Friday, September 23, 2011

ဧရာဝတီအတွက် ရေတစ်စက် (၂ )


ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကြီးရဲ့ကန့်ကွက်မှုအသံတွေအတော်ကျယ်လောင်လာပေမယ့်
အစိုးရကတော့ ဒီစီမံကိန်းကို ရပ်တန့်မယ့် ဟန် မပြသေးပါဘူး....။တာဝန်ရှိဝန်ကြီးနှင့်ညွှန်မှုးဆိုသူတို့ရဲ့ ဖြေရှင်း
ချက်တွေကလည်းငါ့စကားနွားရ၊တာဝန်မဲ့၊ကျိုးကြောင်းမဲ့၊အဆင့်အတန်းမဲ့၊ပညာမဲ့လှပါတယ်....။လက်ရှိအစိုးရဟာ
ဒီမိုကရေစီနည်းလမ်းအရ ပြည်သူလုထုရဲ့ ရွေးကောက်ခံရမှုနဲ့ အာဏာရလာတဲ့အစိုးရ၊ဒီမိုကရေစီစနစ်ကို ဖော်
ဆောင်နေတဲ့၊ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေတဲ့အစိုးရလို့ သူရို့ကိုယ်သူရို့ဆိုပါတယ်....။

ဒါပေမယ့် အံသြဖွယ်ကောင်းလောက်အောင်ပဲအစိုးရဟာ ပြည်သူလူထုရဲ့ဆန္ဒ၊သဘောထားကိုလစ်လျူရှုထားနေ
ဆဲပါ.....။ဒီမိုကရေစီအစိုးရတစ်ရပ်ဆိုတာ ပြည်သူ့အကျိုးစည်းပွားအတွက်ဆောင်ရွှက်ပါတယ်ဆိုရင်တောင် ပြည်သူ
တွေက မလိုလားရင်၊မကျေနပ်ရင် ဆက်လက်ဆောင်ရွက်ခွင့်မရှိပါဘူး...။ပြည်သူလူထုက အစိုးရတစ်ရပ်ကို ရွေး
ကောက်တင်မြှောက်လိုက်တယ်ဆိုတာ အစိုးရမင်းများကို တိုင်းပြည်ကိုလုပ်ချင်ရာလုပ်ဖို့ ဝကွက်အပ်လိုက်တာ
မဟုတ်ပါဘူးဆိုတာ လက်ရှိ သမ္မတနှင့်တစ်ကွ ဝန်ကြီး၊ဝန်ကလေးအပေါင်း သိသင့်ပါတယ်...။အစိုးရဆိုတာ
ပြည်သူလူထုကိုယ်စား တိုင်းပြည်ကို ပြည်သူ့ဆန္ဒနှင့်အညီ စီမံခန့်ခွဲရတဲ့ ပြည်သူ့ဝန်ထမ်းတွေပါပဲ။ခုလို ငါ့မြင်း
ငါ့ဆိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေတာတွေဟာ အာဏာရှင်အငွေ့အသက်တင်မက ပဒေသရာဇ်နို့နံပါ
မစင်သေးတဲ့ သဘောသက်ရောက်နေပါတယ်......။

လက်ရှိမြန်မာပြည်ဟာ တိုင်းရင်းသားမြန်မာပြည်သားအားလုံးပိုင်တဲ့၊အားလုံးနဲ့ဆိုင်တဲ့တိုင်းပြည်ပါ။တိုင်းပြည်
တွင်းမှာ ဘာပဲလုပ်လုပ် ပြည်သူလူထုရဲ့သဘောဆန္ဒနှင့်အညီ ဥပဒေတစ်ခုရဲ့အောက်မှာ စည်းစနစ်ကျကျပွင့်
လင်းမြင်သာစွာလုပ်သင့်နေပါပြီ။ဒါပေမယ့်လက်ရှိအနေမှာတော့ ပင်စင်လစာတိုးတာကအစ၊ကားသွင်းခွင့်
အလယ်၊ဧရာဝတီမြစ်ကို သူရို့ပထွေးတွေဆီထိုးအပ်တာကအဆုံး သူရို့လုပ်ချင်တာလုပ်နေဆဲပါ။

