Tuesday, April 24, 2012

အိမ်မက်သတို့သမီး (သို့) စီရမ်ရိ ( ၃ )

စီရမ်ရိပို့စ်ကို မိတ်ဆွေတွေတော့မသိဘူး...၊ကျွန်တော့်ဘာသာတောင် မေ့တေ့တေ့ဖြစ်နေပြီဗျိုး....၊ပြောရရင်
ပထမကျွန်တော်စဉ်းစားထားတာကစီရမ်ရိနဲ့အန်ကောဝပ်ဘုရားကျောင်းအကြောင်းကို သေသေချာချာလေး
ရေးမလို့ပဲ....၊ဒီအတွက် စာအုပ်တွေဘာတွေတောင် စီရမ်ရိကဝယ်ခဲ့ပါသေးရဲ့...၊ဝီကီထဲလည်း ရှာဖွေဖတ်မိ
ပါရဲ့...၊ခက်တာကအဲ့စာအုပ်ကလည်းနဲနဲပဲဖတ်ရသေး....၊မြန်မာပြည်မှာမေ့ကျန်ခဲ့ပါရောလား....၊ပြီးဒီရက်ပိုင်း
အတွင်း အလုပ်ရှုပ်နေတာနဲ့၊အခြားအကြောင်းအရာတွေကို ရေးနေဖြစ်တာနဲ့ ပြက်တောင်းတောင်းတွေဖြစ်
ကုန်တော့ သေသေချာချာမရေးဖြစ်တော့ပါဘူးဗျာ...၊ဒီတော့ တက်သုတ်ရိုက်ပြီးပဲ စီရမ်ရိကိုဖြတ်လိုက်တော့
မယ်ဗျာ...နော့.....။

အဲဒီနေ့က ကျွန်တော်တို့နှစ်ဦးသား အန်ကောဝပ်ကထွက်လာတော့ မှောင်စပြုနေပါပြီ....။ကျွန်တော်က ဟို
တယ်ပြန်နားပါတယ်...၊မျှစ်ကတော့ သင်တန်းရှိလို့ကပျာကယာလစ်လေရဲ့.....၊ညရှစ်နာရီကျော်ကျော်
လောက်မှာသူပြန်လာခေါ်ပါတယ်....။စီရမ်ရိရဲ့လမ်းဘေးဘီယာဆိုင်လေးတစ်ဆိုင်ကိုပါ။စီရမ်ရိမှာညနေခင်း
အပျင်းပြေထိုင်စရာလက်ဘက်ရည်ဆိုင်ရယ်လို့မယ်မယ်ရရမရှိပါဘူး.....တဲ့၊ထိုင်စရာဘီယာဆိုင်ပဲရှိပါသတဲ့၊
ကောင်းလိုက်တာဗျာ၊ရေငတ်တုန်းရေတွင်းထဲကျတာပဲဗျိုး....:)))။အဲ့ဆိုင်လေးမှာ အမြည်းအဖြစ်ရနိုင်တာက
တော့ အမဲကောင်လုံးကင်ပါပဲဗျိုး.....။နွားတစ်ကောင်လုံးကို တံစို့ထိုးကင်ရောင်းတာပါ.....။အဲ့လိုဆိုင်မျိုးတွေ
စီရမ်ရိနဲ့ ဖနွမ်းပင်မှာ ၁၀၀နီးပါးရှိပါသတဲ့......။အဲ့ဆိုင်တွေရဲ့ တစ်နေ့တစ်ကောင်နှုန်းဖြုန်းအားကြောင့် ခုဆို
ကမ္ဘောဒီးယား နွားဝယ်ရနိုင်ဖို့ရာ အခက်တွေ့နေရပါသတဲ့ဗျာ......၊ညနေ ၅နာရီလောက်စရောင်းလိုက်တာ
ည ၈ နာရီလောက်ဆိုဘာမှမကျန်တော့ပါသတဲ့ဗျာ....၊ဟုတ်ပါ့ဗျာ.....အဲဒီနေ့က ကျွန်တော်တို့ရောက်သွား
တော့ နွားကျောရိုးမကြီးပဲမြင်ရပါတော့တယ်.....၊အသားနဲနဲပါးပါးတော့ လှီးထားတာကျန်လေရဲ့....၊ဒီတော့
ရှိတဲ့အသားလေးပဲ မြည်းစမ်းခဲ့ရပါတယ်ခင်ဗျ......။ဓာတ်ပုံတွေဘာတွေလည်း မရိုက်ခဲ့တော့ပါဘူးဗျာ......၊
ကိုယ်တွေကပုလင်းမြင်ရင် အကုန်မေ့သကိုး....:))))။အမှတ်တရအနေနဲ့ ဖုံးလေးနဲ့တစ်ပုံပဲရိုက်ခဲ့ပါတော့
တယ်.....။



 ပုံမှာမြင်ရတဲ့အတိုင်းပါပဲဗျ၊အမဲသားနဲ့တွဲဖက်စားဖို့ အသီးအရွက်ပေါင်းစုံတစ်ပန်းကန်ရယ်၊စပါးလင်၊ငရုတ်
သီး၊သံပုရာသီးတို့ကိုရိတ်ရိတ်ပါအောင်လှီးထားတဲ့ တစ်ပန်းကန်ရယ်...၊နောက် ဟင်းအနှစ်လို ဘာမှန်းမခွဲ
ခြားတတ်တဲ့အရာတစ်ပန်းကန်ရယ် ချပေးပါတယ်....၊အဲ့ဟာတွေနဲ့တွဲဖက်စားရပါသတဲ့။

နောက်တစ်နေ့မနက်မှာတော့ ကျွန်တော်တို့တစ်တွေ အန်ကောဝပ်ကို မကြေပွဲနွဲဖို့ တစ်ခေါက်ထပ်သွား
ပါတယ်...။အန်ကောဝပ်ဘုရားကျောင်းအပေါ်ထပ်ကိုတက်ဖို့ပါ...၊ကံဆိုးပါတယ်ဗျာ...၊သန့်ရှင်းရေးလုပ်မှာ
ဖြစ်လို့ အပေါ်ကို တစ်နေ့လုံးပိတ်ထားပါသတဲ့ဗျာ...။ဒါနဲ့ပဲ ဘုရားကျောင်းထဲတစ်ခေါက်ထပ်ကြည့်ပြီး ပြန်
ထွက်လာခဲ့ကြပြီး ဘုရားကျောင်းရဲ့ အရှေ့ဘက် နဲနဲလှမ်းတဲ့ ကွင်းပြင်ထဲမှာရှိတဲ့ မိုးပျံဘောလုံးကြီးဆီချီ
တက်ခဲ့ကြပါတယ်....။တစ်ဦးကို ၁၂ဒေါ်လာထင်ပါရဲ့....၊ကျွန်တော်တို့ရောက်သွားတော့ စီးမယ့်သူဆိုလို့
မျက်နှာဖြူစုံတွဲတစ်တွဲပဲရှိပါတယ်....၊လူမပြည့်သေးလို့စောင့်ရပါသေးတယ်...။နဲနဲကြာကြာစောင့်နေသည့်
တိုင် နောက်ထပ် စီးမယ့်သူမရောက်လာတာနဲ့ ကျွန်တော်တို့သုံးယောက်ရယ်၊အဲဒီမျက်နှာဖြူစုံတွဲရယ်၊
ပေါင်းငါးယောက်နဲ့ပဲအပေါ်ကိုတက်ခဲ့ရပါတော့တယ်....။သူ့ဘောလုံးက အောက်ကနေ သံကြိုးတစ်ချောင်း
နဲ့ဆိုင်းထားပြီး အပေါ်ကိုပဲ တက်တာရယ်...၊ပုဂံကလို ဟိုဟိုဒီဒီလျှောက်သွားတာမဟုတ်တော့ သိပ်မစွံပါ
ဘူးဗျာ....။


