလို့ ဖြစ်မှာမဟုတ်ဘူး။ကျုပ်တို့နဲ့၊
ခင်ဗျားတို့နဲ့ အတူတူဘဲ။
ကိုယ့်စည်းကိုယ့်ကမ်းနှင့် တဦးနှင့်တဦး ကြီးကျယ်နေစရာ လူတွေမဟုတ်ပါဘူး။ ပြောစရာ ရှိရင် လာပြောပါ။
တိုင်စရာ ရှိရင် လာတိုင်ပါ။တောင်းစရာ ရှိရင် လာတောင်းပါ။ အချင်းချင်းသဘောမျိုး ဆက်ဆံကြပါ။ပြီးတော့
ဟိုသတင်း၊ဒီသတင်း မဟုတ်တာတွေကြားလဲ မယုံပါနဲ ကျုပ်တို့ စိတ်မပြောင်းပါဘူး ”
ကျွန်တော်တို့ ငယ်ငယ်က အခုလို အာဇာနည်နေ့ ရောက်ပြီဆိုရင် ရေဒီယို ကနေ ဗိုလ်ချုပ်အောင်ဆန်း ရဲ့
မိန့်ခွန်းတွေ လွှင့်ပေးတာ၊အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ နံနက် ဆယ်နာရီခွဲ အချိန်ရောက်ရင်
တနိုင်ငံလုံး ဥသြဆွဲ ကြတာ ကို ပြန်သတိရမိပါတယ်။
အခုတော့ ဗိုလ်ချုပ် မိန့်ခွန်းတွေကိုလည်း မလွှင့်တော့၊ဥသြလဲ မဆွဲတော့ပါဘူး။ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့
ပြည်သူတွေကတော့ ဒီနေ့ကိုရောက်ရင် ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ရဲ့ စကားတွေ ကို အမြဲ သတိရနေကြမှာပါ။
အထူးသဖြင့် ဗိုလ်ချုပ် နဲ့ စိတ်ဓာတ်ချင်း၊အလုပ် လုပ်ပုံချင်း မိုးနဲ့မြေ၊ဆီနဲ့ရေ လို ကွာခြားလှတဲ့ လူတွေရဲ့
လုပ်ပုံ ကိုင်ပုံတွေကို မြင်ရတဲ့ အခါမှာ ဗိုလ်ချုပ်တို့ကို ပိုပြီးတော့ သတိရကြ၊ပိုပြီးတော့လေးစား၊တမ်းတ မိကြ
မှာပါ။
ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို
အောင့်မေ့၊သတိရ၊အလေးအမြတ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်း ထဲက ကြိုက်နှစ်သက်မိတဲ့ စာပုဒ်လေးကို
ကောက်နှုတ် ဖော်ပြလိုက်ပါတယ်..။
ဒီစာပုဒ်ကို ၁၉၆၄ ခု၊စက်တင်ဘာလ ၂၉ ရက်နေ့၊ “စက္ကူဖြူ စီမံကိန်း ဆန္ဒပြပွဲ ” တွင် ဗိုလ်ချုပ်အောင်ဆန်း
မိန့်ကြားခဲ့သည့် “ လူထုတိုက်ပွဲနေ့ ”မိန့်ခွန်းထဲမှ ကောက်နှုတ် ဖော်ပြပါတယ်ခင်ဗျာ...။
Monday, July 19, 2010
Thursday, July 15, 2010
ကျွန်တော် ပရလောကနှင့် ဆက်သွယ်ခဲ့ပုံ
ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကကျွန်တော်ပရလောကလို့ခေါ်တဲ့တမလွန်လောကနဲ့ ဆက်သွယ်ခဲ့ဘူးတယ်
ခင်ဗျ။တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့ဗျာ..။ကြားလူ တဆင့်ခံနဲ့ပေါ့...။
ကျွန်တော်တို့မြို့က အိမ်တစ်အိမ်မှာ နှစ်လတစ်ခါ၊သုံးလ တစ်ခါလောက် ဆို အိမ်ရှေ့မှာ အထပ်သား သင်ပုန်း
လေးနဲ့ ကြော်ငြာ ဆိုင်းဘုတ်လေး ထောင်ထားတတ်ပါတယ်။ဆိုင်းဘုတ်မှာ ရေးထားတာက “ အဖွားရောက်ပြီ၊
သေသူ၊ရှင်သူ မေးနိုင်သည်။တစ်ဦး ၁၀၀ ကျပ် ” တဲ့ ခင်ဗျ။အရင်က အဲဒီ ဆိုင်းဘုတ်ကို ရံဖန်ရံခါ မြင်တွေ့နေရ
ပေမယ့် နည်းနည်းထူးဆန်းတယ်လို့ ထင်မိတာကလွဲလို့ နောင်မှာ ပတ်သက်ကောင်းပတ်သက်လာနိုင်တယ်လို့
တော့ တခါမှ မတွေးခဲ့မိပါဘူး...။အဲ...ပတ်သက်လာရပုံကတော့......
လွန်ခဲ့သောဆယ်နှစ်ကျော်၊ တစ်ခုသောမိုးဦးရာသီမှာ မြောက်ဒဂုံက ကျွန်တော့် အဒေါ်တစ်ယောက်ရဲ့အိမ်မှာ နေတဲ့ ကျွန်တော့် အဘွား၊အမေ့ အမေ ဟာ ရေချိုးခန်းထဲမှာ ချော်လဲပြီး ပေါင်ကျိုးသွားပါတယ်။ပုဂ္ဂလိကဆေးရုံ
တခုမှာ တင်ပြီး ကျိုးသွားတဲ့ပေါင်ကို ပြန်ဆက်ဖို့ လုပ်နေတုန်းမှာပဲ ဆုံးသွားရှာပါတော့တယ်...။
ကျန်ရစ်သူ ကျွန်တော်တို့ ဆွေမျိုးတွေလဲ မြန်မာအသုဘ တို့ ထုံးစံအတိုင်း သုံးရက်ထား၊အသုဘချ၊ခုနှစ်ရက်
ပြည့်တော့ သပိတ်သွတ်၊အမျှဝေပေါ့ခင်ဗျာ...။အဲဒီ ခုနှစ်ရက်တာကာလ အတွင်းမှာ အဘွားနဲ့ပတ်သက်ပြီး
ဘယ်သူမှ အနံရတာတွေ၊အရိပ်မြင်ရတာတွေ၊ထူးထူးခြားခြား ကြုံတွေ့ရတာတွေ ဘာဆိုဘာမှ မရှိခဲ့ ပါဘူး။
ဒီတော့ အားလုံးက အဘွားတစ်ယောက်တော့ ကောင်းရာမွန်ရာရောက် သွားပြီ လို့ပဲ ထင်မှတ်ထားလိုက်ကြတာ
ပေါ့ခင်ဗျာ..။
တလ လောက်မှာတော့ အိမ်ကို မြောက်ဒဂုံက အဒေါ်တစ်ယောက် ပေါက်ချလာပါတယ်။ရောက်လာရတဲ့