ပြည်သူ့လွတ်တော်အမတ်မင်းဆိုတဲ့ လူများကလည်း ခုချိန်ထိ ဧရာဝတီကိစ္စနှင့်ပတ်သက်ပြီး အီးတစ်ချက်
မပေါက်သေးတာ အံသြဖွယ်ရာပါပဲ။ပြည်သူကိုကိုယ်စားပြုတဲ့၊ပြည်သူ့အသံကို ပဲ့တင်ရမယ့်၊ပြည်သူကရွေး
ကောက်လိုက်ပါတယ်ဆိုတဲ့ အနှီး လွှတ်တော်အမတ်မင်းများ ဘာကြောင့် ပြည်သူ့အသံကို နားမထောင်ကြတာ
ပါလဲ....၊လွှတ်တော်တွေဟာ ရုပ်သေးလွှတ်တော်တွေပါပဲလား....?။အစိုးရမင်းများက ဟုတ်တယ်မဟုတ်လား လို့
မေးရင် ဟုတ်ပါတယ် လို့ဖြေရုံ၊မဟုတ်ဘူးလား မေးရင် မဟုတ်ပါဘူးလို့ပြောရုံ သာသာ၊ စားဖို့ဘဲပါးစပ်ပါတဲ့ ဟို
သတ္တဝါသာသာ လူများဖြစ်နေပေဘူးလားခင်ဗျား.....။

ယခုဆိုလျှင် မြန်မာပြည်ထဲမှာ ဧရာဝတီကိုအကြောင်းပြုလို့ လူမျိုးရေးအဓိကရုန်းတွေဖြစ်ကောင်းဖြစ်လာနိုင်တဲ့
အခြေအနေဆီ ဦးတည်နေပါပြီ။ဒါဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပြည်သူတွေရင်ထဲမှာ အဆိုင်အခဲတည်
လာတဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ချယ်လှယ်ခွင့်မရတဲ့၊ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေကို ခံစားခွင့်
မရတဲ့ ပြည်သူတွေရဲ့ခံစားချက်တွေပါပဲ....၊ဒီလိုအခြေအနေဆိုးတွေဖြစ်လာရင် ဒါဟာ ပြည်သူတွေရဲ့ အပြစ်မ
ဟုတ်ပဲ၊တာဝန်မဟုတ်ပဲ၊လက်ရှိအစိုးရရဲ့တာဝန်သာဖြစ်ပါတယ်.....။

ရှင်းရှင်းပြောရရင် လက်ရှိအစိုးရရဲ့လုပ်ပုံကိုင်ပုံ၊ပြောပုံဆိုပေါက် တွေဟာ ဒီလို အဓိကရုန်းတွေဖြစ်အောင်၊ဖြစ်
လာရင်လည်း ပြည်ပရောက်တွေနှင့် အနောက်နိုင်ငံတွေသွေးထိုးလှုံဆော်မှုကြောင့် ပြည်တွင်းက လူရမ်းကား
တွေရဲ့အဓိကရုန်းတွေလို့နာမည်တပ်ပြီး နောက်တစ်ကြိမ် အာဏာသိမ်းချင်လို့လား လို့ တွေးမယ်ဆို တွေးချင်
စရာဖြစ်လာနေပါတယ်....။

လက်ရှိအချိန်မှာ အစိုးရအနေနဲ့ ပြည်သူလူထုကြီးရဲ့ စစ်မှန်တဲ့ လက်ခုတ်သံတွေကိုလိုချင်တယ်ဆိုရင် ပြည်သူ့
ဆန္ဒဖြစ်တဲ့ ဒီဧရာဝတီမြစိဆုံစီမံကိန်းရပ်တန့် ဖို့ ဆိုတာကို အကောင်အထည်ဖော်သင့်ပါတယ်။ပြည်သူလူထုရဲ့
လက်ရှိအစိုးရအပေါ် အကောင်းမြင်စပြုလာမှုတွေပိုမိုအားကောင်းလာစေဖို့ ဒီစီမံကိန်းကိုရပ်တန့်ဖို့လိုပါတယ်။
နိုင်ငံတကာ၊အတိုက်အခံများ၊တိုင်းရင်းသားလက်နက်ကိုင်များနှင့်တစ်ကွ ပြည်သူတစ်ရပ်လုံး က အစိုးရအပေါ်
ယုံကြည်မှုရလာဖို့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်ပြနိုင်ရပါမယ်....။

အကယ်၍ စီမံကိန်းရပ်တန့်လိုက်လို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း ပြည်သူတစ်ရပ်လုံးနှင့်တစ်ကွ
နိုင်ငံတစ်ကာကို ပွင့်လင်းစွာချပြဖို့လည်းလိုအပ်ပါတယ်...၊ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ဒီစီမံကိန်း
ရပ်တန့်လိုက်လို့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ခါးစည်းခံရမယ်ဆိုလည်း ငြင်းကြမယ်မဟုတ်ပါဘူး။ကျွန်တော်
တို့ပြည်သူတွေ လိုချင်တာ ရွေမဟုတ်ပါဘူး၊ငွေမဟုတ်ပါဘူး၊ ကျွန်တော်တို့အသည်းနှလုံးဖြစ်တဲ့ ဧရာဝတီပါ။
ဒါကို လက်ရှိအစိုးရအမြန်ဆုံး နားလည်သဘောပေါက်သင့်ပါပြီ။အားလုံးက အစိုးရနှင့် တူတာတွေကို ပူးပေါင်း
လုပ်ဖို့ ဆန္ဒပြုလာ၊ဖြစ်လာကြချိန်မှာ အစိုးရဟာမလိုအပ်ပဲ အရင်အခြေအနေကို ပြန်လှည့်ဖို့တာမစူသင့်ပါ။