 ကျွန်တော်တို့စီးခဲ့သော မိုးပျံဘောလုံးပါ....။

 အဲဒီနောက်မှာတော့ Banteay Srei ဘုရားကျောင်းဘက် ထွက်ခဲ့ကြပါတယ်ခင်ဗျာ.....။

 ဟိန္ဒူဘုရားရှီဗာ(သျှီဝ)ကို ရည်မှန်းပြီးတည်ဆောက်ခဲ့တဲ့  ဒီဘုရားကျောင်းကို ခမာအနုပညာရဲ့ မျက်ရွဲ
ရတနာ ရယ်လို့တင်စားကြပါတယ်....။အနီရောင်သဲကျောက်တွေနဲ့တည်ဆောက်ထားတဲ့ Banteay Srei
ဘုရားကျောင်းမှာ အနုစိတ်ထုလုပ်ထားတဲ့ ကျောက်ဆစ်လက်ရာတွေရဲ့အလှကြောင့်ဖြစ်ပါတယ်ခင်ဗျာ...။





 

 ဒီရုပ်တုကိုမြင်တော့ ညကစားခဲ့တာကို ပြန်သတိရမိရဲ့၊လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ယုံကြည်မှုတစ်ခုအဖြစ်
ရိုးခိုးကော်ရော်ခဲ့ကြပေမယ့်၊ယခုချိန်မှာတော့ မက်မက်စက်စက်စားသုံးဖွယ်ရာဖြစ်ခဲ့ပါရောလား....၊










Banteay Srei ဘုရားကျောင်းမှ ကျွန်တော်တို့ပြန်ထွက်လာတော့ နေလည် ၁နာရီလောက်ရှိပြီခင်ဗျ။ဒါနဲ့
မြို့ထဲဘက်ပြန်သွား၊ထမင်းစားခဲ့ကြပါတယ်...။ညနေမှာတော့ ကျွန်တော်တို့တစ်တွေ အရှေ့တောင်အာရှ
ရဲ့ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်တဲ့ Tonle Sap ရေအိုင်ကြီးဘက် ထွက်လာခဲ့ကြပါတယ်ခင်ဗျား.....။




လည်ပင်းမှာ မြွေတစ်ကောင်ပတ်လို့ ..............


တုံလီစပ်ရဲ့ ရင်သွေးငယ်..........



ဆောက်လက်စ ဖောင်အိမ်တစ်လုံး.......၊မပြီးသေးပေမယ့် နေချင်စရာလေးဗျနော်...၊



၂၇၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းတဲ့ ရေကန်ကြီးက တကယ့်ကို ကမ်းမမြင်လမ်းမမြင်ရယ်..........



ဆည်းဆာ............


ဝင်လုဆဲနေလုံးကြီး နဲ့ အိမ်ပြန်လာတဲ့ လှေငယ်..........
 

စီရမ်ရိမှာ သာတဲ့လ ဆိုပါတော့ဗျာ....၊အဲ့ဒီညက လပြည့်ညခင်ဗျ...........။



အဲဒီညက ကျွန်တော်နဲ့ ကိုထွဋ် တို့နှစ်ဦးသား  စီရမ်ရိရဲ့ နာမည်ကြီးနေရာတစ်နေရာဖြစ်တဲ့ pub street ဘက်ကို ထွက်လာခဲ့ပါတယ်....။tomb raider ဇာတ်ကားကို စီရမ်ရိမှာ လာရောက်ရိုက်ကူးစဉ်က ဂျိုးလီထိုင်
သွားခဲ့ဖူးတဲ့ Red Piano ဆိုတဲ့ ဘားဆိုင်လေးရဲ့အပေါ်ထပ်မှာ ထိုင်ရင်း....၊tomb raider cocktailတစ်ခွက်
သောက်ရင်း......စီရမ်ရိရဲ့ ညကို တိတ်ဆိတ်စွာငေးမောနေခဲ့မိပါတယ်....။လပြည့်ရောင်အောက်မှာ မြို့လေး

ဟာ စည်ကားရှုပ်ထွေးစွာနဲ့လှနေပါတယ်....။သူ့ရင်ခွင်ထဲမှာ သူ့ကို တိတ်တခိုးခင်မင်နေခဲ့သူတစ်ဦးမှ

၃ရက်တာနားခိုခဲ့တာကို သူသိမှတ်မိဟန်မတူပါဘူး....။ ထားရစ်ခဲ့ရတော့မယ့် မြို့လေးကို ကျွန်တော် ရင်ထဲ
မှ တိတ်ဆိတ်စွာနှုတ်ဆက်လိုက်မိပါတယ်....၊ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့....စီရမ်ရိရယ်.....လို့....။





Red Piano ဆိုင်ပါ၊ဂူးဂဲကယူပါတယ်ခင်ဗျ.....




Friday, April 13, 2012

လင်း ကိုပြောပြဖြစ်တဲ့ မိုးမခပင်တွေအကြောင်း




လင်းရေ.........

ကိုယ်တို့မြန်မာပြည်ကြီးမှာ နှစ်ကူးမဟာသင်္ကြန်ကာလကိုတောင်ရောက်လာပြီနော်....၊အဝေးရောက်နေတဲ့
ကိုယ်တို့ကတော့ အွန်လိုင်းပေါ်မှာပဲ သင်္ကြန်ကျရ၊ဖုံးမက်စေ့လေးတွေနဲ့ပဲရေလောင်းရ၊အိုးမဲသုတ်ရတယ်
လင်းရေ.....၊ရေအစစ်တွေ၊အိုးမဲအစစ်တွေနဲ့မဟုတ်ပဲစကားလုံးတွေ၊ပုံရိပ်သင်္ကေတလေးတွေ၊ပန်းချီလေးတွေ
နဲ့ပဲဆိုတော့ နဲနဲတော့ခြောက်ကပ်ကပ်နိုင်သပေါ့....။ဒါပေမယ့် သင်္ကြန်ဆိုတာကိုယ်တို့အသွေးအသားထဲအ
ထိ နှစ်မျောပျော်ဝင်နေလေတဲ့ဝိညာဉ်တစ်ခုမို့လို့ထင်ရဲ့...သင်္ကြန်အသံကြားတာနဲ့ဓာတ်ပုံလေးတွေမြင်ရရုံ
နဲ့ ကိုယ်တို့ပါအလိုလိုပျော်နေလေရဲ့......။