အကြောင်းကတော့ သူ အမေ့ကို(ကျွန်တော့်အဘွားကို) အိမ်မက် မက်တဲ့ အကြောင်း၊အိမ်မက်ထဲမှာ အမေဟာ
ညှိးညှိးငယ်ငယ်နဲ့ တခုခုကို ပြောချင်နေပုံ ရတဲ့အကြောင်း၊ဘာမှတော့မပြောတဲ့ အကြောင်း၊စိတ်မကောင်းတဲ့
အကြောင်း၊မျက်ရည်လေး စမ်းစမ်း၊စမ်းစမ်း နဲ့ ပြောရှာပါတယ်..။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီရက်ပိုင်းအတွင်းမှာ အထက်ကပြောခဲ့တဲ့ သေသူ၊ရှင်သူမေးလို့ရတယ်ဆိုတဲ့ အဘွား
ကလည်း ကျွန်တော်တို့မြို့ကို ရောက်နေချိန်ဆိုတော့ အမေတို့ ညီအမနှစ်ယောက်လဲ သူတို့ အမေ ဘယ်ဘဝ
ရောက်လို့ ဘာဖြစ်နေတယ်ဆိုတာကို သွားမေးကြည့်မယ်ဖြစ်ရော...ခင်ဗျာ..။အထူးအဆန်းဆို အင်မတန်မှ
စိတ်ဝင်စားတဲ့ ကျွန်တော်ကလည်း အမေတို့နဲ့ အတူ လိုက်သွားတာပေါ့..။မသွားခင် အမေတို့ကို ဟိုရောက်ရင်
အဘွားအကြောင်းကို ကြိုပြီး ဘာမှမပြောဖို့ လူတတ်ကြီးလုပ်ပြီးမှာလိုက်သေးတယ်..။
အဲဒီအိမ်ကိုရောက်သွားတော့ ကျွန်တော်တို့အရင် ရောက်နေတဲ့ အမျိုးသမီးနှစ်ယောက်က အဝေးမှာရောက်
နေတဲ့ သူတို့နဲ့ ပတ်သက်သူ (အသက်ရှင်သူ)အကြောင်း မေးနေလို့ စောင့်နေရပါသေးတယ်။ပြောဟောနေတဲ့
အဘွားအိုကို အကဲခတ်လိုက်တော့ ကျွန်တော်တို့ တွေ့မြင်နေကြ သူလိုကိုယ်လို ဝဝပုပု သာမာန် အဘွားအို
တစ်ဦးပါပဲ။သူပြောဟောတဲ့နေရာမှာလဲ အထူးအဆန်းတွေ ပြင်ဆင်ထားတာဘာမှမရှိပါဘူး။သူက ခေါင်းရင်း
ဘက်မှာဖျာလေးခင်းပြီးထိုင်နေပါတယ်။ဘေးမှာတော့ ရေနွေးကြမ်းတအိုး၊သောက်လက်စ ပြောင်ဖူးဖက်
ဆေးလိပ်နဲ့ ဆေးလိပ်ပြာခွက်ပဲရှိပါတယ်။ခဏနေတော့ အဲဒီ အမျိုးသမီးနှစ်ယောက်လဲ စိတ်ကျေနပ်သွားပုံနဲ့
ပြုံးပြုံး၊ပြုံးပြုံးနဲ့ ပြန်သွားကြပါတယ်။
ကျွန်တော်တို အလှည့်ရောက်တော့ ဘာမေးမှာလဲ သေသူလား၊ရှင်သူလား လို့မေးတော့ သေသူမေးမှာပါပေါ့။
ပြီးတော့ သေသူရဲ့ နာမည်၊အသက်နဲ့ မြုပ်နှံရာ သုဿန်အမည် ကိုပြောပြရပါတယ်..။သူကမှတဆင့် သူမွေးထား
တဲ့ သရဲကို(သရဲ ဆိုတာက ကျွန်တော်ထင်တာကို ပြောတာပါ။ဘာလဲဆိုတာတော့ အတိအကျမသိပါ) ဘယ်သူ၊
အသက်ဘယ်လောက်၊ဘယ်သုဿန် မှာ သွားခေါ်ခဲ့ချေ လို့ ခပ်တိုးတိုး အမိန့်ပေးလိုက်ပါတယ်။
သူကသာ အမိန့်ပေးနေတာ ကျွန်တော်တို့က ဘာမှလဲမမြင်ရ၊ဘာမှလဲ မကြားရဘူးခင်ဗျ။မသိရင် သူ့ဘာသာသူ
တစ်ယောက်ထဲ စကားပြောနေပုံ သက်တောင့်သက်သာ၊အေးအေးဆေးဆေး ပြောလိုက်တာရယ်....။ကျွန်တော်
ကတော့ ဘာများမြင်ရမလဲလို့ ဟိုမော့ကြည့် ဒီမော့ကြည့်နဲ့ ဘာမှလဲ မမြင်ရပါဘူး...။သူခိုင်းလိုက်တဲ့ ငတိ(သရဲ
လို့ သုံးနှုန်းရတာ ကျောချမ်းစရာကြီးဗျနော်၊ဒီတော့ အတိအကျလည်းမသိတော့ ငတိလို့ပဲ သုံးနှုန်းလိုက်ပါတယ်)
က သွားခေါ်တာ အတော်ကြာတယ်ဗျ။
ပြန်ရောက်မလာသေးတဲ့အချိန်မှာ အဲဒီအဘွားနဲ့ ထွေရာလေးပါးပြောနေကြတာပေါ့ခင်ဗျာ။ဒါပေမယ့်သေတဲ့လူ
အကြောင်းတော့ သူကလည်းမမေး၊ကျွန်တော်တို့ကလည်း မပြောကြပါဘူး။သူပြောပြတာက သူက ပေါင်းတည်၊
ပြည် ဘက်ကဖြစ်တဲ့ အကြောင်း၊ ခြေခင်းလက်ခင်းသာတဲ့ ကာလတွေမှာ မြို့တကာ၊ရွှာတကာလည့်ပြီး သိကျွမ်း၊
ခင်မင်ရာ အိမ်တွေမှာတည်းပြီး ဒီအလုပ်ကိုလုပ်တဲ့အကြောင်း....စသည်ဖြင့်ပေါ့ခင်ဗျာ။
လေးဆယ့်ငါးမိနစ်လောက် ကြာတော့သူက ရောက်ပြီ၊မေးချင်တာ မေးလို့ရပြီ လို့ပြောပါတယ်။သူက ရောက်ပြီ ပြောလို့သာ၊ရောက်လာကြပြီမှန်း သိလိုက်ရတယ်..။ကျွန်တော်တို့ကတော့ ဘာမှမမြင်ရ၊ဘာမှမကြားရပါဘူး။
(ကြို့ပင်ကောက် က နတ်လေချွန်ကတော့ ရောက်လာပြီဆိုရင် လေချွန်သံကြားရတယ်လို့ ဆိုကြတယ်ခင်ဗျ။)
မေးလိုရပြီဆိုတော့ ကျွန်တော့အမေက အမေရေ ကျွန်မဘယ်သူပါ၊အမေနဲ့ စကားပြောချင်လို့ လာတာပါ လို့
ဆိုတော့ ကျွန်တော့်အဘွားက (နတ်ဝင်သည်အဘွား ကတဆင့်) သူသိတဲ့အကြောင်း ခေါ်ခေါ်ခြင်း ချက်ချင်း
ရောက်မလာနိုင်တာက ပေါင်ကျိုးထားတာကြောင့် မြန်မြန်ဆန်ဆန်မသွားနိုင်၊မလာနိုင်တဲ့အကြောင်း၊အခုလည်း
လာခေါ်တဲ့ သူက တွဲခေါ်လာရတဲ့အကြောင်း ပြောရှာပါတယ်...။