ဒါကြောင့် ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တဲ့၊ဧရာဝတီနဲ့ တိုင်းပြည်ကိုချစ်တဲ့ ကျွန်တော့်အနေနဲ့
ဧရာဝတီမြစ်ဆုံစီမံကိန်း ကို ချက်ချင်းရပ်တန့်ဖို့တောင်းဆိုပါတယ်....။ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်ခင်ဗျား......။

23 comments:

rose of sharon said...

ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်

စံပယ်ချို said...

မျောလွင့်တိမ်ရဲ့ရေးသားချက်ကို
လုံးဝထောက်ခံပါ၏။
ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်ရှင်။
ခင်မင်တဲ့ jasmine

SHWE ZIN U said...

ဒါမှ မောင်လေး ကွ

မောင်လေး နဲ့ အတူ ရွှေစင်ဦး လည်း လုံးဝ လုံးဝ ကန့်ကွက်ပါတယ်

အမကြီး
ရွှေစင်ဦး

ညီရဲ said...

ဟုတ်ပါတယ်...
ကျွန်တော်လဲ ကန့် ကွက်ပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

လုပ်တဲ့သူတွေက ပြည်သူအကျိုးမကြည့်ဘဲလုပ်တော့လည်း ကန့်ကွက်သူက ကန့်ကွက်ရမှာပေါ့နော်။
ဧရာဝတီကို ရောင်းစားဖို့ကြံစည်သူများ တစ်ချိန်ချိန်တော့ နောင်တရကြမှာပါ။

ခရစ္စတလ် said...

ဖဘ ကလိုပဲ Like ခဲ့တယ်နော် :)

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

Cameron said...

မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်...။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

ကိုရင် said...

ဒါမှ ငါ့ကပ္ပိယကွ လုပ်ထား..
ရေပေါက်တွေ များလာရင် ဧရာဝတီမြစ်ကြီး ပြည့်သွားလိမ့်မယ်။

အင်ကြင်းသန့် said...

ကိုမောင်လေးရေ.....ရေရေလည်လည်မိုက်တယ်ဗျာ....

အင်း....တော်ကြာ ဘယ်လောက်ပြောပြော နားမလည်တဲ့သူတွေဆိုတော့ (-ွ)ားကို ပလာတာကျွေးသလို ဖြစ်နေမှာလည်း စိုးရတယ်...

သဒ္ဓါလှိုင်း said...

မောင်လေးရေ
ထပ်တူပါပဲ။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်။
ခင်မင်လျက်
သဒ္ဓါ

ချယ်ရီမြေ said...

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအား အပြတ်အသတ် ကန့်ကွက်ပါသည်..
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ညီလင်းသစ် said...

ကိုညိမ်းနိုင်ရေ.. ထပ်တူပဲဗျို့၊ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်..။

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

San San Htun said...

မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့် ကွက်ပါသည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီး ဆင်းနိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

လင်းခေတ်ဒီနို said...

ကျွန်တော်တို့ ဆန္ဒတွေ ဖြစ်မြောက် အောင်မြင်ပါစေလို့ ဆုတောင်းမိတယ်

မြတ်မွန် said...

ဧရာဝတီ ထာဝရ တည်ရှိနေပါစေလို့ ဆုတောင်းပြုပါ၏။

မြစ်ကျိုးအင်း said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

မဒမ်ကိုး said...

ဧရာဝတီရယ် စီးဆင်းပါ
ငြိမ်းချမ်းခြင်းတို့ပေါင်းစုံစုစည်းရာ ........
ကန့်ကွက်ပါတယ် လုံးဝ လုံဝပါ .......

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီ အဓွန့်ရှည်တည်တံ့ပါစေ။ ဧရာဝတီသည် မြန်မာနိုင်ငံသားတို့၏ မြတ်နိုးရာ။

...အလင်းစက်များ said...

အမတ်မင်းတွေက ပါးစပ်က အီးပေါက်တာလေ ဒါတောင် မသိဘူးလား အိကုရဲ့။

လုံးဝ ကန့် ကွက်ပါတယ်။

ကြောင်ဖြူများရှင်(ကိုကိုလတ်)

မအိမ်သူ said...

ဧရာဝတီအတွက် ဆက်လက်ပြီးလုပ်သင့်တာတွေလုပ်ကြစို့...