ပြီးခဲ့တဲ့နှစ်ကတော့ ကိုယ်ဆမ်ဘာဝမ်းသင်္ကြန်ပွဲကိုသွားလိုက်သေးတယ်....၊ဒီနှစ်တော့အလုပ်တွေရှုပ်နေတာ
ကတစ်ကြောင်း၊နဂိုကကို သင်္ကြန်ကာလတွေမှာ လည်လည်ပတ်ပတ်မရှိလှတာကတစ်ကြောင်း၊အဲဒီနေ့က
အိပ်ယာထနောက်ကျသွားတာကတစ်ကြောင်း၊အကြောင်းကြောင်းတွေကြောင့် မသွားဖြစ်ဘူးလင်းရေ.....။
ဟုတ်တယ်လင်း......၊ကိုယ်သင်္ကြန်ကိုချစ်တယ်ဆိုပေမယ့် သင်္ကြန်ကာလတွေမှာ ရေပက်ခံထွက်တာမျိုးသိပ်
မရှိလှပါဘူး၊ကိုယ့်ချစ်ခင်ရတဲ့သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးထိုင်သောက်နေလိုက်တာပါပဲ...၊ပြီး....
လမ်းပေါ်က ရေပက်ခံထွက်ကြတဲ့သူတွေကိုပဲ ထိုင်ငေးနေတတ်တာရယ်.....။မှတ်မှတ်ရရ တစ်သက်နဲ့တစ်
ကိုယ်  ၂ခါလားပဲရေပက်ခံထွက်ခဲ့ဖူးပါရဲ့ လင်းရေ...၊


လင်းရေ.....

အဲဒီလို အွန်လိုင်းသင်္ကြန်ပွဲကို တစ်ယောက်တည်းဆင်နွဲနေရင်းနဲ့  မြန်မာပြည်သင်္ကြန်ပွဲဆင်နွဲနေကြတဲ့
မြန်မာအမျိုးကောင်းသား၊သမီးများရဲ့ ဓာတ်ပုံတွေနဲ့ အဲဒီပုံတွေကို ဝေဖန်ကြတဲ့ စာတွေကိုဖတ်ရတော့
ကိုယ့်ရင်ထဲတစ်မျိုးပဲ.....လင်းရာ....။စိတ်မကောင်းတာလည်းမဟုတ်၊ဝမ်းနဲတာလို့လည်းပြောလို့မရ...တဲ့
ခံစားချက်တစ်စုံတစ်ရာဆိုပါတော့လေ....၊လင်းသိတဲ့အတိုင်းပဲ ကိုယ်က ကိုယ့်ရင်ထဲက ခံစားချက်တွေကို
ထုတ်ဖော်ပြောပြတဲ့နေရာမှာ အားနည်းတယ်ကွယ့်....။

အဲဒီလိုမျိုးတွေကို မြင်တွေ့ရတိုင်း ကိုယ်သွားသတိရမိတာက ဆရာမောင်စိန်ဝင်း ရဲ့ မိုးမခပင်တွေဆိုတဲ့
ဝတ္ထုတစ်ပုဒ်နဲ့ ကဗျာလေးကိုပဲ...လင်းရဲ့....။ကိုယ်ရေးပြမယ်နော်.........



           မိုးမခပင်တွေ

 
 မိုးနဲ့မုန်တိုင်း ၊ ကဆုန်စိုင်းရင်း   

လှိုင်းထန်မြင်ပြင် ၊ မုန်ယိုဆင်သည် 

 မြင်မြင်သမျှ ၊ ယမ်းခါချလို့

ဒေါသမီးတောက် ပေါက်ကွဲချိန်။


ကမ်းပါးစပ်က ၊ မိုးမခပင်ငယ်

အရွယ်မရောက် ၊ အပင်ပေါက်တွေ

လှိုင်းအောက်ပိပြား ၊ ကမ်းပါးရေလျှံ

နွံနစ်ခံရ ၊ မြစ်ဒေါသကြောင့်

မွမွညက်ညက် ကြေပြီလား...။


မြစ်ရေကျစဉ် ၊ နုံးတင်မြေသား

အမှိုက်ကြားက ၊ မိုးမခပင်ငယ်

ဘယ်လောက်များလေ ၊ ရေလွှမ်းတဲ့ဒဏ်

(သူတို့) ခံရဦးမလဲ...

နုံးတွေကြားမှာ ၊ အားခဲသက်ရှင်

(ကြာရင်) မြင်မှမြင်နိုင် ပါ့မလား...။



နှစ်များကြာလျှင် ၊ ဆံပင်ဖားလျား

လူငယ်များလေ ၊ မြစ်နားကမ်းစပ်

ရပ်နေသလိုမျိုး ၊ မိုးမခပင်တွေ

လေကြမ်းမုန်တိုင်း ၊ မြစ်အရိုင်းရဲ့

လှိုင်းလုံးတွေကို စိန်ခေါ်ရင်း...။ ။


                                                     ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)

လင်းရေ.......

ရေကြိုက်တဲ့ မိုးမခပင်တွေက  မြစ်နားကမ်းစပ်မှာ ရပ်တည်ကြရင်းနဲ့ မြစ်ရေစီးကြောင်းရဲ့တိုက်စား၊ဖြိုဖျက်
မှုကို သူတို့ မကြီးရင့်ခင်မှာ ခံခဲ့ကြရတယ်လင်း....၊ကြမ်းတမ်းခက်ထရော်လှတဲ့ ရေစီးကြောင်းဒဏ်ကို
ကြံကြံမခံနိုင်ကြတဲ့ နုနယ်ငယ်ရွယ်သေးတဲ့ အပင်ငယ်လေးတွေမှာတော့ ရေစီကြောင်းမှာ မျောပါနှစ်မြုပ်
သွားခဲ့မှာပါပဲလေ...၊အဲဒီလို ရေစီးကြောင်းဒဏ်ကို ရင်ဆိုင်ကျော်ဖြတ်ပြီး၊ အချိန်အတန်အရွယ်ရောက်လို့
ကြီးတောင့်ကြီးမားဖြစ်သွားခဲ့ပြီဆိုရင်ဖြင့် သူတို့တစ်ချိန်က အလူးအလဲခံခဲ့ရတဲ့ ရေစီးကြောင်းကို၊သူတို့က
ပြန်ထိန်းသွားတတ်ကြတယ်လင်းရဲ့.....။

လင်းရေ......