သူက အဲဒီလိုလဲ ပြောလိုက်ရော နဂိုကမှ ငိုချင်ရက်လက်တို့ ဖြစ်နေတဲ့ အမေတို့ညီအစ်မလည်း ငိုလိုက်တာ ဘာ
ပြောကောင်းမလဲခင်ဗျာ..။အမေတို့ညီအစ်မမှာသူတို့ငိုနေရတာနဲ့ ဘာမှ မယ်မယ်ရရမမေးရပဲ၊ကျွန်တော့်အဘွား
ကပဲ ပြန်မေးနေရရှာပါတယ်..။ဆယ်တန်းဖြေထားတဲ့ ကျွန်တော့် အစ်မ အောင်ရဲ့လားလို့လည်း မေးရှာပါတယ်။
(အဖွားမဆုံးခင်က ဆယ်တန်းအောင်စာရင်းတွေမထွက်သေးပါ၊သူဆုံးပြီးမှ အောင်စာရင်းထွက်တာဖြစ်ပါတယ်)
ကျွန်တော့်အမေနဲ့အတူပါလာတဲ့ ကျွန်တော့်အဒေါ်အမည်ကိုလည်း ပြောပြပါတယ်။ပြီးတော့ သူ့အချစ်ဆုံး၊စိတ်
မချဆုံးဖြစ်တဲ့ သူ့သမီးအငယ်ဆုံးကိုလဲ ဘာလို့လိုက်မလာတာလဲ လို့မေးပြီး၊ အကြီးတွေက စောင့်ရှောက်ကြဖို့
မှာရှာတယ်ခင်ဗျ။ဒါနဲ့ ကျွန်တော့်အမေတို့လဲ ကြည့်ကောင်းအောင်ဖြေရတာပေါ့ခင်ဗျာ..။
ဒါနဲ့ သူ့ကို အခုဘယ်မှာနေလဲ လို့မေးတော့ သူ့ကိုမြုပ်နှံရာ ရေဝေးသုဿန်မှာပဲနေရကြောင်း ၊ရက်လည်တုန်းက
အမျှဝေတာမရဘူးလား လို့မေးတော့ သုဿန်ကနေ ဘယ်သူမှ လာမခေါ်လို့ မသိလိုက်ဘူးလို့ ပြောတယ်ခင်ဗျ။
ဒီတော့ ကျွန်တော့်အမေက လာမယ့်တစ်လပြည့်မှာ အိမ်မှာ အမေ့အတွက်ရည်စူးပြီး အလှူပေးအမျှဝေပါ့မယ်၊
အမေလာခဲ့ပါလို့ ပြောတော့၊ လာခဲ့မယ် ဒါပေမယ့် အိမ်ထဲဝင်လို့ရမှာမဟုတ်တော့ ငါကဘယ်မှာနေရမှာလဲလို့
ပြန်မေးပါတယ်။ဒါနဲ့ ကျွန်တော့်အမေကလည်း ကြံမိကြံရာ အိမ်ရှေ့က မန်ကျီးပင်မှာ နေပါလားဆိုတော့၊သူပြန်
ပြောတာက ငါကပေါင်ကျိုးထားလို့သစ်ပင်မတက်နိုင်ပါဘူးတဲ့ခင်ဗျာ..။
ကျွန်တော့်အမေတို့လည်း တစ်ချီတစ်မောင်း ငိုကြပြန်ရောဗျို့။နောက်တော့ အမေက အိမ်စောင့်နတ်တွေ၊အိမ်
တွင်းနတ်တွေ(အဲဒီတုန်းက အိမ်မှာ နတ်အုန်းဆွဲထားသေးတယ်ခင်ဗျ)ကို အလှူမလုပ်ခင်ညကတည်းက အမေ့
ကိုဝင်ခွင့်ပြုဖို့ တောင်းပန်ထားပါ့မယ် အိမ်မှာ အလှူလုပ်မယ့်နေ့မှာလာနေပါလို့ ပြောတော့မှ အပေးအယူ တည့်
သွားပါတယ်။နောက် ကျွန်တော့် အဘွား မှာတာက သူ့ကို ရည်မှန်းပြီး သံဃာတော်တွေကို သင်္ကန်းလှူ ပေးဖို့ပါ။
ပြောကြဆိုကြတာအတော်လေးကြာတော့ နတ်ဝင်သည်အဖွားကပဲ ဒီလောက်ဆိုတော်သင့်ပြီလို့ ပြောပြီး သူ့ငတိ
ကို ပြန်ပို့ပေးဖို့ အမိန့်ပေးလိုက်ပါတော့တယ်....။
ဒီအဖြစ်လေးဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည့်တိုင် ကျွန်တော့်အတွက်တော့ ယနေ့တိုင် ပဟေဠိအဖြစ်
တည်ရှိနေဆဲပါ။သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်အဘွားဟာ ဝေမာနိကပြိတ္တာဘုံကိုရောက်သွားခဲ့လို့ ကျွန်တော်
တို့နဲ့ အဆက်အသွယ်လုပ်ခဲ့တာလား၊ဒါမှမဟုတ် နတ်ဝင်သည်အဘွားကပဲ ကျွန်တော်တို့ကို ပိပိရိရိ လှည့်စား
သွားတာလားဆိုတာကတော့ဖြင့်......။
(အဘွားဆုံးတဲ့တလပြည့်မှာ အဘွားအတွက်ရည်စူးပြီး သံဃာတော်တွေကို ကျွန်တော်တို့အိမ်မှာ အလှူပြုပေး
ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲဒီနတ်ဝင်သည်အဘွားကို ကျွန်တော်တို့မြို့ကိုလာတာ မတွေ့ရတော့လို့
ကျွန်တော့်အဘွား ဘာဖြစ်သွားလဲဆိုတာတော့ မမေးရတော့ပါဘူးခင်ဗျ )

Sunday, July 11, 2010
ဘိုတဲကြီးရဲ့ဇာတ်လမ်းတစ်ပုဒ်
ကျွန်တော့်အဖေ နဲ့ အမေ ဟာ ဆောက်လုပ်ရေးဌာနကရုံးဝန်ထမ်းတွေခင်ဗျ။ဟိုတုန်းကတော့ အမြဲတန်းဝန်ထမ်း
ဆိုရင် ဝန်ထမ်းအိမ်ယာ ရပါတယ်။အရပ်အခေါ်ကတော့ လိုင်းခန်း ပေါ့ခင်ဗျာ...။ကျွန်တော် တစ်နှစ်သားအရွယ်
ကနေ အသက်နှစ်ဆယ်ကျော် တဲ့အထိ နှစ်ပေါင်းနှစ်ဆယ်ကျော်ကျော်၊ ကျွန်တော်တို့ မြို့ရဲ့ဆောက်လုပ်ရေးဝင်း ထဲက ဝန်ထမ်းလိုင်းခန်းမှာ နေခဲ့ရတာပါ။
ကျွန်တော် နေခဲ့တဲ့ အဲဒီ ဆောက်လုပ်ရေးဝင်းကြီးကို ဘိုတဲဝင်းလို့ လည်းခေါ်ကြပါတယ်...။ဆောက်လုပ်ရေးရုံးကို
လည်း ဘိုတဲရုံးကြီးလို့ပဲ အလွယ်ခေါ်ကြပါတယ်...။ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရုံးကြီးဟာ ဟိုးတချိန်၊အင်္ဂလိပ်မင်း