ကိုယ်တို့မကြာမကြာ ကြားမိတတ်တဲ့စကားတစ်ခွန်းရှိတယ်.၊ခေတ်ရေစီးကြောင်းတဲ့....၊ဟုတ်တယ်...လင်း၊
ခေတ်တွေစနစ်တွေက ရပ်တန့်မနေပဲ မြစ်ရေလိုတစ်သွင်သွင်စီးနေလေရဲ့....၊အပြောင်းအလဲများကြားမှာ
တစ်ချိန်က သီးသန့်ရှိခဲ့တဲ့ ရိုးရာနေထိုင်၊ဝတ်စားဆင်ယင်မှုပုံစံတွေက တစ်ခုနဲ့တစ်ခုရောကာ၊ယှက်ကာ၊
ပေါင်းကူးမိသွားတတ်ကြတာပါပဲလေ....၊ကိုယ်တို့ရဲ့ လက်ရှိရိုးရာဝတ်စားမှုပုံစံဖြစ်တဲ့ ပုဆိုးနဲ့ လည်ကတုံး
အကျီ င်္ ကိုက အရှေ့တရုတ်နဲ့ အနောက်က အိန္ဒိယတို့ရဲ့ ပုံစံဆီက ယူထားတာလို့ဆိုကြလေရဲ့....။


စဉ်ဆက်မပြတ် ပြောင်းလဲနေတတ်တဲ့ ခေတ်ကြီးရဲ့ သရုပ်သကန်ကို ထင်ထင်ရှားရှားမြင်တွေနိုင်တာက
ကိုယ်တို့ လူငယ်တွေဆီမှာပဲလင်း....၊လူငယ်ဆိုတာ အသစ်ကို၊အဆန်းကို တောင့်တခုံမင်တတ်ကြလေရဲ့၊
အသစ်အဆန်းတွေနဲ့လည်း အလွယ်တကူရင်းနှီးပျော်ဝင်သွားတတ်ကြလေရဲ့....။လူငယ်ဆိုတာ သင်ယူနေ
ဆဲအချိန်၊ကြီးထွားဖွံဖြိုးဆဲအခါပဲရှိသေးတယ်လင်း......၊ခေတ်ကာလအပြောင်းလဲအသစ်အဆန်းတွေကြားမှာ
တလွဲဆံပင်ကောင်းကြတာမျိုးတွေ၊အလွဲအသုံးချမိတာမျိုးတွေ ရှိကောင်းရှိနေနိုင်မယ်လင်း....၊ပြီး ကိုယ်တို့
နိုင်ငံရဲ့ခေတ်ရေစီးကြောင်းက တစ်ခြားတစ်ခြားတွေထက် နဲနဲပိုကြမ်းတယ်လင်းရဲ့....၊အဲဒီလို ကြမ်းတမ်း
ခက်ထရော်လှတဲ့ရေစီးကြောင်းရဲ့ဒဏ်ကို ကြံကြံမခံနိုင်တဲ့ တစ်ချို့တစ်ချို့တွေက ရေစီးကြောင်းတိုက်စားမှု
မှာ အလဲလဲအပြိုပြိုပေါ့ လင်းရာ....၊ရင့်ကျက်မှုတွေကို ဒဏ်ရာ၊နာကျင်မှုများနှင့်တည်ဆောက်ပြီးလို့ အချိန်
တန်လူလားမြောက်လာကြပြီဆိုရင်ဖြင့် အဲဒီလူငယ်လေးတွေကပဲ ခေတ်ကို တစ်ပြန်တစ်လှည့်ထိန်းကျောင်း
သွားကြပါလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်လင်း.....။


လင်းရေ....


ကိုယ့်တို့ မြန်မာ့ရိုးရာ သင်္ကြန်ကာလမှာ အလွန်အကျူးဝတ်စားဆင်ယင်ကြတဲ့ မြန်မာမလေးတွေကို ကိုယ်
သဘောထားဘယ်လိုရှိသလဲလို့မေးလာရင် ကိုယ်တော့ သူ့သဘောသူဆောင်တယ်လို့ပဲ ပြောမိမယ်ထင်
ရဲ့...။သူတို့တွေကို ဝေဖန်၊ပြောဆိုကြတဲ့ ကိုယ့်သူငယ်ချင်းတွေကိုလည်း သူတို့ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်
ထားတဲ့စိတ်သဘောထားကို ကောင်းစွာနားလည်နိုင်ပါတယ်လေ....။


ဒါပေမယ့်လင်းရေ.....၊ခေတ်ရေစီးကြောင်းတစ်ခုအတွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်နေကြရတဲ့သူချင်း၊စကင်နီ
ဘောင်းဘီနဲ့ တီရှပ်ပေါ့ပေါ့ပါးပါးကို ခုံမင်ကြသူချင်း အတူတူ ပက်ပက်စက်စက်ဝေဖန်ဖို့ကိုယ်တို့မှာ တာဝန်ရှိတယ်လို့ ကိုယ်မယူဆဘူးလင်း...။ခေတ်လူတွေ ဘယ်လိုဝတ်စားနေထိုင်သင့်တယ်ဆိုတာ
 ပြောဆိုဆုံးမဖို့ဆိုတာ သူ့ခေတ်နဲ့သူအခါမှာ ခေတ်ရေစီးကြောင်းကိုကောင်းစွာကျော်ဖြတ်ခဲ့ပြီးတဲ့ လူကြီးတွေရဲ့အလုပ်ဖြစ်တယ်လင်း....။ကိုယ်တို့ အနေနဲ့ကတော့ကိုယ်တို့အနားမှာ ခေတ်ရဲ့သားကောင်
တွေကို လက်လှမ်းတမှီရှိနေရင်တောင် သူတို့ကို နစ်မွန်းအောင် ခေတ်ရေစီးကြောင်းထဲ ဆွဲချတဲ့သူတွေ
ထဲ ကိုယ် ကိုယ်တိုင်မပါဝင်ရင်ပဲ ကိုယ်တို့အတွက် လုံလောက်ပြီလို့ကိုယ်ယူဆတယ်လင်း....၊ရှင်းရှင်းပြော
ရရင် အချောင်နှိုက်တဲ့အထဲကိုယ်မပါမိစေဖို့ပါပဲလင်းရေ...။

လင်းရေ......

ဟိုး.....မြစ်ပြင်အထက်ဆီမှာ မိုးနဲ့မုန်တိုင်းက ကဆုန်ဆိုင်းလို့....မြင်မြင်သမျှ ဝါးမြိုဖို့ လာနေပြီကွယ့်....။
မြစ်ရေစီးကြောင်းတစ်လျှောက်မှာလည်း လှိုင်းထန်ထန်၊ရေစီးသန်သန်ပေါ့.....၊ကမ်းနဘေးက မိုးမငယ်တွေ
လှိုင်းကြီးအောက်မှာပိပြားဝပ်စင်းနေကြရပြီလား....၊လှိုင်းဒဏ်ကို အံတု ၊နှုံးတင်မြေသား၊အမှိုက်များကြားမှာ
ခေါင်းမော့လို့ ထွက်လာနိုင်ပါ့မလား....၊နှစ်များအကြာ....၊တစ်ချိန်ချိန်မှာတော့ ဆံပင်ဖားလျား လူငယ်လေး
များ....၊မြစ်နားကမ်းစပ် ခပ်မတ်မတ်လေးရပ်နေသလိုမျိုး  အဲဒီမိုးမခပင်မြင့်မြင့်မားများကိုရေစီးကြောင်းလှိုင်း
ဒဏ် အံတုရင်း............။

Friday, April 6, 2012

အိမ်မက်သတို့သမီး (သို့ ) စီရမ်ရိ ( ၂ )

ကျွန်တော်စီရမ်ရိဘုရားကျောင်းတွေအကြောင်းဆက်မရေးခင်မှာစီရမ်ရိခရီးစဉ်ရဲ့ကုန်ကျစားရိတ်အကြောင်း
ပြောပြချင်ပါတယ်....၊ပထမပို့စ်မှာ စာဖတ်သူတစ်ဦးက မေးထားလို့ပါ...။ကျွန်တော့်ခရီးစဉ်က စင်္ကာပူ >>>
ကမ္ဘောဒီးယား >>မြန်မာပြည်>>စင်္ကာပူဖြစ်သွားတဲ့အတွက် လေယာဉ်လတ်မှတ်ဈေးကနဲနဲများသွားပါတယ်
စင်္ကာပူကနေ ဂျက်စတားလေကြောင်းလိုင်းနဲ့စင်္ကာပူအဲလိုင်း တို့ပြေးဆွဲပေးနေပါတယ်။ဂျက်စတားလိုင်းက
တစ်ပတ်၂ကြိမ်ပျံသန်းပါတယ်။တနင်္ဂနွေနဲ့ ကြာသာပတေးနေ့တွေမှာဖြစ်ပါတယ်။ကျွန်တော်တည်းခိုခဲ့တဲ့
ကြယ်သုံးပွင့်ဟိုတယ်က တစ်နေ့ကို ယူအက်စဒေါ်လာ ၃၀ သာသာပဲကျသင့်ပါတယ်။ဒီထက်သက်သာတာ
တွေရှိသလို၊ဈေးကြီးတာတွေလည်းရှိပါသေးတယ်...။ဟိုတယ်ကိုစိတ်ကြိုက်ရွေးနိုင်ပါတယ်၊စားသောက်စား
ရိတ်တွေကလည်းအရမ်းသက်သာပါတယ်။ဘူဖေးဆိုင်တွေမှာ တစ်ဦးကို ၁၂ဒ်ါလာဝန်းကျင်ရှိပါတယ်...။
စည်ဘီယာတစ်ခွက်ကို ၅၀ဆင့်၊ဆိုင်ကြီးတွေမှာ ဘီယာတစ်လုံးကို ၂ဒေါ်လာ(အင်း....ဘီယာဈေးကိုတော့
သေသေချာချာမှတ်မိတယ်ဗျ....:))။

နောက် ကားခတွေက တစ်ရက်ကို ဆလွန်းကားသေးလေးတွေက ၂၅ဒေါ်လာ၊မီနီဗန်ကားလေးတွေက ၃၅
ဒေါ်လာလောက်ရှိပါတယ်။တုတ်တုတ်လေးတွေက တစ်ရက်ကို ၁၈ဒေါ်လာဝန်းကျင်ပါ။ဒီဈေးတွေက အချိန်
အခါအပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ်....။စီရမ်ရိ ကိုသွားလည်ချင်သူတွေကို အကြံပေးချင်တာက
မိမိအစီအစဉ်နဲ့လည်တာထက်တိုးကုမ္ပဏီတစ်ခုခုနဲ့ဆက်သွယ်ပြီးPackageဝယ်လည်တာကအစစအရာရာ
အဆင်လည်းပြေ၊ကိုယ်လည်း ခေါင်းမရှုပ်၊ပြီးဈေးနှုန်းတွေလည်းပိုသက်သာပါတယ်။တကယ်လို့ အဲဒီလို
ပက်ကေ့နဲ့ လည်ချင်တယ်ဆိုရင် ကျွန်တော်သိတဲ့ ကုပ္မဏီတစ်ခုလိပ်စာပေးချင်ပါတယ်။
reservations.ac@advenutrecambodia.net ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဒါမှမဟုတ် jamiehtut@
gmail.com ထံသို့လည်းဆက်သွယ်နိုင်ပါတယ်။လိုအပ်ရင် ရုပ်ချောသဘောကောင်းတဲ့ မြန်မာတိုးဂိုက်တစ်
ဦးလည်းရနိုင်ပါတယ်ခင်ဗျာ.....:))))

ကဲဗျာ......ကြော်ငြာတွေခဏထားလို့ ကျွန်တော့ ခရီးစဉ်လေးဆက်ချင်ပါသေးတယ်...။မြို့ထဲက ဘူဖေးဆိုင်
မှာ နေ့လည်စာစားပြီး ကျွန်တော်တို့ ဘုရားကျောင်းတွေဘက်ပြန်ထွက်လာခဲ့ပါတယ်။အန်ကောဝပ်ဘုရား
ကျောင်းကိုဦးတည်ပြီး လမ်းမှာခရီးသင့်တဲ့၊ဝင်လည်းကြည့်သင့်တဲ့နေရာတွေကို အစဉ်လိုက်ဝင်ရောက်
ကြည့်ရှုခဲ့ပါတယ်.....။ပထမဆုံး ဘုရင့်ရေချိုးကန်ကို ဝင်ကြည့်ခဲ့ပါတယ်....။




ဘုရင့်ရေချိုးကန်က အတော်ကျယ်သဗျာ...၊အဲ့ဒီဘုရင်တွေ ဒီရေကန်တစ်ခုလုံးနှံအောင်ချိုးနိုင်ခဲ့မယ်မထင်
ပါဘူးဗျာ....:)။ရေချိုးဆိပ်ကလည်း ခမ်းနားလှပါတယ်....။ဘုရင့်ရေချိုးကန်ကတော့ ဘာမှကြည့်စရာမရှိပါ
ဘူး...၊မရောက်လိုက်ရမရှိရလေအောင်ဝင်ရုံသက်သက်ပါခင်ဗျ။အဲဒီရေကန်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့
ဘုရားကျောင်းက Banteay Kdei တဲ့ခင်ဗျ။ဒီဘုရားကျောင်းကို ဘုရင် Jayavarmam VII လက်ထက်မှာပဲ
တည်ဆောက်ခဲ့တာဖြစ်ပါတယ်။သက်နု သဲကျောက်အမျိုးအစားနဲ့တည်ဆောက်ခဲ့တာကြောင့် ယခုအချိန်
မှာတော့ အတော်ကြီးကို ပြိုပျက်နေလို့ ပြန်လည်ပြုပြင်တည်ဆောက်မှုတွေလုပ်ထားခဲ့ရပါတယ်ခင်ဗျာ...။
ဘုရားကျောင်းရဲ့တည်ဆောက်မှုပုံစံက " Bayon Style " ပဲဖြစ်ပါတယ်