များလက်ထက်က မြို့ပိုင်မင်းများ နေထိုင်ရာ၊ရုံးထိုင်ခဲ့ရာ အဆောက်အအုံကြီးဖြစ်ခဲ့လို့ပါ။အောက်ပိုင်းကတိုက်ခံ၊
အပေါ်က ကျွန်းရှာထိုးတွေကာပြီး၊အုပ်ကြွပ်နီနီမိုးထားတဲ့၊ဧရာမဆင်ဝင်ကြီးလည်းပါတဲ့ အင်္ဂလိပ်ခေတ် နှစ်ထပ်
ဘန်ဂလို အကြီးစာကြီးပေါ့ခင်ဗျ။
ဂျပန်တွေ မြန်မာပြည်ကို အုပ်စိုးထားစဉ်က အဲဒီ အဆောက်အဦး ကို ဂျပန်ကင်ပေတိုင်ရုံး အဖြစ် ဖွင့်ခဲ့တယ်လို့
သိမှီလိုက်သူတွေမှ တဆင့် မှတ်သားမိပါတယ်။
လှေကား ကလည်း အရှေ့မှာ တစ်စင်း၊အနောက်မှာ တစ်စင်း၊ပေါင်းနှစ်စင်းရှိသဗျ။အနောက်ဖက်လှေကားက
အနောက်ဖက်မှာ သီးသန့်ရှိတဲ့ ထမင်းချက်ရုံလေးနဲ့ အမိုးပါစင်္ကြလမ်းနဲ့ဆက်သွယ်ထားပါတယ်။ဟိုတုန်းကတော့
အပေါ်ထပ်ကမြို့ပိုင်မင်းကို ထမင်းဟင်းများပို့ပေးဖို့ရာ အသုံးပြုခဲ့တယ်လို့ သိခဲ့ရပါတယ်...။အဲ... ဆလရရုံးအဖြစ်
်သုံးတော့ အနောက်ဖက်လှေကားနဲ့တံခါးကို အသုံးမပြု ကြတော့ပါဘူး။သို့သော်လည်း အသေပိတ်ပစ်လိုက်တာ
တော့ မဟုတ်ဘူးခင်ဗျ။တံခါးကို အတွင်းကနေ ချက်ထိုးပြီး ရုံးဗီဒိုတွေနဲ့ ပိတ်ကာထားလိုက်ပါတယ်။
ခြံဝင်းကြီး ကလည်း အကျယ်ကြီး ဗျ။အဆောက်အဦးက ဝင်းရဲ့ အရှေ့ဖက်ထောင့်ကျကျမှာ တည်ဆောက်ထား
တော့ ရုံးရဲ့ အနောက်ဖက်တည့်တည့်မှာ မြေကွက်လပ်က တဧကလောက်ကို ကျန်နေပါသေးတယ်။
မြေကွက်လပ်ဆိုပေမယ့် ညောင်ပင်ကြီးနှစ်ပင်၊ထန်းပင်သုံးလေးပင် နဲ့ အသုံးမပြုတော့တဲ့ ကတ္တရာကြို ဘွိုင်လာ
အိုးတွေပစ်ထားတာတော့ရှိတာပေါ့ခင်ဗျာ..။
အဲဒီမြေကွက်လပ်ဟာဖြင့် ကျွန်တော်တို့ငယ်ငယ်က သေနတ်ပစ်တမ်း၊တူတူပုန်းတမ်းဆော့ကစားရာဘူမိနတ်သံ
နေရာမှန်ဖြစ်ခဲ့သလို၊ရုံးအောက်ထပ်က တိုင်လုံးတွေကတော့ ကျွန်တော်တို့ကလေးတွေ တိုင်ဦးတမ်းကစားခဲ့ရာ
အဖြစ်အသုံးတော်ခံခဲ့ရပါတယ်...။သို့သော်လည်း နေ့ခင်းမှာပဲ သွားကစားရဲကြတာပါ။ညဘက်မှာတော့ လုံးဝကို
မသွားဝံကြပါဘူး။ဘာလို့လဲဆိုတော့ ညဘက်မှာ၊အထူးသဖြင့် လကွယ်ညတွေမှာ စုန်းတွေ၊သရဲတွေ ပျော်မြူး
တောက်စားကြတဲ့အကြောင်း၊လကွယ်ည သန်းခေါင်ယံအချိန်မှာ စုန်းတောက်စားတဲ့ ထန်းသီးလောက်မီးလုံးကြီး
တွေကို ညောင်ပင်ကြီးနှစ်ပင်အကြားမှာ လူးလားခေါက်တုံ့ ပျံသန်းနေတာကိုမြင်တွေ့ရကြောင်း ယုံတမ်းပုံပြင်
တွေကို ကျွန်တော်တို့ကလေးတိုင်း ကြားဖူးထားကြတာကိုးခင်ဗျ....။
ကျွန်တော်တို့နေခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းတွေကတော့ ရုံးကြီးရဲ့ နံဘေး ပေတရာလောက်အကွာမှာ အစီအရီ
တည်ရှိပါတယ်...။အရှေ့ဖက်မှာ အရာရှိ လုံးချင်းအိမ်တွေရှိပြီး၊ကျွန်တော်တို့နေတဲ့ သာမန်ရုံးဝန်ထမ်းများရဲ့
လိုင်းခန်းများကတော့ အနောက်ဖက်မှာ ရှိပါတယ်...။ရုံးနဲ့ ဆို ကျွန်တော်တို့ လိုင်းခန်းတွေက အနောက်ဖက် ဒါးလွယ်ခုတ် ကျတာပေါ့ခင်ဗျ။
ဟိုတုန်းကတော့ ကျွန်တော်တို့မြို့မှာ ဆလရဌာန ဆိုတာအင်မတန်မှ အလုပ်များတယ်ခင်ဗျ။ရာပေါင်းများစွာ
သော ယာယီ နေ့စား ဝန်ထမ်းတွေ၊အမြဲတမ်း ဝန်ထမ်းတွေ နှင့်အတူ လမ်းဗိုလ် လို့ အများကခေါ်တဲ့ မြို့ပြ
အင်ဂျင်နီယာတွေ၊“ဝပ်ချပ်” လို့ခေါ်တဲ့ GTI ကျောင်းဆင်းကာစ အလုပ်သင်အင်ဂျင်နီယာတွေလည်း ဆယ်ဦး
ကျော်ကျော် ရှိပါတယ်..။အများစုကတော့ ယောင်္ကျားတွေပါ။
အဲဒီ လမ်းဗိုလ်တွေက နေ့ဆို မိမိတာဝန်ကျရာ လမ်းတွေ၊ဆိုက်တွေကို လိုက်လံ စစ်ဆေး၊ ကြည့်ကြပ်ရပြီး၊
ရုံးအလုပ်တွေ ကိုတော့ ညနေဘက် ရောက်မှ လုပ်ကြရတာကိုးခင်ဗျ။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ...။
ဘက်ဂျက်လတွေမှာ၊ လကုန်ကာနီးရက်တွေမှာ အရေးကြီးရင်ကြီးသလို (တခါတရံ ညဘက်တိုင်အောင် ) အိုဗာတိုင်ဆင်းကြရပါတယ်....။
၁၉၈၈ခုနှစ်မတိုင်မီ တစ်ခုသောနွေရာသီ ညတညမှာပေါ့ခင်ဗျာ.....။
မှတ်မှတ်ရရ.....အဖေက ရေဒီယို သတင်းနားထောင်နေသလို၊ကျွန်တော်တို့ မောင်နှမက ကာတွန်းစာအုပ်