ဘုရားကျောင်းက အတော်ပြိုပျက်နေပါပြီ၊ဒါတောင်သူတို့က တော်တော်လေးကို ပြုပြင်ထိန်းသိမ်းမှုတွေကို
စနစ်တကျလုပ်ထားနိုင်လို့ပါ။အထူးသဖြင့် နိုင်ငံတကာက နည်းပညာအကူအညီကို ရရှိခဲ့တာကြောင့်လည်း
ရှေးပုံမပျက် ထိန်းသိမ်းပြုပြင်နိုင်ခဲ့ပါတယ်။



ဒါကဘုရားကျောင်းအဝင်မုဒ်ဦးပါ

အဆိုပါဘုရားကျောင်းမှတစ်ဆင့်  နောက်ဘုရားကျောင်းတစ်ခုဖြစ်တဲ့ Ta Phrom ဆီသို့ထွက်လာခဲ့ပါတယ်။
 1181 AD မှာနန်းတက်ခဲ့တဲ့ ဘုရင် Jayavarmam VII ဟာ သူ့လက်ထက်မှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့
ဘုရားကျောင်းတစ်ခုကတော့ ယခုချိန်မှာ Ta Phrom လို့ လူသိများနေတဲ့ Rajavihara ဘုရားကျောင်းပဲဖြစ်
ပါတယ်။အဓိပ္ပယ်ကတော့ တော်ဝင်ဘုရားကျောင်း(Royal Temple) ပါတဲ့ခင်ဗျ။ပညာရှင်တွေရဲ့ ခန့်မှန်း
ချက်အရ ဒီဘုရားကျောင်းကို AD 1186 မှာတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။ဒီဘုရားကျောင်းကို အဓိက
အားဖြင့် Prajnaparamita ရုပ်တုပုံများနှင့်တန်ဆာဆင်ထားပါတယ်။မဟာယာနဘာသာရေးအရ ပညာကို
ကိုယ်စားပြုတဲ့ အဆိုပါ  Prajnaparamita ရုပ်တုပုံများဟာ ဘုရင့် မယ်တော်ကို ရည်ညွှန်းတယ်လို့ သိရပါ
တယ်ခင်ဗျ။


ပုံမှာမြင်ရတဲ့ စင်ကလေးက ခရီးသွားတွေအမှတ်တရဓာတ်ပုံရိုက်ဖို့လုပ်ပေးထားတာပါ။အဲ့စင်ကလေးမှာ
လူရှင်းအောင်အတော်စောင့်ရိုက်ရတာပါ။



ပုံမှာမြင်ရတဲ့အတိုင်းပါပဲ၊တစ်ချိန်က နတ်ဆရာ(သို့)ဘုန်းတော်ကြီးပေါင်း ၁၈ဦး၊ကခြေသည် ၆၁၅ဦးနှင့်
လူပေါင်း ၁၂၅၀၀ ကျော်နေထိုင်ခဲ့ရာ၊အနီးအပါးကျေးရွာများဆီမှ ရွာသူရွာသားပေါင်း ၈၀၀၀၀ကျော်တို့
အလုပ်အကျွေးပြုခဲ့ရာ ဒီဘုရားကျောင်းကြီးဟာ သစ်ပင်ကြီးများရဲ့ဝါးမြိုအုပ်ဆိုင်းရာနေရာဖြစ်နေခဲ့ပါပြီ။
ဒါပေမယ့် အဲ့ဒီလိုသစ်ပင်ကြီးများရဲ့ဒဏ်ကို ကြံကြံခံတည်ရှိနေနိုင်တာကိုက လူများစုရဲ့စိတ်အာရုံကိုဆွဲ
ဆောင်ရာနေရာအဖြစ် တာပရွန်ဘုရားကျောင်းဟာ နာမည်ကျော်နေခဲ့ပါတယ်။ဂျိုလီ ရဲ့ နာမည်ကျော်
Tomb Rider ဇာတ်လမ်းရဲ့ ဇာတ်ဝင်နေရာအဖြစ်အသုံးပြုခဲ့တာကြောင့်လည်း မီဒီယာနှင့် ခရီးသွားများကြား
မှာ ထင်ရှားခဲ့ပါတယ်။



ဒီပုံကတော့ ကျွန်တော် ဝီကီကယူထားတာပါ။တပရွန်ကျောင်းရဲ့ကော်ရစ်ဒါများမှ ရုပ်တုပုံတွေလို့ဆိုပါတယ်


တာပရွန်ဘုရားကျောင်းဝန်းထဲမှာ ပုံလေးတွေဆွဲပြီး ဝမ်းစာရှာနေတဲ့ ကလေးတစ်ယောက်ပါ။သူ့အလုပ်ကို
ပဲသူ အာရုံစူးစိုက်ပြီးထိုင်ဆွဲနေပါတယ်။ရောင်းရခြင်းမရောင်းရခြင်းကို သိပ်စိတ်ဝင်စားပုံမရှိဘူးဗျ၊လူတွေက
လည်း သူဆွဲတဲ့ပန်ချီကားထက် သူ့ပုံကိုပဲ စိတ်ဝင်တစားနဲ့ ဓာတ်ပုံရိုက်သွားကြရော....:)။ဒီကလေးကိုမြင်
တော့ မြန်မာပြည်ပုဂံကိုသတိရမိပါတယ်။

စကားမစပ် ပုဂံနဲ့ စီရမ်ရိဟာ မြို့ညီအစ်မလို့မပြောရဘူးဗျ၊ယဉ်ကျေးမှုခြင်းလည်း ခေတ်ပြိုင်တွေဖြစ်သလို
လက်ရှိမှာလည်း အနီးဝန်းကျင်က ကလေး၊လူကြီးတွေ ပုဂံနဲ့စီရမ်ရိကို အမှီပြုပြီး ဝမ်းစာရှာကြတဲ့ပုံစံ၊ဒေသ
ခံတွေရဲ့ လူမှုနေထိုင်မှုပုံစံကလည်း အတော်ကိုနီးစပ်တူညီကြသဗျာ။ဒီတော့ ကျွန်တော်တို့ မြန်မာတွေနဲ့
စီရမ်ရိဟာ စိမ်းမနေပဲ တရင်းတနှီးကို ရှိလှတယ်ဗျ....။

Ta Phrom ဘုရားကျောင်းမှတစ်ဆင့် ကျွန်တော်တို့ နှစ်ဦးသား စီရမ်ရိရဲ့အသည်းနှလုံးဖြစ်တဲ့ ကမ္ဘာကျော်
အန်ကောဝပ်ဘုရားကျောင်းဆီသို့ ဦးတည်ပြီးထွက်လာခဲ့ကြပါတယ်ခင်ဗျာ.....။အန်ကောဝပ်ကို ကျွန်တော်
၂ရက်ဆက်တိုက် ၂ကြိမ်တိုင်ရောက်ခဲ့ပါတယ်။ညနေဘက်တစ်ကြိမ်၊မနက်ဘက်တစ်ကြိမ်ဖြစ်ပါတယ်။ဓာတ်
ပုံတွေကိုတော့ အဆင်ပြေသလိုတင်လိုက်ပါတယ်ခင်ဗျ။