တစ်ယောက်တစ်အုပ်စီနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်နေကြပါတယ်။အမေကတော့ အိမ်နောက်ဖေးမှာပါ။
အဲဒီအချိန်မှာပဲ ရုံးဖက်မှ ဗြုံးဗြုံးဒိုင်းဒိုင်း အသံတွေနှင့်အတူ လူတစ်ယောက် အော်ဟစ်ပြီး ကျွန်တော်တို့ အိမ်တွေ
ဖက် ပြေးလာသံကိုကြားလိုက်ရပါတော့တယ်...။ အဖေတို့လူကြီးတွေလည်း နီးရာ တုတ်၊ဒါးတွေ ဆွဲပြီးအိမ်ရှေ့
ထွက်ကြည့်ကြပါတယ်။ကျွန်တော်တို့ ကလေးတွေကတော့ လန့်ဖျပ်ြပီး အိမ်ခန်းထဲ ဝင်ပြေးတော့တာပါပဲ..။
အတော်ကြာတော့မှ ဘာဖြစ်တာလဲ ဆိုတာသိချင်စိတ်နဲ့ အိမ်ရှေ့ထွက်ကြည့်တော့မှ အဖေ့ အထက်အရာရှိ
လမ်းဗိုလ်ဦးအေးနိုင်ကို လူအုပ်ကြီးကြားမှာ ဖြူဆုတ်နေတဲ့မျက်နှာနဲ့ ဖြစ်ကြောင်းရယ်ကုန်စဉ် ဇာတ်သံနှောလို့
့ပြောနေတာကို မြင်သိ၊ကြားလိုက်ရပါတော့တယ်...။
ဖြစ်ပုံကတော့ ဒီလိုပါတဲ့ခင်ဗျာ.....။အထက်ကကျွန်တော်ပြောခဲ့သလို ဘက်ဂျက်လ(မတ်လ)ရောက်နေပြီဖြစ်လို့
လမ်းဗိုလ်ဦးအေးနိုင်နှင့် အင်ဂျင်နီယာတစုတို့ ရုံးအပေါ်တက်မှာ ညနေဘက် အိုဗာတိုင်ဆင်းကြရတယ်ခင်ဗျ...။
ခုနှစ်နာရီကျော်လောက်မှာတော့ ကျန်တဲ့သူများ ထမင်းစားပြန်သွားကြပေမယ့် အိမ်နဲနဲဝေးတဲ့ ဦးအေးနိုင်က
မပြန်သေးပဲ တယောက်တည်း ရုံးအလုပ်တွေ ထိုင်လုပ်နေတုန်း.......ဖွင့်ထားတဲ့ တံခါးမကြီးဆီမှ ချိတ်ထားတဲ့
သော့ခလောက်ကို ဆွဲလှုပ်သံကိုကြားလိုက်ရတယ်တဲ့ခင်ဗျ။(တံခါးကအပြင်ဖွင့်ဆိုတော့ တံခါးရွက်တွေကို
အထဲကမမြင်ရဘူးခင်ဗျ..။)
သူ့စိတ်ထဲမှာ တစ်ယောက်ယောက်က ဝင်လာဖို့ အသံပေးတယ်ထင်လို့ ထိုင်ရာက ထလာပြီး ကြည့်လိုက်တော့
ဘယ်သူ့၊ဘယ်သူကိုမှ မမြင်ရဘူးတဲ့....၊သူလည်းသေချာအောင် လှေကားထိပ်ကနေ အောက်ကိုတောင် ငုံ့ကြည့်
လိုက်သေးတယ်တဲ့ခင်ဗျ...။
ဘာဆိုဘာမှ မမြင်ရတာနဲ့ ပြန်အလှည့် မှာ ခုနကလိုပဲ သော့ခလောက်လှုပ်သံကိုကြားရပြန်ပါတယ်...။
ဒီတခါကြားရတာက ရုံးခန်းထဲကတဲ့ ခင်ဗျ။သူလည်း အံသြစိတ်နဲ့ ရုံးခန်းထဲ ပြန်ဝင်ကြည့်လိုက်တော့ ခုနကတင် သူထိုင်နေခဲ့တဲ့ စားပွဲနောက်က ဗီဒိုသော့ဟာ တယောက်ယောက် ကိုင်လှုပ်ခဲ့သလိုမျိုး လှုပ်တုတ်လှုပ်တုတ်
ဖြစ်နေတာ တွေ့လိုက်ရတယ်လို့ ဆိုတယ်ခင်ဗျ။သူလည်း အရမ်းကို အံသြစိတ်နဲ့ အနားကိုတိုးပြီးကြည့်လိုက်
တော့ လှုပ်နေတဲ့သော့ခလောက်ဟာ တိကနဲ ရပ်သွားပါတယ်...။အဲဒီ အချိန်ခဏလေးအတွင်းမှာ တလောက
လုံးဟာ ရုတ်တရက် တိတ်ဆိတ် သွားသလိုပါပဲတဲ့....။အဲဒီ အချိန်မှာပဲ......
......ပွင့်နေတဲ့ တံခါးမကြီးဟာ ဗြုန်းကနဲ ပိတ်သွားပါတယ်....။ဦးအေးနိုင်လည်း ချက်ချင်းဆိုသလို တံခါးမကြီးဆီ
ပြေးသွားပြီး အတင်း မရမက ဆွဲဖွင့်ပေမယ့် တံခါးကတော့ တုတ်တုတ်တောင် မလှုပ်ပါဘူးတဲ့ ခင်ဗျာ့.....
သူလည်း သရဲခြောက်နေပြီဆိုတဲ့ အသိနဲ့ တော်တော်ကို ထိတ်လန့်ခြောက်ချားသွားတယ်လို့ ပြန်ပြောပြပါတယ်။
အဲဒီ အချိန်မှာ သူ့ခေါင်းထဲ ဖျက်ကနဲ အနောက်ဖက်လှေကားရှိတယ် ဆိုတဲ့ အသိ ဝင်လာပါတယ်...။
ဒါနဲ့ ရုံးအနောက်ဖက်ထဲ ဝင်ပြေးပြီး ပိတ်ကာထားတဲ့ စာရွက်စာတမ်းအပြည့်နဲ့ ဗီဒိုကို တွန်းလှဲပြီး အနောက်ဖက်
လှေကားကနေ ဝန်ထမ်းလိုင်းခန်းတွေဖက်ကိုဆင်းပြေး လာခဲ့တာ လို့ ပြောတယ်ခင်ဗျ.....။
ဒါနဲ့ အဖေတို့ ယောင်္ကျားကြီးတွေ ရုံးပေါ်တက်ကြည့် ကြတော့ ရုံးတံခါးမကြီးကို ပွင့်လျက်သားတွေ့လိုက်ရတယ်။
ရုံးထဲမှာလည်း ဦးအေးနိုင် တွန်းလှဲထားလို့ တုံးလုံးလဲနေတဲ့ ဗီဒီုတလုံးကလွဲလို့ ကျန်တာ ဘာမှအနေအထား
မပျက်ဘူးလို့ ဆိုပါတယ်ခင်ဗျ..။
အဲဒီနေ့ကစလို့ ဘယ်သူမှ ညမှောင်သည့်တိုင်အောင် ရုံးပေါ်မှာ အလုပ်မလုပ်ရဲကြတော့ပါဘူး...။
ကျွန်တော်တို့မိသားစု နေလာခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလ အတွင်းမှာ အဲဒီ ဘိုတဲကြီးက သရဲခြောက်
တယ်လို့ နာမည်ကြီး ပင်ကြီးသော်ငြား မှတ်မှတ်ရရ ထိုတစ်ကြိမ်တစ်ခါသာ သရဲခြောက်ခံရသူကို ကြုံတွေ့ဖူး
ပါကြောင်း.......
(လွန်ခဲ့တဲ့သုံးရက်လောက်က ကိုကြီးကျောက် ရဲ့အင်္ဂလိပ်ခေတ်အရေးပိုင်အိမ်ပေါ်က ဘိုထီးဘိုမဝိညာဉ်စုံတွဲ
အကြောင်း ဖတ်လိုက်ရတော့ ကျွန်တော်လည်း လွန်လေပြီးသော နှစ်ပေါင်းနှစ်ဆယ်ကျော်က အဖြစ်လေးကို
သတိရမိတာနဲ့ သရဲအကြောင်းလေးရေးလိုက်ပါတယ်။သရဲခြောက်ခံခဲ့ရတဲ့ အန်ကယ်ဦးအေးနိုင်လည်း
လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကပဲ နိုင်ငံတာဝန်ထမ်းဆောင်ရင်းအက်ဆီဒင့်တခုဖြစ်ပြီး ကွယ်လွန်သွားရှာခဲ့ပါပြီ။
ဘိုတဲကြီး လည်း အင်္ဂလိပ်ရုံး၊ဂျပန်ကင်ပေတိုင်ရုံး၊ဆလရရုံး၊နောက်ပိုင်း မဆလ ရုံး အဖြစ် အသုံးတော်ခံခဲ့ပြီး
နောက် ယခုချိန်မှာတော့ ဂျပန်ကင်ပေတိုင်ရုံးအဖြစ်ပြန်ဖွင့်(အဲလေ ဘွာတေး ဘွာတေး ယောင်သွားလို့ ဟီး)
ပြည်၊ခိုင်၊ဖြိုး ရုံးအဖြစ် ဘဝပြောင်းးသွားခဲ့ပါပြီ)။

Tuesday, July 6, 2010
ပျေက်ဆုံးသွားတဲ့ ဖြစ်တည်မှု
ပြူတင်းပေါက်မှ ဝင်ရောက်လာတဲ့ နေခြည်နွေးနွေး ကြောင့် ကျွန်တော် ဖျတ်ခနဲ နိုးလာပါတယ်...။
နိုးနိုးခြင်း ဦးခေါင်းထဲမှာ ဗလာဟင်းလင်း၊ဘာဆိုဘာမှတွေးလို့မရ၊ကိုယ့်ဘာသာ ကိုယ် ဘယ်ရောက်လို့ ရောက်
နေမှန်းမသိသေးပါ။တဖြည်းဖြည်းချင်း စိတ်အာရုံကိုစုစည်းကြည့်မိတော့မှကိုယ့်အိပ်ယာပေါ်ကိုယ်ရောက်နေတာ
ပါလားလို့ စဉ်းစာလို့ရပါတော့တယ်...။အင်း....ဒီအတိုင်းဆို ညက ကျွန်တော် တော်တော်များသွားတယ်ထင်ပါရဲ့။
ဘယ်တုန်းကရော နည်းဖူးလို့လဲ လို့ တွေးမိရင်း ဘာသာပြုံးမိသေးတယ်။

နာရီကြည့်လိုက်တော့ နံနက်ကိုးနာရီကျော်ပြီ။ဆက်အိပ်နေချင်ပေမယ့် ရင်တွေပူပြီး၊ရေငတ်လှတာမို့၊ခုတင်
ထက်မှ ကုန်းရုန်းပြီးထလာမိတယ်..။အိမ်နောက်ဖေး မီးဖိုချောင်ကို အသာကဲကြည့်မိတော့ အမေတစ်ယောက်
ဟင်းချက်ဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။အဖေ့ကိုတော့မမြင်မိသေး။အိမ်ရှေ့မှာ သူ့အပင်လေးတွေနှင့် အလုပ်
ရှုပ်နေတယ်ထင်ပါရဲ့...။ကျွန်တော့်အမ ကတော့ ဒီအချိန်ဆို သူ့ရုံးကို ရောက်နေလောက်ပါပြီ။

ရေအိုးစင်ရှိရာသို့ အမေ့ဘေးမှ အသာဖြတ်လျှောက်သွားပေမယ့် အမေကတော့ ကျွန်တော့်ကိုတချက်မှ
လှည့်မကြည့်ပါ။ အင်း....ဒီအတိုင်းဆို အမေ ကျွန်တော့်ကို အတော် စိတ်ဆိုးနေတယ်တူပါရဲ့...။ရေနှစ်ခွက်
ဆင့်သောက်လိုက်တော့မှ ရင်ထဲက ပူလောင်နေတာတွေ အနည်းငယ် လျော့သွားသလို ခံစားရတယ်။
“အမေ...ဘာဟင်းချက်မလို့လည်း...” လေပျော့ကလေးနဲ့ မေးလိုက်တဲ့ ကျွန်တော့်အမေး ကို အမေပြန်မဖြေခဲ့ပါ။
ကျွန်တော်မေးတာကို မကြားသယောင်ဖြင့် လှည့်ကြည့်ဖော်တောင်မရပါ။ အမေဆီမှ စကားပြန်မရလေတော့ ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နှင့် အိမ်ရှေ့ဧည့်ခန်းဖက်ထွက်လာခဲ့ပါတော့တယ်...။
လာတာ တွေ့လိုက်ရပါပြီ...။ကျွန်တော်လည်း စားပွဲပေါ်က သတင်းစာတစ်စောင်ကို ကပျာကယာဆွဲယူပြီး စာဖတ်ချင်ယောင်ဆောင်နေလိုက်ပါတယ်..။
နေကြမိန်းမကြီး...၊ဒီတခါ တယ်လဲထူးဆန်းပါလား...၊ဧကန်နတော့ သူ့မှာအမေ့ကိုဖောက်သည်ချစရာသတင်းထူး
တခုတော့ပါတယ်နဲ့တူရဲ့...လို့ဘာသာစိတ်ထဲကတွေးလိုက်မိပါတယ်..။
ဆင့်သောက်လိုက်တော့မှ ရင်ထဲက ပူလောင်နေတာတွေ အနည်းငယ် လျော့သွားသလို ခံစားရတယ်။
“အမေ...ဘာဟင်းချက်မလို့လည်း...” လေပျော့ကလေးနဲ့ မေးလိုက်တဲ့ ကျွန်တော့်အမေး ကို အမေပြန်မဖြေခဲ့ပါ။
ကျွန်တော်မေးတာကို မကြားသယောင်ဖြင့် လှည့်ကြည့်ဖော်တောင်မရပါ။ အမေဆီမှ စကားပြန်မရလေတော့ ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နှင့် အိမ်ရှေ့ဧည့်ခန်းဖက်ထွက်လာခဲ့ပါတော့တယ်...။
အိမ်ရှေ့ဧည့်ခန်းစားပွဲမှာထိုင်နေရင်း အမေ့ကို စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ရပါ့မလဲလို့ အကြံထုတ်
မီးဖိုထဲကို...” အိမ်နောက်ဖေးမှ အမေ့ရဲ့ လှမ်းခေါ်သံမဆုံးခင်မှာပဲ ဒေါ်ဒေါ်ဝင်းတစ်ယောက် အိမ်ပေါ် လှမ်းတက်နေတုန်းမှာ...အိမ်ရှေ့မှ “အမရေ...အမ...”ဆိုတဲ့ ဘေးအိမ်မှ ဒေါ်ဒေါ်ဝင်းရဲ့ ခေါ်သံကိုကြားလိုက်ရပါတယ်...။
လာပါပြီ ဒီမိန်းမကြီး...၊အိမ်ကို တနေ့နှစ်ခေါက်လောက်မှ မလာရရင်မနေနိုင်တဲ့ မိန်းမကြီး...။လူကိုတွေ့ရင်
ဟိုစပ်စု၊ဒီစပ်စု လုပ်ဦးတော့မှာပဲ...လို့ ကျွန်တော့်စိတ်ထဲမှ မနှစ်မြို့စွာတွေးလိုက်မိပါတယ်။“ လာဟေ့ အဝင်းရေ
လာပါပြီ ဒီမိန်းမကြီး...၊အိမ်ကို တနေ့နှစ်ခေါက်လောက်မှ မလာရရင်မနေနိုင်တဲ့ မိန်းမကြီး...။လူကိုတွေ့ရင်
ဟိုစပ်စု၊ဒီစပ်စု လုပ်ဦးတော့မှာပဲ...လို့ ကျွန်တော့်စိတ်ထဲမှ မနှစ်မြို့စွာတွေးလိုက်မိပါတယ်။“ လာဟေ့ အဝင်းရေ
လာတာ တွေ့လိုက်ရပါပြီ...။ကျွန်တော်လည်း စားပွဲပေါ်က သတင်းစာတစ်စောင်ကို ကပျာကယာဆွဲယူပြီး စာဖတ်ချင်ယောင်ဆောင်နေလိုက်ပါတယ်..။
ဒါပေမယ့် ဒီတခါတော့ ထူးထူးဆန်းဆန်း သူ ကျွန်တော့်ကို လှည့်တောင်မကြည့်ပဲ အိမ်နောက်ဖေးကို
တန်းတန်းမတ်မတ်ဝင်သွားတာတွေ့လိုက်ရပါတယ်..။ အရင်ကဆိုရင် လူကိုတွေ့တာနဲ့စကားများနေကြ၊စပ်စုနေကြမိန်းမကြီး...၊ဒီတခါ တယ်လဲထူးဆန်းပါလား...၊ဧကန်နတော့ သူ့မှာအမေ့ကိုဖောက်သည်ချစရာသတင်းထူး
တခုတော့ပါတယ်နဲ့တူရဲ့...လို့ဘာသာစိတ်ထဲကတွေးလိုက်မိပါတယ်..။
ဒေါ်ဒေါ်ဝင်း တစ်ယောက် အိမ်နောက်ဖေးမီးဖိုချောင်ထဲ ဝင်သွားပြီးတဲ့နောက်၊အမေနှင့်စကားတွတ်ထိုး
နေတာကို ကျွန်တော် အိမ်ရှေ့မှ အတိုင်းသားကြားနေရပါတယ်...။ပထမတော့ ရောက်တတ်ရာရာတွေပါ..။
အဲ...နောက်ပိုင်းမှာတော့.......