အန်ကောဝပ်ဘုရားကျောင်းကို ဘုရင် Suryavarman II က ၁၂ရာစုအစောပိုင်း (1113-1150)ကာလများတွင်
တည်ဆောက်ခဲ့ပါတယ်။ဟိန္ဒူဘုရားဗိဿနိုးကို ရည်စူးပြီးတည်ခဲ့တဲ့ဟိန္ဒူဘုရားကျောင်းပါ။ဘုရားကျောင်းရဲ့
ပုံသဏ္ဍာန်က ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကျမ်းစာများတွင်ပါရှိသော မေယုတောင်(Mount Meru)ပုံစံကို ကိုယ်စား
ပြုတည်ဆောက်ထားတယ်လို့သိရပါတယ်။အန်ကောဝပ်ဟာ ခမာဗိသုကာပညာရဲ့ ထိပ်တန်းအကျဆုံး
သော ဗိသုကာလက်ရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျ။ဘုရားကျောင်းကို ၃.၆ကီလိုမီတာ ရှည်လျားပြီး ၄.၅
မီတာမြင့်တဲ့ အပြင်တံတိုင်း၊၁၉၀မီတာကျယ်တဲ့ကျုံးများနှင့်ဝန်းရံထားပါတယ်။ကျုံးကူးတံတား နှင့် လျှောက်
လမ်းမှာ ၃၅၀မီတာရှည်လျားပြီး အစောင့်နဂါးရုပ်တုများနှင့် တန်ဆာဆင်ထားပါတယ်။

ဘုရင် Suryavarman II ကွယ်လွန်ပြီး၂၇နှစ်ခန့်အကြာ ၁၁၇၇ခုနှစ်များမှာတော့ အန်ကောဝပ်ကျောင်းသည်
ချမ်း(Chams)လူမျိုးများရဲ့ တိုက်ဆိုက်ဖျက်ဆီးခြင်းကိုလည်းခံခဲ့ရတယ်ဆိုပါတယ်။ဘုရင် Suryavarman II
ကွယ်လွန်ချိန်မှာ တစ်ချို့ ရုပ်လုံးရုပ်တုများဟာအပြီးမသတ်နိုင်သေးဘူးလို့လည်းသိရပါတယ်ခင်ဗျာ။
အဲဒီနောက်မှာ နန်းတတ်လာပြီး ခမာအင်ပါယာကိုပြန်လည်တည်ဆောက်ခဲ့တဲ့ ဘုရင် Jayavarmam VII မှ
ဆက်လက်တည်ဆောက်ပြုပြင်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။(ခုနှစ်အချက်အလက်များမှာ ထပ်နေ
တာကိုတွေ့ရပါတယ်။ကျွန်တော်လည်း ဝီကီမှ နားလည်သလောက်ပြန်ရေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။
အန်ကောဝပ်အကြောင်းစာအုပ်တစ်အုပ်ဝယ်လာခဲ့ပေမယ့် မဖတ်ရသေးတဲ့အပြင် အဲ့စာအုပ်က မြန်မာ
ပြည်မှာမေ့ကျန်ခဲ့လို့ပါခင်ဗျား...:))

ဘုရင်Jayavarmam VIIလက်ထပ်မှာတော့ ဘုရားကျောင်းဟာ မဟာယာနဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ်၊
အဲဒီကမှတစ်ဖန် ၁၃ရာစုများဆီမှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လာသည့်
အလျှောက် ဘုရားကျောင်းသည်လည်းထေရဝါဒဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုအဖြစ်အသွင်ပြောင်းလဲ
လာခဲ့ရတယ်လို့ဆိုပါတယ်။အန်ကောဝပ်ဟာ တခြားဘုရားကျောင်းများနှင့်မတူပဲတစ်မူထူးခြားစွာဖြင့်
အနောက်ဘက်ကိုမျက်နှာမူတည်ဆောက်ထားပါတယ်။ဒါဟာ ဘုရင် Suryavarman II မှ သူသေဆုံးပါက
သချို င်္င်းဘုရားကျောင်းအဖြစ်ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ပညာရှင်များက ခန့်မှန်းကြပါတယ်။



ဒီပုံက ကျွန်တော် ဒုတိယနေ့မှာ မိုးပျံဘောလုံးပေါ်က ရိုက်ထားတဲ့ပုံပါ။ခင်မာ(ကင်မရာ)ကလည်းအကြီးကြီး
မဟုတ်၊ဓာတ်ဘူး(မှန်ဘီလူး)ကလည်း အကောင်းစားမဟုတ်၊ရိုက်တဲ့သူကလည်း နားမလည်ဆိုတော့ ပုံမှာ
မြူတွေဆိုင်းသလိုလိုဘာလိုဖြစ်နေသဗျ၊အဲ့လိုမဖြစ်အောင်ဘယ်လိုရိုက်ရမှန်းလည်းနားမလည်ဘူးဗျာ...:)))


အပြင်တံတိုင်းရဲ့ မုဒ်ဦးကိုကျော်ဖြတ်လာအပြီးမှာ တွေ့ရတဲ့ ဘုရားကျောင်းနဲ့ လျှောက်လမ်းတံတား ပုံပါ။
လူပုံတွေမပါအောင် ဘယ်လိုမှစောင့်ရိုက်ဖို့မဖြစ်နိုင်တာနဲ့ လူပုံတွေပါ ဓာတ်ပုံထဲပါလာပါတယ်။


မေယုတောင်ရဲ့ပုံသဏ္ဍာန်ကိုယူထားတယ်ဆိုတဲ့ ဘုရားကျောင်းအထွဋ်ပုံပါ။ဒီပုံကိုမြင်တော့ " အာကာကို
လွာပုံပြုပါလို့ မေယုကို စုတ်တံချီ....." ဆိုတဲ့သီချင်းလေးသွားသတိရရဲ့....။ကဲ...မေယုအစစ်ကို မချီခင် ဒီ
မေယုအတုကိုပဲ လာချီကြပါဦးလားဗျာ....:))))


ဘုရားကျောင်းရှေ့မှာရေကန်ရှိပါတယ်၊အဲဒီရေကန်ကလည်း သမုဒ္ဒရာကို ကိုယ်စားပြုထားတာပါ။ဘုရား
ကျောင်းရဲ့အရိပ်ကရေကန်ထဲကျနေပုံလေးကိုသဘောကျလို့ပါ။





ဘုရားကျောင်းအတွင်းဘက်နံရံမှ ရုပ်လုံး၊ရုပ်ကြွပုံတွေပါ။ဘီလူးတွေ၊မျောက်တွေ၊နတ်တွေစစ်ခင်းနေပုံတွေ
ဖြစ်ပါတယ်။ဟိန္ဒူကျမ်းလာဇာတ်သမိုင်းတစ်ခုခုဖြစ်ပါလိမ့်မယ်။အဲဒီ နာရီလက်တံပြောင်းပြန်အတိုင်း ထုဆစ်
ထားတာကိုက ဒီဘုရားကျောင်းဟာ ဘုရင့်သချို င်္င်းအဖြစ်ရည်ရွယ်ခဲ့တဲ့ အထောက်အထားလို့လဲဆိုကြပါ
တယ်။ဒါတွေဟာ ဟိန္ဒူယဉ်ကျေးမှုကိုအခြေခံပါတယ်တဲ့။