အဲ...နောက်ပိုင်းမှာတော့.......
“ အမတို့ကတော်ပါသေးတယ်အမရယ်..၊သမီးကအားကိုးနေရလို့...”
“ ဟုတ်တယ် အဝင်းရဲ့...၊ သမီးလေး တစ်ယောက်တည်း ရှိပေမယ့် အားကိုးရလို့တော်ပါသေးရဲ့၊နို့မိုဆို အဖိုးကြီး ပင်စင်လစာတခုတည်းနဲ့ဆိုအတော်ကို ကသီမှာ...”
“ဟုတ်ပ...၊အမသမီးကတော်ရှာပါတယ်...။”
“ဟုတ်ပ...၊အမသမီးကတော်ရှာပါတယ်...။”
ဟောဗျာ....အမေပြောနေပုံက သူ့မှာ သမီးတစ်ယောက်တည်းရှိနေတဲ့အတိုင်းပဲ....။တကယ်ဆို
ကျွန်တော်လည်း ရတဲ့လခအကုန် အမေ့ကိုအပ်နေတာပဲ...။တကယ်ဆို မောင်နှမနှစ်ယောက်စလုံးလိမ္မာကြပါ
တယ်...စသည် ဖြစ်ရမှာကို....။အခုတော့ အရက်သောက်မိတာနဲ့ပဲ သားသမီးစာရင်းထဲတောင် မသွင်းချင်တော့
ဘူးထင်ပါရဲ့...။ကျွန်တော့် စိတ်ထဲမှာ အမေ့ကို နည်းနည်းတော့ခုသွားမိပါတယ်..။ဒါပေမယ့် ကျွန်တော်ကလည်း
ကိုယ့်အပြစ်နဲ့ကိုယ် ဆိုတော့ ဘာမှဝင်မပြောပဲ အမေတို့ ပြောနေတဲ့စကားတွေကိုပဲအသာနားစွင့်နေမိပါတယ်။
“ကဲ...ထမင်း ဟင်းတွေ ကျက်ပြီ၊စားကြရအောင်...၊အကိုရေ...ထမင်းစားရအောင်..၊အဝင်းလဲ တခါတည်း
ဝင်စားသွားနော်...”
အမေရဲ့ အဖေ့ကိုထမင်းစားဖို့ လှမ်းခေါ်သံ၊ဒေါ်ဒေါ်ဝင်းကို လောကဝတ်ပြုသံ ကြားမှပဲ တမနက်လုံးဘာမှ
မစားရသေးတဲ့ ကျွန်တော် ဗိုက်ဆာလာပါတော့တယ်။အင်း..အမေစိတ်ဆိုးနေပေမယ့် ထမင်းတော့ကျွေးမှာပါလို့
စဉ်းစားရင်း ကျွန်တော်လည်း ထမင်းစားခန်းဖက် ဝင်လာခဲ့ပါတယ်။ထမင်းစားပွဲ ကိုလှမ်းကြည့်တော့ သုံးယောက်
စာပြင်ထားတာတွေ့ရပါတယ်...။ဒါဆို အခြေအနေမဆိုးဘူးလို့ တွေးမိရင်း ထမင်းစားပွဲမှာ ဝင်ထိုင်မယ်ပြင်လိုက်
တော့......
“အမရေ..ကျွန်မလည်းပြန်ဦးမှ...”
“အို...မဟုတ်တာ...ထမင်းစားပြီးမှပြန်လေ..”
“မစားတော့ပါဘူး အမရယ်.....”
“ဘယ့်နှယ်...မစားတော့ပါဘူးလဲ...ဒီမှာ ထမင်းပွဲ သုံးယောက်စာပြင်ပြီးသွားပြီ...”

အမေရဲ့ စကားသံတွေဟာ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ..။ဒီလိုဆို ဒီထမင်းဝိုင်းက အဖေ၊
အမေနှင့်ဒေါ်ဒေါ်ဝင်းတို့သုံးယောက်စာပဲပေါ့...။ကျွန်တော့် အတွက်နေရာမရှိဘူးဆိုတဲ့ သဘောပေါ့...။
“အမေ” ရှက်ရွံစိတ်၊နာကျင်စိတ်တွေနဲ့ ကျွန်တော် အမေ့ကိုအကျယ်ကြီးအော်လိုက်မိပါတယ်...။
ဒါပေမယ့် အမေရော၊ဒေါ်ဒေါ်ဝင်းပါ ကျွန်တော့်အသံကိုမကြားချင်ယောင်ဆောင်နေကြပါတယ်။
မဟုတ်ဘူး....၊မဟုတ်သေးဘူး....။သူတို့မကြားချင်ယောင်ဆောင်နေကြတာ မဟုတ်ဘူး....။
သူတို့တကယ်မကြားတာ...။သူတို့ရဲ့စိတ်ထဲမှာ၊သူတို့ရဲ့မြင်ကွင်းထဲမှာ ကျွန်တော်ဆိုတာ မရှိတော့တာ.....။
ပျေက်ဆုံးသွားခဲ့တာ...။ဘုရား...ဘုရား...ဒါဘာလဲ....ကျွန်တော်သေဆုံးသွားခဲ့ပြီလား....ဟင့်အင်း...မဟုတ်ဘူး.....၊
ဒါ ကျွန်တော်သေဆုံးသွားတာလဲမဟုတ်ဘူး...။ပျောက်ဆုံးသွားတာ....။တချိန်ကကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်း၊
ပတ်ဝင်းကျင်ထဲက၊ဒီကမ္ဘာလောကကြီးထဲက ကျွန်တော့် ဖြစ်တည်မှု ပျောက်ဆုံးသွားခဲ့တာပါ။

ဒါဆိုရင် ကျွန်တော်က ဘာလည်း...၊ကျွန်တော့်ရှင်သန်မှုက ဘာလည်း...၊ဒီကမ္ဘာလောကကြီးထဲမှာ
ကျွန်တော့်ရဲ့ ဖြစ်တည်မှု၊တည်ရှိနေမှု ဆိုတာ ဘာအဓိပ္ပါယ် ရှိပါသလဲ....။ကျွန်တော် ကောင်းတာတွေပဲလုပ်လုပ်၊
ဆိုးတာတွေပဲလုပ်လုပ်၊ ဘယ်သူ့ကိုမှ အကျိုးသက်ရောက်မှုမရှိတော့ဘူးပေါ့....။ဘယ်သူကမှလည်း အသိအမှတ်
မပြုကြတော့ဘူးပေါ့...။

ထိတ်လန့် တုန်လှုပ်စွာ...၊နာကျင်ကြေကွဲစွာ.... ကျွန်တော် လမ်းမပေါ်ပြေးထွက်လာမိပါတယ်...။
လမ်းမပေါ်ရောက်တော့ ကျွန်တော် သတိပြုမိလိုက်တာက......လူတွေ....၊လူတွေ......၊
ကျွန်တော့်လိုပဲ မြောက်များလှစွာသော ဖြစ်တည်မှုပျောက်ဆုံးနေတဲ့လူတွေ.....၊
အဓိပ္ပာယ်မဲ့နေတဲ့ မျက်နှာတွေနဲ့လူတွေ.....၊မှိန်ဖျော့နေတဲ့မျက်လုံးတွေနဲ့လူတွေ....၊
လမ်းမပေါ်မှာဦးတည်ရာမဲ့သွားနေကြတာ တွေ့လိုက်ရပါတော့တယ်.............။

(တခါတရံမှာ “ အကယ်၍ ကျွန်တော်သာဒီလောကထဲကပျောက်ကွယ်သွားခဲ့ရင်၊ဒီလောကထဲကို လူအဖြစ်
ရောက်မလာခဲ့ရင်...”လို့ ကျွန်တော်တွေးမိတတ်ပါတယ်။အဲဒီလိုတွေးမိတိုင်း လူ့ဘဝကိုတွယ်တာတဲ့စိတ်၊
လူအဖြစ်ရှင်သန်၊ရပ်တည်နေရတာကိုကျေနပ်မိတဲ့စိတ် ကြောင့် လောကထဲကကွယ်ပျောက်သွားမှာကို
အကြီးအကျယ် ထိပ်လန့်၊တုန်လှုပ်မိပါတယ်။အဲဒီ စိတ်၊အတွေး ခံစားမှုကိုအခြေခံပြီး
ဒီဝတ္ထုတိုလေးကိုဘာရယ်မဟုတ်ရေးမိကြောင်းပါခင်ဗျား...။)

Sunday, July 4, 2010
စကိုင်းပတ်၊လွတ်လပ်ရေးနေ့နှင့်မူးရစ်ဝေသောဂျာမနီညများ
မနေ့က တညနေခင်းလုံး အပြင်လျှောက်သွားတယ်....။ညနေငါးနာရီကတည်းက ထွက်သွားလိုက်တာ
ညဆယ့်နှစ်နာရီထိုးမှအခန်းပြန်ရောက်တယ်..။ဘယ်သူတွေနဲ့လဲလို့တော့မမေးကြပါနဲ့...။ဘယ်သူမှမပါဘူး။ဘုန်းမောင်တစ်ယောက်တည်း...။ပထမဆုံးရောက်သွားတဲ့နေရာက MERINA BAY SANDS က SKYPARK ပါ။
မိုကလည်းဖွဲဖွဲလေးရွာနေလေရဲ့..။မိုးရွာနေရင်သွားလို့မကောင်းမှန်းသိပေမယ့်၊ကျွန်တော်ကလည်းတခုခုကိုလုပ် တော့မယ်ဟေ့ဆိုရင် မဖြစ်မနေလုပ်လိုက်ရမှ ကျေနပ်လေတော့ မရောက်မနေ အရောက်သွားလိုက်ပါတယ်။
လက်မှတ်က တစ်စောင် နှစ်ဆယ်ပေးရတယ်။အသံလွင့်စက်ကလေး ခဏငှားတယ်..(အပိုင်ပေးလိုက်တာ
မဟုတ်)။ငါးဆယ့်ခြောက်ထပ်ကိုဓာတ်လေကားနဲ့တက်၊အပေါ်ရောက်တော့ဟိုကြည့်၊ဒီကြည့်ပေါ့။အနောက်ဘက်ခြမ်း ကိုပဲသွားလို့ရပါတယ်။အရှေ့ဘက်ခြမ်းက ဟိုတယ်မှာတည်းခိုသူတွေအတွက်သီးသန့် ပါတဲ့။ခဏနေတော့ ပြန်ဆင်းလာခဲ့တယ်...။ဘာမှလည်းမဟုတ်၊ပိုက်ဆံနှစ်ဆယ်ကုန်တာပဲအဖတ်တင်တယ်..။ရောက်လက်စနဲ့တော့
မထူးဘူဆိုပြီး ကာစီနိုလည်းဝင်ကြည့်ခဲ့သေးတယ်..။
အဲဒီကနေ ပင်နစူလာကိုခရီးဆက်တယ်..။ဆံပင်ညှပ်၊ထမင်းစားပြီး၊တောင်ဝယ်မြောက်ဝယ် ဝယ်ပါတယ်။
မယ်ဆိုတာ စိတ်ကူးရှိတာမဟုတ်ဘူး၊ရောက်တုန်း လိုမယ်ထင်တာလေးတွေ ဝယ်လာတာ...)။(တောင်ဝယ်၊မြောက်ဝယ်ဆိုလို့ တောင်တွေရယ်၊မျောက်တွေရယ် ဝယ်လာတယ်လို့မထင်နဲ့နော်၊ဘာတွေဝယ်
ပင်နစူလာရဲ့ အရှေ့ဘက်က ကျေက်တိုင်နားမှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကိုသွားကြည့်
့သေးတယ်။ကျွန်တော်ရောက်သွားတော့ အခမ်းအနားကပြီးသွားလို့ လူတွေတောင် ပြန်ထွက်လာကြပြီ..။ညကိုးနာရီလောက်မှာသူငယ်ချင်းတယောက်က အရေးတကြီးဖုန်းဆက်ခေါ်လို့ကပျာကယာပြန်ပြေးရတယ်။
အရေးတကြီးဖုန်းဆက်ခေါ်တယ်ဆိုလို့ တခြားတော့မထင်လိုက်ပါနဲ့၊ဘောပွဲကြည့်ဖို့ လက်ဘက်ရည်ဆိုင်မှာ ခုံဦး
ထားတဲ့အကြောင်း၊ မြန်မြန်မလာရင်ဦးထားတဲ့ခုံကိုတခြားသူတွေ ယူတော့မယ့်အကြောင်း သတင်းလှမ်းပို့တာပါ။

ဒါနဲ့ပဲ သူတိုက်တဲ့ ဘီယာတလုံးသောက်ပြီး(ကျွန်တော်စကိုင်းပက်သွားတာသူ့ကိုမခေါ်လို့ ကျေးဇူးတင်တဲ့အနေနဲ့
တိုက်တာ သူ့ခေါ်သွားရင် သူပါနှစ်ဆယ်ကုန်မှာကိုး...)အာဂျင်တီးနားက အားပေးလိုက်တာ လှလှပပကြီးကိုရှုံး သွားပါရော...။(အင်္ဂလန်နဲ့ဂျာမနီ ပွဲတုန်းကလည်း အင်္ဂလန်ကအားပေးတယ်။ရှုံးခဲ့တာပဲ၊ဒါလည်းအမှတ်မရှိဘူး)
ဒီပုံက MERINA BAY SANDS ရဲ့ ပုံစံတူဆောက်အဦးငယ်လေးပါ

ဒီပုံတွေကတော့ ရောက်တဲ့အတူတူ နှစ်ဆယ်တန်အောင် လျှောက်ရိုက်ထားတာတွေပါ။

အမခင်ဦးမေပုံတွေကို ဝါးသလေး၊ဘာသလေး နဲ့လျှောက်ပြောမိတာ၊အခုမှကောင်းကောင်းကြီးဝဋ္ဋ်လည်ပါ
တော့တယ်၊ကျွန်တော့ပုံတွေ ဝါးသွားတာကတော့ မိုးရွာနေလို့ပါခင်ည။(မလျှော့သေးဘူး၊ဆင်သေကိုဆိတ်ရေနဲ့
ဖုံးကောင်းတုန်းပဲ) ဘာရယ်မဟုတ်ပါဘူး။စကိုင်းပတ်ရောက်အမှတ်တရအဖြစ်ရေးလိုက်တာပါ။
Subscribe to:
Posts (Atom)