ဒုတိယနေ့မှာ အန်ကောကို အနောက်ဘက်မျက်နှာစာ(အရပ်မျက်နှာအနေနဲ့ဆို အရှေ့အရပ်)ဘက်က
လှည့်ဝင်ခဲ့ပါတယ်။ဒီပုံက ဘုရားကျောင်းရဲ့အနောက်ဘက်မျက်နှာစာပုံပါ။


ဒါကတော့ အန်ကောဝပ်ကိုတည်ခဲ့တဲ့ ဘုရင် ရဲ့အရိုးစေတီပါ။



Monkey and Photographers လို့နာမည်ပေးလိုက်တယ် :)) ကြည့်ရတာဒီလူ စင်္ကာပူရီးရန်းပဲနေမယ်ဗျ.....:)


 ၁၂၈၈ခု နယုန်လဆုတ်၊၁ရက်၊စနေနေ့ ပတ္တပေါင်မြို့နေ လုံးကုန္န၊ဇနီးမအိမ်၊တူမမယ်ကျင်၊မောင်ထွန်းလူ၊
ဇနီးမယ်ဆစ်၊သားမောင်ထွန်းစိန်၊သမီးမသိမ်းခင်   တဲ့...၊သားသမီးမြေးတစ်စုဘုရားဖူးထွက်လာကြပုံပဲဗျ။
ဒီအန်ကောဝပ်က မြန်မာစာတွေကအတော်ထင်ရှားတဲ့အပြင်ရှေးကျလှတာမို့ စိတ်ဝင်စားသူများပါတယ်။
ဝီကီထဲမှာတောင် တခုတ်တရထည့်ရေးထားတာတွေ့ရပါတယ်ခင်ဗျ...။


 Apsara နတ်သမီးကချေသည်တွေပုံပါ၊ယခုထက်တိုင်Apsaraကချေသည်များနှင့်အကဟာ ခမာရိုးရာအဖြစ်
တည်ရှိနေပါတယ်....။


နေဝင်စပြုပါပြီ။ကျွန်တော်တို့ အန်ကောဝပ်ကိုညနေမှ သွားရတဲ့ရည်ရွယ်ချက်က နေဝင်ဆည်းဆာကို
အန်ကောဝပ်ဘုရားကျောင်းရဲ့အပေါ်ကိုတက်ပြီးကြည့်ချင်လို့ပါ၊ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ရောက်သွား
ချိန်မှာ ဘုရားကျောင်းရဲ့အပေါ်ကိုတက်ခွင့်မပေးတော့ပါဘူး၊ညနေ၅နာရီ မှာ ပိတ်ပါတယ်။မှောင်သွားရင်
အတက်အဆင်းလှေကားက မက်စောက်တဲ့အတွက် အန္တရယ်များလို့ထင်ပါရဲ့ဗျာ၊နောက်နေ့တစ်ခေါက်
ထပ်သွားတော့လည်း အဲ့နေ့ကျမှတိုက်တိုက်ဆိုင်ဆိုင် အပေါ်မှာသန့်ရှင်းရေးလုပ်မှာမို့လို့တစ်နေ့လုံးပိတ်
သတဲ့ဗျာ......:(


 နေဝင်ဆည်းဆာရဲ့ ရောင်ပြန်အောက်မှာ လွမ်းမောဖွယ် မှုန်မှိုင်းညို့ဆိုင်းနေတဲ့ အန်ကောဝပ်ကို တိတ်ဆိတ်စွာထိုင်ကြည့်နေကြသူတွေပါ။သူတို့ရင်ထဲမှာ ဘယ်လိုခံစားချက်များရှိနေပါလိမ့်နော်....။
ကျွန်တော်တော့ နှစ်ပေါင်းများစွာကတည်းက ရောက်ဖူးချင်တဲ့နေရာတစ်ခုကိုရောက်ဖြစ်အောင်ရောက်လာ
ခဲ့ရတဲ့အတွက် ကြည်နူးစိတ်ပဲရှိနေပါတယ်။


ဆည်းဆာလို့ပဲ ဒီပုံကို နာမည်ရိုးရိုးလေးပေးဖြစ်ပါတယ်။နေဝင်ဆည်းဆာချိန်မှာ ဘဝရဲ့ဆည်းဆာချိန်ကို
ရောက်နေတဲ့အမယ်အိုတစ်ဦး၊ သူ့လားရာကိုဖြောင့်တန်းစေဖို့ တရားအားထုတ်ဖို့အတွက်တောက်ပပျိုမြစ်
တဲ့ကာလများကိုကျော်လွန်ခဲ့ပြီးနောက်ဆည်းဆာချိန်ရောက်နေပြီဖြစ်တဲ့ဘုရားကျောင်းအိုကြီးထဲဝင်ရောက်
လာတဲ့ပုံပါ။မထင်မှတ်ပဲရိုက်ဖြစ်လိုက်တဲ့၊ကျွန်တော့်ဘာသာတော့အတော်သဘောကျမိတဲ့ပုံလေးတစ်ပုံပါပဲ။


ကျွန်တော်အဲဒီကိုရောက်နေချိန်က တစ်ခုသောအဖိတ်နေ့ပါ၊လမင်းကြီးရဲ့အောက်မှာ အန်ကောဝပ်ဟာ
တည်တည်ငြိမ်ငြိမ်နဲ့ ကျက်သရေရှိလှပါရဲ့....။


သောက်ကြပါဦးလား ခမာထန်းရေ.......:)))


တစ်ခုသောဘာသာတရားနှင့် တေးဂီတအောက်မှာ အရှေ့နှင့် အနောက်ဟာ ငြိမ်းချမ်းကြည်နူးစွာ
လာရောက်ပေါင်းဆုံမိကြပါတယ်.......

နေလည်းညို၊ခြေလည်းတိုပြီမို့ ငါတို့ပြန်တော့မယ်အန်ကောရယ်.........

အန်ကောဝပ်မှာသာတဲ လ ......

လ လည်းထွက်လာပြီဆိုတော့ ကျွန်တော်တို့ အန်ကောဝပ်မှပြန်ထွက်လာကြပါတယ်။ကျွန်တော့်ရဲ့ " ဂိုက် "
ကတော့ ဘုရားကျောင်းအပေါ်ကိုမတက်ခဲ့ရလို့ တဖျစ်တောက်တောက်ရေရွတ်ပြီး နက်ဖြန်ထပ်လာမယ်လို့
ကြုံးဝါးပါတယ်။(အဲ့တုန်းက ကျွန်တော်တို့တွေမနက်ဖြန်မှာလည်း အပေါ်တက်ခွင့်မရဘူးဆိုတာမသိခဲ့ပါဘူး
ခင်ဗျား......)